< ဖိလိပ္ပိ 3 >
1 ၁ ကြွင်း သေးသော စကားဟူမူကား၊ ငါ့ ညီအစ်ကို တို့၊ သခင် ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြလော့။ အထပ်ထပ် ငါ ရေး လိုက်သော်လည်းပင်ပန်း ခြင်းမ ရှိ။ သင် တို့မူကား လုံခြုံ ခြင်းရှိကြလိမ့်မည်။
၁ညီအစ်ကိုတို့၊ နိဂုံးချုပ်ရသော်သခင်ဘုရား နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဝမ်းမြောက် ကြလော့။ ယခင်ကငါရေးသားဖော်ပြပြီး သောအကြောင်းအရာများကိုယခုထပ်မံ၍ ဖော်ပြရသည်မှာဝန်မလေးပါ။ သင်တို့ပို၍ လုံခြုံစေရန်ဖြစ်၏။-
2 ၂ ခွေး တို့ကိုရှောင် ကြလော့။ မကောင်း သော အကျင့်ကို ကျင့် သောသူတို့ကို ရှောင် ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင် သော သူတို့ကို ရှောင် ကြလော့။
၂ခွေးဖြစ်သူ၊ အကျင့်ဆိုးကိုကျင့်သောသူ၊ ကိုယ် ခန္ဓာကိုလှီးဖြတ်ရမည်ဟုဆိုသောသူများ ကိုသတိနှင့်ရှောင်ကြလော့။-
3 ၃ ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။
၃အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-
4 ၄ သို့သော်လည်း ငါ ဖြစ် လျှင် ဇာတိ ၌ ကိုးစား စရာအကြောင်းရှိ၏။ အခြား သူမည်သည်ကား ၊ ဇာတိ ၌ ကိုးစား စရာ အကြောင်းရှိသည်ဟု ထင် လျှင် ၊ ငါ မူကား သာ၍ ရှိ၏။
၄ပြင်ပလက္ခဏာများကိုကိုးစားမှုလိုအပ်သည်ဟု ဆိုလျှင်ငါ့မှာရှိ၏။ ထိုပြင်ပလက္ခဏာများကို ကိုးစားနိုင်သူတစ်ဦးတစ်ယောက်ရှိသည်ဟုဆို ပါက ငါ့မှာထိုသူထက်ပို၍ကိုးစားနိုင်စရာ အကြောင်းရှိ၏။-
5 ၅ ငါသည်ရှစ် ရက်မြောက်သောနေ့၌ အရေဖျားလှီး ခြင်းကို ခံရ၏။ ဣသရေလ အမျိုး ၊ ဗင်္ယာမိန် အနွယ် ဖြစ်၏။ ဟေဗြဲ လူမှ ဆင်းသက်သော ဟေဗြဲ လူစစ်ဖြစ်၏။ တရား အားဖြင့် ဖာရိရှဲ ဖြစ်၏။
၅ငါသည်ရှစ်ရက်မြောက်သောနေ့၌အရေဖျား လှီးမင်္ဂလာကိုခံယူလျက်ဣသရေလလူမျိုး ဗင်္ယာမိန်အနွယ်ဝင်၊ ဟေဗြဲအမျိုးသားမိဘများမှ ပေါက်ဖွားသူဖြစ်၏။ ပညတ်တရားစောင့်ထိန်းမှုနှင့် ပတ်သက်၍ဆိုသော်ငါသည်ဖာရိရှဲဂိုဏ်းဝင်ဖြစ်၏။-
6 ၆ စိတ် အားကြီးခြင်းကို မေး သော်၊ ငါသည် အသင်းတော် ကို ညှင်းဆဲ သောသူဖြစ်၏။ ပညတ် တရား အားဖြင့် ရ သော ဖြောင့်မတ် ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။
၆ဘာသာရေးစိတ်အားထက်သန်မှုဘက်၌ဆိုသော် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်၏။ ပညတ်တရားကိုလိုက်နာကျင့်သုံးမှုအရ ဆိုသော်ငါသည်အပြစ်ဆိုဖွယ်မရှိသူဖြစ်သည်။-
7 ၇ သို့သော်လည်း ငါ ၏ အကျိုး စီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံး စေသောအရာကဲ့သို့ခရစ်တော် ကြောင့် ငါထင်မှတ် ၏။
၇သို့ရာတွင်ထိုအရာများသည်ငါ့အတွက်အမြတ်ဟု မှတ်ယူနိုင်သော်လည်း ယခုအခါခရစ်တော်၏အတွက် ကြောင့်အရှုံးဟုမှတ်ယူ၏။-
8 ၈ ထိုမျှမက ငါ ၏ သခင် ယေရှု ခရစ် ကိုသိသော ပညာ သည်
၈ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-
9 ၉ အဘယ်မျှလောက်မြတ် သည်ကိုထောက် ၍၊ ခပ်သိမ်း သောအရာတို့ကို
၉
10 ၁၀ ရှုံး စေ သောအရာကဲ့သို့ငါထင်မှတ် ၏။။
၁၀ငါသည်ခရစ်တော်ကိုသိကျွမ်းခြင်း၊ ထမြောက် ရှင်ပြန်တော်မူခြင်း၏တန်ခိုးတော်ကိုခံစားခြင်း၊ ခရစ်တော်နှင့်အတူဆင်းရဲဒုက္ခခံခြင်း၊ ကိုယ်တော် အသေခံတော်မူခြင်း၌ပါဝင်ခြင်းတို့ကိုသာ လိုချင်တောင့်တ၏။-
11 ၁၁ ထိုသခင် ကြောင့် ခပ်သိမ်း သောအရာတို့ကို အရှုံး ခံရပြီ။ သေ ခြင်းမှ ထမြောက် သောအခွင့်ကို ငါရ နိုင် ကောင်းလျှင် ၊ ကိုယ်တော် သည် အသေခံ တော်မူသည်နည်းတူ ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက် တော်မူခြင်း၏ တန်ဖိုး ကို၎င်း၊ ဆင်းရဲ ခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်း ခြင်းငှာ၊ ပညတ် တရားအားဖြင့် ရသော ကိုယ် ဖြောင့်မတ် ခြင်းကို မ ကိုးစား ဘဲ၊ ခရစ်တော် ကို ယုံကြည် ခြင်းအားဖြင့် ရသောဖြောင့်မတ် ခြင်းတည်းဟူသောယုံကြည် ခြင်းအတွက် ကြောင့်ဘုရားသခင် ပေးတော်မူသောဖြောင့်မတ် ခြင်းကိုကိုးစားသဖြင့်၊ ခရစ်တော် ကို အမြတ်ရ ၍ ထိုသခင် ၌ တည် ပါမည်အကြောင်း ၊ ခပ်သိမ်းသောအရာတို့ကို မစင် ကဲ့သို့ငါထင်မှတ် ၏။။
၁၁သို့မှသာငါကိုယ်တိုင်သေခြင်းမှရှင်ပြန်ထမြောက် ခွင့်ကိုရမည်ဟုမျှော်လင့်နိုင်ပေသည်။
12 ၁၂ ထိုသို့ဆိုသော်အကျိုးကိုခံရ ပြီ၊ စုံလင် ခြင်းသို့ ရောက်ရပြီဟု ငါမ ဆိုလို၊ အကြင်အကျိုး ကိုပေးခြင်းငှာ ခရစ်တော် သည် ငါ့ကို ကိုင် ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိ ခြင်းငှာငါပြေး၍ လိုက် သေး၏။။
၁၂ငါသည်အောင်မြင်မှုကိုရရှိပြီ၊ အြုပစ်ဆိုဖွယ်မရှိသူ ဖြစ်ပြီဟုမဆိုလို။ သို့ရာတွင်ထိုဆုကိုငါ့အားပေး ရန်အတွက်ခရစ်တော်ယေရှုသည်ငါ့ကိုဆွဲဆောင် ရရှိတော်မူပြီဖြစ်ရာငါသည်ထိုဆုကိုရရှိနိုင်ရန် ကြိုးစားလျက်နေ၏။-
13 ၁၃ ညီအစ်ကို တို့၊ ငါ ကိုင်မိ ပြီဟု ကိုယ်ကိုကိုယ် မ ထင် သော်လည်း ၊ ငါပြုသောအမှုတစ်ခု ဟူမူကား၊ နောက်ကျ သောအရာ တို့ကို မ မှတ်ဘဲ၊ ရှေ့ ၌ ရှိသောအရာ တို့ကို လှမ်း ကမ်း၍ ၊
၁၃ညီအစ်ကိုတို့၊ ငါသည်ထိုဆုကိုရရှိပြီဟုမထင်မှတ်။ ငါပြုသောတစ်ခုတည်းသောအရာကားငါသည်နောက်၌ ရှိသောအရာတို့ကိုမေ့ပစ်ပြီးလျှင်ရှေ့၌ရှိသောအရာ တို့သို့ရောက်ခြင်းငှာအစွမ်းကုန်ကြိုးစား၏။-
14 ၁၄ ယေရှု ခရစ် အားဖြင့် ဘုရားသခင် သည် အထက် အရပ်မှ ခေါ် တော်မူခြင်းနှင့် ဆိုင်သောဆု ကို ရခြင်းငှာ ၊ ပန်းတုံးတိုင် သို့ ငါလိုက်ပြေး ၏။။
၁၄သို့ဖြစ်၍ငါသည်ဆုကိုရရန်ပန်းတိုင်သို့ရှေးရှု လျက်ပြေး၏။ ထိုဆုကားအထက်အရပ်၌အသက် ရှင်ရေးအတွက်ခရစ်တော်ယေရှုအားဖြင့်ဘုရား သခင်ဖိတ်ခေါ်တော်မူခြင်းပင်ဖြစ်သတည်း။
15 ၁၅ ထိုကြောင့် စုံလင် သောသူရှိသမျှ တို့သည် ဤသို့သော သဘော ကို စွဲလမ်း ရကြမည်။ သင်တို့သည် တစ်စုံတစ်ခု သောအရာ၌ သဘောခြားနား လျှင် ၊ ထို အရာကို ပင်ဘုရားသခင် ဖော်ပြ တော်မူလိမ့်မည်။။
၁၅ငါတို့တွင်ဝိညာဉ်ရေးရင့်ကျက်သူတို့သည် ဤစိတ် သဘောမျိုးထားရှိသင့်ကြသည်။ အကယ်၍အချို့ တို့သည်ကွဲလွဲသောစိတ်သဘောရှိပါလျှင် ဘုရား သခင်သည်ယင်းတို့ကိုရှင်းလင်းဖော်ပြတော်မူ လိမ့်မည်။-
16 ၁၆ သို့မဟုတ် သော်လည်း၊ ယခုမှီ သမျှ အတိုင်း တနည်း တည်းကျင့် ၍ တစ်သဘောတည်းရှိရကြမည်။။
၁၆မည်သို့ပင်ဖြစ်စေ၊ ငါတို့သည်မိမိတို့ယနေ့တိုင် အောင်လိုက်လျှောက်ခဲ့သည့်ထုံးစံအတိုင်းပြုကျင့် ကြကုန်စို့။
17 ၁၇ ညီအစ်ကို တို့၊ ငါ ကျင့် သည်နည်းတူ သင်တို့သည် တစ် ညီတစ်ညွတ်တည်း ကျင့်ကြလော့။ ငါ တို့ပေးသော ပုံ သက်သေနှင့်အညီ ကျင့် သောသူ တို့ကိုလည်း ရှုမှတ် ကြလော့။။
၁၇ညီအစ်ကိုတို့၊ သင်တို့အပေါင်းသည် ငါ့ထံမှအတု ယူကြလော့။ ငါတို့ပြသောစံနမူနာကောင်းကို လိုက်ကြသူတို့အားရှုမှတ်ကြလော့။-
18 ၁၈ အကြောင်းမူကား ၊ အထက် အဖန်ဖန်ငါပြော ၍၊ ယခုပင် မျက်ရည် ကျလျက်နှင့် ပြော သည်အတိုင်း၊ ခရစ်တော် ၏ လက်ဝါးကပ်တိုင် ကို ရန်ဘက် ပြု၍ ကျင့် သောသူ အများ ရှိကြ၏။။
၁၈ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။-
19 ၁၉ ထိုသူ တို့သည် ပျက်စီး ခြင်း၌ လမ်းဆုံး တတ်ကြ၏။ သူတို့၏ ဘုရား မူကား၊ မိမိ တို့ဝမ်း ပေတည်း။ မိမိ တို့ ရှက်ကြောက် ဘွယ်သော အကျင့်၌ သာ မိမိတို့ဝါကြွား ကြ၏။ လောကီ အရာတို့ကိုသာ စိတ် စွဲလမ်းခြင်းရှိကြ၏။။
၁၉ထိုသူတို့သည်ငရဲတွင်လမ်းဆုံးကြလိမ့်မည်။ သူ တို့၏ဘုရားကား မိမိတို့ဝမ်းပေတည်း။ သူတို့သည် ရှက်ကြောက်သင့်သောအရာတို့တွင် ဂုဏ်ယူဝါကြွား ကြ၏။ လောကအရာတို့ကိုသာစိတ်စွဲလမ်းကြ၏။-
20 ၂၀ ငါ တို့ကျင့်သော အကျင့်မူကား ၊ ကောင်းကင် ဘုံနှင့် စပ်ဆိုင် လျက်ရှိ ၏။ ကယ်တင် တော်မူသောအရှင် သခင်ယေရှု ခရစ် သည် ကောင်းကင် ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့် လျက်နေကြ၏။။
၂၀ငါတို့မူကားကောင်းကင်ဘုံနိုင်ငံသားများဖြစ် သဖြင့် ကောင်းကင်ဘုံမှငါတို့၏ကယ်တင်ရှင် သခင်ယေရှုခရစ်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ရှိကြ၏။-
21 ၂၁ ထိုသခင် သည် ခပ်သိမ်း သောအရာကိုပင် မိမိ အောက်၌ နှိမ့်ချ နိုင် တော်မူသောပြုပြင် အားထုတ် ခြင်း အားဖြင့် ယုတ်ညံ့ သော ငါ တို့၏ ကိုယ်ခန္ဓါ ကိုပင်၊ ဘုန်း အသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓါ တော်၏နည်းတူဖြစ် စေခြင်းငှာအသစ် ပြင်ဆင်တော်မူလတံ့။
၂၁ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။