< ဖိလိပ္ပိ 2 >

1 ထိုကြောင့် ခရစ်တော် ၌ သက်သာ ခြင်း၊ မေတ္တာ နှင့်စပ်ဆိုင်သော ချမ်းသာ ခြင်း၊ ဝိညာဉ် တော်နှင့် မိဿဟာယ ဖွဲ့ခြင်း၊ သနားစုံမက် ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင် ၊
si qua ergo consolatio in Christo si quod solacium caritatis si qua societas spiritus si quid viscera et miserationes
2 သင်တို့သည် အချင်းချင်း ချစ် ကြ၍၊ စိတ် မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တစ် ညီတစ်ညွတ်တည်းရှိသောအားဖြင့်၊ ငါ ဝမ်းမြောက် စရာအကြောင်း ကို စုံလင် စေကြလော့။
implete gaudium meum ut idem sapiatis eandem caritatem habentes unianimes id ipsum sentientes
3 ရန်တွေ့ လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မ ပြုကြ နှင့်။ သူတစ်ပါး သည် ကိုယ် ထက် သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချ သောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ် ကြလော့။
nihil per contentionem neque per inanem gloriam sed in humilitate superiores sibi invicem arbitrantes
4 ကိုယ် အမှုအရာကိုသာ မ ရှု မမှတ်ဘဲ၊ သူ့အမှုအရာ ကို အချင်းချင်း ရှုမှတ်ကြလော့။
non quae sua sunt singuli considerantes sed et ea quae aliorum
5 ယေရှု ခရစ် ၌ ရှိသော ထို စိတ် သဘောကို သင် တို့၌ လည်း ရှိစေကြလော့။
hoc enim sentite in vobis quod et in Christo Iesu
6 ထိုသခင် သည် ဘုရားသခင် ၏ သဏ္ဌာန် တော်နှင့် ပြည့်စုံတော်မူသည်ဖြစ် ၍၊ ဘုရားသခင် နှင့် ပြိုင် သောအမှုကို လုယူ ခြင်းအမှုဟူ၍မ ထင် မမှတ်လျက်ပင်၊
qui cum in forma Dei esset non rapinam arbitratus est esse se aequalem Deo
7 မိမိ အသရေကိုစွန့် ၍ အစေခံ ကျွန်၏သဏ္ဌာန် ကို ယူဆောင် လျက်၊ လူ ကဲ့သို့သော အဖြစ်၌ ဘွားမြင် ခြင်းကို ခံတော်မူ၏။
sed semet ipsum exinanivit formam servi accipiens in similitudinem hominum factus et habitu inventus ut homo
8 ထိုသို့ လူ ၏ဂုဏ် အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံ ခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင် မှာ အသေခံ ခြင်းတိုင်အောင် အစေ ကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချ တော်မူ၏။
humiliavit semet ipsum factus oboediens usque ad mortem mortem autem crucis
9 ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော် ကိုအလွန်ချီးမြှောက် ၍ ဘွဲ့နာမ တကာ တို့ထက် ကြီးမြတ်သော ဘွဲ့နာမ ကို ပေး သနားတော်မူ၏။။
propter quod et Deus illum exaltavit et donavit illi nomen super omne nomen
10 ၁၀ အကြောင်းမူကား၊ ကောင်းကင် သတ္တဝါ၊ မြေကြီး သတ္တဝါ၊ မြေကြီး အောက်၌ ရှိသော သတ္တဝါ တည်းဟူသောခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု ၏ဘွဲ့နာမ တော်ကို ဒူး ထောက် ၍၊
ut in nomine Iesu omne genu flectat caelestium et terrestrium et infernorum
11 ၁၁ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူ၏ဟု နှုတ် နှင့် ဝန်ခံသဖြင့်၊ ခမည်းတော် ဘုရား ၏ ဘုန်း အသရေ တော်ကို ထင်ရှား စေကြမည်အကြောင်း တည်း။။
et omnis lingua confiteatur quia Dominus Iesus Christus in gloria est Dei Patris
12 ၁၂ သို့ဖြစ်၍ ငါ့ ချစ်သူ တို့၊ သင်တို့သည် ငါ့ မျက်မှောက် ၌ နားထောင် သည်သာမက ၊ မျက်ကွယ် ၌ လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့ တုန်လှုပ် သောစိတ်နှင့် ၊ ကိုယ် ကို ကယ်တင် ခြင်းငှာကိုယ်တိုင်ကြိုးစား အားထုတ်ကြလော့။။
itaque carissimi mei sicut semper oboedistis non ut in praesentia mei tantum sed multo magis nunc in absentia mea cum metu et tremore vestram salutem operamini
13 ၁၃ အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။
Deus est enim qui operatur in vobis et velle et perficere pro bona voluntate
14 ၁၄ သင်တို့သည် ပြုလေသမျှ တို့၌ မြည်တမ်း ခြင်း၊ ငြင်းခုံ ခြင်းမ ရှိဘဲ ပြု ကြလော့။။
omnia autem facite sine murmurationibus et haesitationibus
15 ၁၅ သို့ပြုလျှင် အပြစ်တင် ခွင့်မရှိ၊ အဘယ်သူကိုမျှ မ ပြစ်မှားဘဲနေ ၍ ၊
ut sitis sine querella et simplices filii Dei sine reprehensione in medio nationis pravae et perversae inter quos lucetis sicut luminaria in mundo
16 ၁၆ မဖြောင့် မမှန်ဖောက်ပြန် သောလူမျိုး အထဲ ၌ အဘယ် အပြစ်မျှမပါသော ဘုရားသခင် ၏ သား ဖြစ်ကြ လိမ့်မည်။ အသက် ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုး အထဲ ၌ ထွန်းလင်း ကြ၏။ သို့ပြုလျှင်ငါ သည် အကျိုး မရှိဘဲလျက် ပြေး သည်မ ဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစား အားထုတ်သည်မ ဟုတ်ကြောင်း ကို ငါထောက်၍ ခရစ်တော် ၏နေ့ရက် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိလိမ့်မည်။။
verbum vitae continentes ad gloriam meam in die Christi quia non in vacuum cucurri neque in vacuum laboravi
17 ၁၇ ထိုမျှမက၊ သင် တို့၏ယုံကြည် ခြင်းကို တင်လှူ ပူဇော်သော ယဇ် အပေါ်မှာ ငါ့ကိုလောင်း သော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှ နှင့်အတူ ငါဝမ်းမြောက် ခြင်းရှိ၏။။
sed et si immolor supra sacrificium et obsequium fidei vestrae gaudeo et congratulor omnibus vobis
18 ၁၈ ထိုနည်းတူ သင် တို့သည်လည်း ဝမ်းမြောက် ကြလော့။ ငါ နှင့်အတူဝမ်းမြောက် ခြင်း ရှိကြလော့။။
id ipsum autem et vos gaudete et congratulamini mihi
19 ၁၉ သင် တို့အကြောင်း အရာများကို ငါသိ ၍ စိတ်သက်သာ ခြင်းငှာ ၊ တိမောသေ ကို သင် တို့ရှိရာသို့ များမကြာ စေလွှတ် မည်အကြောင်း၊ သခင် ယေရှု ခရစ်၌ ငါမှီဝဲ ခြင်းရှိ၏။။
spero autem in Domino Iesu Timotheum cito me mittere ad vos ut et ego bono animo sim cognitis quae circa vos sunt
20 ၂၀ အကြောင်းမူကား ၊ ထိုသူသည်သင် တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့စိတ်သဘောတူသော သူတယောက် မျှ ငါတို့၌မရှိ ။။
neminem enim habeo tam unianimem qui sincera affectione pro vobis sollicitus sit
21 ၂၁ လူခပ်သိမ်း တို့သည် ယေရှု ခရစ် ၏အကျိုးကို မ ရှာ၊ ကိုယ် အကျိုးကိုသာ ရှာ ကြ၏။။
omnes enim sua quaerunt non quae sunt Christi Iesu
22 ၂၂ သို့သော်လည်း သား သည်အဘ နှင့်အတူဆောင်ရွက် သကဲ့သို့ ၊ သူသည်ငါ နှင့်အတူ ဧဝံဂေလိ တရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူ ပြသောသက်သေ ကို သင်တို့ သိ ကြ၏။။
experimentum autem eius cognoscite quoniam sicut patri filius mecum servivit in evangelium
23 ၂၃ ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါ သိ သောအခါ ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်း စေလွှတ် မည် ဟု ကြံစည် မြော်လင့်လျက် ငါနေ၏။။
hunc igitur spero me mittere mox ut videro quae circa me sunt
24 ၂၄ ထိုမျှမက ၊ ငါ့ ကိုယ်တိုင်သင်တို့ရှိရာသို့ များမကြာ လာ မည်ဟု သခင် ဘုရားအားဖြင့် ယုံမှတ် စွဲလမ်းသောစိတ်ရှိ၏။။
confido autem in Domino quoniam et ipse veniam ad vos cito
25 ၂၅ သို့သော်လည်း ဆောင်ရွက် ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ ၏အပေါင်းအဘော်၊ ငါ့ ကိုပြုစု သောသူတည်းဟူသောသင် တို့တမန် ၊ ငါ့ညီ ဧပဖြောဒိတ် ကို သင် တို့ရှိရာ သို့ ယခုစေလွှတ် သင့်သည်ဟု ငါထင်မှတ် ၏။။
necessarium autem existimavi Epafroditum fratrem et cooperatorem et commilitonem meum vestrum autem apostolum et ministrum necessitatis meae mittere ad vos
26 ၂၆ အကြောင်းမူကား၊ သူသည် နာ ကြောင်း ကို သင်တို့ကြားသိ သောကြောင့် ၊ သူသည် သင် တို့အပေါင်း ကို လွမ်းဆွတ် ၍ စိတ်မသာလျက် နေ ၏။။
quoniam quidem omnes vos desiderabat et maestus erat propterea quod audieratis illum infirmatum
27 ၂၇ သူသည် သေ လု အောင် နာ သည်မှန် ၏။ ထိုအခါ ဘုရားသခင် သည် သူ့ ကို သနား တော်မူ၏။ သူ့ ကိုသာ သနားတော်မူသည်မ ဟုတ်။ ငါ့ ၌ ဝမ်းနည်း ခြင်းအဆင့်ဆင့် အထပ်ထပ်မ ရှိ စေခြင်းငှာ ၊ ငါ့ကိုလည်း သနားတော်မူ၏။။
nam et infirmatus est usque ad mortem sed Deus misertus est eius non solum autem eius verum etiam et mei ne tristitiam super tristitiam haberem
28 ၂၈ ထိုကြောင့် သင်တို့သည် သူ့ ကိုတစ်ဖန် တွေ့မြင် ၍ ဝမ်းမြောက် စေခြင်းငှာ၎င်း၊ ငါ သည်လည်း သက်သာ ခြင်းငှာ ၎င်း၊ သူ့ ကို သာ၍ကြိုးစား သည်နှင့် ငါစေလွှတ် ၏။။
festinantius ergo misi illum ut viso eo iterum gaudeatis et ego sine tristitia sim
29 ၂၉ သို့ဖြစ်၍ သခင် ဘုရားကို ထောက် လျက်၊ ဝမ်းမြောက် သောစိတ်နှင့် သူ့ ကိုလက်ခံ ကြလော့။ ထိုသို့သော သူတို့ကို ရိုသေ လေးမြတ်ကြလော့။။
excipite itaque illum cum omni gaudio in Domino et eiusmodi cum honore habetote
30 ၃၀ အကြောင်းမူကား ၊ သင် တို့သည် ငါ့ ကိုပြုစု ၍ မ ပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံ ခြင်းငှာ ၊ ကိုယ် အသက် ကို စွန့်စား ၍ ခရစ်တော် ၏အမှု ကြောင့် သေ ခြင်းသို့ ရောက် လုနီးပြီ။
quoniam propter opus Christi usque ad mortem accessit tradens animam suam ut impleret id quod ex vobis deerat erga meum obsequium

< ဖိလိပ္ပိ 2 >