< ဖိလိပ္ပိ 1 >
1 ၁ ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။
Njame Paulo ne Timoti basha ba Yesu Klistu. Tulalembelenga bantu bonse ba Lesa bali ku Filipi abo bekatana muli Yesu Klistu kubikapo ne batangunishi ne beshikunyamfwilisha bonse ba mubungano uyo.
2 ၂ သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ရှိပါစေသော။
Neco Lesa Bata ne Mwami Yesu Klistu amupe kwina moyo ne lumuno.
3 ၃ ငါ သည်ဆုတောင်း ပဌနာပြုသောအခါ ၊
Nkute kulumba Lesa wakame cindi ciliconse ndamwanukanga
4 ၄ ဝမ်းမြောက် သောစိတ်နှင့် သင် တို့ရှိသမျှ အဘို့ ကို အစဉ် ဆုတောင်း ပဌနာပြု လျက်၊ သင် တို့ကို အောက်မေ့ သောအခါ၊
Pacindi ciliconse ndamupaililanga, nkute kumupailila mwakukondwa.
5 ၅ သင် တို့သည် ရှေ့ဦးစွာ သောနေ့ရက် မှစ၍ ယခု တိုင်အောင် ဧဝံဂလိ တရားကို ဆက်ဆံ ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပါ၏။
Ndelela kumulumba pakwinga kufuma kumatatikilo mpaka lelo, mulanyamfwa kumwaya Mulumbe Wayina.
6 ၆ သင် တို့တွင် ကောင်း သောအမှုကို ပြုစ ပြုတော်မူသောသူ သည်၊ ယေရှု ခရစ် ၏နေ့ရက် တိုင်အောင် ပြီးစီး လျက်ပြု တော်မူမည်ဟု ငါသဘောကျ ၏။
Neco ndashoma kwambeti mulimo wayina uyo Lesa ngwalatatiki muli njamwe, mpaka nakaupwililishe pa Busuba bwakubwela kwa Yesu Klistu.
7 ၇ ရှိသမျှ သောသင် တို့၏ အမှုအရာ၌ ဤသို့ ငါ ယူ အပ်၏။ အကြောင်းမူကား ၊ ငါ ခံရ သော ကျေးဇူး တော်ကို သင် တို့အပေါင်း သည် ဆက်ဆံကြသည်ဖြစ်၍၊ ငါ သည် အကျဉ်း ခံရသော်၎င်း၊ ဧဝံဂလိ တရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
Lyonse nkute kumuyeya mumoyo mwakame. Neco celela kwambeti nyumfwe mushoboyu pacebo cenu, pakwinga mulaba nenjame mu colwe Lesa ncalampa kutatikila pacindi mpondanga wasunguluka kushikila cino cindi mpondi mujele kwambeti Mulumbe Wayina ube wayuminishiwa kayi ne kutabilila.
8 ၈ ငါသည် သင် တို့အပေါင်း ကို ယေရှု ခရစ် ၏ မေတ္တာ ကရုဏာနှင့် အဘယ်မျှလောက်လွမ်း သည်ဟု ဘုရားသခင် သည် ငါ့ သက်သေ ဖြစ်တော်မူ၏။
Lesa ekamboni wakame kwambeti nicakubinga ndimusuni ne moyo wakame wonse kupitila mulusuno lwa Yesu Klistu mwine.
9 ၉ ငါသည်အဘယ်သို့ဆုတောင်း သနည်းဟူမူကား၊ သင် တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှာ ဉာဏ်ပညာ အမျိုးမျိုး ရှိ လျက် ၊
Mupailo wakame niwakwambeti lusuno lwenu lukulenga cindi conse pamo ne lwinshibo lwakunyumfwishisha,
10 ၁၀ မေတ္တာ ပါရမီတိုးပွား ၍ ပြည့်စုံ မည်အကြောင်း ကို၎င်း၊
kwambeti mucikonshe kusala bintu byaina, lino nimukabe baswepa kayi balulama pa Busuba bwakubwela kwa Yesu Klistu.
11 ၁၁ ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။
Bwikalo bwenu nibube bwalulama bweshi bubonekenga kupitila mukunyamfwilishiwa ne Yesu Klistu kwambeti bantu bonse balumbaishe ne kulemeka Lesa.
12 ၁၂ ညီအစ်ကို တို့၊ ငါ ၌ရောက် သော အမှုအရာတို့သည် ဧဝံဂေလိ တရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင် တို့ သိ စေခြင်းငှာငါအလိုရှိ ၏။။
Ndayandanga kwambeti mobanse bame, mwinshibeti bintu bilanjinshikili bilanyamfwilishi kumwaya Mulumbe Waina.
13 ၁၃ ထိုသို့သော အားဖြင့်ခရစ်တော် ကြောင့် ငါ ခံရသော ချည်နှောင် ခြင်းအမှုအရာသည်၊ နန်းတော် ၌ အနှံ့အပြား ထင်ရှား သည်သာမက၊ ခပ်သိမ်း သောအရပ်၌ ထင်ရှား၏။။
Pacebo ici bashilikali bonse beshikulangilila ng'anda ya mwami, ne bantu nabambi balenshibi kwambeti ame ndi mujele pacebo cakuba musebenshi wa Yesu Klistu.
14 ၁၄ သခင် ဘုရား၌ ညီအစ်ကို အများ တို့သည် ငါ ခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ ခြင်းမရှိဘဲ၊ နှုတ်ကပတ် တရားတော် ကို သာ၍ ဟောပြော ဝံ့ ကြ၏။။
Neco kuba mu jele kwakame kulabayuminishi banse bangi bashoma Klistu, kukambaukunga Mulumbe Waina kwakubula buyowa.
15 ၁၅ လူအချို့ တို့သည် ငြူစူ ရန်တွေ့ ချင်သောသဘော နှင့် ခရစ်တော် ၏တရားကို ဟောပြော ကြ၏။ အချို့ တို့ သည် စေတနာ စိတ်နှင့် ဟောပြောကြ၏။။
Mpobali bantu nabambi balakambaukunga Mulumbe Waina pacebo cakwambeti bakute minyono kayi nibantu beshikuyandowa mambaulwa, nomba mpobali nabambi balenshinga mulimo uyu munshila yaina.
16 ၁၆ ငါသည် ဧဝံဂေလိ တရားကို ထောက်မ ဘို့ရာ ခန့်ထား သောသူဖြစ် ကြောင်းကို ဤ သူတို့သည်သိ ၍ ခရစ်တော် ၏တရားကို မေတ္တာ စိတ်နှင့် ဟောပြော ကြ၏။။
Aba balenshinga mulimo uyu mulusuno, pakwinga bacinshi kwambeti Lesa walampa mulimo wakukwabilila Mulumbe Waina.
17 ၁၇ ထိုသူတို့သည် ကြည်ဖြူ သောစိတ်မ ရှိ၊ ချည်နှောင် ခြင်းကို ငါ ခံရသည်တွင် သာ၍ဆင်းရဲ စေမည်ဟု အကြံရှိ ၍၊ ရန်တွေ့ ချင်သောစိတ်နှင့် ဟောပြောကြ၏။။
Nabambi nkabalakambaukunga Klistu mushila yalulama, nsombi kufuma mukuliyanda kwabo. Pakwinga bakute kuyeyeti nibambikilepo byeshikubaba pacindi mpondi mujele.
18 ၁၈ သို့ဖြစ်၍ အဘယ်သို့ နည်း၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာ ရှိ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့်ဟောပြောသည်ဖြစ်စေ၊ ခရစ်တော် ၏တရားကို ဟောပြော ခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခု ဝမ်းမြောက်၏ ။ နောင်၌ လည်း ဝမ်းမြောက် လိမ့်မည်။။
Kuliyawa mulandu! na balakambaukunga Yesu munshila shapusana pusana, nambi iba nshila yaina nambi yaipa. Lino ame nimbenganga wakondwa,
19 ၁၉ အဘယ်သို့ နည်းဟူမူကား၊ ငါ သည်အလျှင်း ရှက်ကြောက် ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက် ရှင်သည်ဖြစ်စေ ၊ သေ သည်ဖြစ်စေ၊ ငါ့ ကိုယ်ခန္ဓါ ၌ ခရစ်တော် သည် အစဉ်မပြတ် ဂုဏ် အသရေထင်ရှား တော်မူသကဲ့သို့ ၊
pakwinga ndicinsheti kupitila mumipailo yenu ne lunyamfo lwa Mushimu Uswepa wa Yesu Klistu ame ninkasungululwe.
20 ၂၀ ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့် အားကြီး၍ တောင့်တသည်နှင့်အညီ သင် တို့ဆုတောင်း သဖြင့်၎င်း ၊ ယေရှု ခရစ် ၏ ဝိညာဉ် တော်မှစသဖြင့်၎င်း၊ ဤ အကြောင်း အရာသည် ငါ့ ကိုကယ်တင် သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏။။
Neco kuyandishisha ne lushomo lwakame nikwambeti nteshi ngalilwe mulimo wakame, kwambeti Yesu alemekwe lino, ne cindi conse, nambi cibeti mfwa, nambi mba muyumi.
21 ၂၁ အသက် ရှင်သည်အရာမှာ ခရစ်တော် ဖြစ်၏။ သေ လျှင် မူကား ၊ သာ၍အကျိုး ရှိ၏။။
Pakwinga kulinjame kuba ne buyumi ni kusebensela Yesu, kayi na mfwa ni pindu.
22 ၂၂ ဤကိုယ်ခန္ဓာ ၌ ငါသည်အသက် ရှင်လျှင် ၊ ငါ ပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူ ရမည်ဟု ငါမ သိ ။။
Nomba na ndapitilishi kuba ne buyumi ngacimpa colwe cakusebensa mulimo wela kusumpula ncito, nkandicinshi na ngansalapo cipeyo.
23 ၂၃ ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။
Lino ndaba pamampambanya anshila shibili, moyo naumbi ulandanga kwambeti nshiye buyumi bwapacishi capanshi kuya akuba ne Klistu, pakwinga ici ecintu cainapo pali byonse.
24 ၂၄ သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေ ရလျှင် သင် တို့၌ သာ၍ အကျိုး ရှိလိမ့်မည်။။
Nomba pacebo cenu caina kwambeti mbe ne buyumi.
25 ၂၅ ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ၊ သင်တို့ရှိရာသို့ ငါ တစ်ဖန် ရောက်လာ သော အားဖြင့် ၊ သင် တို့သည် ယေရှု ခရစ် ကိုအမှီပြု ၍ ငါ့ အတွက်ကြောင့် သာ၍ ဝါကြွား ဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊
Kwakutatonshanya ndashoma kwambeti nimbe ne buyumi kayi nekupitilisha kuba nenjamwe mwense kwambeti nyamfwilishe kukulisha lushomo lwenu kayi mwakukondwa.
26 ၂၆ သင်တို့သည် ယုံကြည် ခြင်း၌ တိုးပွား ဝမ်းမြောက် မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓါ၌နေ ၍ သင် တို့ရှိသမျှ နှင့် ပေါင်းဖေါ် ရမည်ဟု ငါသိ ၏။။
Kwambeti pacindi ncoshi nkese kulinjamwe mukabe ne cebo cakutwanga muli Yesu Klistu mubuyumi bwenu.
27 ၂၇ သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။
Cinene nikwambeti bwikalo bwenu bube mbuli Mulumbe Waina ncolambanga sha Klistu. Nambi mba pepi nenjamwe, nambi mba patali, ndayandanga kunyumfwa kwambeti mwemana cakushimpa ne moyo umo. Kayi ndayandanga kunyumfwa kwambeti mulanyamfwananga ne kunyumfwana pakulwana nkondo yakukwabilila lushomo lulafumunga mu Mulumbe Waina.
28 ၂၈ ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူ တို့၌ ပျက်စီး ခြင်း၏ နိမိတ် လက္ခဏာဖြစ် ၏။ဘုရားသခင် စီရင် တော်မူသောအားဖြင့် သင် တို့၌ကား ၊ကယ်တင် ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။။
Kamutasuminisha balwani benu kwambeti bamuyoshenga pa cintu ciliconse, neco kamuliyuminishani kwambeti benshibeti nibakonongeke kayi amwe nimukapuluke, pakwinga Lesa endiye weshakamulwanine.
29 ၂၉ အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊
Pakwinga mulapewa colwe cakusebensela Yesu klistu, kayi kutambeti kushoma Yesu Klistu enkowa sobwe, nsombi nekupita mubintu byeshikubaba pacebo cakendi.
30 ၃၀ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော် ကို ယုံကြည် ခြင်းအခွင့်မှတပါး ၊ ခရစ်တော် အတွက် ကြောင့် ဆင်းရဲ ခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏။
Nenjamwe mulalwananga inkondo yopeleyo njomwalambona kandwana. Endiyo njondicilwana ne lino mbuli ncomulanyumfunga.