< ဖိလိပ္ပိ 1 >

1 ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။
παυλοσ και τιμοθεοσ δουλοι ιησου χριστου πασιν τοισ αγιοισ εν χριστω ιησου τοισ ουσιν εν φιλιπποισ συν επισκοποισ και διακονοισ
2 သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ရှိပါစေသော။
χαρισ υμιν και ειρηνη απο θεου πατροσ ημων και κυριου ιησου χριστου
3 ငါ သည်ဆုတောင်း ပဌနာပြုသောအခါ ၊
ευχαριστω τω θεω μου επι παση τη μνεια υμων
4 ဝမ်းမြောက် သောစိတ်နှင့် သင် တို့ရှိသမျှ အဘို့ ကို အစဉ် ဆုတောင်း ပဌနာပြု လျက်၊ သင် တို့ကို အောက်မေ့ သောအခါ၊
παντοτε εν παση δεησει μου υπερ παντων υμων μετα χαρασ την δεησιν ποιουμενοσ
5 သင် တို့သည် ရှေ့ဦးစွာ သောနေ့ရက် မှစ၍ ယခု တိုင်အောင် ဧဝံဂလိ တရားကို ဆက်ဆံ ၍ ခံစား ကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို ချီးမွမ်းပါ၏။
επι τη κοινωνια υμων εισ το ευαγγελιον απο πρωτησ ημερασ αχρι του νυν
6 သင် တို့တွင် ကောင်း သောအမှုကို ပြုစ ပြုတော်မူသောသူ သည်၊ ယေရှု ခရစ် ၏နေ့ရက် တိုင်အောင် ပြီးစီး လျက်ပြု တော်မူမည်ဟု ငါသဘောကျ ၏။
πεποιθωσ αυτο τουτο οτι ο εναρξαμενοσ εν υμιν εργον αγαθον επιτελεσει αχρι ημερασ χριστου ιησου
7 ရှိသမျှ သောသင် တို့၏ အမှုအရာ၌ ဤသို့ ငါ ယူ အပ်၏။ အကြောင်းမူကား ၊ ငါ ခံရ သော ကျေးဇူး တော်ကို သင် တို့အပေါင်း သည် ဆက်ဆံကြသည်ဖြစ်၍၊ ငါ သည် အကျဉ်း ခံရသော်၎င်း၊ ဧဝံဂလိ တရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
καθωσ εστιν δικαιον εμοι τουτο φρονειν υπερ παντων υμων δια το εχειν με εν τη καρδια υμασ εν τε τοισ δεσμοισ μου και εν τη απολογια και βεβαιωσει του ευαγγελιου συγκοινωνουσ μου τησ χαριτοσ παντασ υμασ οντασ
8 ငါသည် သင် တို့အပေါင်း ကို ယေရှု ခရစ် ၏ မေတ္တာ ကရုဏာနှင့် အဘယ်မျှလောက်လွမ်း သည်ဟု ဘုရားသခင် သည် ငါ့ သက်သေ ဖြစ်တော်မူ၏။
μαρτυσ γαρ μου εστιν ο θεοσ ωσ επιποθω παντασ υμασ εν σπλαγχνοισ ιησου χριστου
9 ငါသည်အဘယ်သို့ဆုတောင်း သနည်းဟူမူကား၊ သင် တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှာ ဉာဏ်ပညာ အမျိုးမျိုး ရှိ လျက် ၊
και τουτο προσευχομαι ινα η αγαπη υμων ετι μαλλον και μαλλον περισσευη εν επιγνωσει και παση αισθησει
10 ၁၀ မေတ္တာ ပါရမီတိုးပွား ၍ ပြည့်စုံ မည်အကြောင်း ကို၎င်း၊
εισ το δοκιμαζειν υμασ τα διαφεροντα ινα ητε ειλικρινεισ και απροσκοποι εισ ημεραν χριστου
11 ၁၁ ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။
πεπληρωμενοι καρπων δικαιοσυνησ των δια ιησου χριστου εισ δοξαν και επαινον θεου
12 ၁၂ ညီအစ်ကို တို့၊ ငါ ၌ရောက် သော အမှုအရာတို့သည် ဧဝံဂေလိ တရားကို မမြစ်တားသည်သာမက ၊ ပြုစု ရာဖြစ်သည်ဟု သင် တို့ သိ စေခြင်းငှာငါအလိုရှိ ၏။။
γινωσκειν δε υμασ βουλομαι αδελφοι οτι τα κατ εμε μαλλον εισ προκοπην του ευαγγελιου εληλυθεν
13 ၁၃ ထိုသို့သော အားဖြင့်ခရစ်တော် ကြောင့် ငါ ခံရသော ချည်နှောင် ခြင်းအမှုအရာသည်၊ နန်းတော် ၌ အနှံ့အပြား ထင်ရှား သည်သာမက၊ ခပ်သိမ်း သောအရပ်၌ ထင်ရှား၏။။
ωστε τουσ δεσμουσ μου φανερουσ εν χριστω γενεσθαι εν ολω τω πραιτωριω και τοισ λοιποισ πασιν
14 ၁၄ သခင် ဘုရား၌ ညီအစ်ကို အများ တို့သည် ငါ ခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ် ၍ ကြောက်ရွံ့ ခြင်းမရှိဘဲ၊ နှုတ်ကပတ် တရားတော် ကို သာ၍ ဟောပြော ဝံ့ ကြ၏။။
και τουσ πλειονασ των αδελφων εν κυριω πεποιθοτασ τοισ δεσμοισ μου περισσοτερωσ τολμαν αφοβωσ τον λογον λαλειν
15 ၁၅ လူအချို့ တို့သည် ငြူစူ ရန်တွေ့ ချင်သောသဘော နှင့် ခရစ်တော် ၏တရားကို ဟောပြော ကြ၏။ အချို့ တို့ သည် စေတနာ စိတ်နှင့် ဟောပြောကြ၏။။
τινεσ μεν και δια φθονον και εριν τινεσ δε και δι ευδοκιαν τον χριστον κηρυσσουσιν
16 ၁၆ ငါသည် ဧဝံဂေလိ တရားကို ထောက်မ ဘို့ရာ ခန့်ထား သောသူဖြစ် ကြောင်းကို ဤ သူတို့သည်သိ ၍ ခရစ်တော် ၏တရားကို မေတ္တာ စိတ်နှင့် ဟောပြော ကြ၏။။
οι μεν εξ εριθειασ τον χριστον καταγγελλουσιν ουχ αγνωσ οιομενοι θλιψιν επιφερειν τοισ δεσμοισ μου
17 ၁၇ ထိုသူတို့သည် ကြည်ဖြူ သောစိတ်မ ရှိ၊ ချည်နှောင် ခြင်းကို ငါ ခံရသည်တွင် သာ၍ဆင်းရဲ စေမည်ဟု အကြံရှိ ၍၊ ရန်တွေ့ ချင်သောစိတ်နှင့် ဟောပြောကြ၏။။
οι δε εξ αγαπησ ειδοτεσ οτι εισ απολογιαν του ευαγγελιου κειμαι
18 ၁၈ သို့ဖြစ်၍ အဘယ်သို့ နည်း၊ လျှို့ဝှက် ၍ ဟောပြောသည်ဖြစ်စေ ၊ သစ္စာ ရှိ၍ ဟောပြောသည်ဖြစ်စေ ၊ အဘယ်သို့သောအားဖြင့်ဟောပြောသည်ဖြစ်စေ၊ ခရစ်တော် ၏တရားကို ဟောပြော ခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခု ဝမ်းမြောက်၏ ။ နောင်၌ လည်း ဝမ်းမြောက် လိမ့်မည်။။
τι γαρ πλην παντι τροπω ειτε προφασει ειτε αληθεια χριστοσ καταγγελλεται και εν τουτω χαιρω αλλα και χαρησομαι
19 ၁၉ အဘယ်သို့ နည်းဟူမူကား၊ ငါ သည်အလျှင်း ရှက်ကြောက် ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက် ရှင်သည်ဖြစ်စေ ၊ သေ သည်ဖြစ်စေ၊ ငါ့ ကိုယ်ခန္ဓါ ၌ ခရစ်တော် သည် အစဉ်မပြတ် ဂုဏ် အသရေထင်ရှား တော်မူသကဲ့သို့ ၊
οιδα γαρ οτι τουτο μοι αποβησεται εισ σωτηριαν δια τησ υμων δεησεωσ και επιχορηγιασ του πνευματοσ ιησου χριστου
20 ၂၀ ယခုပင်ထင်ရှား တော်မူမည်ဟု ငါမြော်လင့် အားကြီး၍ တောင့်တသည်နှင့်အညီ သင် တို့ဆုတောင်း သဖြင့်၎င်း ၊ ယေရှု ခရစ် ၏ ဝိညာဉ် တော်မှစသဖြင့်၎င်း၊ ဤ အကြောင်း အရာသည် ငါ့ ကိုကယ်တင် သော အကြောင်းအရာဖြစ် မည်ဟု ငါသိ ၏။။
κατα την αποκαραδοκιαν και ελπιδα μου οτι εν ουδενι αισχυνθησομαι αλλ εν παση παρρησια ωσ παντοτε και νυν μεγαλυνθησεται χριστοσ εν τω σωματι μου ειτε δια ζωησ ειτε δια θανατου
21 ၂၁ အသက် ရှင်သည်အရာမှာ ခရစ်တော် ဖြစ်၏။ သေ လျှင် မူကား ၊ သာ၍အကျိုး ရှိ၏။။
εμοι γαρ το ζην χριστοσ και το αποθανειν κερδοσ
22 ၂၂ ဤကိုယ်ခန္ဓာ ၌ ငါသည်အသက် ရှင်လျှင် ၊ ငါ ပြုသောအမှု ၏ အကျိုးကား ထိုသို့သောအကျိုး ဖြစ်၏။ သို့သော်လည်း အဘယ် အကျိုးကို ရွေးယူ ရမည်ဟု ငါမ သိ ။။
ει δε το ζην εν σαρκι τουτο μοι καρποσ εργου και τι αιρησομαι ου γνωριζω
23 ၂၃ ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။
συνεχομαι δε εκ των δυο την επιθυμιαν εχων εισ το αναλυσαι και συν χριστω ειναι πολλω μαλλον κρεισσον
24 ၂၄ သို့သော်လည်း ကိုယ်ခန္ဓာ ၌ နေ ရလျှင် သင် တို့၌ သာ၍ အကျိုး ရှိလိမ့်မည်။။
το δε επιμενειν εν τη σαρκι αναγκαιοτερον δι υμασ
25 ၂၅ ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ၊ သင်တို့ရှိရာသို့ ငါ တစ်ဖန် ရောက်လာ သော အားဖြင့် ၊ သင် တို့သည် ယေရှု ခရစ် ကိုအမှီပြု ၍ ငါ့ အတွက်ကြောင့် သာ၍ ဝါကြွား ဝမ်းမြောက်ခြင်း ရှိစေခြင်းငှာ၊
και τουτο πεποιθωσ οιδα οτι μενω και συμπαραμενω πασιν υμιν εισ την υμων προκοπην και χαραν τησ πιστεωσ
26 ၂၆ သင်တို့သည် ယုံကြည် ခြင်း၌ တိုးပွား ဝမ်းမြောက် မည်အကြောင်း ၊ ငါသည်ကိုယ်ခန္ဓါ၌နေ ၍ သင် တို့ရှိသမျှ နှင့် ပေါင်းဖေါ် ရမည်ဟု ငါသိ ၏။။
ινα το καυχημα υμων περισσευη εν χριστω ιησου εν εμοι δια τησ εμησ παρουσιασ παλιν προσ υμασ
27 ၂၇ သင်တို့သည် ရန်သူ များကြောင့် အလျှင်း မ ကြောက်ရွံ့ မတုန်လှုပ်ဘဲ၊ တစ်ပါးတည်းသော စိတ် ဝိညာဉ် ၌ တည် ၍၊ ဧဝံဂေလိ တရားနှင့် ဆိုင် သော ယုံကြည် ခြင်းအဘို့ အလိုငှာ တစ်ညီတစ်ညွတ် တည်း ကြိုးစားအားထုတ်ကြသည် အကြောင်းအရာကို၊ ငါ ရောက်လျှင် သင် တို့နှင့် မျက်မှောက်တွေ့ သည်ဖြစ်စေ၊ ကွာ လျက်နေသည် ဖြစ်စေ၊ ငါကြားသိ ရပါမည်အကြောင်း ၊ ခရစ်တော် ၏ ဧဝံဂေလိ တရားနှင့် အထိုက်အလျောက် ဝတ်ကြီးဝတ်ငယ်များကို ပြု၍သာနေ ကြလော့။။
μονον αξιωσ του ευαγγελιου του χριστου πολιτευεσθε ινα ειτε ελθων και ιδων υμασ ειτε απων ακουσω τα περι υμων οτι στηκετε εν ενι πνευματι μια ψυχη συναθλουντεσ τη πιστει του ευαγγελιου
28 ၂၈ ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့မတုန်လှုပ်သော အကြောင်းအရာသည်၊ သူ တို့၌ ပျက်စီး ခြင်း၏ နိမိတ် လက္ခဏာဖြစ် ၏။ဘုရားသခင် စီရင် တော်မူသောအားဖြင့် သင် တို့၌ကား ၊ကယ်တင် ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။။
και μη πτυρομενοι εν μηδενι υπο των αντικειμενων ητισ αυτοισ μεν εστιν ενδειξισ απωλειασ υμιν δε σωτηριασ και τουτο απο θεου
29 ၂၉ အကြောင်းမူကား ၊ သင် တို့သည် အထက်ကမြင် သည်အတိုင်း၊ ယခု လည်း ကြား သည်အတိုင်း ငါ ခံရ သော တိုက်လှန် ခြင်းကို ခံရသည်နည်းတူ ၊
οτι υμιν εχαρισθη το υπερ χριστου ου μονον το εισ αυτον πιστευειν αλλα και το υπερ αυτου πασχειν
30 ၃၀ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော် ကို ယုံကြည် ခြင်းအခွင့်မှတပါး ၊ ခရစ်တော် အတွက် ကြောင့် ဆင်းရဲ ခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့်ရကြ၏။
τον αυτον αγωνα εχοντεσ οιον ειδετε εν εμοι και νυν ακουετε εν εμοι

< ဖိလိပ္ပိ 1 >