< ဖိလေမုန် 1 >
1 ၁ ယေရှု ခရစ် နှင့်စပ်ဆိုင်သောအားဖြင့်အကျဉ်း ခံရသော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ငါ တို့ ချစ် သော လုပ်ဘော်ဆောင်ဘက် ချင်းဖိလေမုန်
Paul, a prisoner of Christ Jesus, and Timothy the brother, to Philemon our beloved friend and fellow-laborer,
2 ၂ ငါတို့ချစ်သော နှမ အပ္ပိ ၊ ငါ တို့စစ်သူရဲ ချင်း အာခိပ္ပု မှစ၍ သင် ၏ အိမ် ၌ ရှိသော အသင်းတော် ကို ကြားလိုက်ပါ၏။
and to the beloved Apphia, and to Archippus our fellow-soldier, and to the church in thy house:
3 ၃ ငါတို့သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံ တော်ကကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
Grace be to you, and peace, from God our Father and the Lord Jesus Christ.
4 ၄ သင် သည်သခင် ယေရှု ခရစ်ကို ယုံကြည် ၍ သန့်ရှင်း သူအပေါင်း တို့ကို ချစ် သည်ဟု ငါသည်ကြား လျှင်
I thank my God at all times, making mention of thee in my prayers,
5 ၅ ငါ ၏ဘုရားသခင့် ကျေးဇူး တော်ကို အစဉ် ချီးမွမ်း၍၊ သင့် အဘို့ အလိုငှာ ဆုတောင်း ပဌနာပြုလျက်နေ၏။
hearing of thy love and faith, which thou hast toward the Lord Jesus and toward all the saints;
6 ၆ ဆုတောင်းသောအချက်ဟူမူကား၊ သင် သည် ယုံကြည် ခြင်းကို ဆက်ဆံ သော အရှိန် ကြီး၍၊ သူတစ်ပါးတို့ သည် ယေရှုခရစ် အဘို့ အလိုငှာ ငါ တို့၌ ကောင်း သောအရာ ရှိသမျှ တို့ကို ဝန်ခံ မည်အကြောင်း ဆုတောင်း ပဌနာပြု၏။
that the fellowship of thy faith may become effectual in the knowledge of every good thing which is in us, for Christ Jesus.
7 ၇ အချင်းငါ့ညီ ၊ သင် သည် သန့်ရှင်း သူတို့၏ စိတ် နှလုံးကို သက်သာ စေသောကြောင့် ၊ သင် ၏မေတ္တာ ကို ထောက်၍ငါတို့သည် အလွန် ဝမ်းမြောက် ချမ်းသာ ခြင်းရှိ ၏။
For we have great thankfulness and comfort on account of thy love, because the hearts of the saints have been refreshed by thee, brother.
8 ၈ ထိုကြောင့် ၊ သင် သည်ပြုသင့်သောအမှုအရာကို ပညတ် ထားခြင်းငှာ၊ ငါသည် ခရစ်တော် အားဖြင့် အလွန် ရဲရင့် စရာ အခွင့် ရှိ သော်လည်း
Wherefore, though I have much boldness in Christ to enjoin upon thee that which is befitting,
9 ၉ အသက်ကြီး သော ပေါလု တည်းဟူသောယေရှု ခရစ် ကြောင့် အကျဉ်း ခံရသောသူ ဖြစ် လျက်ပင်၊ မေတ္တာ အားဖြင့် သာ သင့်ကို တောင်းပန် ပါ၏။
yet for love's sake I beseech thee rather; being such a one as Paul an old man, and now also a prisoner of Christ Jesus,
10 ၁၀ ချည်နှောင် ခြင်းကိုခံစဉ် တွင် ငါဖြစ်ဘွား စေသော သား တည်းဟူသော
I beseech thee for my child, whom I begot in my bonds, Onesimus;
11 ၁၁ သင် သည် အထက် ကအသုံး မရသောသူ ၊ ယခု တွင် ငါ နှင့် သင် သည် အသုံးရ သောသူ ဩနေသိမ် အဘို့ ငါ တောင်းပန် ပါ၏။
who in time past was unprofitable to thee, but is now profitable to thee and to me;
12 ၁၂ ထိုသူ ကိုသင့် ထံသို့ငါပြန် စေသည်ဖြစ်၍၊ သူ့ ကို ငါ့ ရင် သွေးကဲ့သို့မှတ်လျက် လက်ခံလော့။
whom I have sent back; and do thou [[receive]] him, that is, my own flesh.
13 ၁၃ ဧဝံဂေလိ တရားကြောင့် ချည်နှောင် ခြင်းကို ငါခံစဉ် တွင် ၊ သူသည် သင် ၏ ကိုယ်စားငါ့ ကို ပြုစုစေမည် အကြောင်း ၊ သူ့ကို ငါ ထား ချင် သော်လည်း
Whom I would have retained with me, that in thy stead he might minister to me in the bonds of the gospel;
14 ၁၄ သင် သည်ငါ၌ ကျေးဇူး ပြုရာတွင် အနိုင်ပြု ရသကဲ့သို့ မ ဟုတ်၊ အလိုအလျောက်ပြုစေချင် သော စိတ် ရှိ သည်ဖြစ်၍၊ သင် ၏ အခွင့် မ ရှိလျှင် အလျှင်းမ ပြု လို ။
but I chose to do nothing without thy consent, that thy benefit may be not as from necessity, but willingly.
15 ၁၅ ထိုမှတစ်ပါး၊ သင်သည်သူ့ ကို အစဉ် ရ စေခြင်းငှာ ၊ သူသည်သင်နှင့်ခဏ ကွာ သွားသည်ဟု ဆိုစရာရှိ၏။ (aiōnios )
For perhaps he was separated from thee for a season to this end, that thou shouldst receive him back as thine for ever; (aiōnios )
16 ၁၆ ထိုသို့ဆိုသော်၊ အစေခံ ကျွန်ကဲ့သို့ ရမည်ဟု မဆိုလို၊ ငါ ၌ အထူးသဖြင့် ချစ် ညီ သော၊ သင် ၌ကား၊ ဇာတိ အားဖြင့် ၎င်း ၊ သခင် ဘုရားအားဖြင့် ၎င်း၊ သာ၍ ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။
no longer as a bond-servant, but above a bond-servant, a brother beloved, especially to me, but how much more to thee, both in the flesh, and in the Lord!
17 ၁၇ သို့ဖြစ်၍ သင်သည်ငါ့ ကို အပေါင်းအဘော် ကဲ့သို့မှတ် လျှင် ၊ သူ့ ကိုငါ ကဲ့သို့ ပင်လက်ခံ လော့။
If thou then regardest me as a partner, receive him as myself.
18 ၁၈ သူသည်သင် ၌ပြစ်မှား ခြင်း၊ ကြွေးတင် ခြင်း တစ်စုံတစ်ခု ရှိလျှင် ၊ ငါ့ အတွက်အတာ မှတ် လော့။
And if he wronged thee in anything, or oweth thee, put that to my account.
19 ၁၉ ဆပ်ပေး မည်ဟု ငါ ပေါလု သည် ကိုယ် လက် နှင့် ရေး ထား၏။ သို့ရာတွင်သင် ၏ကိုယ် တည်းဟူသောကြွေး ကိုပင် ငါ့ အားဆပ်ပေးရသောအကြောင်း ရှိသည်ဟု ငါမ ဆို ။
I Paul have written it with my own hand, I will repay it; not to say to thee, that to me thou owest even thy own self besides.
20 ၂၀ အချင်းငါ့ ညီ ၊ သခင် ဘုရား၌ ငါ့ကို ကျေးဇူး ပြုပါလော့။ ခရစ်တော် ၌ ငါ့ စိတ်နှလုံးကို သက်သာ စေပါလော့။
Yea, brother, let me have joy of thee in the Lord; refresh my heart in Christ.
21 ၂၁ သင် သည်နားထောင် မည်ဟု ယုံမှား ခြင်းမရှိသည် သာမက၊ ငါပြော သည်ထက် သာ၍ပြု မည်ဟု အမှန်သိ လျက် ငါရေး လိုက်ပါ၏။
Having confidence in thy obedience I have written to thee, knowing that thou wilt do even more than I say.
22 ၂၂ ထိုမှတစ်ပါး၊ ငါ တည်းခို စရာအရပ်ကိုလည်း ပြင် လော့။ အကြောင်းမူကား ၊ သင် တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင် တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေး တော်မူမည်ဟု မြော်လင့် ခြင်းရှိ၏။
And at the same time make ready a lodging for me; for I hope that through your prayers I shall be granted to you.
23 ၂၃ ယေရှု ခရစ် ကြောင့် ငါ နှင့်အတူ အကျဉ်းခံရသော ဧပဖြ မှစ၍
Epaphras, my fellow-prisoner in Christ Jesus,
24 ၂၄ ငါ ၏ လုပ်ဘော်ဆောင်ဘက် မာကု ၊ အာရိတ္တာခု ၊ ဒေမ ၊ လုကာ တို့သည် သင့် ကို နှုတ်ဆက် ကြ၏။
Mark, Aristarchus, Demas, Luke, my fellow-laborers, salute thee.
25 ၂၅ ငါတို့ သခင် ယေရှု ခရစ် ၏ ကျေးဇူး တော်သည် သင် တို့၏ စိတ် ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။
The grace of our Lord Jesus Christ be with your spirit.