< သြ​ဗ​ဒိ 1 >

1 အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော် တော်မူ သံကို ငါတို့သည် ကြား ကြ၏။ သင်တို့ထ ၍ ဧဒုံ ပြည်ကို တိုက် ခြင်းငှါ စစ်ချီ ကြလော့ဟု၊ တပါးအမျိုးသား တို့ထံ သို့ သံတမန် ကို စေလွှတ် တော်မူပြီ။
The vision of Obadiah. Thus says the lord Jehovah concerning Edom: We have heard tidings from Jehovah, and an ambassador is sent among the nations, saying, Arise ye, and let us rise up against her in battle.
2 သင့် ကို တပါးအမျိုးသား တို့တွင် ယုတ်မာ စေခြင်းငှါ ငါစီရင် သဖြင့်၊ သင် ၏အသရေသည် အလွန် ရှုတ်ချ ခြင်း ရှိလိမ့်မည်။
Behold, I have made thee small among the nations. Thou are greatly despised.
3 ကျောက် ကြား တို့၌ နေ ၍ မြင့် သောအရပ်ကို ခိုလှုံ လျက်၊ ငါ့ ကို မြေ သို့ အဘယ်သူ နှိမ့်ချ နိုင်သနည်းဟု အောက်မေ့ သော သူဖြစ် သောကြောင့်၊ သင် ၏မာန သည် သင့် ကို လှည့်စား ပြီ။
The pride of thy heart has deceived thee, O thou who dwell in the clefts of the rock, whose habitation is high, who says in his heart, Who shall bring me down to the ground?
4 သင်သည် ရွှေလင်းတ ကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ် တို့တွင် အသိုက် ကို လုပ် သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Though thou mount on high as the eagle, and though thy nest be set among the stars, I will bring thee down from there, says Jehovah.
5 ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။
If thieves came to thee, if robbers by night (how thou are cut off!), would they not steal only till they had enough? If grape gatherers came to thee, would they not leave some gleaning grapes?
6 သင်သည် အလွန်ပျက်စီး ပြီတကား။ ဧသော သည် အလွန် အစစ်ခံရပြီတကား။ သူ ဝှက် ထားသော ဥစ္စာ ကို အလွန်ရှာဖွေ ကြသည်တကား။
How are the things of Esau searched! How are his hidden treasures sought out!
7 သင် နှင့်မိဿဟာယ ဖွဲ့သော သူ အပေါင်း တို့ သည် ပြည် စွန်းသို့ နှင် ကြပြီ။ အဆွေ လုပ်သောသူ တို့ သည် သင့် ကို လှည့်စား ၍ နိုင် ကြပြီ။ သင် နှင့်အတူစားသောက် သော သူတို့သည် သင့် အောက် ၌ ကျော့ကွင်း ကို ထောင် ထားကြပြီ။ သင် ၏ ဉာဏ် ပညာ ကုန် ပြီ။
All the men of thy confederacy have brought thee on thy way, even to the border. The men who were at peace with thee have deceived thee, and prevailed against thee. Those who eat thy bread lay a snare under thee. There is no understanding in him.
8 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ဧဒုံ ပြည်မှ ပညာရှိ တို့ကို၎င်း ၊ ဧသော ၏တောင် မှ ဉာဏ် ကောင်းသော သူတို့ ကို၎င်းငါပယ်ရှား မည်။
Shall I not in that day, says Jehovah, destroy the wise men out of Edom, and understanding out of the mount of Esau?
9 အိုတေမန် မြို့၊ ဧသော ၏တောင် မှ ခပ်သိမ်း သောသူတို့ ကို ပယ်ဖြတ် မည်အကြောင်း ၊ သင် ၏ သူရဲ တို့သည် ကြောက် ကြလိမ့်မည်။
And thy mighty men, O Teman, shall be dismayed, to the end that everyone may be cut off from the mount of Esau by slaughter.
10 ၁၀ သင် သည် ညီ ယာကုပ် ကို အသေသတ်ခြင်း၊ အနိုင် အထက် ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ ၍ ၊ အကုန်အစင် ပယ်ဖြတ် ခြင်းကိုခံရလိမ့်မည်။
Shame shall cover thee for the violence done to thy brother Jacob, and thou shall be cut off forever.
11 ၁၁ သင် သည် တဘက် ၌ နေ သောနေ့ ၊ တကျွန်း တနိုင်ငံသား တို့သည် သူ ၏အမှုထမ်း များကို သိမ်း သွားသောနေ့ ၊ တပါး အမျိုးသားတို့သည် သူ ၏မြို့တံခါး ထဲသို့ ဝင် ၍ ယေရုရှလင် မြို့ကို စာရေးတံ ချ သောနေ့၌ သင် သည် လက်ခံသောသူဖြစ်၏။
In the day that thou stood on the other side, in the day that strangers carried away his substance, and foreigners entered into his gates, and cast lots upon Jerusalem, even thou were as one of them.
12 ၁၂ သင် ၏ညီ သည် တပါး အမျိုးသားဖြစ်သောနေ့ ၌ သူ၏အမှုကို သင်မ ကြည့် သင့်။ ယုဒ အမျိုးသား တို့သည် ပျက်စီး သောနေ့ ၌ မ ဝါကြွား သင့်။ ဒုက္ခ ခံရသောနေ့ ၌ စော်ကား သောစကား ကို မ ပြောသင့်။
But look not thou on the day of thy brother in the day of his disaster, and rejoice not over the sons of Judah in the day of their destruction, nor speak proudly in the day of distress.
13 ၁၃ ငါ ၏လူ တို့သည် ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ နေရာတံခါး အတွင်းသို့ မ ဝင် သင့်။ ဘေး ဥပဒ်ကို ခံရသော နေ့ ၌ သူ တို့၏ဆင်းရဲ ဒုက္ခကို မ ကြည့် မရှုသင့်။ ဘေး ဥပဒ် ကို ခံရသောနေ့ ၌ သူ တို့ဥစ္စာ ကို မ လု မယူသင့်။
Enter not into the gate of my people in the day of their calamity. Yea, look not thou on their affliction in the day of their calamity, nor lay ye hands on their substance in the day of their calamity.
14 ၁၄ လွတ် သောသူတို့ကို ဆီးတား ခြင်းငှါ ဖြတ်လမ်း ၌ မ ရပ် မနေ သင့်။ အမှု ရောက်သောနေ့ ၌ ကျန် ကြွင်းသောသူတို့ ကို မ အပ် သင့်။
And stand thou not in the crossway, to cut off those of his who escape, and deliver not up those of his who remain in the day of distress.
15 ၁၅ အကြောင်း မူကား၊ ထာဝရဘုရား ၏နေ့ ရက်သည် ခပ်သိမ်း သောလူမျိုး တို့နှင့် နီး ပြီ။ သင်ပြု သည်အတိုင်း သင် ၌ သူတပါး ပြု လိမ့်မည်။ သင် ပြုသောအမှု သည် သင့် ခေါင်း ပေါ် သို့ ရောက် ရလိမ့်မည်။
For the day of Jehovah is near upon all the nations. As thou have done, it shall be done to thee. Thy dealing shall return upon thine own head.
16 ၁၆ ယုဒအမျိုးသားတို့သည် သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ စားသောက် သကဲ့သို့ ၊ ပတ်လည်၌နေသောလူမျိုး အပေါင်း တို့သည် စားသောက် ရကြလိမ့်မည်။ စားသောက် ၍ မျို သဖြင့် မ ရှိ ဘူးသောသူကဲ့သို့ ဖြစ် ရကြလိမ့်မည်။
For as ye have drunk upon my holy mountain, so shall all the nations drink continually. Yea, they shall drink, and swallow down, and shall be as though they had not been.
17 ၁၇ ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
But in mount Zion there shall be those who escape, and it shall be holy, and the house of Jacob shall possess their possessions.
18 ၁၈ ယာကုပ် အမျိုး သည် မီး ၊ ယောသပ် အမျိုး သည် မီးလျှံ ၊ ဧသော အမျိုး သည် အမှိုက် ဖြစ် လျက် မီးညှိ ၍ လောင် သဖြင့် ၊ ဧသော အမျိုးသား မ ကျန် ကြွင်းရ။ ထာဝရဘုရား မိန့် တော်မူပြီ။
And the house of Jacob shall be a fire, and the house of Joseph a flame, and the house of Esau for stubble. And they shall burn among them, and devour them, and there shall not be any remaining to the house of Esau, for Jehovah has spoken it.
19 ၁၉ တောင် မျက်နှာသားတို့သည် ဧသော ၏တောင် ကို၎င်း ၊ မြေညီ သောအရပ်သားတို့သည် ဖိလိတ္တိ ပြည်ကို၎င်း ၊ ဧဖရိမ် လယ်ပြင် နှင့် ရှမာရိ လယ်ပြင် ကို၎င်း ၊ ဗင်္ယာမိန် အမျိုးသည် ဂိလဒ် ပြည်ကို၎င်း သိမ်းယူ ကြ လိမ့်မည်။
And those of the South shall possess the mount of Esau, and those of the lowland the Philistines. And they shall possess the field of Ephraim, and the field of Samaria, and Benjamin shall possess Gilead.
20 ၂၀ သိမ်း သွားခြင်းကို ခံရ၍၊ ခါနနိ လူတို့တွင်ရှိသော ဣသရေလ အမျိုး အလုံးအရင်း သည် ဇရတ္တ မြို့တိုင်အောင် ၎င်း ၊ သိမ်း သွားခြင်းကို ခံရ၍ သေဖရဒ် ပြည်၌ ရှိသော ယေရုရှလင် မြို့သားတို့သည် တောင် မျက်နှာမြို့ ရွာတို့ကို ၎င်း သိမ်းယူ ကြလိမ့်မည်။
And the captives of this host of the sons of Israel, who are among the Canaanites, shall possess even to Zarephath. And the captives of Jerusalem who are in Sepharad shall possess the cities of the South.
21 ၂၁ ဧသော ၏တောင် ကို တရား စီရင်ခြင်းငှါ ကယ်တင် သောသူတို့သည် ဇိအုန် တောင် ပေါ် သို့ တက် ကြ လိမ့်မည်။ တိုင်း နိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ် လိမ့်သတည်း။
And saviors shall come up on mount Zion to judge the mount of Esau, and the kingdom shall be Jehovah's.

< သြ​ဗ​ဒိ 1 >