< သြဗဒိ 1 >
1 ၁ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော် တော်မူ သံကို ငါတို့သည် ကြား ကြ၏။ သင်တို့ထ ၍ ဧဒုံ ပြည်ကို တိုက် ခြင်းငှါ စစ်ချီ ကြလော့ဟု၊ တပါးအမျိုးသား တို့ထံ သို့ သံတမန် ကို စေလွှတ် တော်မူပြီ။
Masomphenya a Obadiya. Ambuye Yehova akunena kwa Edomu kuti, Tamva uthenga wochokera kwa Yehova: Nthumwi yatumidwa kupita kwa anthu a mitundu kukanena kuti, “Konzekani, tiyeni tikachite nkhondo ndi Edomu.”
2 ၂ သင့် ကို တပါးအမျိုးသား တို့တွင် ယုတ်မာ စေခြင်းငှါ ငါစီရင် သဖြင့်၊ သင် ၏အသရေသည် အလွန် ရှုတ်ချ ခြင်း ရှိလိမ့်မည်။
“Taona, ndidzakuchepetsani pakati pa anthu a mitundu ina; udzanyozedwa kwambiri.
3 ၃ ကျောက် ကြား တို့၌ နေ ၍ မြင့် သောအရပ်ကို ခိုလှုံ လျက်၊ ငါ့ ကို မြေ သို့ အဘယ်သူ နှိမ့်ချ နိုင်သနည်းဟု အောက်မေ့ သော သူဖြစ် သောကြောင့်၊ သင် ၏မာန သည် သင့် ကို လှည့်စား ပြီ။
Kudzikuza kwa mtima wako kwakusocheretsa, iwe amene umakhala mʼmapanga a mʼmatanthwe ndipo umamanga nyumba zako pa mapiri ataliatali, iwe amene umanena mu mtima mwako kuti, ‘Ndani anganditsitse pansi?’
4 ၄ သင်သည် ရွှေလင်းတ ကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ် တို့တွင် အသိုက် ကို လုပ် သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Koma ngakhale umawuluka ngati chiwombankhanga ndi kumanga chisa chako pakati pa nyenyezi, ndidzakutsitsa pansi kuchokera kumeneko,” akutero Yehova.
5 ၅ ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။
“Anthu akuba akanabwera kwa iwe, kapena anthu olanda zinthu akanafika usiku, aa, tsoka lanji limene likukudikira iwe! Kodi akanangotengako zimene akuzifuna zokha? Ngati anthu othyola mphesa akanafika, kodi akanakusiyiraniko mphesa pangʼono pokha?
6 ၆ သင်သည် အလွန်ပျက်စီး ပြီတကား။ ဧသော သည် အလွန် အစစ်ခံရပြီတကား။ သူ ဝှက် ထားသော ဥစ္စာ ကို အလွန်ရှာဖွေ ကြသည်တကား။
Koma Esau adzalandidwa zinthu zonse, chuma chake chobisika chidzabedwa!
7 ၇ သင် နှင့်မိဿဟာယ ဖွဲ့သော သူ အပေါင်း တို့ သည် ပြည် စွန်းသို့ နှင် ကြပြီ။ အဆွေ လုပ်သောသူ တို့ သည် သင့် ကို လှည့်စား ၍ နိုင် ကြပြီ။ သင် နှင့်အတူစားသောက် သော သူတို့သည် သင့် အောက် ၌ ကျော့ကွင်း ကို ထောင် ထားကြပြီ။ သင် ၏ ဉာဏ် ပညာ ကုန် ပြီ။
Anthu onse ogwirizana nawo adzakupirikitsira kumalire; abwenzi ako adzakunyenga ndi kukugonjetsa; amene amadya chakudya chako adzakutchera msampha, koma iwe sudzazindikira zimenezi.”
8 ၈ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ဧဒုံ ပြည်မှ ပညာရှိ တို့ကို၎င်း ၊ ဧသော ၏တောင် မှ ဉာဏ် ကောင်းသော သူတို့ ကို၎င်းငါပယ်ရှား မည်။
Yehova akunena kuti, “Tsiku limenelo, kodi sindidzawononga anthu onse anzeru a ku Edomu, anthu odziwa zinthu mʼmapiri a Esau?
9 ၉ အိုတေမန် မြို့၊ ဧသော ၏တောင် မှ ခပ်သိမ်း သောသူတို့ ကို ပယ်ဖြတ် မည်အကြောင်း ၊ သင် ၏ သူရဲ တို့သည် ကြောက် ကြလိမ့်မည်။
Ankhondo ako, iwe Temani, adzachita mantha, ndipo aliyense amene ali mʼphiri la Esau adzaphedwa pa nkhondo.
10 ၁၀ သင် သည် ညီ ယာကုပ် ကို အသေသတ်ခြင်း၊ အနိုင် အထက် ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ ၍ ၊ အကုန်အစင် ပယ်ဖြတ် ခြင်းကိုခံရလိမ့်မည်။
Chifukwa cha nkhanza zimene unachitira mʼbale wako Yakobo, udzakhala wamanyazi; adzakuwononga mpaka muyaya.
11 ၁၁ သင် သည် တဘက် ၌ နေ သောနေ့ ၊ တကျွန်း တနိုင်ငံသား တို့သည် သူ ၏အမှုထမ်း များကို သိမ်း သွားသောနေ့ ၊ တပါး အမျိုးသားတို့သည် သူ ၏မြို့တံခါး ထဲသို့ ဝင် ၍ ယေရုရှလင် မြို့ကို စာရေးတံ ချ သောနေ့၌ သင် သည် လက်ခံသောသူဖြစ်၏။
Pamene adani ankamulanda chuma chake pamene alendo analowa pa zipata zake ndi kuchita maere pa Yerusalemu, pa tsikulo iwe unali ngati mmodzi wa iwo.
12 ၁၂ သင် ၏ညီ သည် တပါး အမျိုးသားဖြစ်သောနေ့ ၌ သူ၏အမှုကို သင်မ ကြည့် သင့်။ ယုဒ အမျိုးသား တို့သည် ပျက်စီး သောနေ့ ၌ မ ဝါကြွား သင့်။ ဒုက္ခ ခံရသောနေ့ ၌ စော်ကား သောစကား ကို မ ပြောသင့်။
Iwe sunayenera kunyoza mʼbale wako pa nthawi ya tsoka lake, kapena kunyogodola Ayuda chifukwa cha chiwonongeko chawo, kapena kuwaseka pa nthawi ya mavuto awo.
13 ၁၃ ငါ ၏လူ တို့သည် ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ နေရာတံခါး အတွင်းသို့ မ ဝင် သင့်။ ဘေး ဥပဒ်ကို ခံရသော နေ့ ၌ သူ တို့၏ဆင်းရဲ ဒုက္ခကို မ ကြည့် မရှုသင့်။ ဘေး ဥပဒ် ကို ခံရသောနေ့ ၌ သူ တို့ဥစ္စာ ကို မ လု မယူသင့်။
Iwe sunayenera kudutsa pa zipata za anthu anga pa nthawi ya masautso awo, kapena kuwanyogodola pa tsiku la tsoka lawo, kapena kulanda chuma chawo pa nthawi ya masautso awo.
14 ၁၄ လွတ် သောသူတို့ကို ဆီးတား ခြင်းငှါ ဖြတ်လမ်း ၌ မ ရပ် မနေ သင့်။ အမှု ရောက်သောနေ့ ၌ ကျန် ကြွင်းသောသူတို့ ကို မ အပ် သင့်။
Sunayenera kudikirira pamphambano ya misewu kuti uphe Ayuda othawa, kapena kuwapereka kwa adani awo Ayuda opulumuka pa nthawi ya mavuto awo.”
15 ၁၅ အကြောင်း မူကား၊ ထာဝရဘုရား ၏နေ့ ရက်သည် ခပ်သိမ်း သောလူမျိုး တို့နှင့် နီး ပြီ။ သင်ပြု သည်အတိုင်း သင် ၌ သူတပါး ပြု လိမ့်မည်။ သင် ပြုသောအမှု သည် သင့် ခေါင်း ပေါ် သို့ ရောက် ရလိမ့်မည်။
“Tsiku la Yehova layandikira limene adzaweruza mitundu yonse ya anthu. Adzakuchitira zomwe unawachitira ena; zochita zako zidzakubwerera wekha.
16 ၁၆ ယုဒအမျိုးသားတို့သည် သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ စားသောက် သကဲ့သို့ ၊ ပတ်လည်၌နေသောလူမျိုး အပေါင်း တို့သည် စားသောက် ရကြလိမ့်မည်။ စားသောက် ၍ မျို သဖြင့် မ ရှိ ဘူးသောသူကဲ့သို့ ဖြစ် ရကြလိမ့်မည်။
Iwe unamwa pa phiri langa loyera, koteronso mitundu ina yonse idzamwa kosalekeza; iwo adzamwa ndi kudzandira ndipo adzayiwalika pa mbiri ya dziko lapansi.
17 ၁၇ ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
Koma pa Phiri la Ziyoni padzakhala chipulumutso; phirilo lidzakhala lopatulika, ndipo nyumba ya Yakobo idzalandira cholowa chake.
18 ၁၈ ယာကုပ် အမျိုး သည် မီး ၊ ယောသပ် အမျိုး သည် မီးလျှံ ၊ ဧသော အမျိုး သည် အမှိုက် ဖြစ် လျက် မီးညှိ ၍ လောင် သဖြင့် ၊ ဧသော အမျိုးသား မ ကျန် ကြွင်းရ။ ထာဝရဘုရား မိန့် တော်မူပြီ။
Nyumba ya Yakobo idzasanduka moto ndipo nyumba ya Yosefe idzasanduka lawi la moto; nyumba ya Esau idzasanduka chiputu, ndipo adzayitenthe pa moto ndi kuyipsereza. Sipadzakhala anthu opulumuka kuchokera mʼnyumba ya Esau.” Yehova wayankhula.
19 ၁၉ တောင် မျက်နှာသားတို့သည် ဧသော ၏တောင် ကို၎င်း ၊ မြေညီ သောအရပ်သားတို့သည် ဖိလိတ္တိ ပြည်ကို၎င်း ၊ ဧဖရိမ် လယ်ပြင် နှင့် ရှမာရိ လယ်ပြင် ကို၎င်း ၊ ဗင်္ယာမိန် အမျိုးသည် ဂိလဒ် ပြည်ကို၎င်း သိမ်းယူ ကြ လိမ့်မည်။
Anthu ochokera ku Negevi adzakhala ku mapiri a Esau, ndipo anthu ochokera mʼmbali mwa mapiri adzatenga dziko la Afilisti. Adzakhala mʼminda ya Efereimu ndi Samariya, ndipo Benjamini adzatenga Giliyadi.
20 ၂၀ သိမ်း သွားခြင်းကို ခံရ၍၊ ခါနနိ လူတို့တွင်ရှိသော ဣသရေလ အမျိုး အလုံးအရင်း သည် ဇရတ္တ မြို့တိုင်အောင် ၎င်း ၊ သိမ်း သွားခြင်းကို ခံရ၍ သေဖရဒ် ပြည်၌ ရှိသော ယေရုရှလင် မြို့သားတို့သည် တောင် မျက်နှာမြို့ ရွာတို့ကို ၎င်း သိမ်းယူ ကြလိမ့်မည်။
Aisraeli amene ali ku ukapolo adzalandira dziko la Kanaani mpaka ku Zarefati; a ku Yerusalemu amene ali ku ukapolo ku Sefaradi adzalandira mizinda ya ku Negevi.
21 ၂၁ ဧသော ၏တောင် ကို တရား စီရင်ခြင်းငှါ ကယ်တင် သောသူတို့သည် ဇိအုန် တောင် ပေါ် သို့ တက် ကြ လိမ့်မည်။ တိုင်း နိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ် လိမ့်သတည်း။
Opulumukawo adzapita ku Phiri la Ziyoni ndipo adzalamulira mapiri a Esau. Koma ufumuwo udzakhala wa Yehova.