< တောလည်ရာ 9 >

1 အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ပဌမ လ ၌ သိန တော တွင် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူ သည်ကား၊
အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား
2 ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။
ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။
3 စီရင် ထုံးဖွဲ့သမျှ သောထုံးစံ အတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသောယခု လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ စောင့် ရကြမည်ဟု မိန့် တော်မူ၏။
စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
4 ဣသရေလ အမျိုးသား တို့သည် ပသခါ ပွဲကို ခံရ မည်အကြောင်း၊ မောရှေ ဆင့်ဆို သည်အတိုင်း ၊
ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
5 သိန တော တွင် ပဌမ လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ ပသခါ ပွဲကိုခံရ ကြ၏။ မောရှေ အား ထာဝရဘုရား မှာထား တော်မူသမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
6 ထို နေ့ ၌ ပသခါ ပွဲကိုမ ခံရ မည်အကြောင်း၊ လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်းသို့ ရောက် သော လူ အချို့တို့သည်၊ ထို နေ့ ၌ မောရှေ နှင့် အာရုန် ထံသို့ ချဉ်းကပ် ၍၊
ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
7 အကျွန်ုပ် တို့သည် လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်း ရှိပါ၏။ ချိန်းချက် သောအချိန်၌ ဣသရေလ အမျိုးသား တို့နှင့်အတူ ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ကို မ ပြု စေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက် ကြ၏။
အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
8 မောရှေ ကလည်း ၊ နေ ကြဦးလော့။ သင် တို့အမှု၌ ထာဝရဘုရား မိန့် တော်မူသော စကားကို ငါနားထောင် ဦးမည်ဟု ပြန်ဆို ၏။
မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
9 ထိုအခါ မောရှေ အား ထာဝရဘုရား က၊
ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
10 ၁၀ သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့အမျိုးသား သည် အသေကောင် အားဖြင့် ညစ်ညူး ခြင်းရှိ သော်၎င်း ၊ ဝေး သောအရပ်သို့ ခရီး သွားသော်၎င်း၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကိုခံရ မည်။
၁၀သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။
11 ၁၁ ဒုတိယ လ တဆယ် လေး ရက် နေ့ညဦးယံ ၌ ပွဲ ခံ၍၊ သိုးသငယ်အသားကို တဆေး မပါသော မုန့်၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
၁၁ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
12 ၁၂ ထိုအသားကို နံနက် တိုင်အောင် မ ကြွင်း စေရ။ အရိုး ကိုလည်း မ ချိုး ရ။ ပသခါ ပွဲနှင့်ဆိုင်သောအထုံးအဖွဲ့ရှိသမျှ တို့ ကို လိုက်၍ ပွဲ ခံရသောအခွင့်ရှိ၏။
၁၂ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။
13 ၁၃ ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။
၁၃ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။
14 ၁၄ သင် တို့ထံမှာတည်းခို သော တပါး အမျိုးသားသည်၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ ခြင်းငှါအလိုရှိလျှင် ၊ စီရင် ထုံးဖွဲ့၍ ခံရသောထုံးစံ အတိုင်း ပွဲ ခံရ မည်။ သင်တို့တွင် တည်းခိုသော တပါး အမျိုးသားဖြစ်သောသူ၊ အမျိုးသား ချင်းဖြစ်သောသူတို့သည် ထုံးစံ တပါးတည်း သာ ရှိ ရကြမည်ဟုမိန့် တော်မူ၏။
၁၄သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
15 ၁၅ တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
၁၅တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။
16 ၁၆ ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
၁၆ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။
17 ၁၇ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ မိုဃ်းတိမ် တည် လေရာရာ ၌ လည်း ၊ တဲ များကို ဆောက်ပြန်ကြ၏။
၁၇မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကို ဆောက်ပြန်ကြ၏။
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း လည်း တဲ များကို ဆောက်ကြ၏။ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည် နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌နေကြ၏။
၁၈ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။
19 ၁၉ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်ကြာမြင့် စွာတည် နေသောအခါ ၊ ဣသရေလ အမျိုးသား တို့ သည် ခရီး မ သွားဘဲ ထာဝရဘုရား ထံတော်၌ စောင့် နေကြ ၏။
၁၉မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။
20 ၂၀ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်အနည်းငယ် မျှ တည် နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ၏။ ထာဝရဘုရား အမိန့် တော်အတိုင်း လည်း၊ ခရီးသွား ကြ၏။
၂၀မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
21 ၂၁ ညဦးယံ မှစ၍ နံနက် အချိန်တိုင်အောင် မိုဃ်းတိမ် တည် နေ၍၊ နံနက် အချိန်၌ မြောက် သောအခါ ခရီးသွား ကြ၏။ နေ့ ဖြစ်စေ ၊ ည ဖြစ်စေ၊ မိုဃ်းတိမ် မြောက် သောအခါ ခရီးသွား ကြ၏။
၂၁ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီး သွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။
22 ၂၂ နှစ်ရက် ဖြစ်စေ ၊ တလ ဖြစ်စေ ၊ တနှစ် ဖြစ်စေ ၊ မိုဃ်းတိမ် သည် တဲ တော်ပေါ်မှာ တည် နေသမျှသော ကာလပတ်လုံး ဣသရေလ အမျိုးသား တို့သည် ခရီး မ သွားဘဲ တဲ ၌နေကြ၏။ တဖန် မိုဃ်းတိမ်မြောက် ပြန် သောအခါ ခရီးသွား ကြ၏။
၂၂နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ၏။
23 ၂၃ ထာဝရဘုရား အမိန့် တော်အတိုင်း တဲ ၌ နေကြ ၏။ထာဝရဘုရား အမိန့် တော်အတိုင်း လည်း ခရီးသွား ကြ၏။ ထာဝရဘုရားသည် မောရှေ အားဖြင့် မိန့် တော်မူသည် အတိုင်း ထာဝရဘုရား အထံတော်၌ စောင့် နေကြ၏။
၂၃ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။

< တောလည်ရာ 9 >