< တောလည်ရာ 9 >

1 အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ပဌမ လ ၌ သိန တော တွင် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူ သည်ကား၊
וידבר יהוה אל משה במדבר סיני בשנה השנית לצאתם מארץ מצרים בחדש הראשון לאמר׃
2 ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။
ויעשו בני ישראל את הפסח במועדו׃
3 စီရင် ထုံးဖွဲ့သမျှ သောထုံးစံ အတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသောယခု လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ စောင့် ရကြမည်ဟု မိန့် တော်မူ၏။
בארבעה עשר יום בחדש הזה בין הערבים תעשו אתו במועדו ככל חקתיו וככל משפטיו תעשו אתו׃
4 ဣသရေလ အမျိုးသား တို့သည် ပသခါ ပွဲကို ခံရ မည်အကြောင်း၊ မောရှေ ဆင့်ဆို သည်အတိုင်း ၊
וידבר משה אל בני ישראל לעשת הפסח׃
5 သိန တော တွင် ပဌမ လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ ပသခါ ပွဲကိုခံရ ကြ၏။ မောရှေ အား ထာဝရဘုရား မှာထား တော်မူသမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
ויעשו את הפסח בראשון בארבעה עשר יום לחדש בין הערבים במדבר סיני ככל אשר צוה יהוה את משה כן עשו בני ישראל׃
6 ထို နေ့ ၌ ပသခါ ပွဲကိုမ ခံရ မည်အကြောင်း၊ လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်းသို့ ရောက် သော လူ အချို့တို့သည်၊ ထို နေ့ ၌ မောရှေ နှင့် အာရုန် ထံသို့ ချဉ်းကပ် ၍၊
ויהי אנשים אשר היו טמאים לנפש אדם ולא יכלו לעשת הפסח ביום ההוא ויקרבו לפני משה ולפני אהרן ביום ההוא׃
7 အကျွန်ုပ် တို့သည် လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်း ရှိပါ၏။ ချိန်းချက် သောအချိန်၌ ဣသရေလ အမျိုးသား တို့နှင့်အတူ ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ကို မ ပြု စေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက် ကြ၏။
ויאמרו האנשים ההמה אליו אנחנו טמאים לנפש אדם למה נגרע לבלתי הקרב את קרבן יהוה במעדו בתוך בני ישראל׃
8 မောရှေ ကလည်း ၊ နေ ကြဦးလော့။ သင် တို့အမှု၌ ထာဝရဘုရား မိန့် တော်မူသော စကားကို ငါနားထောင် ဦးမည်ဟု ပြန်ဆို ၏။
ויאמר אלהם משה עמדו ואשמעה מה יצוה יהוה לכם׃
9 ထိုအခါ မောရှေ အား ထာဝရဘုရား က၊
וידבר יהוה אל משה לאמר׃
10 ၁၀ သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့အမျိုးသား သည် အသေကောင် အားဖြင့် ညစ်ညူး ခြင်းရှိ သော်၎င်း ၊ ဝေး သောအရပ်သို့ ခရီး သွားသော်၎င်း၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကိုခံရ မည်။
דבר אל בני ישראל לאמר איש איש כי יהיה טמא לנפש או בדרך רחקה לכם או לדרתיכם ועשה פסח ליהוה׃
11 ၁၁ ဒုတိယ လ တဆယ် လေး ရက် နေ့ညဦးယံ ၌ ပွဲ ခံ၍၊ သိုးသငယ်အသားကို တဆေး မပါသော မုန့်၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
בחדש השני בארבעה עשר יום בין הערבים יעשו אתו על מצות ומררים יאכלהו׃
12 ၁၂ ထိုအသားကို နံနက် တိုင်အောင် မ ကြွင်း စေရ။ အရိုး ကိုလည်း မ ချိုး ရ။ ပသခါ ပွဲနှင့်ဆိုင်သောအထုံးအဖွဲ့ရှိသမျှ တို့ ကို လိုက်၍ ပွဲ ခံရသောအခွင့်ရှိ၏။
לא ישאירו ממנו עד בקר ועצם לא ישברו בו ככל חקת הפסח יעשו אתו׃
13 ၁၃ ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။
והאיש אשר הוא טהור ובדרך לא היה וחדל לעשות הפסח ונכרתה הנפש ההוא מעמיה כי קרבן יהוה לא הקריב במעדו חטאו ישא האיש ההוא׃
14 ၁၄ သင် တို့ထံမှာတည်းခို သော တပါး အမျိုးသားသည်၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ ခြင်းငှါအလိုရှိလျှင် ၊ စီရင် ထုံးဖွဲ့၍ ခံရသောထုံးစံ အတိုင်း ပွဲ ခံရ မည်။ သင်တို့တွင် တည်းခိုသော တပါး အမျိုးသားဖြစ်သောသူ၊ အမျိုးသား ချင်းဖြစ်သောသူတို့သည် ထုံးစံ တပါးတည်း သာ ရှိ ရကြမည်ဟုမိန့် တော်မူ၏။
וכי יגור אתכם גר ועשה פסח ליהוה כחקת הפסח וכמשפטו כן יעשה חקה אחת יהיה לכם ולגר ולאזרח הארץ׃
15 ၁၅ တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
וביום הקים את המשכן כסה הענן את המשכן לאהל העדת ובערב יהיה על המשכן כמראה אש עד בקר׃
16 ၁၆ ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
כן יהיה תמיד הענן יכסנו ומראה אש לילה׃
17 ၁၇ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ မိုဃ်းတိမ် တည် လေရာရာ ၌ လည်း ၊ တဲ များကို ဆောက်ပြန်ကြ၏။
ולפי העלת הענן מעל האהל ואחרי כן יסעו בני ישראל ובמקום אשר ישכן שם הענן שם יחנו בני ישראל׃
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း လည်း တဲ များကို ဆောက်ကြ၏။ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည် နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌နေကြ၏။
על פי יהוה יסעו בני ישראל ועל פי יהוה יחנו כל ימי אשר ישכן הענן על המשכן יחנו׃
19 ၁၉ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်ကြာမြင့် စွာတည် နေသောအခါ ၊ ဣသရေလ အမျိုးသား တို့ သည် ခရီး မ သွားဘဲ ထာဝရဘုရား ထံတော်၌ စောင့် နေကြ ၏။
ובהאריך הענן על המשכן ימים רבים ושמרו בני ישראל את משמרת יהוה ולא יסעו׃
20 ၂၀ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်အနည်းငယ် မျှ တည် နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ၏။ ထာဝရဘုရား အမိန့် တော်အတိုင်း လည်း၊ ခရီးသွား ကြ၏။
ויש אשר יהיה הענן ימים מספר על המשכן על פי יהוה יחנו ועל פי יהוה יסעו׃
21 ၂၁ ညဦးယံ မှစ၍ နံနက် အချိန်တိုင်အောင် မိုဃ်းတိမ် တည် နေ၍၊ နံနက် အချိန်၌ မြောက် သောအခါ ခရီးသွား ကြ၏။ နေ့ ဖြစ်စေ ၊ ည ဖြစ်စေ၊ မိုဃ်းတိမ် မြောက် သောအခါ ခရီးသွား ကြ၏။
ויש אשר יהיה הענן מערב עד בקר ונעלה הענן בבקר ונסעו או יומם ולילה ונעלה הענן ונסעו׃
22 ၂၂ နှစ်ရက် ဖြစ်စေ ၊ တလ ဖြစ်စေ ၊ တနှစ် ဖြစ်စေ ၊ မိုဃ်းတိမ် သည် တဲ တော်ပေါ်မှာ တည် နေသမျှသော ကာလပတ်လုံး ဣသရေလ အမျိုးသား တို့သည် ခရီး မ သွားဘဲ တဲ ၌နေကြ၏။ တဖန် မိုဃ်းတိမ်မြောက် ပြန် သောအခါ ခရီးသွား ကြ၏။
או ימים או חדש או ימים בהאריך הענן על המשכן לשכן עליו יחנו בני ישראל ולא יסעו ובהעלתו יסעו׃
23 ၂၃ ထာဝရဘုရား အမိန့် တော်အတိုင်း တဲ ၌ နေကြ ၏။ထာဝရဘုရား အမိန့် တော်အတိုင်း လည်း ခရီးသွား ကြ၏။ ထာဝရဘုရားသည် မောရှေ အားဖြင့် မိန့် တော်မူသည် အတိုင်း ထာဝရဘုရား အထံတော်၌ စောင့် နေကြ၏။
על פי יהוה יחנו ועל פי יהוה יסעו את משמרת יהוה שמרו על פי יהוה ביד משה׃

< တောလည်ရာ 9 >