< တောလည်ရာ 8 >
2 ၂ သင်သည်အာရုန် အား ဆင့်ဆို ရမည်မှာ၊ မီးခွက် များကို ထွန်း သောအခါ ၊ မီးခွက် ခုနစ် လုံး တို့သည် မီးခုံ တဘက်တချက် ၌ ထွန်းလင်း ရမည်ဟု၊
“Tell Aaron, ‘When you place the seven lamps on the lampstand, make sure they shine towards the front.’”
3 ၃ မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ အာရုန် ပြု ၍ မီးခုံ တဘက်တချက် ၌ မီးခွက် များကို ထွန်း လေ၏။
So that's what Aaron did. He placed the lamps facing towards the front of the lampstand, as the Lord had ordered Moses.
4 ၄ မီးခုံမူကား၊ ထာဝရဘုရား သည် မောရှေ အား ပြ တော်မူသောပုံ နှင့်အညီ ၊ မီးခုံ တိုင် မှစ၍ ကြာပွင့် တိုင်အောင် ရွှေ ဖြင့် တစပ်တည်းထု လုပ်သော မီးခုံ ဖြစ်သတည်း။
The lampstand was made of hammered gold from its base to the flower decorations on the top, in accordance with the design that the Lord had shown Moses.
5 ၅ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
The Lord told Moses,
6 ၆ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ အထဲ က ရွေးကောက် ၍ စင်ကြယ် စေလော့။
“Separate the Levites from the other Israelites and purify them.
7 ၇ စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
This is how you will purify them. Sprinkle on them the water of purification. They are to shave off all the hair from their bodies and wash their clothes so they will be clean.
8 ၈ ဆီ ရော သော မုန့်ညက် တည်းဟူသောဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ အသက်ပျို သော နွားထီး တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အသက်ပျို သော နွားထီး တကောင်ကို ယူ ပြီးလျှင် ၊
Have them bring a young bull with its grain offering of the best flour mixed with olive oil, and you are to bring a second young bull as a sin offering.
9 ၉ လေဝိ သားတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော် ရှေ့သို့ ခေါ် ခဲ့၍ ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို စည်းဝေး စေပြီးမှ ၊
Take the Levites and have them stand in front of the Tent of Meeting and have all the Israelites gather there.
10 ၁၀ လေဝိ သားတို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့၍ ၊ သူ တို့ခေါင်းပေါ်မှာ ဣသရေလ အမျိုးသား တို့သည် လက် ကိုတင် သဖြင့် ၊
When you bring the Levites to the Lord the Israelites are to place their hands upon them.
11 ၁၁ သူတို့သည် ထာဝရဘုရား ၏ အမှု တော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလ အမျိုးသား တို့ပြုသောပူဇော်သက္ကာတည်းဟူသောလေဝိ သားတို့ကို အာရုန် သည် ထာဝရဘုရား အား ဆက် ရမည်။
Aaron shall present the Levites to the Lord as a wave offering from the Israelites so that they can do the Lord's work.
12 ၁၂ လေဝိ သားတို့သည်လည်း ၊ နွား ခေါင်း ပေါ်မှာ မိမိ တို့ လက် ကို တင် ၍ ၊ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုလိုသောငှါ ၊ ထာဝရဘုရား ရှေ့မှာ နွားတ ကောင်ကို အပြစ် ဖြေရာယဇ်၊ တ ကောင်ကို မီးရှို့ ရာ ယဇ်ပြု ၍ ပူဇော်ရကြမည်။
The Levites are to place their hands on the heads of the bulls. One is to be sacrificed as a sin offering to the Lord, and the other as a burnt offering to set the Levites right with the Lord.
13 ၁၃ လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏ သား တို့ရှေ့မှာ ထား ၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရမည်။
Have the Levites stand in front of Aaron and his sons and present them to the Lord as a wave offering.
14 ၁၄ ထိုသို့ လေဝိ သားတို့ကို ဣသရေလ အမျိုးသား တို့ နှင့် တခြားစီ ခွဲထား၍ ၊ သူတို့သည် အထူးသဖြင့်ငါ့ လူဖြစ် ရကြ လိမ့်မည်။
This is how you are to separate the Levites from the rest of the Israelites, and the Levites will belong to me.
15 ၁၅ ထိုနောက်မှ လေဝိ သားတို့သည်၊ ပရိသတ် စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြ လိမ့်မည်။ သူ တို့ကို စင်ကြယ် စေ၍၊ ပူဇော်သက္ကာ ပြု ရ သော အကြောင်းဟူမူကား၊
They can come and serve at the Tent of Meeting once you've purified them and presented them as a wave offering.
16 ၁၆ ဣသရေလ အမျိုး ထဲက သူ တို့ကို ရွေးကောက် ၍၊ ငါ့ အား အပိုင်ပေးရမည်။ ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက် သူတို့ကို ငါသိမ်းယူ ၏။
The Levites have been completely given over to me by the Israelites. I have accepted them as mine in place of all the firstborn sons of the Israelites.
17 ၁၇ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဣသရေလ အမျိုး တွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ကိုယ် အဘို့ သန့်ရှင်း စေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါ ပိုင်ရမည်။
Every firstborn male in Israel belongs to me, both human and animal. I reserved them for myself at the time when I killed all the firstborn in Egypt.
18 ၁၈ တဖန် ဣသရေလ အမျိုး သားဦး အပေါင်း တို့ အတွက်၊ လေဝိ သားတို့ကို ငါယူ ၏။
I have taken the Levites in place of all the firstborn sons of the Israelites.
19 ၁၉ သူတို့သည်လည်း ပရိသတ်စည်းဝေး ရာ တဲ တော် ၌ ၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် စေခြင်းငှါ ၎င်း ၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း ရာ ဌာနတော်သို့ ချဉ်းကပ် သောအခါ ၊ ဘေးဒဏ် နှင့် လွတ် မည်အကြောင်း ၊ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှာ ၎င်း၊ ဣသရေလ အမျိုး ထဲ က လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့အား စွန့်ကြဲ ပေးကမ်းသည်ဟု၊
Of all the Israelites, the Levites are a gift from me to Aaron and his sons to serve the Israelites at the Tent of Meeting, and on their behalf to set them right, so that nothing bad will happen to them when they come to the sanctuary.”
20 ၂၀ လေဝိ သားအမှု၌၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် လေဝိ သားတို့ကို ပြု ကြလျှင် ၊
Moses, Aaron, and all the Israelites did everything that the Lord had ordered Moses that they should do regarding the Levites.
21 ၂၁ သူတို့သည် စင်ကြယ် ခြင်းသို့ရောက်၍ မိမိ တို့ အဝတ် ကို လျှော် ကြ၏။ အာရုန် သည်လည်း ၊ သူ တို့ကို ထာဝရဘုရား အား ဆက်ကပ် ၍ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် စင်ကြယ် စေလေ၏။
The Levites purified themselves and washed their clothes. Then Aaron presented them as a wave offering to the Lord. Aaron also presented the sacrifice to make them right with the Lord so they would be clean.
22 ၂၂ ထိုနောက်မှ လေဝိ သားတို့သည် အာရုန် နှင့် သူ ၏ သား တို့ရှေ့၌ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ကြ၏။ လေဝိ သားတို့အမှု၌ ထာဝရဘုရား သည် မောရှေ အားမှာထား တော်မူသည် အတိုင်း ၊ လူအပေါင်းတို့သည် ပြု ကြ၏။
Afterwards the Levites came to perform their service at the Tent of Meeting under the direction of Aaron and his sons. They followed all the instructions regarding the Levites that the Lord had given to Moses.
23 ၂၃ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
The Lord told Moses,
24 ၂၄ လေဝိ သားတို့သည် အသက် နှစ်ဆယ် ငါး နှစ် လွန် မှ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြမည်။
“This rule applies to the Levites. Those twenty-five or older shall serve at the Tent of Meeting.
25 ၂၅ အသက် ငါးဆယ် လွန်မှ အမှု လွတ် ၍ နောက်တဖန် မ ဆောင်ရွက် ဘဲ၊
However, once they reach the age of fifty they need to retire from the work and won't serve any longer.
26 ၂၆ ပရိသတ်စည်းဝေး ရာတဲ တော်၌ မိမိ ညီအစ်ကို တို့နှင်အတူကူညီ ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့လေဝိ သားများစောင့် ရသောအမှုကို စီရင် ရမည်ဟု မိန့် တော်မူ၏။
They can still help their fellow Levites in their assignments, but they are not to do the actual work themselves. These are the arrangements in the case of the Levites.”