< တောလည်ရာ 7 >

1 မောရှေ သည် တဲ တော်ကို ထူထောင် ၍၊ တဲတော် နှင့် တဲ တော်တန်ဆာ ရှိသမျှ တို့ကို၎င်း၊ ယဇ်ပလ္လင် နှင့် ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို၎င်း ဆီ လူး၍ ၊ သန့်ရှင်း စေခြင်း အမှုကို လက်စသတ် သောနေ့ ၌ ၊
မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-
2 စာရင်း ဝင်သောသူတို့ကို အုပ် ၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်း ဖြစ်သောသူ၊ အဆွေအမျိုး သူကြီးမင်း တို့သည်၊
ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ရာ​၌​ကြီး ကြပ်​ဆောင်​ရွက်​ခဲ့​သည့် ဣ​သ​ရေ​လ​အ​နွယ် ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော​မိ​သား​စု အ​ကြီး​အ​ကဲ​တို့​သည်၊-
3 မင်းတပါးနွားထီး တကောင်စီ ၊ မင်း နှစ် ပါးအမိုး ပါသောရထား တခုစီ၊ ရထား ခြောက် ခု၊ နွား ဆယ် နှစ် ကောင်တို့ကို တဲ တော်ရှေ့သို့ ဆောင် ခဲ့၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ကြ၏။
ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။ ခေါင်း​ဆောင်​တစ် ဦး​လျှင်​နွား​ထီး​တစ်​ကောင်​ကျ​နှင့်​ခေါင်း ဆောင်​နှစ်​ဦး​လျှင် လှည်း​တစ်​စီး​ကျ​စု​စု ပေါင်း​လှည်း​ခြောက်​စီး​နှင့်​နွား​တစ်​ဆယ့် နှစ်​ကောင်​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ကြ​သည်။-
4 ထာဝရဘုရား ကလည်း ၊ သင်သည် ပရိသတ် စည်းဝေး ရာ တဲ တော်အမှု ဆောင်ရွက် စရာဘို့ ခံယူ ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း၊
ယင်း​သို့​ဆက်​သ​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား သည်​မော​ရှေ​အား၊-
5 လေဝိ သား အသီးသီး တို့ အား ပေး လော့ဟု မိန့် တော်မူ၏။
``သင်​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​မှု​ကို ဆောင်​ရွက်​ရန် ဤ​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​လက်​ခံ လော့။ လေ​ဝိ​အ​နွယ်​ဝင်​တို့​ဆောင်​ရွက်​ရ​မည့် လုပ်​ငန်း​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​တို့​ကို​သူ တို့​အား​ပေး​အပ်​လော့'' ဟု​မိန့်​တော်​မူ​၏။-
6 မောရှေ သည်ရထား နှင့် နွား တို့ကိုခံယူ ၍ လေဝိ သားတို့အား ပေး သဖြင့် ၊
ထို့​ကြောင့်​မော​ရှေ​သည်​လှည်း​နှင့်​နွား​များ ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ပေး​အပ်​လေ သည်။-
7 အမှု ဆောင်ရွက်စရာရှိသည်အတိုင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ အုပ်သော ဂေရရှုန် သား တို့ အား ရထား နှစ် ခုနှင့် နွား လေး ကောင်တို့ကို၎င်း၊
သူ​သည်​လှည်း​နှစ်​စီး​နှင့်​နွား​လေး​ကောင်​ကို ဂေ​ရ​ရှုန်​သား​ချင်း​စု​တို့​အား​လည်း​ကောင်း၊-
8 မေရာရိ သား တို့အား ရထား လေး ခုနှင့် နွား ရှစ် ကောင်တို့ကို၎င်းပေး လေ၏။
လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။-
9 သန်ရှင်း ရာဌာနတော်အမှု ကို စောင့်ရသောကောဟတ် သား တို့သည်၊ မိမိ တို့ ပခုံး ၌ ထမ်းရွက် ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမ ပေး။
ကော​ဟတ်​သား​ချင်း​စု​တို့​သည် မိ​မိ​တို့​ကြည့် ရှု​ထိန်း​သိမ်း​ရ​သော​တဲ​တော်​ဆိုင်​ရာ​ပစ္စည်း များ​ကို ပ​ခုံး​ပေါ်​တွင်​ထမ်း​ရ​သော​ကြောင့် မော​ရှေ​သည်​သူ​တို့​အ​တွက်​လှည်း​နှင့် နွား​များ​ကို​မ​ပေး​အပ်​ချေ။
10 ၁၀ ယဇ်ပလ္လင် ကို ဆီ လူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင် ရှေ့မှာ အခြားသော ပူဇော်သက္ကာ ကို ပြု ကြ၏။
၁၀ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊-
11 ၁၁ ထာဝရဘုရား ကလည်း ၊ ယဇ်ပလ္လင် ကို အနုမောဒနာ ပြုစရာဘို့ ၊ မင်း အသီးအသီး တို့သည် နေ့ ရက်အစဉ်အတိုင်းမိမိ ပူဇော်သက္ကာ ကိုပြု ရကြမည်ဟု မောရှေ အား မိန့် တော်မူ ၏။
၁၁ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ယဇ်​ပလ္လင် ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌​ခေါင်း​ဆောင်​တစ် ဆယ့်​နှစ်​ဦး​တို့​သည် တစ်​ဦး​လျှင်​တစ်​ရက်​ကျ အ​လှည့်​ယူ​၍​မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို​ဆက်​သ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
12 ၁၂ ထိုသို့နှင့်အညီ၊ ပဌမ နေ့ ၌ ယုဒ အမျိုး ၊ အမိနဒပ် သား နာရှုန် သည် ဆက် သော ပူဇော်သက္ကာ ဟူမူကား၊
၁၂သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။ ရက် အ​နွယ် ခေါင်း​ဆောင် ပ​ထ​မ​ရက် ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဒု​တိ​ယ​ရက် ဣသ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ တ​တိ​ယ​ရက် ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ စ​တုတ္ထ​ရက် ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ပဉ္စ​မ​ရက် ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေလုမျေလ ဆ​ဋ္ဌ​မ​ရက် ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် သတ္တမ​ရက် ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ အ​ဋ္ဌ​မ​ရက် မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ န​ဝ​မ​ရက် ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒ​သ​မ​ရက် ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ဧ​က​ဒ​သ​မ​ရက် အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဒွါ​ဒ​သ​မ​ရက် န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ သူ​တို့​တစ်​ဦး​စီ​ဆက်​သ​သော​ပူ​ဇော်​သကာ များ​သည် ထပ်​တူ​ထပ်​မျှ​ဖြစ်​၏။ ယင်း​တို့​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​အောင်​စ​ငါး ဆယ်​အ​လေး​ချိန်​ရှိ ငွေ​ဖ​လား​တစ်​လုံး​နှင့် အောင်​စ​သုံး​ဆယ်​အ​လေး​ချိန်​ရှိ​ငွေ​အင်​တုံ တစ်​လုံး (ယင်း​ငွေ​ခွက်​နှစ်​ခု​စလုံး​တွင် ဘော​ဇဉ် သကာ​အ​တွက်​ဆီ​နှင့်​ရော​သော​မုန့်​ညက်​အ​ပြည့် ပါ​ရှိ​သည်။) နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော အ​လေး​ချိန်​လေး​အောင်​စ​ရှိ​ရွှေ​လင်​ပန်း တစ်​ချပ်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​ပေါက် တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား သိုး​က​လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ဆိတ်​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ် အ​တွက်​နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​ငါး ကောင်၊ ဆိတ်​ငါး​ကောင်​နှင့်​တစ်​နှစ်​သား​သိုး က​လေး​ငါး​ကောင်​စ​သည်​တို့​ဖြစ်​သည်။
13 ၁၃ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၁၃
14 ၁၄ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၁၄
15 ၁၅ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၁၅
16 ၁၆ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တ ကောင်၊
၁၆
17 ၁၇ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို အမိနဒပ် သား နာရှုန် သည် ပူဇော် လေ ၏။
၁၇
18 ၁၈ ဒုတိယ နေ့ ၌ ဣသခါ အမျိုးတွင် မင်း ဖြစ်သော ဇုအာ သား နာသနေလ ဆက် သော ပူဇော်သက္ကာ ဟူမူကား၊
၁၈
19 ၁၉ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၁၉
20 ၂၀ မီးရှို့ရာနံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း၊
၂၀
21 ၂၁ မီးရှို့ ရာ ယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၂၁
22 ၂၂ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် သငယ် တ ကောင်၊
၂၂
23 ၂၃ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဇုအာ သား နာသနေလ သည် ပူဇော် လေ ၏။
၂၃
24 ၂၄ တတိယ နေ့ ၌ ဇာဗုလုန် အမျိုး တွင် မင်း ဖြစ် သော ဟေလုန် သား ဧလျာဘ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၂၄
25 ၂၅ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၂၅
26 ၂၆ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၂၆
27 ၂၇ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တကောင် ၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၂၇
28 ၂၈ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၂၈
29 ၂၉ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင် တို့ကို၊ ဟေလုန် သား ဧလျာဘ သည်ပူဇော် လေ၏။
၂၉
30 ၃၀ စတုတ္ထ နေ့ ၌ ရုဗင် အမျိုး တွင်မင်း ဖြစ်သော ရှေဒုရ သား ဧလိဇုရ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၃၀
31 ၃၁ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၃၁
32 ၃၂ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၃၂
33 ၃၃ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၃၃
34 ၃၄ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၃၄
35 ၃၅ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ရှေဒုရ သား ဧလိဇုရ သည်ပူဇော် လေ၏။
၃၅
36 ၃၆ ပဉ္စမ နေ့ ၌ ရှိမောင် အမျိုး တွင် မင်း ဖြစ်သော ဇုရိရှဒ္ဒဲ သား ၊ ရှေလုမျေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၃၆
37 ၃၇ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၃၇
38 ၃၈ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ် တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၃၈
39 ၃၉ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၃၉
40 ၄၀ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၄၀
41 ၄၁ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည် ပူဇော် လေ၏။
၄၁
42 ၄၂ ဆဌမ နေ့ ၌ ဂဒ် အမျိုး တွင် မင်း ဖြစ်သော ဒွေလ သား ဧလျာသပ် ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၄၂
43 ၄၃ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၄၃
44 ၄၄ မီးရှို့ရာနံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၄၄
45 ၄၅ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၄၅
46 ၄၆ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၄၆
47 ၄၇ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဒွေလ သား ဧလျာသပ် သည် ပူဇော် လေ၏။
၄၇
48 ၄၈ သတ္တမ နေ့ ၌ ဧဖရိမ် အမျိုး တွင် မင်း ဖြစ်သော အမိဟုဒ် သား ဧလိရှမာ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၄၈
49 ၄၉ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သောမုန့်ညက် ၊
၄၉
50 ၅၀ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၅၀
51 ၅၁ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၅၁
52 ၅၂ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်
၅၂
53 ၅၃ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိဟုဒ် သား ဧလိရှမာ သည် ပူဇော် လေ၏။
၅၃
54 ၅၄ အဋ္ဌမ နေ့ ၌ မနာရှေ အမျိုး တွင်မင်း ဖြစ်သော ပေဒါဇုရ သား ဂါမလျေလ ဆက်သောပူဇော်သက္ကာ ဟူမူကား၊
၅၄
55 ၅၅ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၅၅
56 ၅၆ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၅၆
57 ၅၇ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၅၇
58 ၅၈ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၅၈
59 ၅၉ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ပေဒါဇုရ သား ဂါမလျေလ သည် ပူဇော် လေ၏၊
၅၉
60 ၆၀ နဝမ နေ့ ၌ ဗင်္ယာမိန် အမျိုး တွင် မင်း ဖြစ်သော ဂိဒေါနိ သား အဘိဒန် ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၆၀
61 ၆၁ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန်ရှိသော ငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၆၁
62 ၆၂ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၆၂
63 ၆၃ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၆၃
64 ၆၄ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၆၄
65 ၆၅ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သောသိုးသငယ် ငါး ကောင်တို့ကို၊ ဂိဒေါနိ သား အဘိဒန် သည် ပူဇော် လေ၏၊
၆၅
66 ၆၆ ဒသမ နေ့ ၌ ဒန် အမျိုး တွင် မင်း ဖြစ်သော အမိရှဒ္ဒဲ သား အဟေဇာ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၆၆
67 ၆၇ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၆၇
68 ၆၈ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၆၈
69 ၆၉ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၆၉
70 ၇၀ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၇၀
71 ၇၁ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိရှဒ္ဒဲ သား အဟေဇာ သည် ပူဇော် လေ၏။
၇၁
72 ၇၂ ဧကာဒသမ နေ့ ၌ အာရှာ အမျိုး တွင် မင်း ဖြစ် သော ဩကရန် သား ပါဂျေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၇၂
73 ၇၃ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၇၃
74 ၇၄ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၇၄
75 ၇၅ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၇၅
76 ၇၆ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၇၆
77 ၇၇ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဩကရန် သား ပါဂျေလ သည် ပူဇော် လေ၏။
၇၇
78 ၇၈ ဒွါဒသမ နေ့ ၌ နဿလိ အမျိုး တွင် မင်း ဖြစ်သော ဧနန် သား အဟိရ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
၇၈
79 ၇၉ အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
၇၉
80 ၈၀ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
၈၀
81 ၈၁ မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
၈၁
82 ၈၂ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
၈၂
83 ၈၃ မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဧနန် သား အဟိရ သည် ပူဇော် လေ၏။
၈၃
84 ၈၄ ထိုသို့ ဣသရေလ အမျိုးတို့၌ မင်း ဖြစ်သောသူတို့ သည်၊ ယဇ်ပလ္လင် ကို ဆီ လူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေ အင်တုံ ပေါင်းဆယ် နှစ် လုံး၊ ငွေ ဖလား ပေါင်းဆယ် နှစ် လုံး၊ ရွှေ ဇွန်း ပေါင်း ဆယ် နှစ် စင်း တည်း။
၈၄ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။
85 ၈၅ ငွေ အင်တုံ အချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ ၊ ငွေ ဖလား အချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီ ရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ် တော်အလိုက် ၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။
၈၅
86 ၈၆ မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် သော ရွှေ ဇွန်း ဆယ် နှစ် စင်း အချိန်ကား၊ အကျပ် တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေ ချိန်ပေါင်း ကား တပိဿာ နှစ်ဆယ်ရှိသတည်း။
၈၆
87 ၈၇ မီးရှို့ ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ နွား ပေါင်းဆယ် နှစ် ကောင်၊ သိုးထီး ဆယ် နှစ် ကောင်၊ အခါမလည် သောသိုးသငယ် ဆယ် နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် ပေါင်း ဆယ် နှစ် ကောင်၊
၈၇
88 ၈၈ မိဿဟာယ ယဇ်ဘို့ နွား ပေါင်း ၊ နှစ်ဆယ် လေး ကောင်၊ သိုးထီး ခြောက်ဆယ် ၊ ဆိတ်ထီး ခြောက်ဆယ် ၊ အခါမလည် သော သိုးသငယ် ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား ၊ ယဇ်ပလ္လင် ဆီ လူးသောနောက် ၊ အနုမောဒနာ ပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။
၈၈
89 ၈၉ မောရှေ သည် ဘုရားသခင် ကို လျှောက် ခြင်းငှါ ပရိသတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သောအခါ ၊ ခေရုဗိမ် နှစ် ပါးကြားမှာ ၊ သက်သေခံ ချက်သေတ္တာ အပေါ် ၌ တင်သောအဖုံး ထက် က ၊ ဘုရားသခင်ခေါ် တော်မူသံ ကို မောရှေသည်ကြား ၍ ထူး လေ၏။
၈၉မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။

< တောလည်ရာ 7 >