< တောလည်ရာ 6 >
1 ၁ တဖန် မောရှေ အား ထာဝရဘုရား က၊
И сказал Господь Моисею, говоря:
2 ၂ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြားနား စေ၍ နာဇရိ သစ္စာ ပြုခြင်းငှါ ၊ မိမိကို မိမိခွဲထားသောအခါ၊
объяви сынам Израилевым и скажи им: если мужчина или женщина решится дать обет назорейства, чтобы посвятить себя в назореи Господу,
3 ၃ စပျစ်ရည် နှင့် ယစ် မျိုးကို ရှောင် ရမည်။ စပျစ်ရည် ချဉ် နှင့် ယစ် မျိုးချဉ် ကိုလည်း မ သောက် ရ။ စပျစ်သီး ဖြင့် လုပ်သောအရည် ကိုအလျှင်း မ သောက် ရ။ စပျစ်သီး အစိမ်း အခြောက် ကိုလည်း မ စား ရ။
то он должен воздержаться от вина и крепкого напитка, и не должен употреблять ни уксусу из вина, ни уксусу из напитка, и ничего приготовленного из винограда не должен пить, и не должен есть ни сырых, ни сушеных виноградных ягод;
4 ၄ ခြားနား လျက်နေသောကာလ ပတ်လုံး ၊ စပျစ်သီးအဆန် ၊ စပျစ်သီးအခွံ မှစ၍စပျစ်ပင် က ဖြစ် သမျှ ကို မ စား ရ။
во все дни назорейства своего не должен он есть и пить ничего, что делается из винограда, от зерен до кожи.
5 ၅ ခြားနား ခြင်းသစ္စာ စောင့်သော ကာလ ပတ်လုံး ဦးဆံ ကို မ ရိတ် ရ။ ထာဝရဘုရား အဘို့ မိမိကို ခြားနား စေ သော ကာလ မ စေ့ မှီတိုင်အောင်၊ သူသည် သန့်ရှင်း ရ သဖြင့်၊ မိမိ ဆံပင် ကို အလိုအလျောက်တိုးပွား စေမည်။
Во все дни обета назорейства его бритва не должна касаться головы его; до исполнения дней, на которые он посвятил себя в назореи Господу, свят он: должен растить волосы на голове своей.
6 ၆ ထာဝရဘုရား အဘို့ မိမိ ကိုခြားနား စေသော ကာလ ပတ်လုံး ၊ အသေကောင် ကို မ ချဉ်း မကပ်ရ။
Во все дни, на которые он посвятил себя в назореи Господу, не должен он подходить к мертвому телу:
7 ၇ သူ ၏ဘုရားသခင် အဘို့ သူ ၏ခေါင်း ကို ခြားနား စေသောကြောင့် ၊ မိ ဘ ၊ ညီအစ်ကို ၊ နှမ သေ သော်လည်း ၊ ညစ်ညူး ခြင်းကိုမ ခံရ။
прикосновением к отцу своему, и матери своей, и брату своему, и сестре своей, не должен он оскверняться, когда они умрут, потому что посвящение Богу его на главе его;
8 ၈ ခြားနား လျက်နေသောကာလ ပတ်လုံး ၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
во все дни назорейства своего свят он Господу.
9 ၉ သူ့ အနား မှာ တစုံတယောက်သောသူသည် ချက်ခြင်း သေ ၍ ၊ သူသည် ခြားနား စေသောခေါင်း ကို ညစ်ညူး စေလျှင် ၊ စင်ကြယ် စေသောနေ့ တည်းဟူသောသတ္တမ နေ့ ၌ ဦးဆံ ကိုရိတ် ရမည်။
Если же умрет при нем кто-нибудь вдруг, нечаянно, и он осквернит тем голову назорейства своего: то он должен остричь голову свою в день очищения его, в седьмой день должен остричь ее,
10 ၁၀ အဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင် ခဲ့ရမည်။
и в восьмой день должен принести двух горлиц, или двух молодых голубей, к священнику, ко входу скинии собрания;
11 ၁၁ ယဇ်ပုရောဟိတ် သည်လည်း ၊ အပြစ် ဖြေရာယဇ် ဘို့ တ ကောင်၊ မီးရှို့ ရာယဇ်ဘို့ တ ကောင်ကို ပူဇော် ၍ ၊ ထိုသူ ၌ အသေကောင် အားဖြင့် ရောက်သော အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်း တွင် သူ ၏ခေါင်း ကို သန့်ရှင်း စေ ရမည်။
священник одну из птиц принесет в жертву за грех, а другую во всесожжение, и очистит его от осквернения мертвым телом, и освятит голову его в тот день;
12 ၁၂ အရင်ခြားနား စေသော ကာလ ကို ထာဝရဘုရား အဘို့ တဖန် ခြားနား စေ၍၊ အခါမလည် သော သိုးသငယ် တကောင်ကို ဒုစရိုက် ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်ခြားနား ခြင်းပျက် သောကြောင့် ၊ လွန် သောကာလ ပျောက် ရမည်။
и должен он снова начать посвященные Господу дни назорейства своего и принести однолетнего агнца в жертву повинности; прежние же дни пропали, потому что назорейство его осквернено.
13 ၁၃ ခြားနား ၍ နေသောကာလ စေ့ ပြီးမှ၊ နာဇရိ လူ စောင့်ရသောတရား ဟူမူကား ၊ သူသည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ လာ ၍ ၊
И вот закон о назорее, когда исполнятся дни назорейства его: должно привести его ко входу скинии собрания,
14 ၁၄ မီးရှို့ ရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အထီးတ ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အမတ ကောင်၊ မိဿဟာယ ယဇ်ဘို့ အပြစ် မပါသောဆိတ် တ ကောင်၊
и он принесет в жертву Господу одного однолетнего агнца без порока во всесожжение, и одну однолетнюю агницу без порока в жертву за грех, и одного овна без порока в жертву мирную,
15 ၁၅ ဆီ ရော သောမုန့်ညက် နှင့်လုပ်သော မုန့်ပြား ၊ ဆီ လူး သော တဆေးမဲ့ မုန့်ကြွပ် တည်းဟူသောတဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား ဆက် ရမည်။
и корзину опресноков из пшеничной муки, хлебов, испеченных с елеем, и пресных лепешек, помазанных елеем, и при них хлебное приношение и возлияние;
16 ၁၆ ထိုပူဇော်သက္ကာများကို၊ ယဇ်ပုရောဟိတ် သည် ထာဝရဘုရား ထံ တော်သို့သွင်း ၍ ၊ အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော် ရမည်။
и представит сие священник пред Господа, и принесет жертву его за грех и всесожжение его;
17 ၁၇ တဆေးမဲ့ မုန့်တတောင်း နှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ရမည်။
овна принесет в жертву мирную Господу с корзиною опресноков, также совершит священник хлебное приношение его и возлияние его;
18 ၁၈ နာဇရိ လူသည်၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ၊ မိမိ ခြားနား သော ဦးဆံ ကိုရိတ် ၍ ၊ ထိုဆံ ကို မိဿဟာယ ယဇ်အောက် ၌ရှိသောမီး ထဲမှာ ထည့် ရမည်။
и острижет назорей у входа скинии собрания голову назорейства своего, и возьмет волосы головы назорейства своего, и положит на огонь, который под мирною жертвою;
19 ၁၉ ခြားနား သော ဦးဆံကိုရိတ် ပြီးမှ ၊ ယဇ်ပုရောဟိတ် သည် ပြုတ် သော ဆိတ် ပခုံး တဘက်၊ တောင်း ထဲက တဆေးမဲ့ မုန့်ပြား တ ပြား၊ တဆေးမဲ့ မုန့်ကြွပ် တ ချပ်ကို ယူ ၍၊ နာဇရိ လူလက် ၌ ထည့် ပြီးလျှင် ၊
и возьмет священник сваренное плечо овна и один пресный пирог из корзины и одну пресную лепешку, и положит на руки назорею, после того, как острижет он голову назорейства своего;
20 ၂၀ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ ထိုအရာတို့သည်၊ ချီလွှဲ ရာရင်ပတ် ၊ ချီလွှဲရာ ပခုံး နှင့်တကွ၊ ယဇ်ပုရောဟိတ် အဘို့ သန့်ရှင်း ရမည်။ ထိုနောက်မှ ၊ နာဇရိ လူသည် စပျစ်ရည် ကို သောက် ရသောအခွင့်ရှိ၏။
и вознесет сие священник, потрясая пред Господом: эта святыня - для священника, сверх груди потрясания и сверх плеча возношения. После сего назорей может пить вино.
21 ၂၁ ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား ပေတည်း။ သစ္စာ ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။
Вот закон о назорее, который дал обет, и жертва его Господу за назорейство свое, кроме того, что позволит ему достаток его; по обету своему, какой он даст, так и должен он делать, сверх узаконенного о назорействе его.
22 ၂၂ တဖန် မောရှေ အား ထာဝရဘုရား က၊
И сказал Господь Моисею, говоря:
23 ၂၃ သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည်၊ ဣသရေလ အမျိုးသား တို့အား ကောင်းကြီး ပေး၍ မြွက် ရသောစကားဟူမူကား ၊
скажи Аарону и сынам его: так благословляйте сынов Израилевых, говоря им:
24 ၂၄ ထာဝရဘုရား သည်၊ သင့် ကို ကောင်းကြီး ပေး၍ စောင့်မ တော်မူပါစေသော။
да благословит тебя Господь и сохранит тебя!
25 ၂၅ ထာဝရဘုရား သည်သင် ၌ မျက်နှာ တော်အလင်း ကို လွှတ်၍ ကရုဏာ ကျေးဇူးပြုတော်မူပါစေသော၊
да призрит на тебя Господь светлым лицем Своим и помилует тебя!
26 ၂၆ ထာဝရဘုရား သည် သင့် ကို မြော်ကြည့် ၍ ချမ်းသာ ပေး တော်မူပါစေသောဟု၊
да обратит Господь лице Свое на тебя и даст тебе мир!
27 ၂၇ ဣသရေလ အမျိုးသား တို့ အပေါ် မှာ ငါ့ နာမ ကို မြွက်ဆို၍ တင် လျှင် ၊ ငါ သည်ထိုသူ တို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့် တော်မူ၏။
Так пусть призывают имя Мое на сынов Израилевых, и Я Господь благословлю их.