< တောလည်ရာ 5 >
1 ၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၁ထာဝရဘုရားသည်မောရှေအား၊
2 ၂ ငါ နေ သော တပ် ကို မ ညစ်ညူး စေခြင်းငှါ၊ ဣသရေလ အမျိုးသား တို့သည်၊ နူ သောသူ၊ ရိနာစွဲ သောသူ၊ အသေကောင် ထိ၍ မစင်ကြယ် သောသူယောက်ျား မိန်းမ အပေါင်း တို့ကို၊ တပ် ပြင် မှာ နေရာ ချထားရမည်အကြောင်း ဆင့်ဆို လော့ဟု၊
၂``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
၃ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
4 ၄ မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
၄ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
5 ၅ တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
၅ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-
6 ၆ လူ ပြုတတ်သော ဒုစရိုက် ကိုပြု ၍၊ ထာဝရဘုရား ကို ပြစ်မှား သဖြင့် အပြစ် ရောက်သော ယောက်ျား မိန်းမ သည်၊
၆
7 ၇ ထို အပြစ် ကို ဘော်ပြ ၍ တောင်းပန်ရမည်။ ပြစ်မှား သောအတွက်၊ ငါးစုတစု ကိုထပ်၍ ပြစ်မှား ခံသောသူ အား ပေး ရမည်။
၇ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
8 ၈ ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသား ချင်းမ ရှိလျှင် ၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား အား ပူဇော် ရမည်။ ထိုမှတပါး၊ အပြစ် ဖြေစေခြင်းငှါ၊ အပြစ် ဖြေရာယဇ်ဘို့၊ သိုး တကောင်ကို ပူဇော်ရမည်။
၈အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
9 ၉ ယဇ်ပုရောဟိတ် အား ဣသရေလ အမျိုးသား ပူဇော်၍ သန့်ရှင်း သောအရာရှိသမျှ တို့သည်၊ ယဇ်ပုရောဟိတ် ၏ဥစ္စာ ဖြစ် ရမည်။
၉ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
10 ၁၀ လူ တိုင်းသန့်ရှင်း စေ၍ ယဇ်ပုရောဟိတ် အား လှူ သမျှတို့သည်လည်း၊ ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ် ရမည်ဟု မိန့် တော်မူ၏။
၁၀ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။
11 ၁၁ တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
၁၁ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသ ရေလအမျိုးသားတို့အား အောက်ပါညွှန်ကြား ချက်များကိုပေးတော်မူ၏။ ခင်ပွန်းသည်တစ်ဦး သည်မိမိ၏ဇနီးသစ္စာဖောက်၍ အခြားယောကျာ်း နှင့်ပြစ်မှားခဲ့သည်ဟုခင်ပွန်းသည်ကမယုံ သင်္ကာဖြစ်အံ့။ သို့သော်လည်းဇနီးသည်ထို အမှုကိုလျှို့ဝှက်ထား၍သော်လည်းကောင်း၊ မျက်မြင်သက်သေမရှိ၍သော်လည်းကောင်း၊ လက်ပူးလက်ကြပ်မမိ၍သော်လည်းကောင်း ခင်ပွန်းကအတိအကျမစွပ်စွဲနိုင်။ သို့ တည်းမဟုတ်ဇနီးသည်အခြားသူတစ်ဦး နှင့်မဖောက်ပြန်သော်လည်း ခင်ပွန်းသည်က မယားအားမယုံသင်္ကာဖြစ်အံ့။-
12 ၁၂ လင်ရှိသောမိန်းမ သည် အခြားတပါးသော ယောက်ျား နှင့် မှားယွင်း ၍ လင် ကို ပြစ်မှား လျှင် ၎င်း ၊ မှားယွင်း စဉ်တွင်သူတပါးမ တွေ့ မိ၊ သက်သေ မ ရှိ၊ သီလပျက် သော်လည်း ၊ ထိုအမှုကိုဝှက် ထား၍ လင် မသိ လျှင်၎င်း၊
၁၂
14 ၁၄ သီလ ပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယား ကိုမ ယုံလျှင် ၎င်း၊
၁၄
15 ၁၅ ထိုမိန်းမ ပြုရသော ပူဇော်သက္ကာ ဘို့မုယော မုန့်တဩမဲ ပါလျက်၊ သူ့ကိုယဇ်ပုရောဟိတ် ထံသို့ ခေါ် သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီ ကိုမ လောင်း ရ။ လောဗန် ကိုမ တင် ရ။ မယားကိုမ ယုံခြင်းပူဇော်သက္ကာ ၊ အပြစ် ကိုဖေါ် တင်ရာပူဇော်သက္ကာ ဖြစ်၏။
၁၅မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။
16 ၁၆ ယဇ်ပုရောဟိတ် သည်၊ ထိုပူဇော်သက္ကာကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။
၁၆ယဇ်ပုရောဟိတ်သည်ထိုအမျိုးသမီးကို ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်နေစေရမည်။-
17 ၁၇ ယဇ်ပုရောဟိတ် သည် သန့်ရှင်း သော ရေ ကို မြေ အိုး ၌ လောင်း ပြီးလျှင် ၊ တဲ တော်၌ရှိသောမြေမှုန့် ကို ယူ ၍ ရေ ထဲမှာ ထည့် ရမည်။
၁၇သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။-
18 ၁၈ ထိုမိန်းမ ကို ထာဝရဘုရား ရှေ့ တော်မှာထား ပြီးလျှင် ၊ ခေါင်း ၌ အချည်းစည်း ရှိစေ၍၊ မယားကိုမ ယုံခြင်းပူဇော်သက္ကာ တည်းဟူသော သတိပေး ရာပူဇော်သက္ကာကို မိန်းမ လက် ၌ ထည့် ရမည်။ ကျိန် ခြင်းဘေးကိုဖြစ်စေသော ရေ ခါး ကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင် ရမည်။
၁၈ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။-
19 ၁၉ ထိုအခါ ယဇ်ပုရောဟိတ် သည်၊ ထိုမိန်းမ ကို အကျိန် တိုက်လျက်၊ သင်သည် ကိုယ် ခင်ပွန်း မှတပါး အခြားသောယောက်ျား နှင့် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်းမ ရှိလျှင် ၊ ကျိန် ခြင်းဘေးကိုဖြစ်စေသော၊ ဤရေ ခါး နှင့် ကင်းလွတ် စေသတည်း။
၁၉ထိုနောက်သူသည်အမျိုးသမီးအားဤသို့ ကျိန်စာတိုက်ရမည်။ ``သင်သည်အခြားသော ယောကျာ်းနှင့်မဖောက်ပြန်မကူးလွန်ခဲ့သည် ရှိသော် ဤသစ္စာရေကြောင့်ကျရောက်မည့်ဘေး ဒဏ်နှင့်ကင်းလွတ်ပါစေသား။-
20 ၂၀ ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျား နှင့် မှားယွင်း ၍ ညစ်ညူး ခြင်းရှိလျှင် ၊
၂၀သို့သော်သင်သည်သစ္စာဖောက်ခဲ့လျှင်၊
21 ၂၁ ထာဝရဘုရား သည်၊ သင် ၏ပေါင် ကို ပိန် စေ၍ ဝမ်း ကိုလည်း ရောင် စေသဖြင့်၊ သင့် ကိုကျိန် အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူ များကျိန်ဆို ခြင်းကို ခံရသောသူဖြစ် စေခြင်းငှါစီရင်တော်မူစေသတည်း။
၂၁သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။-
22 ၂၂ ကျိန် ခြင်းဘေး ဖြစ်စေသော ဤ ရေ သည်သင် ၏ ဝမ်း ထဲသို့ ဝင် ၍ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ် သည် ကျိန် ခြင်းအကျိန် တိုက် လျှင် ၊ မိန်းမ က၊ အာမင် ၊ အာမင် ဟု ဝန်ခံ ရမည်။
၂၂ဤရေသည်သင်၏ဝမ်းထဲသို့ရောက်၍ဝမ်း ဗိုက်ကိုဖောင်းပွလာစေလျက် သင်၏မိန်းမ အင်္ဂါကိုခြောက်ကပ်စေလိမ့်မည်။ ထိုအခါအမျိုးသမီးက``ဤသစ္စာတည်ပါ စေသော'' ဟုဝန်ခံရမည်။
23 ၂၃ ယဇ်ပုရောဟိတ် သည်လည်း၊ ထို အကျိန် တို့ကို ရေးမှတ် ၍ ၊ တဖန် ရေ ခါး နှင့်ချေ ပြီးမှ ၊
၂၃ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုကျိန်စာကို ရေးသား၍စာကိုရေခါးထဲတွင်ချေဖျက် ရမည်။-
24 ၂၄ ကျိန် ခြင်းဘေးဖြစ်စေသောရေ ခါး ကို မိန်းမ အား တိုက် ရမည်။ ထိုရေ သည် မိန်းမ ထဲသို့ ဝင် ၍ ခါး လိမ့်မည်။
၂၄အမျိုးသမီးအား ပြင်းပြသောဝေဒနာ ဖြစ်စေနိုင်မည့်ရေကိုမတိုက်မီ၊-
25 ၂၅ ထိုအခါ ယဇ်ပုရောဟိတ် သည်၊ မယားကို မ ယုံ ခြင်းပူဇော်သက္ကာကို မိန်းမ လက် မှ ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီ လွှဲလျက် ယဇ်ပလ္လင် ပေါ်မှာ ဆက် ပြီးလျှင်၊
၂၅ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။-
26 ၂၆ မုန့်ညက်တလက်ဆွန်း တည်းဟူသောပူဇော်သက္ကာ အတွက်အတာ ကို ယဇ်ပလ္လင် ပေါ်မှာ မီး ရှို့၍ ၊ ထိုနောက် အကျိန်ရေ ကို မိန်းမ သောက် စေရမည်။
၂၆ထိုနောက်သူသည်မုန့်ညက်လက်တစ်ဆုပ်စာမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ နောက် ဆုံးတွင်ယဇ်ပုရောဟိတ်သည် အမျိုးသမီးအား သစ္စာရေကိုသောက်စေရမည်။-
27 ၂၇ ထိုမိန်းမသည် လင် ကိုပြစ်မှား ၍ ညစ်ညူး ခြင်း ရှိလျှင် ၊ ကျိန်ခြင်းဘေးဖြစ်စေသော ရေ ကိုသောက် ပြီးမှ ၊ သူ့ အထဲ၌ ရေ ဝင် ၍ ခါး သဖြင့် ၊ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းသို့ရောက်၍ ထိုမိန်းမ သည် မိမိ အမျိုး ၌ ကျိန် အပ် သောသူဖြစ် လိမ့်မည်။
၂၇အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
28 ၂၈ သို့မဟုတ် ထိုမိန်းမ သည် မ ညစ်ညူး ၊ စင်ကြယ် ခြင်းရှိလျှင် ၊ ဘေးနှင့်လွတ် ၍ ပဋိသန္ဓေ ယူသော အခွင့် ရှိလိမ့်မည်။
၂၈သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
29 ၂၉ ဤရွေ့ကား ၊ မိန်းမ သည် ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း ၍ ညစ်ညူး ခြင်း ရှိသော်၎င်း၊
၂၉အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-
30 ၃၀ ယောက်ျား သည် မယားကို မ ယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရား ပေတည်း။ ယောက်ျားသည် မယား ကိုမ ယုံ၊ ထာဝရဘုရား ရှေ့ တော်၌ ထား သောအခါ ၊ ယဇ်ပုရောဟိတ် သည် ဤ တရား အတိုင်း စီရင် သဖြင့်၊
၃၀
31 ၃၁ ယောက်ျား သည် အပြစ် နှင့် ကင်းလွတ် ၍ မိန်းမ သည် မိမိ အပြစ် ကိုခံရ မည်ဟု မိန့်တော်မူ၏။
၃၁ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။