< တောလည်ရာ 36 >
1 ၁ ယောသပ် အမျိုး ဖြစ်သော မနာရှေ နှင့် မာခိရ တို့ မှ ဆင်းသက်သော ဂိလဒ် ၏သား အဆွေအမျိုး သူကြီး တို့သည်၊ မောရှေ အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
Accesserunt autem et principes familiarum Galaad filii Machir filii Manasse, de stirpe filiorum Joseph: locutique sunt Moysi coram principibus Israël, atque dixerunt:
2 ၂ အကျွန်ုပ် တို့သခင် သည် စာရေးတံချ သဖြင့်၊ ဣသရေလ အမျိုးသား တို့အား ခါနာန်ပြည် ကို အမွေ ပေး စေခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့အစ်ကို ဇလောဖဒ် ၏ အမွေ မြေကို သူ ၏သမီး တို့အား ပေး စေခြင်းငှါ ၎င်း၊ ထာဝရဘုရား အမိန့် တော် ရှိပါ၏။
Tibi domino nostro præcepit Dominus ut terram sorte divideres filiis Israël, et ut filiabus Salphaad fratris nostri dares possessionem debitam patri:
3 ၃ ထိုမိန်းမတို့သည် မိမိအမျိုး မှတပါး ၊ အခြားသော ဣသရေလ အမျိုးသား နှင့် စုံဘက် လျှင်၊ သူ တို့အမွေ မြေကို အကျွန်ုပ် တို့ မိဘ အစဉ်အဆက်အမွေ မှ နှုတ် ၍ သူတို့ ဝင် သော အမျိုး ၏ အမွေ ထဲ၌ ပါ သွားသဖြင့် ၊ အကျွန်ုပ် တို့ အမွေ မြေသည် လျော့ ပါလိမ့်မည်။
quas si alterius tribus homines uxores acceperint, sequetur possessio sua, et translata ad aliam tribum, de nostra hæreditate minuetur.
4 ၄ ဣသရေလ အမျိုးသား တို့၌ ယုဘိလ နှစ်ရောက် သောအခါ ၊ သူ တို့အမွေ မြေသည် သူတို့ဝင် သော အမျိုး ၏ အမွေ ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ် တို့၏ မိစဉ်ဘဆက် အမွေ မှ အစဉ်နှုတ် လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
Atque ita fiet, ut cum jubilæus, id est, quinquagesimus annus remissionis advenerit, confundatur sortium distributio, et aliorum possessio ad alios transeat.
5 ၅ ထိုအခါ မောရှေ သည် ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား မှာထား လေ သည်မှာ၊ ယောသပ် အမျိုးသား တို့၏ စကား သည် လျောက်ပတ် ပေ၏။
Respondit Moyses filiis Israël, et Domino præcipiente ait: Recte tribus filiorum Joseph locuta est.
6 ၆ ဇလောဖဒ် သမီး တို့၏ အမှု၌ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် အလိုရှိ သောသူနှင့် စုံဘက် ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသား မှတပါး၊ အခြားသူနှင့် စုံဘက် ခြင်းကို မပြုစေနှင့်။
Et hæc lex super filiabus Salphaad a Domino promulgata est: nubant quibus volunt, tantum ut suæ tribus hominibus:
7 ၇ ဣသရေလ အမျိုးသား တို့၏ အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိ တို့မိစဉ်ဘဆက် အမွေ မြေ၌ နေ ရကြမည်။
ne commisceatur possessio filiorum Israël de tribu in tribum. Omnes enim viri ducent uxores de tribu et cognatione sua:
8 ၈ ဣသရေလ အမျိုး တစုံတမျိုး၌ အမွေ မြေရှိသော မိန်းမ သည် မိမိ တို့ မိစဉ်ဘဆက် အမျိုးသား နှင့် စုံဘက် ရမည်။ ထိုသို့ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိတို့ မိစဉ်ဘဆက် အမွေ မြေကို ခံစား ရကြမည်။
et cunctæ feminæ de eadem tribu maritos accipient: ut hæreditas permaneat in familiis,
9 ၉ အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိ တို့အမွေ မြေ၌ နေ ရကြမည်ဟု မိန့်တော်မူ၏။
nec sibi misceantur tribus, sed ita maneant
10 ၁၀ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူ သည်အတိုင်း ၊ ဇလောဖဒ် ၏ သမီး မာလာ ၊
ut a Domino separatæ sunt. Feceruntque filiæ Salphaad ut fuerat imperatum:
11 ၁၁ တိရဇာ ၊ ဟောဂလာ ၊ မိလကာ ၊ နောအာ တို့သည် ပြု ၍၊ ဘကြီး သား ၊ ဘထွေးသားတို့နှင့် စုံဘက် ကြ၏။
et nupserunt Maala, et Thersa, et Hegla, et Melcha, et Noa, filiis patrui sui
12 ၁၂ ထိုသို့ ယောသပ် တွင်မြင်သော မနာရှေ သား အဆွေအမျိုး ၌ စုံဘက် ခြင်းအမှုကို ပြု၍ ၊ သူ တို့အမွေ မြေ သည် သူ တို့မိစဉ်ဘဆက် အမျိုး တည် နေ၏။
de familia Manasse, qui fuit filius Joseph: et possessio, quæ illis fuerat attributa, mansit in tribu et familia patris earum.
13 ၁၃ ဤရွေ့ကား ၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ယေရိခေါ မြို့တဘက်၌ ထာဝရဘုရား သည် မောရှေ အားဖြင့် ဣသရေလ အမျိုးသား တို့အား ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ဖြစ်သတည်း။
Hæc sunt mandata atque judicia, quæ mandavit Dominus per manum Moysi ad filios Israël, in campestribus Moab supra Jordanem contra Jericho.