< တောလည်ရာ 36 >

1 ယောသပ် အမျိုး ဖြစ်သော မနာရှေ နှင့် မာခိရ တို့ မှ ဆင်းသက်သော ဂိလဒ် ၏သား အဆွေအမျိုး သူကြီး တို့သည်၊ မောရှေ အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
Now the heads of the families of the children of Gilead, the son of Machir, the son of Manasseh, of the families of the sons of Joseph, came to Moses, the chiefs and the heads of families of the children of Israel being present,
2 အကျွန်ုပ် တို့သခင် သည် စာရေးတံချ သဖြင့်၊ ဣသရေလ အမျိုးသား တို့အား ခါနာန်ပြည် ကို အမွေ ပေး စေခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့အစ်ကို ဇလောဖဒ် ၏ အမွေ မြေကို သူ ၏သမီး တို့အား ပေး စေခြင်းငှါ ၎င်း၊ ထာဝရဘုရား အမိန့် တော် ရှိပါ၏။
And said, The Lord gave orders to my lord to make distribution of the land as their heritage to the children of Israel: and my lord was ordered by the Lord to give the heritage of Zelophehad, our brother, to his daughters.
3 ထိုမိန်းမတို့သည် မိမိအမျိုး မှတပါး ၊ အခြားသော ဣသရေလ အမျိုးသား နှင့် စုံဘက် လျှင်၊ သူ တို့အမွေ မြေကို အကျွန်ုပ် တို့ မိဘ အစဉ်အဆက်အမွေ မှ နှုတ် ၍ သူတို့ ဝင် သော အမျိုး ၏ အမွေ ထဲ၌ ပါ သွားသဖြင့် ၊ အကျွန်ုပ် တို့ အမွေ မြေသည် လျော့ ပါလိမ့်မည်။
Now if they get married to any of the sons of other tribes of the children of Israel, then their property will be taken away from the heritage of our fathers, and become part of the heritage of the tribe into which they get married: and their heritage will be taken away from the heritage of our tribe.
4 ဣသရေလ အမျိုးသား တို့၌ ယုဘိလ နှစ်ရောက် သောအခါ ၊ သူ တို့အမွေ မြေသည် သူတို့ဝင် သော အမျိုး ၏ အမွေ ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ် တို့၏ မိစဉ်ဘဆက် အမွေ မှ အစဉ်နှုတ် လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
And at the time of the Jubilee of the children of Israel, their property will be joined to the heritage of the tribe of which they are part and will be taken away from the heritage of the tribe of our fathers.
5 ထိုအခါ မောရှေ သည် ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား မှာထား လေ သည်မှာ၊ ယောသပ် အမျိုးသား တို့၏ စကား သည် လျောက်ပတ် ပေ၏။
So by the direction of the Lord, Moses gave orders to the children of Israel, saying, What the tribe of the sons of Joseph have said is right.
6 ဇလောဖဒ် သမီး တို့၏ အမှု၌ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် အလိုရှိ သောသူနှင့် စုံဘက် ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသား မှတပါး၊ အခြားသူနှင့် စုံဘက် ခြင်းကို မပြုစေနှင့်။
This is the order of the Lord about the daughters of Zelophehad: The Lord says, Let them take as their husbands whoever is most pleasing to them, but only among the family of their father's tribe.
7 ဣသရေလ အမျိုးသား တို့၏ အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိ တို့မိစဉ်ဘဆက် အမွေ မြေ၌ နေ ရကြမည်။
And so no property will be handed from tribe to tribe among the children of Israel; but every one of the children of Israel will keep the heritage of his father's tribe.
8 ဣသရေလ အမျိုး တစုံတမျိုး၌ အမွေ မြေရှိသော မိန်းမ သည် မိမိ တို့ မိစဉ်ဘဆက် အမျိုးသား နှင့် စုံဘက် ရမည်။ ထိုသို့ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိတို့ မိစဉ်ဘဆက် အမွေ မြေကို ခံစား ရကြမည်။
And every daughter owning property in any tribe of the children of Israel is to be married to one of the family of her father's tribe, so that every man of the children of Israel may keep the heritage of his fathers.
9 အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိ တို့အမွေ မြေ၌ နေ ရကြမည်ဟု မိန့်တော်မူ၏။
And no property will be handed from one tribe to another, but every tribe of the children of Israel will keep its heritage.
10 ၁၀ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူ သည်အတိုင်း ၊ ဇလောဖဒ် ၏ သမီး မာလာ ၊
So the daughters of Zelophehad did as the Lord gave orders to Moses:
11 ၁၁ တိရဇာ ၊ ဟောဂလာ ၊ မိလကာ ၊ နောအာ တို့သည် ပြု ၍၊ ဘကြီး သား ၊ ဘထွေးသားတို့နှင့် စုံဘက် ကြ၏။
For Mahlah, Tirzah, and Hoglah, and Milcah, and Noah, the daughters of Zelophehad, took as their husbands the sons of their father's brothers:
12 ၁၂ ထိုသို့ ယောသပ် တွင်မြင်သော မနာရှေ သား အဆွေအမျိုး ၌ စုံဘက် ခြင်းအမှုကို ပြု၍ ၊ သူ တို့အမွေ မြေ သည် သူ တို့မိစဉ်ဘဆက် အမျိုး တည် နေ၏။
And were married into the families of the sons of Manasseh, the son of Joseph, and their property was kept in the tribe of their father's family
13 ၁၃ ဤရွေ့ကား ၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ယေရိခေါ မြို့တဘက်၌ ထာဝရဘုရား သည် မောရှေ အားဖြင့် ဣသရေလ အမျိုးသား တို့အား ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ဖြစ်သတည်း။
These are the laws and the orders which the Lord gave to the children of Israel by Moses, in the lowlands of Moab by Jordan at Jericho.

< တောလည်ရာ 36 >