< တောလည်ရာ 33 >

1 မောရှေ နှင့် အာရုန် စီရင်၍ အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား အလုံးအရင်း တို့ သည် ခရီးသွား ခြင်း အကြောင်းအရာများကို၊
Wọ̀nyí ni ìrìnàjò àwọn ọmọ Israẹli ní ẹsẹẹsẹ, nígbà tí wọ́n tí ilẹ̀ Ejibiti jáde wá pẹ̀lú àwọn ogun wọn, nípa ọwọ́ Mose àti Aaroni.
2 ထာဝရဘုရား အမိန့် တော်အတိုင်း မောရှေ မှတ်သား ၍ ၊ ထို ခရီးသွား ခြင်း အကြောင်းအရာပါသော စာရင်း ဟူမူကား၊
Mose sì kọ̀wé ìjáde lọ wọn ní ẹsẹẹsẹ gẹ́gẹ́ bí ìrìnàjò wọn, nípa àṣẹ Olúwa, wọ̀nyí sì ni ìrìnàjò wọn gẹ́gẹ́ bí ìjáde lọ wọn.
3 ပဌမ လ တဆယ် ငါး ရက် နေ့၌ ရာမသက် မြို့မှ ထွက်လာ ကြ၏။ ပသခါ ပွဲကို ခံပြီးသောနောက်၊ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု လူအပေါင်း တို့ရှေ့မှာ ဝါကြွား သောအခြင်းအရာနှင့် ထွက်လာ ကြ၏။
Àwọn ọmọ Israẹli jáde kúrò láti Ramesesi ní ọjọ́ kẹ́ẹ̀dógún oṣù kìn-ín-ní, ọjọ́ kan lẹ́yìn àjọ ìrékọjá. Wọ́n yan jáde pẹ̀lú ìgboyà níwájú gbogbo àwọn ará Ejibiti.
4 အကြောင်းမူကား၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောသားဦး အပေါင်း တို့ကို အဲဂုတ္တု လူတို့သည် သင်္ဂြိုဟ် ရကြ၏။ သူ တို့၏ ဘုရား များကိုလည်း ၊ ထာဝရဘုရား သည် တရား စီရင် တော်မူ၏။
Tí wọ́n sì ń sin gbogbo àkọ́bí wọn, ẹni tí Olúwa ti gbé lulẹ̀ láàrín wọn; nítorí tí Olúwa ti mú ẹ̀san wá sórí àwọn òrìṣà wọn.
5 ဣသရေလ အမျိုးသား တို့သည် ရာမသက် မြို့မှ ပြောင်း ၍ သုကုတ် အရပ်၌ စားခန်းချ ကြ၏။
Àwọn ọmọ Israẹli kúrò ní Ramesesi wọ́n sì pàgọ́ sí Sukkoti.
6 သုကုတ် အရပ်မှ ပြောင်း ၍ တော စပ် နား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Sukkoti, wọ́n sì pàgọ́ sí Etamu, ní ẹ̀bá aginjù.
7 ဧသံ မြို့မှ ပြောင်း ၍ ဗာလဇေဖုန် မြို့ရှေ့မှာ ရှိ သော ပိဟဟိရုတ် မြို့သို့ တဖန် လည်၍ မိဂဒေါလ မြို့ရှေ့၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Etamu, wọ́n padà sí Pi-Hahirotu sí ìlà-oòrùn Baali-Ṣefoni, wọ́n sì pàgọ́ sí ẹ̀bá Migdoli.
8 ပိဟဟိရုတ် မြို့မှ ပြောင်း ၍ ပင်လယ် အလယ် ၌ ရှောက်သွား သဖြင့် ဧသံ တော သို့ ရောက်၍၊ ထိုတော ထဲ၌ သုံး ရက် ခရီး သွား ပြီးလျှင် ၊ မာရ အရပ်၌ စားခန်းချ ကြ၏။
Wọ́n sì dìde láti lọ kúrò ní iwájú Pi-Hahirotu, wọ́n sì la àárín òkun kọjá lọ sí aginjù. Wọ́n sì rin ìrìn ọjọ́ mẹ́ta ní aginjù Etamu, wọ́n sì pàgọ́ sí Mara.
9 မာရ အရပ်မှ ပြောင်း ၍ ရေတွင်း ဆယ် နှစ် တွင်း နှင့် စွန်ပလွံ ပင် ခုနစ်ဆယ် ရှိသောဧလိမ် ရွာသို့ ရောက် ၍ စားခန်းချ ကြ၏။
Wọ́n kúrò ní Mara wọ́n sì lọ sí Elimu, níbi tí orísun omi méjìlá àti igi ọ̀pẹ àádọ́rin gbé wà, wọ́n sì pàgọ́ níbẹ̀.
10 ၁၀ ဧလိမ် ရွာမှ ပြောင်း ၍ ဧဒုံ ပင်လယ် နားမှာ စားခန်းချ ကြ၏။
Wọ́n kúrò ní Elimu wọ́n sì pàgọ́ sí ẹ̀bá Òkun Pupa.
11 ၁၁ ဧဒုံ ပင်လယ် မှ ပြောင်း ၍ သိန် တော ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní ẹ̀bá Òkun Pupa wọ́n sì pàgọ́ sínú aginjù Sini.
12 ၁၂ သိန် တော မှ ပြောင်း ၍ ဒေါဖကာ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò nínú aginjù Sini wọ́n sì pàgọ́ sí aginjù Dofka.
13 ၁၃ ဒေါဖကာ အရပ်မှ ပြောင်း ၍ အာလုရှ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Dofka wọ́n sì pàgọ́ ní Aluṣi.
14 ၁၄ အာလုရှ အရပ်မှ ပြောင်း ၍ လူ များသောက် စရာရေ မ ရှိ သော ရေဖိဒိမ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Aluṣi wọ́n sì pàgọ́ ní Refidimu níbi tí kò sí omi fún àwọn ènìyàn náà láti mu.
15 ၁၅ ရေဖိဒိမ် အရပ်မှ ပြောင်း ၍ သိနာ တော ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Refidimu wọ́n sì pàgọ́ ní aginjù Sinai.
16 ၁၆ သိနာ တော မှ ပြောင်း ၍ ကိဗြုတ်ဟတ္တဝါ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní aginjù Sinai wọ́n sì pàgọ́ ní Kibirotu-Hattaafa.
17 ၁၇ ကိဗြုတ်ဟတ္တဝါ အရပ်မှ ပြောင်း ၍ ဟာဇရုတ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Kibirotu-Hattaafa wọ́n sì pàgọ́ ní Haserotu.
18 ၁၈ ဟာဇရုတ် အရပ်မှ ပြောင်း ၍ ရိသမ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Haserotu wọ́n sì pàgọ́ ní Ritma.
19 ၁၉ ရိသမ အရပ်မှ ပြောင်း ၍ ရိမ္မုန်ဖါရက် ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Ritma wọ́n sì pàgọ́ ní Rimoni-Peresi.
20 ၂၀ ရိမ္မုန်ဖါရက် အရပ်မှ ပြောင်း ၍ လိဗန ရွာ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Rimoni-Peresi wọ́n sì pàgọ́ ní Libina.
21 ၂၁ လိဗန ရွာမှ ပြောင်း ၍ ရိဿ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Libina wọ́n sì pàgọ́ ní Rissa.
22 ၂၂ ရိဿ အရပ်မှ ပြောင်း ၍ ကေဟလာသ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Rissa wọ́n sì pàgọ́ ní Kehelata.
23 ၂၃ ကေဟလာသ အရပ်မှ ပြောင်း ၍ ရှာဖါ တောင် ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Kehelata wọ́n sì pàgọ́ ní orí òkè Ṣeferi.
24 ၂၄ ရှာဖါ တောင် မှ ပြောင်း ၍ ဟာရဒ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò lórí òkè Ṣeferi wọ́n sì pàgọ́ ní Harada.
25 ၂၅ ဟာရဒ အရပ်မှ ပြောင်း ၍ မက္ကလုတ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Harada wọ́n sì pàgọ́ ní Makhelotu.
26 ၂၆ မက္ကလုတ် အရပ်မှ ပြောင်း ၍ တာဟတ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Makhelotu wọ́n sì pàgọ́ ní Tahati.
27 ၂၇ တာဟတ် အရပ်မှ ပြောင်း ၍ တာရ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Tahati wọ́n sì pàgọ́ ní Tẹra.
28 ၂၈ တာရ အရပ်မှ ပြောင်း ၍ မိသကာ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Tẹra wọ́n sì pàgọ́ ní Mitka.
29 ၂၉ မိသကာ အရပ်မှ ပြောင်း ၍ ဟာရှမောန အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Mitka wọ́n pàgọ́ ní Haṣmona.
30 ၃၀ ဟာရှမောန အရပ်မှ ပြောင်း ၍ မောသရုတ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Haṣmona wọ́n sì pàgọ́ ní Moserotu.
31 ၃၁ မောသရုတ် အရပ်မှ ပြောင်း ၍ ဗင်္ယာကန် အရပ် ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Moserotu wọ́n sì pàgọ́ ní Bene-Jaakani.
32 ၃၂ ဗင်္ယာကန် အရပ်မှ ပြောင်း ၍ ဟောရဂိဒ်ဂဒ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Bene-Jaakani wọ́n sì pàgọ́ ní Hori-Haggidgadi.
33 ၃၃ ဟောရဂိဒ်ဂဒ် အရပ်မှ ပြောင်း ၍ ယုပ္ဘာသ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Hori-Haggidgadi wọ́n sí pàgọ́ ní Jotbata.
34 ၃၄ ယုပ္ဘာသ အရပ်မှ ပြောင်း ၍ ဧဗြောန အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Jotbata wọ́n sì pàgọ́ ní Abrona.
35 ၃၅ ဧဗြောန အရပ်မှ ပြောင်း ၍ ဧဇယုန်ဂါဗာ အရပ် ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Abrona wọ́n sì pàgọ́ ní Esioni-Geberi.
36 ၃၆ ဧဇယုန်ဂါဗာ အရပ်မှ ပြောင်း ၍ ဇိန တော ၊ ကာဒေရှ အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Esioni-Geberi wọ́n sì pàgọ́ ní Kadeṣi nínú aginjù Sini.
37 ၃၇ ကာဒေရှ အရပ်မှ ပြောင်း ၍ ဧဒုံ ပြည် အနား မှာ ဟောရ တောင် ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Kadeṣi wọ́n sì pàgọ́ ní orí òkè Hori, lẹ́bàá Edomu.
38 ၃၈ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သောနောက်၊ သက္ကရာဇ် လေးဆယ် ၊ ပဉ္စမ လ ပဌမ နေ့ရက်၌ ထာဝရဘုရား အမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ် အာရုန် သည် ဟောရ တောင် ပေါ်သို့ တက် ၍ အနိစ္စ ရောက်လေ၏။
Nípa àṣẹ Olúwa, Aaroni àlùfáà gùn orí òkè Hori, níbẹ̀ ni ó kú. Ní ọjọ́ kìn-ín-ní oṣù karùn-ún, ọdún ogójì, lẹ́yìn tí àwọn ọmọ Israẹli ti ilẹ̀ Ejibiti jáde wá.
39 ၃၉ အာရုန် သည် ဟောရ တောင် ပေါ်မှာ အနိစ္စ ရောက်သောအခါ ၊ အသက် တရာ နှစ်ဆယ် သုံး နှစ် ရှိသတည်း။
Aaroni jẹ́ ẹni ọgọ́fà ọdún ó lé mẹ́ta ní ìgbà tí ó kú sí orí òkè Hori.
40 ၄၀ ခါနာန် ပြည် တောင် ပိုင်း၌ နေ သောခါနနိ ရှင်ဘုရင် အာရဒ် သည် ဣသရေလ အမျိုးသား ရောက် ကြောင်းကို ကြား လေ၏။
Àwọn ará Kenaani, ọba Aradi, tí ń gbé ìhà gúúsù ní ilẹ̀ Kenaani gbọ́ pé àwọn ọmọ Israẹli ń bọ̀.
41 ၄၁ သူတို့သည် ဟောရ တောင် မှ ပြောင်း ၍ ၊ ဇာလမောန အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní orí òkè Hori, wọ́n sì pàgọ́ ní Salmona.
42 ၄၂ ဇာလမောန အရပ်မှ ပြောင်း ၍ ပုနုန် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Salmona wọ́n sì pàgọ́ ní Punoni.
43 ၄၃ ပုနုန် အရပ်မှ ပြောင်း ၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Punoni wọ́n sì pàgọ́ ní Obotu.
44 ၄၄ ဩဗုတ် အရပ်မှ ပြောင်း ၍ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Obotu wọ́n sì pàgọ́ ní Iye-Abarimu, ní agbègbè Moabu.
45 ၄၅ ဣဇာဗာရိမ်အရပ်မှ ပြောင်း ၍ ဒိဗုန် ဂဒ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Iyimu, wọ́n sì pàgọ́ ní Diboni-Gadi.
46 ၄၆ ဒိဗုန် ဂဒ် အရပ်မှ ပြောင်း ၍ အာလမုန်ဒိဗလသိမ် အရပ်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Diboni-Gadi wọ́n sì pàgọ́ ní Alimon-Diblataimu.
47 ၄၇ အာလမုန်ဒိဗလသိမ် အရပ်မှ ပြောင်း ၍ နေဗော တောင်ရှေ့တွင် အာဗရိမ် တောင်ရိုး ၌ စားခန်းချ ကြ၏။
Wọ́n kúrò ní Alimon-Diblataimu wọ́n sì pàgọ́ sí orí òkè Abarimu lẹ́bàá Nebo.
48 ၄၈ အာဗရိမ် တောင်ရိုး မှ ပြောင်း ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စားခန်းချ ကြ၏။
Wọ́n kúrò ní orí òkè Abarimu wọ́n sì pàgọ́ ní pẹ̀tẹ́lẹ̀ Moabu lẹ́bàá Jordani ní ìkọjá Jeriko.
49 ၄၉ ထိုသို့ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နားမှာ ဗက်ယေရှိမုတ် မြို့မှ အာဗေလရှိတ္တိမ် မြို့ တိုင်အောင် စားခန်းချ ကြ၏။
Níbí ní pẹ̀tẹ́lẹ̀ Moabu wọ́n pàgọ́ lẹ́gbẹ́ Jordani láti Beti-Jeṣimoti títí dé Abeli-Ṣittimu.
50 ၅၀ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား၊ ယေရိခေါ မြို့ တဘက်၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်၍၊
Ní pẹ̀tẹ́lẹ̀ Moabu, lẹ́bàá Jordani, létí Jeriko, Olúwa sọ fún Mose pé,
51 ၅၁ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
“Sọ fún àwọn ọmọ Israẹli kí o sì wí fún wọn pé, ‘Ní ìgbà tí ẹ̀yin bá ń rékọjá odò Jordani lọ sí Kenaani,
52 ၅၂ ထိုပြည်သူ ပြည်သားအပေါင်း တို့ကို နှင်ထုတ် ရကြမည်။ သူ တို့ရေး သော အရုပ်၊ သွန်း သော ရုပ်တု ဆင်းတုရှိသမျှ တို့ကို ဖျက် ရကြမည်။ သူ တို့လုပ်သော ကုန်း ရှိသမျှ တို့ ကို ဖြိုချ ရကြမည်။
lé gbogbo àwọn ará ilẹ̀ náà kúrò níwájú yín. Run gbogbo àwòrán ère wọn àti gbogbo ère dídá wọn, kí ẹ sì wó gbogbo ibi gíga wọn palẹ̀.
53 ၅၃ ထိုပြည် ကို သင် တို့အား ငါအပိုင် ပေး သောကြောင့် ၊ ထိုပြည်သားတို့ကို နှင်ထုတ် ၍ သင်တို့ကိုယ်တိုင်နေ ရကြမည်။
Ẹ gba ilẹ̀ náà, kí ẹ̀yin sì máa gbé inú rẹ̀, nítorí èmi ti fi ilẹ̀ náà fún yín gẹ́gẹ́ bí ìní yín.
54 ၅၄ သင် တို့အဆွေအမျိုး တို့အား စာရေးတံချ ၍ ထိုမြေ ကို ဝေ ရမည်။ လူများ လျှင်များ သောမြေ၊ လူနည်း လျှင် နည်း သောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံ ကျ သည်အတိုင်း၊ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
Ẹ̀yin pín ilẹ̀ náà pẹ̀lú kèké, gẹ́gẹ́ bí ìdílé yín. Fún ọ̀pọ̀ ni kí ẹ̀yin ó fi ilẹ̀ ìní púpọ̀ fún, àti fún díẹ̀, ni kí ẹ̀yin kí ó fi ilẹ̀ ìní díẹ̀ fún. Ohunkóhun tí ó bá bọ́ sí ọ̀dọ̀ wọn nípa kèké yóò jẹ́ tiwọn. Pín wọn gẹ́gẹ́ bí ẹ̀yà ìran wọn.
55 ၅၅ သင်တို့သည် ထိုပြည်သူ ပြည်သားတို့ကို အကုန်အစင် မ နှင်ထုတ် လျှင် ၊ ကျန်ကြွင်း သောသူတို့ သည် သင် တို့မျက်စိ ၌ အပ် ဖျားကဲ့သို့ ၎င်း ၊ သင် တို့နံဘေး ၌ ဆူး ကဲ့သို့ ၎င်း ဖြစ်၍၊ သင် တို့နေ သောပြည် မှာ သင် တို့ကို နှောင့်ရှက် ကြလိမ့်မည်။
“‘Ṣùgbọ́n bí ẹ kò bá lé àwọn ará ilẹ̀ náà kúrò níwájú yín, àwọn tí ẹ bá jẹ́ kí ó kù yóò di ọfà nínú ojú yín, àti ẹ̀gún ní ìhà yín. Wọn yóò fún yín ní wàhálà ní ilẹ̀ náà tí ẹ̀yin yóò gbé.
56 ၅၆ ထိုမှတပါး ၊ သူ တို့အား ငါကြံစည် သည်အတိုင်း သင် တို့ကို ငါပြု မည်ဟု မိန့် တော်မူ၏။
Nígbà náà, èmi yóò ṣe sí yín, ohun tí mo ti rò láti ṣe sí wọn.’”

< တောလည်ရာ 33 >