< တောလည်ရာ 32 >
1 ၁ ရုဗင် အမျိုးသား နှင့် ဂဒ် အမျိုးသား တို့သည် အလွန် များပြားသော တိရစ္ဆာန် တို့နှင့် ကြွယ်ဝ သည်ဖြစ်၍၊ ယာဇာ ပြည် ၊ ဂိလဒ် ပြည် တို့၌ တိရစ္ဆာန် ကျက်စားစရာဘို့ ကောင်းသည်ကို မြင် ကြလျှင် ၊
And the children of Reuben and the children of Gad had much cattle, a very great multitude; and they saw the land of Jaazer, and the land of Gilead, and behold, the place was a place for cattle.
2 ၂ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ် တို့တွင် မင်း များတို့ထံသို့ လာ ၍ ၊
And the children of Gad and the children of Reuben came and spoke to Moses, and to Eleazar the priest, and to the princes of the assembly, saying,
3 ၃ အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော၊
Ataroth, and Dibon, and Jaazer, and Nimrah, and Heshbon, and Elaleh, and Sebam, and Nebo, and Beon,
4 ၄ ဣသရေလ ပရိသတ် ရှေ့မှာ ထာဝရဘုရား လုပ်ကြံ တော်မူသော ဤပြည် သည် တိရစ္ဆာန် နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန် တို့၌ လည်း တိရစ္ဆာန် များပြားပါ၏။
the country that Jehovah smote before the assembly of Israel, is a land for cattle, and thy servants have cattle;
5 ၅ သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့ တော်၌ မျက်နှာရ လျှင် ၊ ဤ ပြည် ကို ကိုယ်တော် ကျွန် တို့အား အပိုင်ပေး တော်မူပါ။ ကျွန်တော် တို့ကို ယော်ဒန် မြစ်တဘက်သို့ ပို့ဆောင် တော်မ မူပါနှင့်ဟု လျှောက် ကြ၏။
and they said, If we have found favour in thine eyes, let this land be given to thy servants for a possession: bring us not over the Jordan.
6 ၆ မောရှေ ကလည်း ၊ သင်တို့သည် ဤ အရပ်၌ နေရစ် ၍၊ သင် တို့ညီအစ်ကို များတို့သည် စစ်တိုက် သွား ရမည်လော။
And Moses said to the children of Gad, and to the children of Reuben, Shall your brethren go to war, and shall ye abide here?
7 ၇ ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မကူး မသွားမည် အကြောင်း၊ သူတို့စိတ် ကို အဘယ်ကြောင့် ဖျက် ကြသနည်း။
And why do ye discourage the children of Israel from going over into the land that Jehovah has given them?
8 ၈ ပြည် တော်ကို ကြည့်ရှု စေခြင်းငှါ ၊ သင် တို့အဘ တို့ကို ကာဒေရှဗာနာ အရပ်က ငါ စေလွှတ် သောအခါ ထိုသို့ ပြု ကြ၏။
Thus did your fathers, when I sent them from Kadesh-barnea to see the land:
9 ၉ ဧရှကောလ ချောင်း သို့ သွား ၍ ပြည် တော်ကို ကြည့် မြင်ပြီးမှ၊ ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မ သွား မည်အကြောင်းသူတို့စိတ် ကို ဖျက် ကြ၏။
they went up to the valley of Eshcol, and saw the land, and discouraged the children of Israel, that they should not go into the land that Jehovah had given them.
10 ၁၀ ထိုအခါ ထာဝရဘုရား သည် အမျက် တော်ထွက် လျက်၊ အကယ်စင်စစ်အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ် တို့ အား ငါကျိန်ဆို ၍ ပေးသောပြည် ကို၊ အဲဂုတ္တု ပြည်မှ ထွက်လာ သောသူတို့တွင် ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အဘယ်သူမျှငါ့ နောက်သို့ လုံးလုံးမ လိုက်သောကြောင့် ၊ အသက် နှစ်ဆယ် လွန် သောသူ တစုံတယောက်မျှ မ မြင် ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရား နောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆို တော်မူ၏။
And Jehovah's anger was kindled the same time, and he swore, saying,
If the men that came up out of Egypt, from twenty years old and upward, shall see the land that I swore to Abraham, to Isaac, and to Jacob! for they have not wholly followed me;
save Caleb the son of Jephunneh the Kenizzite, and Joshua the son of Nun; for they have wholly followed Jehovah.
13 ၁၃ ထိုသို့ ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှု ကို ပြု သောလူအပေါင်း တို့သည် မ ပျက်စီး မှီတိုင်အောင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို အမျက် ထွက် ၍ အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် စေ တော်မူ၏။
And Jehovah's anger was kindled against Israel, and he made them wander in the wilderness forty years, until the whole generation was consumed that had done evil in the eyes of Jehovah.
14 ၁၄ ယခုမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာ အမျက် တော်ထွက်စေမည် အကြောင်း၊ သာ၍ ဆိုး သောသူတည်းဟူသောသင်တို့သည် သင် တို့အဘ များကိုယ်စား ပေါ်ထ ကြပြီတကား။
And behold, ye are risen up in your fathers' stead, a progeny of sinful men, to augment yet the fierce anger of Jehovah toward Israel.
15 ၁၅ သင်တို့သည် နောက် တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင် ၊ တဖန် ဣသရေလအမျိုးသားတို့ကို တော ၌ စွန့်ပစ် တော်မူသဖြင့် ၊ သင်တို့သည် ဤ လူမျိုး အပေါင်း ကို ဖျက်ဆီး ကြလိမ့်မည်ဟု ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား တို့ အား ပြန်ပြော ၏။
If ye turn away from after him, he will yet again leave them in the wilderness; and ye shall destroy all this people.
16 ၁၆ ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ် ၍၊ ကျွန်တော်တို့သည် ကျွန်တော် တို့ တိရစ္ဆာန် များအဘို့ ဤ အရပ်၌ သိုး ခြံတို့ကို၎င်း ၊ ကျွန်တော် တို့ သူငယ် များ အဘို့ မြို့ တို့ကို၎င်းတည် ပါမည်။
And they drew near to him, and said, We will build sheepfolds here for our cattle, and cities for our little ones;
17 ၁၇ သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူ တို့ နေရာ အရပ်သို့ မ ပို့ မဆောင်မှီတိုင်အောင်၊ ကျွန်တော်တို့သည် လက်နက် ကိုင်လျက် သူတို့ရှေ့မှာ သွား ပါမည်။ ဤပြည် ၌ ကျန်ကြွင်း သေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ် များသည် ခိုင်ခံ့ သောမြို့ ၌ နေ ရပါမည်။
but we ourselves will go with diligence armed before the children of Israel, until we have brought them to their place; and our little ones shall dwell in the strong cities because of the inhabitants of the land.
18 ၁၈ ဣသရေလ အမျိုးသား အပေါင်းတို့သည် အမွေ ခံရသောမြေကို မ ဝင်စား မှီတိုင်အောင်ကျွန်တော်တို့သည် ကိုယ် အိမ် သို့ မ ပြန် မလာပါ။
We will not return to our houses, until the children of Israel have inherited each one his inheritance.
19 ၁၉ ကျွန်တော်တို့သည် ယော်ဒန် မြစ်တဘက် ၌ သူ တို့ နှင့်အတူ အမွေ ကို မ တောင်းမခံပါ။ ကျွန်တော် တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
For we will not inherit with them on yonder side the Jordan, and further, because our inheritance is fallen to us on this side the Jordan eastward.
20 ၂၀ မောရှေ ကလည်း ၊ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား ရှေ့ တော်၌ လက်နက် ကိုင်လျက် စစ်တိုက် သွား လျှင် ၎င်း၊
And Moses said to them, If ye do this thing, if ye arm yourselves before Jehovah for war,
21 ၂၁ ထာဝရဘုရားသည် ရန်သူ တို့ကို ရှေ့ တော်မှ နှင်ထုတ် ၍ ထိုပြည် ကို အောင် တော်မ မူမှီတိုင်အောင်၊
and all of you that are armed go over the Jordan before Jehovah, until he have dispossessed his enemies from before him,
22 ၂၂ သင် တို့ရှိသမျှ သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယော်ဒန် မြစ်တဘက်သို့ ကူး သွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရား ရှေ့၊ ဣသရေလ အမျိုးသားရှေ့၌အပြစ် ကင်းလွတ်လျက်၊ ဤ ပြည် သို့ ပြန်လာ ၍ ထာဝရဘုရား အခွင့်နှင့် အမွေ ခံရ ကြမည်။
and the land is subdued before Jehovah, and afterwards ye return, ye shall be guiltless toward Jehovah and toward Israel, and this land shall be your possession before Jehovah.
23 ၂၃ ထိုသို့မ ပြု လျှင် မူကား ၊ သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား ခြင်းရှိသည်အတိုင်း ၊ ထိုအပြစ် သည် သင် တို့ကို လိုက် ၍ မှီလိမ့်မည်။
But if ye do not do so, behold, ye have sinned against Jehovah, and be sure your sin will find you out.
24 ၂၄ သူငယ် များအဘို့ မြို့ တို့ကို၎င်း ၊ သိုး များအဘို့ သိုးခြံ တို့ကို၎င်း၊ တည် လုပ်ကြလော့။ ယခုပြော သမျှ အတိုင်း ပြု ကြလော့ဟုဆိုလျှင်၊
Build yourselves cities for your little ones, and folds for your flocks, and do that which has gone out of your mouth.
25 ၂၅ ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုး တို့က၊ ကိုယ်တော် ကျွန် တို့သည် သခင် မိန့် တော်မူသည်အတိုင်း ပြု ပါမည်။
And the children of Gad and the children of Reuben spoke to Moses, saying, Thy servants will do as my lord commands.
26 ၂၆ ကျွန်တော် တို့ မယား သားသူငယ် များနှင့် သိုး နွား အလုံးစုံ တို့သည် ဤ အရပ်၊ ဂိလဒ် မြို့ တို့၌ နေရစ် ရပါမည်။
Our little ones, our wives, our cattle, and all our beasts shall be there in the cities of Gilead;
27 ၂၇ ကိုယ်တော် ကျွန် အပေါင်းတို့မူကား ၊ သခင် မိန့် တော်မူသည်အတိုင်း ၊ လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ စစ်တိုက် ခြင်းငှါကူး သွားပါမည်ဟု လျှောက်ထား ကြ၏။
but thy servants will pass over, every one armed for war, before Jehovah to battle, as my lord says.
28 ၂၈ ထိုအမှုကြောင့်၊ မောရှေ သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီး များတို့ကို ခေါ် ၍ ၊
So concerning them Moses commanded Eleazar the priest, and Joshua the son of Nun, and the chief fathers of the tribes of the children of Israel.
29 ၂၉ ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့သည် စစ်တိုက်ခြင်းငှါအသီးအသီးလက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ သင် တို့နှင့်အတူ ယော်ဒန် မြစ်တဘက် သို့ ကူး သွား၍၊ သင်တို့သည် ထိုပြည် ကို အောင် ပြီးလျှင် ၊ ထိုအမျိုးသား တို့အား ဂိလဒ် ပြည် ကို အပိုင် ပေး ရကြမည်။
And Moses said unto them, If the children of Gad and the children of Reuben pass with you over the Jordan, every one armed for battle, before Jehovah, and the land be subdued before you, then ye shall give them the land of Gilead for a possession;
30 ၃၀ သို့မဟုတ် သူတို့သည်လက်နက် ကိုင်လျက် သင် တို့နှင့်အတူ မ ကူး မသွားလျှင် ၊ ခါနာန် ပြည် ၌ သင် တို့တွင် ကိုယ်ပိုင်ရာမြေကို ခံယူ ရကြမည်ဟု မှာထား လေ၏။
but if they do not pass over with you armed, they shall have possessions among you in the land of Canaan.
31 ၃၁ ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် တို့အား မိန့် တော်မူသည် အတိုင်း ၊ ကျွန်တော်တို့သည် ပြု ကြပါမည်။
And the children of Gad and the children of Reuben answered, saying, As Jehovah has said to thy servants, so will we do.
32 ၃၂ ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ခံရပါမည်အကြောင်း၊ ကျွန်တော် တို့သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ခါနာန် ပြည် သို့ ကူး သွားပါမည် ဟု ပြန်လျှောက် ကြ၏။
We will pass over armed before Jehovah into the land of Canaan, and the possession of our inheritance on this side the Jordan shall be ours.
33 ၃၃ ထိုအခါ မောရှေ သည် အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ ဆိုင်သမျှ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ ဆိုင်သမျှသောနယ်မြေ မြို့ ရွာတို့ကို ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား ၊ ယောသပ် ၏သား မနာရှေမှ ဆင်းသက်သော မနာရှေ အမျိုးသား တဝက် ၌ အပ် ပေးလေ၏။
And Moses gave to them, to the children of Gad, and to the children of Reuben, and to half the tribe of Manasseh the son of Joseph, the kingdom of Sihon king of the Amorites, and the kingdom of Og the king of Bashan, the land, according to its cities and territories, the cities of the land round about.
34 ၃၄ ဂဒ် အမျိုးသား တို့သည် ဒိဗုန် ၊ အတရုတ် ၊ အာရော် ၊
And the children of Gad built Dibon, and Ataroth, and Aroer,
35 ၃၅ အာတရုတ် ၊ ရှောဖန်၊ ယာဇာ ၊ ယုမ္ဘေဟ ၊
and Atroth-Shophan, and Jaazer, and Jogbebah,
36 ၃၆ ဗက်နိမရာ ၊ ဗေသာရန် မြို့ များကို၎င်း ၊ သိုး ခြံများ ကို၎င်းတည် လုပ်ကြ၏။
and Beth-Nimrah, and Beth-haran, strong cities, and sheepfolds.
37 ၃၇ ရုဗင် အမျိုးသား တို့သည် ဟေရှဘုန် ၊ ဧလာလေ ၊ ကိရယသိမ် ၊
— And the children of Reuben built Heshbon, and Elaleh, and Kirjathaim,
38 ၃၈ နေဗော ၊ ဗာလမောန ၊ ရှိဗမ မြို့ များကို အသစ် သောအမည် ဖြင့် သမုတ် ၍ တည် ကြ၏။
and Nebo, and Baal-meon (of which the names were changed), and Sibmah; and they gave other names to the cities that they built.
39 ၃၉ မနာရှေ မှ ဆင်းသက်သော မာခိရ အမျိုးသား တို့သည်၊ ဂိလဒ် မြို့သို့ သွား ၍ သိမ်းယူ ပြီးလျှင် ၊ အရင် မြို့သား အာမောရိ လူတို့ကို နှင်ထုတ် ကြ၏။
— And the children of Machir the son of Manasseh went to Gilead, and took it, and they dispossessed the Amorites that were therein.
40 ၄၀ မောရှေ သည် ဂိလဒ် မြို့ကို မနာရှေ ၏သား မာခိရ အမျိုးသားတို့အား ပေး ၍ သူတို့သည် နေ ကြ၏။
And Moses gave Gilead to Machir the son of Manasseh; and he dwelt therein.
41 ၄၁ မနာရှေ အမျိုးသား ယာဣရ သည်လည်း သွား ၍ ဂိလဒ်ရွာ များကို သိမ်းယူ ပြီးမှ ၊ ဟာဝုတ် ယာဣရ အမည် ဖြင့် သမုတ် လေ၏။
And Jair the son of Manasseh went and took their hamlets, and called them Havoth-Jair.
42 ၄၂ နောဗာ သည်လည်း သွား ၍ ကေနတ် မြို့ ရွာတို့ကို သိမ်းယူ ပြီးမှ ၊ မိမိ အမည် ဖြင့် နောဗာ မြို့ဟု သမုတ် လေ၏။
And Nobah went and took Kenath, and its dependent villages, and called it Nobah, after his name.