< တောလည်ရာ 31 >
1 ၁ တဖန် ထာဝရဘုရား က၊ မိဒျန် အမျိုးသားတို့ သည် ဣသရေလ အမျိုးသား တို့ကို ပြစ်မှား သောအပြစ် အလျောက်ဣသရေလအမျိုးသားဘက်၌ နေ၍ တရား စီရင်လော့။
And the Lord spoke to Moses, saying:
2 ၂ သို့ပြီးမှ သင်သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်ဟု မောရှေ အား မိန့် တော်မူ၏။
“First, avenge the sons of Israel from the Midianites, and then you shall be gathered to your people.”
3 ၃ မောရှေ သည်လည်း လူ များတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက် ကို ကိုင်လျက်၊ မိဒျန် အမျိုးသားတို့သို့ စစ် ချီ ၍ ထာဝရဘုရား ဘက်၌ တရား စီရင်စေ။
And immediately Moses said: “Arm the men among you for a battle, so that they may be able to fulfill the retribution of the Lord on the Midianites.
4 ၄ ဣသရေလ အမျိုးအနွယ် တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင် စီရွေး၍ စစ်ချီ စေဟု စီရင်သည် အတိုင်း၊
Let one thousand men be chosen from each tribe of Israel, who shall be sent to war.”
5 ၅ ဣသရေလ အမျိုးသားအထောင် အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက် လက်နက် ပါသောသူ တထောင် စီ၊ လူပေါင်း တသောင်း နှစ်ထောင်ကို အပ် ၍၊
And they gave one thousand from each tribe, that is, twelve thousand foot soldiers for battle.
6 ၆ မောရှေ သည်ထိုသူ တို့ကို၎င်း၊ သန့်ရှင်း သော လက်နက် နှင့်တကွ ၊ မှုတ် ရာတံပိုး တို့ကို ကိုင် သော ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကို၎င်းစစ် ချီ စေ၏။
And Moses sent them with Phinehas, the son of Eleazar the priest; also, he delivered to him the holy vessels, and the trumpets to sound.
7 ၇ မောရှေ အား ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ ထိုသူတို့သည် မိဒျန် အမျိုးသားတို့ကို တိုက် ၍ လူယောက်ျား အပေါင်း တို့ကိုသတ် ကြ၏။
And when they had fought against the Midianites and had prevailed, they killed all the men.
8 ၈ အသေ သတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တည်းဟူသောမိဒျန် မင်းကြီး ငါး ပါးပါကြ၏။ ဗောရ သား ဗာလမ် ကိုလည်း ထား နှင့် သတ် ကြ၏။
And they put to death by the sword their kings: Evi, and Rekem, and Zur, and Hur, and Reba, the five leaders of the nation, and also Balaam the son of Beor.
9 ၉ ဣသရေလ အမျိုးသား တို့သည်၊ မိဒျန် မိန်းမ များ၊ သူငယ် များတို့ကို လက်ရ သိမ်းယူ၍ ၊ သိုး ၊ ဆိတ်၊ နွား အစရှိသော ဥစ္စာ အလုံးစုံ တို့ကို လုယူ ကြ၏။
And they seized their women and little ones, and all their cattle, and all their goods; whatever they were able to have, they despoiled.
10 ၁၀ မိဒျန်အမျိုးသားတို့ နေသောမြို့ ရွာရှိသမျှ တို့ကို မီး ရှို့ ကြ၏။
Both their cities and their villages, as well as their fortresses, they burned.
11 ၁၁ ဘမ်းရသောလူ ၊ တိရစ္ဆာန် နှင့်တကွ၊ လက်ရ ဥစ္စာ အလုံးစုံ တို့ကို သိမ်း သွား၍ ၊
And they carried away prey from everything that they had seized, both of men and of beasts.
12 ၁၂ မောဘ လွင်ပြင် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက်၌ တပ်ချ လျက်နေသောမောရှေ ၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ ဣသရေလ အမျိုးသား ပရိသတ် တို့ထံသို့ ဆောင် ခဲ့ကြ၏။
And they led these to Moses and Eleazar the priest, and to all the multitude of the sons of Israel. But the remainder of the articles they carried to the camp on the plains of Moab, next to the Jordan, opposite Jericho.
13 ၁၃ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ မှစ၍ ပရိသတ် တို့၌ မင်း အပေါင်း တို့သည် ကြိုဆို ခြင်းငှာ တပ် ပြင် သို့ ထွက်သွား ကြ၏။
Then Moses, and Eleazar the priest, and all the leaders of the assembly went out to meet them beyond the camp.
14 ၁၄ မောရှေ သည် စစ်တိုက် ရာမှ ပြန်လာ သောတပ်မှူး များ၊ ဗိုလ် မင်း များတို့ကို အမျက် ထွက်၍၊
And Moses, being angry with the leaders of the army, and the tribunes, and the centurions, who had arrived from the battle,
15 ၁၅ သင်တို့သည် မိန်းမ အပေါင်း တို့ကို အဘယ်ကြောင့်အသက်ရှင် စေကြသနည်း။
said: “Why have you spared the females?
16 ၁၆ ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။
Are not these the ones who deceived the sons of Israel at the suggestion of Balaam, and who caused you betray the Lord by the sin of Peor, because of which the people also were struck down?
17 ၁၇ ထိုကြောင့် ၊ သူငယ် ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့် ဆက်ဆံ ဘူးသော မိန်းမ အပေါင်း ကို၎င်း၊ သတ် ကြလော့။
Therefore, put to death all of them: whatever is of the male sex, even among the little ones, and cut the throats of those women who have known men by sexual relations.
18 ၁၈ ယောက်ျား နှင့် မ ဆက်ဆံ ဘူးသော မိန်းမငယ် အပေါင်း တို့ကို၊ မိမိ တို့အဘို့ အသက် ချမ်းသာပေးကြလော့။
But the young girls, and all female virgins, reserve for yourselves.
19 ၁၉ သင် တို့သည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေ ရကြမည်။ လူကို သတ် သောသူ၊ အသေကောင် ကို ထိ သောသူ အပေါင်း တို့ ကိုယ်ကို၎င်း၊ သိမ်းယူ သောသူတို့ ကို၎င်း၊ တတိယ နေ့ ၊ သတ္တမ နေ့ ၌ စင်ကြယ် စေ ကြလော့။
And remain beyond the camp for seven days. Whoever has killed a man, or who has touched one that was killed, shall be purified on the third day and on the seventh day.
20 ၂၀ သင်တို့အဝတ် နှင့် သားရေ တန်ဆာ ရှိသမျှ ၊ ဆိတ်မွေး ဖြင့် ရက်သောအရာ ၊ သစ်သား ဖြင့် လုပ်သောအရာ ရှိသမျှ တို့ ကို စင်ကြယ် စေကြလော့ဟု မှာထား လေ၏။
And all of the spoils, whether it is a garment, or a vessel, or another useful thing, made from the pelts or hair of goats, or from wood, shall be expiated.”
21 ၂၁ ယဇ်ပုရောဟိတ် ဧလာဇာ သည်လည်း ၊ စစ်တိုက် သွား သော စစ်သူရဲ တို့ကိုခေါ်၍၊ မောရှေ ၌ ထာဝရဘုရား ထား တော်မူသော ပညတ် တရား ဟူမူကား၊
Likewise, Eleazar the priest spoke in this manner to the men of the army who had fought: “This is the precept of the law, which the Lord has commanded Moses:
22 ၂၂ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကြေးဖြူ ၊ ခဲ အစရှိသော၊
Gold, and silver, and brass, and iron, and lead, and tin,
23 ၂၃ မီး ကိုခံနိုင် သော အရာ ရှိသမျှ တို့ကို မီး အလယ် ၌ သွား စေ သဖြင့် စင်ကြယ် စေရမည်။ သို့ရာတွင် စင်ကြယ် စေသောရေ ဖြင့် လည်း စင်ကြယ် စေရမည်။ မီး မ ခံနိုင် သော အရာရှိသမျှ တို့ ကို ရေ အလယ် ၌ သွား စေရမည်။
and all that may be able to pass through fire, shall be purified by fire. But whatever is not able to sustain fire shall be sanctified with the waters of expiation.
24 ၂၄ သတ္တမ နေ့ ၌ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ စင်ကြယ် ခြင်းရှိ၍ ၊ တပ် ထဲသို့ ဝင် ရကြမည်ဟု မှာထား လေ၏။
And you shall wash your garments on the seventh day, and, after having been purified, you shall enter the camp.”
25 ၂၅ ထာဝရဘုရား ကလည်း ၊ သင် နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊
And the Lord also said to Moses:
26 ၂၆ ပရိသတ် အဆွေအမျိုး သူကြီး တို့သည်၊ ယခု လက်ရ သိမ်းယူ ခဲ့သော ဥစ္စာ၊ လူ ၊ တိရစ္ဆာန် အပေါင်းတို့ကို ယူ ၍ ၊
“Take the sum of those things which were captured, from man even to beast, you and Eleazar the priest, and the leaders of the common people.
27 ၂၇ ထက်ဝက် ခွဲပြီးလျှင်တဝက်ကို စစ်မှုထမ်း ၍ အတိုက် သွားသောသူတို့ အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်း တို့အား၎င်း ပေးဝေလော့။
And you shall divide the prey equally, among those who went out to war and fought, and among the remainder of the multitude.
28 ၂၈ စစ်တိုက် သွား သော စစ်သူရဲ တို့သည်၊ ထာဝရဘုရား အား ပေး ရသောအခွန် ကို ခွဲ ၍ လူ ၊ နွား ၊ မြည်း ၊ သိုး အကောင်ငါး ရာ တွင် တ ကောင်ကို ကောက်ယူပြီးလျှင်၊
And you shall separate a portion for the Lord from the portion of those who fought and were in the battle: one soul out of five hundred, as much from humans, as from oxen and donkeys and sheep.
29 ၂၉ သူ တို့ခံရသောထက်ဝက် အဘို့ထဲက နှုတ်၍၊ ထာဝရဘုရား ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာယဇ်ပုရောဟိတ် ဧလာဇာ အား ပေး ရမည်။
And you shall give it to Eleazar the priest, because these are the first-fruits of the Lord.
30 ၃၀ ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ထဲက လည်း လူ ၊ နွား ၊ မြည်း ၊ သိုး အစရှိသော တိရစ္ဆာန် မျိုး အကောင်ငါးဆယ် တို့တွင် တ ကောင်ကို ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ရမည်ဟု၊
Likewise, from the half of the portion belonging to the sons of Israel, you shall receive the fiftieth head of humans, and of oxen, and donkeys, and sheep, and of all living things, and you shall give these to the Levites who stand watch over the care of the tabernacle of the Lord.”
31 ၃၁ မောရှေ အား ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့ သည် ပြု လေ၏။
And Moses and Eleazar did just as the Lord had instructed.
32 ၃၂ စစ်သူရဲ တို့သည် လက်ရ သိမ်းယူ ခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား၊ သိုး ခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊
Now the prey which the army had seized was six hundred seventy-five thousand sheep,
33 ၃၃ နွား ခုနစ်သောင်း နှစ်ထောင်၊
seventy-two thousand oxen,
34 ၃၄ မြည်း ခြောက်သောင်း တထောင်၊
sixty-one thousand donkeys,
35 ၃၅ ယောက်ျား နှင့် မ ဆက်ဆံ ဘူးသောမိန်းမ သုံးသောင်း ခုနစ်ထောင်ရှိသတည်း။
and thirty-two thousand human lives, of the female sex, who had not known men.
36 ၃၆ စစ်တိုက် သွား သောသူတို့ ခံရသောထက်ဝက် အဘို့ ကား၊ သိုး သုံးသိန်း သုံးသောင်း ခုနစ်ထောင် ငါးရာ ရှိသည်ဖြစ်၍၊
And one half of the portion was given to those who had been in the battle: three hundred thirty-seven thousand five hundred sheep.
37 ၃၇ ထာဝရဘုရား ခံရသောအခွန် ကား၊ သိုး ခြောက်ရာ ခုနစ်ဆယ်ငါးကောင်တည်း။
From these, for the portion of the Lord, there were accounted: six hundred seventy-five sheep;
38 ၃၈ နွား သုံးသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ နွားခုနစ်ဆယ် ခုနစ် ကောင်တည်း။
and from the thirty-six thousand oxen, seventy-two oxen;
39 ၃၉ မြည်း သုံးသောင်း ငါးရာရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ မြည်းခြောက်ဆယ် တ ကောင်တည်း။
from the thirty thousand five hundred donkeys, sixty-one donkeys.
40 ၄၀ လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ လူ သုံးဆယ် နှစ် ယောက်တည်း။
From the sixteen thousand human souls, there fell to the portion of the Lord thirty-two souls.
41 ၄၁ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာအခွန် ကို ယဇ်ပုရောဟိတ် ဧလာဇာ အား အပ် ပေးလေ၏။
And Moses delivered the number of the first-fruits of the Lord to Eleazar the priest, just as had been commanded of him,
42 ၄၂ တဖန် စစ်တိုက် သောသူတို့လက်မှ မောရှေ ယူ ၍၊ ဣသရေလ အမျိုးသား၊
from the one half portion belonging to the sons of Israel, which he had separated from the portion of those who had been in the battle.
43 ၄၃ ပရိသတ် တို့ခံရသောထက်ဝက် အဘို့ကား၊ သိုး သုံးသိန်း သုံးသောင်းခုနစ်ထောင်ငါးရာ၊
Yet truly, from the one half portion which fell to the remainder of the multitude, that is, from the three hundred thirty-seven thousand five hundred sheep,
44 ၄၄ နွား သုံးသောင်း ခြောက်ထောင်၊
and from the thirty-six thousand oxen,
45 ၄၅ မြည်း သုံးသောင်း ငါးရာ၊
and from the thirty thousand five hundred donkeys,
46 ၄၆ လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍ ၊
and from the sixteen thousand persons,
47 ၄၇ ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ လူ ၊ တိရစ္ဆာန် အကောင်ငါးဆယ် တို့တွင် တ ကောင်ကို မောရှေ ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ၏။ ထိုသို့ ထာဝရဘုရား မှာထား တော်မူ၏။
Moses took the fiftieth head, and gave it to the Levites who stand watch at the tabernacle of the Lord, just as the Lord had instructed.
48 ၄၈ လူတရာ ၊ တထောင် ကိုအုပ်သော တပ်မှူး များ၊ ဗိုလ် များတို့သည်လည်း ၊ မောရှေ ထံသို့ ချဉ်းကပ် ၍ ၊
And when the leaders of the army, and the tribunes, and the centurions had approached Moses, they said:
49 ၄၉ ကိုယ်တော် ကျွန် တို့သည် အုပ်သောစစ်သူရဲ တို့ ကို စာရင်း ယူပြန်၍၊ လူတယောက်မျှ မ လျော့ ပါ။
“We, your servants, have taken a census of the number of the fighting men, whom we had under our hand, and indeed not one was lacking.
50 ၅၀ ထိုကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသက် အဘိုးကို ဖြေ ဘို့ ရာ လူ အသီးအသီးရ သော ရွှေ တန်ဆာ ၊ လည်ဆွဲ ၊ လက်ကောက် ၊ လက်စွပ် ၊ နားတောင်း ၊ နှာခေါင်းဆွဲ ဘူးတို့ကို ထာဝရဘုရား အား ပူဇော် လျက် ဆောင် ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
For this reason, we offer as gifts to the Lord whatever gold each one was able to find amid the spoils, in anklets and arm bands, rings and bracelets, and little chains, so that you may intercede for us to the Lord.”
51 ၅၁ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ ထိုရွှေ တည်းဟူသောလုပ် ပြီးသောတန်ဆာ ရှိသမျှ တို့ကိုခံယူ ကြ၏။
And Moses and Eleazar the priest received all the gold in its various kinds,
52 ၅၂ ထိုသို့ စစ်သူရဲ အသီးအသီး တို့သည် မိမိ တို့အဘို့ သိမ်းယူ ၍၊
weighing sixteen thousand seven hundred fifty shekels, from the tribunes and the centurions.
53 ၅၃ တပ်မှူး များ၊ ဗိုလ် များတို့သည် ထာဝရဘုရား အား ပူဇော် သော ရွှေ ချိန်ပေါင်း ကား၊ တရာ ခြောက်ဆယ်ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။
For whatever each one had taken away in the spoils was his own.
54 ၅၄ တပ်မှူး များ၊ ဗိုလ်များ ပူဇော်သောရွှေ ကို မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်ယူ ၍၊ ဣသရေလ အမျိုးသား တို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေး ရာတဲ တော်၌ သွင်းထား ကြ၏။
And having been accepted, they took it into the tabernacle of the testimony, as a memorial of the sons of Israel before the Lord.