< တောလည်ရာ 30 >

1 တဖန် ထာဝရဘုရား မိန့် တော်မူသော စကား ကို မောရှေ သည်၊ ဣသရေလ အမျိုးသား တို့တွင် အမျိုးအနွယ် တို့၌ မင်း ဖြစ်သောသူတို့အား ဆင့်ဆို သည်ကား၊
တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
2 လူ ယောက်ျားသည် ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ ပြောသောစကား ကို မ ဖျက် ဘဲ၊ မိမိ နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။
လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကို ပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
3 မိန်းမ သည် အဘ အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း၊
မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊
4 ထိုသစ္စာ စကား၊ ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို အဘ သည် ကြား လျက် တိတ်ဆိတ် စွာ နေလျှင် ထိုသစ္စာ စကားရှိသမျှ တို့နှင့် ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားဟူသမျှ တို့သည် တည် ရကြမည်။
ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။
5 သို့မဟုတ် အဘ သည် ကြား သောနေ့ ၌ မြစ်တား လျှင်၊ ထိုသစ္စာ စကားမည်မျှ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား မည်မျှမ တည် ရ။ အဘ မြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ် တော်မူမည်။
သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား မည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
6 မိန်းမသည် လင် ရှိ လျက်၊ သစ္စာဂတိ ပြု၍ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းငှာနှုတ် မြွက် သောအခါ၊
မိန်းမသည် လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ၊
7 လင် သည် ကြား လျှင် ၎င်း၊ ကြား သောနေ့ ၌ တိတ်ဆိတ် စွာနေလျှင်၎င်း၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား တည် ရမည်။
လင်သည် ကြားလျှင်၎င်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်၎င်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
8 သို့မဟုတ် လင် သည် ကြား သောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။
သို့မဟုတ် လင်သည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
9 လင် သေသောမိန်းမ၊ လင်နှင့်ကွာ သော မိန်းမသည် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော သစ္စာ ဂတိ အလုံးစုံ တို့သည် တည် ရကြမည်။
လင်သေသောမိန်းမ၊ လင်နှင့်ကွာသော မိန်းမ သည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည်။
10 ၁၀ လင် အိမ် ၌ ရှိစဉ်အခါ၊ သစ္စာ ဂတိပြုသော်၎င်း ၊ ကျိန်ဆို ခြင်းအားဖြင့် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
၁၀လင်အိမ်၌ ရှိစဉ်အခါ၊ သစ္စာဂတိပြုသော်၎င်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
11 ၁၁ လင် သည် ကြား သော်လည်း မ မြစ်တား တိတ်ဆိတ် စွာနေလျှင် ၊ ထိုသစ္စာ ဂတိရှိသမျှ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းရှိသမျှ တို့သည် တည် ရကြမည်။
၁၁လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။
12 ၁၂ သို့မဟုတ် လင် သည် ကြား သောနေ့ ၌ ရှင်းရှင်းပယ် ဘူးလျှင် ၊ သစ္စာ ဂတိနှင့်၎င်း ၊ စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းနှင့်၎င်း ဆိုင်သော စကား မည်မျှမ တည် ရ။ လင် သည် ပယ် သောကြောင့် ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။
၁၂သို့မဟုတ် လင်သည် ကြားသောနေ့၌ ရှင်းရှင်း ပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည် နှောင်ခြင်းနှင့်၎င်း ဆိုင်သော စကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
13 ၁၃ ခပ်သိမ်း သောသစ္စာ ဂတိ၊ ခြိုးခြံ စွာကျင့် ခြင်းနှင့် ဆိုင်သမျှ သောအချည်အနှောင် ကျိန်ဆို ခြင်းတို့ကို၊ လင် သည် တည် စေပိုင်သောအခွင့်၊ ပယ် ပိုင်သော အခွင့်ရှိ၏။
၁၃ခပ်သိမ်းသောသစ္စာဂတိ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။
14 ၁၄ လင် သည် တနေ့ ထက်တနေ့တိတ်ဆိတ် စွာနေ လျှင် ၊ မယား ပြုသောသစ္စာ ဂတိရှိသမျှ တို့နှင့် မယား ၌ ချည်နှောင် ခြင်း ရှိသမျှ တို့ကို တည် စေ၏။ ကြား သောနေ့ ၌ တိတ်ဆိတ် စွာ နေသောကြောင့် တည် စေပြီ။
၁၄လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ။
15 ၁၅ ထိုစကားကို ကြား သောနေ့နောက်မှ ၊ လင်သည် ပယ် အံ့သောငှါပြုလျှင် ၊ မယား အပြစ် ကို ကိုယ်တိုင်ခံရ မည်။
၁၅ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည်။
16 ၁၆ ဤရွေ့ကား ၊ မယား နှင့်လင် စပ်ကြား ၌၎င်း၊ အဘ အိမ် မှာ အသက် နုငယ်သောသမီး နှင့် အဘ စပ်ကြား ၌၎င်း၊ မောရှေ အားဖြင့်ထာဝရဘုရား ထား တော်မူသော ပညတ် တရားဖြစ်သတည်း။
၁၆ဤရွေ့ကား၊ မယားနှင့်လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။

< တောလည်ရာ 30 >