< တောလည်ရာ 3 >
1 ၁ ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ မောရှ အား ဗျာဒိတ် ပေးတော်မူသောအခါ၊ အာရုန် နှင့် မောရှေ အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များကို မှတ်သားသည်တွင်၊
And these [are] the generations of Aaron and Moses, in the day in which the Lord spoke to Moses in mount Sina.
2 ၂ အာရုန် ၏သား ဟူမူကား၊ သားဦး နာဒပ် ၊ ညီအဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
And these [are] the names of the sons of Aaron; Nadab the firstborn; and Abiud, Eleazar and Ithamar.
3 ၃ ဤ သူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး ၍ အရာ၌ခန့်ထားသော အာရုန် ၏ သား ဖြစ်ကြသတည်း။
These [are] the names of the sons of Aaron, the anointed priests whom they consecrated to the priesthood.
4 ၄ နာဒပ် နှင့် အဘိဟု သည်၊ သိနာ တော တွင် ထာဝရဘုရား ရှေ့ တော်၌၊ ထူးခြား သောမီး ကို ပူဇော် သောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌ သေ ကြ၏။ သူတို့၌ သား မ ရှိ သည်ဖြစ်၍၊ ဧလာဇာ နှင့် ဣသမာ သည်၊ အဘ အာရုန် ရှေ့ မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ကြ၏။
And Nadab and Abiud died before the Lord, when they offered strange fire before the Lord, in the wilderness of Sina; and they had no children; and Eleazar and Ithamar ministered in the priests' office with Aaron their father.
5 ၅ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
And the Lord spoke to Moses, saying,
6 ၆ သင်သည် လေဝိ အမျိုးသား တို့ကို ခေါ် ခဲ့၍ ယဇ်ပုရောဟိတ် အာရုန် အမှု ကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာ ချလော့။
Take the tribe of Levi, and you shall set them before Aaron the priest, and they shall minister to him,
7 ၇ သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ် အပေါင်း တို့ ဆောင် ရသောအမှု တည်းဟူသောတဲ တော်အမှု ကို ဆောင်ရွက် ရကြမည်။
and shall keep his charges, and the charges of the children of Israel, before the tabernacle of witness, to do the works of the tabernacle.
8 ၈ သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော် တန်ဆာ ရှိသမျှ တို့ကို ကြည့်ရှု ပြုစု၍ ၊ ဣသရေလ အမျိုးသား ဆောင်ရသောတဲ တော်အမှု ကို ဆောင် ရကြမည်။
And they shall keep all the furniture of the tabernacle of witness, and the charges of the children of Israel as to all the works of the tabernacle.
9 ၉ လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့၌ အပ် ရမည်။ ဣသရေလ အမျိုး ထဲက သူ တို့ကိုရွေး၍ ငါ့အား အပိုင်ပေး ရမည်။
And you shall give the Levites to Aaron, and to his sons the priests; they are given for a gift to me of the children of Israel.
10 ၁၀ အာရုန် နှင့် သူ ၏သား တို့ကိုလည်း ခန့်ထား ၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့် ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
And you shall appoint Aaron and his sons over the tabernacle of witness; and they shall keep their charge of priesthood, and all things belonging to the altar, and within the veil; and the stranger that touches them shall die.
11 ၁၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
And the Lord spoke to Moses, saying,
12 ၁၂ ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက်၊ လေဝိ သားတို့ကို ငါ ရွေး ယူသောကြောင့်၊ လေဝိ သားတို့သည် အထူးသဖြင့်ငါ ၏လူဖြစ် ရကြမည်။
Behold, I have taken the Levites from the midst of the children of Israel, instead of every male that opens the womb from among the children of Israel: they shall be their ransom, and the Levites shall be mine.
13 ၁၃ အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
For every firstborn [is] mine; in the day in which I struck every firstborn in the land of Egypt, I sanctified to myself every firstborn in Israel: both of man and beast, they shall be mine: I [am] the Lord.
14 ၁၄ တဖန် ထာဝရဘုရား သည်၊ သိနာ တော ၌ မောရှေ အား မိန့် တော်မူသည်ကား၊
And the Lord spoke to Moses in the wilderness of Sina, saying,
15 ၁၅ လေဝိ သား တို့တွင် အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် လော့ဟု၊
Take the number of the sons of Levi, according to the houses of their families, according to their divisions; number you them every male from a month old and upwards.
16 ၁၆ မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို ရေတွက် လေ၏။
And Moses and Aaron numbered them by the word of the Lord, as the Lord commanded them.
17 ၁၇ လေဝိ သား တို့၏ နာမည် ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိ တည်း။
And these were the sons of Levi by their names; Gedson, Caath, and Merari.
18 ၁၈ မိမိ အဆွေအမျိုး အလိုက် ဂေရရှုန် သား တို့၏ အမည် ကား၊ လိဗနိ နှင့် ရှိမိ တည်း။
And these [are] the names of the sons of Gedson according to their families; Lobeni and Semei:
19 ၁၉ မိမိ အဆွေအမျိုး အလိုက် ကောဟတ် သား တို့၏ နာမည်ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။
and the sons of Caath according to their families; Amram and Issaar, Chebron and Oziel:
20 ၂၀ မိမိ အဆွေအမျိုး အလိုက် မေရာရိ သား တို့၏ နာမည်ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူ တို့သည်၊ မိမိ ဘိုးဘ အမျိုး အလိုက် ရေတွက်သော လေဝိ အမျိုးအနွယ် ဖြစ်ကြ၏။
and the sons of Merari according to their families, Mooli and Musi; these are the families of the Levites according to the houses of their families.
21 ၂၁ ဂေရရှုန် မှဆင်းသက်လာသောလိဗနိ အဆွေအမျိုး ၊ ရှိမိ အဆွေအမျိုး တို့သည်၊ ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
To Gedson belongs the family of Lobeni, and the family of Semei: these are the families of Gedson.
22 ၂၂ ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခုနစ် ထောင် ငါး ရာ ရှိသတည်း။
The numbering of them according to the number of every male from a month old and upwards, their numbering [was] seven thousand and five hundred.
23 ၂၃ ဂေရရှုန် အဆွေအမျိုး တို့သည်၊ တဲ တော်အနောက် မျက်နှာ၌ နေရာ ချရမည်။
And the sons of Gedson shall encamp westward behind the tabernacle.
24 ၂၄ ဂေရရှုန် အဆွေအမျိုး သူကြီး ကား၊ လေလ သား ဧလျာသပ် တည်း။
And the ruler of the household of the family of Gedson [was] Elisaph the son of Dael.
25 ၂၅ ဂေရရှုန် သား တို့ အငန်းအတာ ဟူမူကား၊ ပရိသတ်စည်းဝေး ရာ တဲ တော်၊ အပေါ်တဲ ၊ အပေါ်တဲ အဖုံး ၊ ပရိသတ်စည်းဝေး ရာတဲ တော်တံခါးဝ ၌ ကာသော ကုလားကာ ၊
And the charge of the sons of Gedson in the tabernacle of witness [was] the tent and the veil, and the covering of the door of the tabernacle of witness,
26 ၂၆ တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုး များ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
and the curtains of the court, and the veil of the door of the court, which is by the tabernacle, and the remainder of all its works.
27 ၂၇ ကောဟတ် မှဆင်းသက်သော အာမရံ အဆွေအမျိုး ၊ ဣဇဟာ အဆွေအမျိုး ၊ ဟေဗြုန် အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ် အမျိုးအနွယ် ဖြစ်ကြ၏။
To Caath [belonged] one division, that of Amram, and another division, that of Issaar, and another division, that of Chebron, and another division, that of Oziel: these are the divisions of Caath, according to number.
28 ၂၈ တဲ တော်ကို စောင့် သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ရှစ် သောင်း ခြောက် ရာ ရှိသတည်း။
Every male from a month old and upward, eight thousand and six hundred, keeping the charges of the holy things.
29 ၂၉ ကောဟတ် အဆွေအမျိုး တို့သည်၊ တဲ တော် တောင် မျက်နှာ၌ နေရာ ချရမည်။
The families of the sons of Caath, shall encamp beside the tabernacle toward the south.
30 ၃၀ ကောဟတ် အဆွေအမျိုး သူကြီး ကား၊ ဩဇေလ သား ဧလိဇာဖန် တည်း။
And the chief of the house of the families of the divisions of Caath, [was] Elisaphan the son of Oziel.
31 ၃၁ သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။
And their charge [was] the ark, and the table, and the candlestick, and the altars, and all the vessels of the sanctuary wherewith they do holy service, and the veil, and all their works.
32 ၃၂ ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ သည်၊ လေဝိ အဆွေအမျိုးသူကြီး တို့ကို အုပ်၍၊ တဲ တော်စောင့် သောသူတို့ ကို ကြည့်ရှု စီရင်ရမည်။
And the chief over the chief of the Levites, [was] Eleazar the son of Aaron the priest, appointed to keep the charges of the holy things.
33 ၃၃ မေရာရိ မှ ဆင်းသက်သော မဟာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး တို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
To Merari [belonged] the family of Mooli, and the family of Musi: these are the families of Merari.
34 ၃၄ ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခြောက် ထောင် ခုနစ် ရာရှိသတည်း။
The mustering of them according to number, every male from a month old and upwards, [was] six thousand and fifty.
35 ၃၅ မေရာရိ အဆွေအမျိုး သူကြီး ကား၊ အဘိဟဲလ သား ဇုရေလ တည်း။ ဤသူတို့သည် တဲ တော်မြောက် မျက်နှာ၌ နေရာ ချရမည်။
And the head of the house of the families of the division of Merari, was Suriel the son of Abichail: they shall encamp by the side of the tabernacle northwards.
36 ၃၆ မေရာရိ သား တို့ အငန်းအတာ ဟူမူကား၊ တဲ တော်ပျဉ်ပြား များ၊ ကန့်လန့်ကျင် များ၊ တိုင် များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာ များ အစရှိသည်တို့ကို၎င်း၊ ဝင်း တိုင် များ၊
The oversight of the charge of the sons of Merari [included] the chapiters of the tabernacle, and its bars, and its pillars, and its sockets, and all their furniture, and their works,
37 ၃၇ ခြေစွပ် များ၊ တံသင် များ၊ ကြိုး များတို့ကို၎င်းကြည့်ရှု ပြုစုရကြမည်။
and the pillars of the court round about, and their bases, and their pins, and their cords.
38 ၃၈ မောရှေ နှင့် အာရုန် မှစ၍၊အာရုန် ၏ သား တို့ သည်၊ ဣသရေလ အမျိုးသား တို့အဘို့ ၊ သန့်ရှင်း ရာဌာန တော်ကို စောင့် လျက်၊ ပရိသတ်စည်းဝေး ရာတဲ တော် အရှေ့ မျက်နှာ၌ နေရာ ချရမည်။ သူတို့အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင် အသေ သတ်ခြင်းကိုခံရမည်။
They that encamp before the tabernacle of witness on the east [shall be] Moses and Aaron and his sons, keeping the charges of the sanctuary according to the charges of the children of Israel; and the stranger that touches them, shall die.
39 ၃၉ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍၊ အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်ရှိသတည်း။
All the numbering of the Levites, whom Moses and Aaron numbered by the word of the Lord, according to their families, every male from a month old and upwards, [were] two and twenty thousand.
40 ၄၀ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင်၊ အသက် တလ ကျော် ရှိသောသားဦး ယောက်ျား အပေါင်း တို့ကို ရေတွက် ၍ စာရင်း ယူလော့။
And the Lord spoke to Moses, saying, Count every firstborn male of the children of Israel from a month old and upwards, and take the number by name.
41 ၄၁ ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသား တို့၌ တိရစ္ဆာန် သားဦး အပေါင်း တို့အတွက် လေဝိ သား တို့၌ ရှိသောတိရစ္ဆာန် များကို၎င်း၊ ငါ့ အဘို့ ယူ လော့။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု၊
And you shall take the Levites for me—I [am] the Lord—instead of all the firstborn of the sons of Israel, and the cattle of the Levites instead of all the firstborn among the cattle of the children of Israel.
42 ၄၂ မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ဣသရေလ အမျိုး သားဦး အပေါင်း တို့ကို ရေတွက် ၍ ၊
And Moses counted, as the Lord commanded him, every firstborn among the children of Israel.
43 ၄၃ အသက်တလ ကျော် ရှိသောသားဦး ယောက်ျား နာမည် ပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ် သုံး ယောက် ရှိ သတည်း။
And all the male firstborn in number by name, from a month old and upwards, were according to their numbering twenty-two thousand and two hundred and seventy-three.
44 ၄၄ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
And the Lord spoke to Moses, saying,
45 ၄၅ ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိ သားတို့၌ရှိသောတိရစ္ဆာန် များကို၎င်းယူ လော့။ လေဝိ သားတို့သည် ငါ ၏ လူဖြစ် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Take the Levites instead of all the firstborn of the sons of Israel, and the cattle of the Levites instead of their cattle, and the Levites shall be mine; I [am] the Lord.
46 ၄၆ လေဝိ သားတို့ထက် ပို သော ဣသရေလ အမျိုး သားဦး နှစ်ရာ ခုနစ်ဆယ် သုံး ယောက်တို့ကို ရွေး ရမည်အမှု မှာ၊
And for the ransoms of the two hundred and seventy-three which exceed the Levites in number of the firstborn of the sons of Israel;
47 ၄၇ အကျပ် တော်အလိုက် လူတကိုယ်လျှင် ငါး ကျပ် စီ ခံယူ ရမည်။ အကျပ် ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
you shall even take five shekels a head; you shall take them according to the holy didrachm, twenty oboli to the shekel.
48 ၄၈ ပို သောသူတို့ပေးရသောအရွေး ငွေကို၊ အာရုန် နှင့် သူ ၏သား တို့အား ပေး ရမည်ဟု မိန့် တော်မူသည် အတိုင်း ၊
And you shall give the money to Aaron and to his sons, the ransom of those who exceed in number among them.
49 ၄၉ လေဝိ သားတို့နှင့် ဣသရေလ အမျိုး သားဦး တို့ကိုရွေး ၍၊ ပို သေးသော သားဦးတို့၏ အရွေး ငွေ ကို၊
And Moses took the silver, the ransom of those that exceeded in number the redemption of the Levites.
50 ၅၀ မောရှေ သည် အကျပ် တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံး ပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊
He took the silver from the firstborn of the sons of Israel, a thousand three hundred and sixty-five shekels, according to the holy shekel.
51 ၅၁ ထာဝရဘုရား မှာထား တော်မူသောစကား တော်အတိုင်း ၊ ထိုအရွေး ငွေ ကို အာရုန် နှင့် သူ ၏သား တို့အား ပေး လေ၏။
And Moses gave the ransom of them that were over to Aaron and his sons, by the word of the Lord, as the Lord commanded Moses.