< တောလည်ရာ 29 >

1 သတ္တမ လ ၊ ပဌမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ တံပိုးမှုတ် ခြင်းကို ပြုရသောနေ့ ဖြစ် ၏။
“‘Katika siku ya kwanza ya mwezi wa saba mtakuwa na kusanyiko takatifu na msifanye kazi ya kawaida. Ni siku kwa ajili yenu ya kupiga tarumbeta.
2 ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
Mtatayarisha sadaka ya kuteketezwa kama harufu nzuri impendezayo Bwana ya fahali mmoja mchanga, kondoo dume mmoja, na wana-kondoo saba wa mwaka mmoja, wote wasio na dosari.
3 နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
Pamoja na fahali, andaeni sadaka ya nafaka sehemu ya kumi tatu za efa za unga laini uliochanganywa na mafuta; kwa kondoo dume, andaa unga sehemu ya kumi mbili za efa;
4 သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
na pamoja na wana-kondoo saba kila mmoja aandaliwe na sehemu ya kumi ya efa ya unga.
5 အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
Ongeza beberu mmoja kama sadaka ya dhambi kufanya upatanisho kwa ajili yenu.
6 ထိုသို့ ထုံးစံ ရှိသည့်အတိုင်း ၊ လဆန်း နေ့မီးရှို့ ရာ ယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ နေ့ တိုင်းပြုသောမီးရှို့ ရာယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။
Hivi ni nyongeza ya sadaka za kuteketezwa kila mwezi na kila siku pamoja na sadaka zake za nafaka na sadaka za vinywaji kama ilivyoainishwa. Ni sadaka zinazotolewa kwa Bwana kwa moto, harufu inayopendeza.
7 ၎င်း လ ၊ ဒသမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ၍ ခြိုးခြံ စွာကျင့် ရမည်။ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။
“‘Kwenye siku ya kumi ya mwezi huu wa saba mtakuwa na kusanyiko takatifu. Mtajikana wenyewe na msifanye kazi.
8 ထိုနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
Toeni sadaka ya kuteketezwa ya fahali mmoja mchanga, kondoo dume mmoja, na wana-kondoo saba wa mwaka mmoja, wote wasio na dosari, kama harufu nzuri inayompendeza Bwana.
9 နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင်နှစ် ဩမဲ၊
Pamoja na fahali, andaeni sadaka ya nafaka sehemu ya kumi tatu za efa za unga laini uliochanganywa na mafuta; pamoja na kondoo dume, sehemu ya kumi mbili za efa za unga laini;
10 ၁၀ သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
na kwa kila mmoja wa wana-kondoo saba andaa sehemu ya kumi ya unga laini kwa kila mmoja.
11 ၁၁ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ် ဖြေခြင်းငှါအပြစ် ဖြေရာယဇ်၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်၊ သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။
Ongeza beberu mmoja kama sadaka ya dhambi, katika nyongeza ya sadaka ya dhambi kwa ajili ya upatanisho, na sadaka ya kawaida ya kuteketezwa pamoja na sadaka yake ya nafaka, na sadaka zake za vinywaji.
12 ၁၂ ၎င်း လ တဆယ် ငါး ရက် နေ့၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ဘဲ ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ပွဲ ခံရ မည်။
“‘Katika siku ya kumi na tano ya mwezi wa saba, mtakuwa na kusanyiko takatifu, na hamtafanya kazi za kawaida. Adhimisheni sikukuu kwa Bwana kwa siku saba.
13 ၁၃ ပဌမနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောမီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး ဆယ် သုံး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်တို့ကို ပူဇော် ရမည်။
Toeni sadaka ya kuteketezwa mafahali wachanga kumi na watatu, kondoo dume wawili, na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari, kama harufu nzuri inayompendeza Bwana.
14 ၁၄ နွား ဆယ် သုံး ကောင်စေ့အောင်၊ တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲစီ၊ သိုး နှစ် ကောင်စေ့ အောင်၊ တ ကောင်လျှင် နှစ် ဩမဲစီ၊
Pamoja na hao mafahali kumi na watatu, kila mmoja aandaliwe na sadaka ya nafaka sehemu ya kumi tatu za efa za unga laini uliochanganywa na mafuta; kwa kondoo dume wawili, kila mmoja aandaliwe sehemu ya kumi mbili za efa za unga laini;
15 ၁၅ သိုးသငယ် ဆယ် လေး ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရ မည်။
na kwa wana-kondoo kumi na wanne, kila mmoja aandaliwe sehemu ya kumi ya efa ya unga laini.
16 ၁၆ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပူဇော်ရမည်။
Ongeza beberu mmoja kama sadaka ya dhambi, kwa nyongeza ya sadaka ya kawaida ya kuteketezwa, na sadaka yake ya nafaka, pamoja na sadaka ya vinywaji.
17 ၁၇ ဒုတိယ နေ့ ၌ ၊ အသက်ပျို သော နွားထီး ဆယ် နှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
“‘Katika siku ya pili andaeni mafahali wachanga kumi na wawili, kondoo dume wawili, na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari.
18 ၁၈ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na mafahali, kondoo dume, na wana-kondoo, andaeni sadaka zao za nafaka na sadaka za vinywaji, kulingana na idadi iliyoainishwa.
19 ၁၉ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
Weka beberu mmoja kama sadaka ya dhambi, kwa nyongeza ya kawaida ya sadaka ya kuteketezwa, na sadaka yake ya nafaka, pamoja na sadaka zao za vinywaji.
20 ၂၀ တတိယ နေ့ ၌ ၊ နွားထီး ဆယ် တ ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
“‘Katika siku ya tatu andaeni mafahali wachanga kumi na wawili, kondoo dume wawili, na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari.
21 ၂၁ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na mafahali, kondoo dume, na wana-kondoo, andaeni sadaka zao za nafaka na sadaka za vinywaji, kulingana na idadi iliyoainishwa.
22 ၂၂ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
Weka beberu mmoja kama sadaka ya dhambi, kwa nyongeza ya kawaida ya sadaka ya kuteketezwa, na sadaka yake ya nafaka, pamoja na sadaka zao za vinywaji.
23 ၂၃ စတုတ္ထ နေ့ ၌ နွားထီး ဆယ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
“‘Katika siku ya nne andaeni mafahali wachanga kumi na wawili, kondoo dume wawili, na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari.
24 ၂၄ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na mafahali, kondoo dume, na wana-kondoo, andaeni sadaka zao za nafaka na sadaka za vinywaji, kulingana na idadi iliyoainishwa.
25 ၂၅ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
Weka beberu mmoja kama sadaka ya dhambi, kwa nyongeza ya kawaida ya sadaka ya kuteketezwa, na sadaka yake ya nafaka, pamoja na sadaka zao za vinywaji.
26 ၂၆ ပဉ္စမ နေ့ ၌ နွားထီး ကိုး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
“‘Katika siku ya tano andaeni mafahali tisa, kondoo dume wawili na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari.
27 ၂၇ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na mafahali, kondoo dume na wana-kondoo, andaeni sadaka zao za nafaka na sadaka za kinywaji kulingana na idadi iliyoainishwa.
28 ၂၈ အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
Ongeza beberu mmoja kama sadaka ya dhambi katika nyongeza ya sadaka ya kawaida ya kuteketezwa na sadaka yake ya nafaka pamoja na sadaka ya kinywaji.
29 ၂၉ ဆဌမ နေ့ ၌ ၊ နွားထီး ရှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
“‘Katika siku ya sita andaeni mafahali wachanga kumi na wawili, kondoo dume wawili, na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari.
30 ၃၀ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na mafahali, kondoo dume, na wana-kondoo, andaeni sadaka zao za nafaka na sadaka za vinywaji, kulingana na idadi iliyoainishwa.
31 ၃၁ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
Weka beberu mmoja kama sadaka ya dhambi, kwa nyongeza ya kawaida ya sadaka ya kuteketezwa, na sadaka yake ya nafaka, pamoja na sadaka zao za vinywaji.
32 ၃၂ သတ္တမ နေ့ ၌ နွားထီး ခုနစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
“‘Katika siku ya saba andaeni mafahali wachanga kumi na wawili, kondoo dume wawili, na wana-kondoo kumi na wanne wa mwaka mmoja, wote wasio na dosari.
33 ၃၃ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na mafahali, kondoo dume, na wana-kondoo, andaeni sadaka zao za nafaka na sadaka za vinywaji, kulingana na idadi iliyoainishwa.
34 ၃၄ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
Weka beberu mmoja kama sadaka ya dhambi, kwa nyongeza ya kawaida ya sadaka ya kuteketezwa, na sadaka yake ya nafaka, pamoja na sadaka zao za vinywaji.
35 ၃၅ အဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကိုပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
“‘Katika siku ya nane mtakuwa na kusanyiko, na msifanye kazi ya kawaida.
36 ၃၆ ထိုနေ့၌ ထာဝရဘုရား ဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသော မီးရှို့ ရာယဇ်ဘို့ နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်ကို၎င်း၊
Toeni sadaka ya kuteketezwa kama harufu nzuri inayompendeza Bwana, sadaka ya kuteketezwa ya fahali mmoja, kondoo dume mmoja, na wana-kondoo dume saba wa mwaka mmoja, wote wasio na dosari.
37 ၃၇ သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
Pamoja na fahali, kondoo dume na wana-kondoo, andaeni sadaka zao za nafaka, na sadaka za vinywaji, kulingana na idadi iliyoainishwa.
38 ၃၈ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော် ရမည်။
Ongeza beberu mmoja kama sadaka ya dhambi, katika nyongeza ya sadaka ya kawaida ya kuteketezwa, na sadaka yake ya nafaka pamoja na sadaka ya kinywaji.
39 ၃၉ ထိုသို့ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ မီးရှို့ ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက် သော ပွဲတို့၌ ထာဝရဘုရား အား ထပ်၍ပူဇော် ရမည်ဟု မိန့်တော်မူ၏။
“‘Zaidi ya kile unachoweka nadhiri na sadaka zenu za hiari, andaeni hizi kwa ajili ya Bwana kwenye sikukuu zenu zilizoamriwa: sadaka zenu za kuteketezwa, sadaka za nafaka, sadaka za vinywaji, pamoja na sadaka zenu za amani.’”
40 ၄၀ ထိုသို့ မောရှေ သည်၊ မိမိအား ထာဝရဘုရား မှာထား တော်မူသမျှ တို့ကို၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို လေ၏။
Mose akawaambia Waisraeli yale yote Bwana alimwagiza.

< တောလည်ရာ 29 >