< တောလည်ရာ 28 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
And Yhwh spake unto Moses, saying,
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ငါ ၏ပူဇော် သက္ကာကို၎င်း၊ ငါ့ အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှာမီး ဖြင့်ပြုသောငါ ၏ အစာ အာဟာရကို၎င်း၊ အချိန်တန် မှ ငါ့ အား ပူဇော် ခြင်းငှာ သတိပြု ရကြမည်။
Command the children of Israel, and say unto them, My offering, and my bread for my sacrifices made by fire, for a sweet savour unto me, shall ye observe to offer unto me in their due season.
3 တဖန် ဆင့်ဆို ရမည်မှာ၊ နေ့ တိုင်းအစဉ်အမြဲ မီးရှို့ ရာယဇ်ဘို့၊ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို ထာဝရဘုရား အား မီး ဖြင့်ပူဇော် ရမည်။
And thou shalt say unto them, This is the offering made by fire which ye shall offer unto Yhwh; two lambs of the first year without spot day by day, for a continual burnt offering.
4 နံနက်ယံ ၌ သိုးသငယ် တ ကောင်၊ ညဦးယံ ၌ တ ကောင်ကို ပူဇော် ရမည်။
The one lamb shalt thou offer in the morning, and the other lamb shalt thou offer at even;
5 သံလွင်သီးကို ထောင်း ၍ရသောသံလွင်ဆီ သုံး လောဃနှင့် ရော သော မုန့်ညက် တဩမဲကို လည်း ပူဇော်ရမည်။
And a tenth part of an ephah of flour for a grain offering, mingled with the fourth part of an hin of beaten oil.
6 ဤရွေ့ကား၊ သိနာ တောင် ပေါ်မှာ စီရင် တော်မူ သည်အတိုင်း၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲ ပြု ရသောမီးရှို့ ရာယဇ်ဖြစ်သတည်း။
It is a continual burnt offering, which was ordained in mount Sinai for a sweet savour, a sacrifice made by fire unto Yhwh.
7 သိုးသငယ် တ ကောင်နှင့်အတူ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည် သုံး လောဃကို ပူဇော်၍၊ သန့်ရှင်း ရာဌာန၌ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရား အား သွန်းလောင်း ရမည်။
And the drink offering thereof shall be the fourth part of an hin for the one lamb: in the holy place shalt thou cause the strong wine to be poured unto Yhwh for a drink offering.
8 အခြား သော သိုးသငယ် ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍ မီး ဖြင့်ပူဇော်သော ယဇ်ကို ပြု ရမည်။
And the other lamb shalt thou offer at even: as the grain offering of the morning, and as the drink offering thereof, thou shalt offer it, a sacrifice made by fire, of a sweet savour unto Yhwh.
9 နေ့ တိုင်း အစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ဥပုသ် နေ့ ရက်၌ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီ ရော သောမုန့်ညက် နှစ် ဩမဲကို၎င်း ပူဇော်ရမည်။
And on the sabbath day two lambs of the first year without spot, and two tenth deals of flour for a grain offering, mingled with oil, and the drink offering thereof:
10 ၁၀
This is the burnt offering of every sabbath, beside the continual burnt offering, and his drink offering.
11 ၁၁ လဆန်း တရက်နေ့၌ ၊ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ် ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
And in the beginnings of your months ye shall offer a burnt offering unto Yhwh; two young bullocks, and one ram, seven lambs of the first year without spot;
12 ၁၂ နွား တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် နှစ် ဩမဲ၊
And three tenth deals of flour for a grain offering, mingled with oil, for one bullock; and two tenth deals of flour for a grain offering, mingled with oil, for one ram;
13 ၁၃ သိုးသငယ် တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် တ ဩမဲစီတည်းဟူသောဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရား အား မီး ဖြင့်ပူဇော်၍ မီးရှို့ ရာ ယဇ်ကို ပြုရမည်။
And a several tenth deal of flour mingled with oil for a grain offering unto one lamb; for a burnt offering of a sweet savour, a sacrifice made by fire unto Yhwh.
14 ၁၄ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည်ခြောက် လောဃ၊ သိုး တကောင်နှင့် လေး လောဃ၊ သိုးသငယ် တကောင်နှင့် သုံး လောဃ ကို ပူဇော်ရမည်။ ထိုသို့ လ တိုင်း အစဉ်မပြတ်မီးရှို့ ရာ ယဇ်ကို ပူဇော်ရမည်။
And their drink offerings shall be half an hin of wine unto a bullock, and the third part of an hin unto a ram, and a fourth part of an hin unto a lamb: this is the burnt offering of every month throughout the months of the year.
15 ၁၅ နေ့ တိုင်းအစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ အပြစ် ဖြေရာ ယဇ်ဘို့ ထာဝရဘုရား အား ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော် ရမည်။
And one kid of the goats for a sin offering unto Yhwh shall be offered, beside the continual burnt offering, and his drink offering.
16 ၁၆ ပဌမ လ တဆယ် လေး ရက် နေ့၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
And in the fourteenth day of the first month is the passover of Yhwh.
17 ၁၇ ၎င်း လ တဆယ် ငါး ရက် နေ့၌ ပွဲ ကိုခံရမည်။ ခုနစ် ရက် ပတ်လုံးတဆေးမဲ့ မုန့်ကို စား ရကြမည်။
And in the fifteenth day of this month is the feast: seven days shall unleavened bread be eaten.
18 ၁၈ ပဌမ နေ့ ၌ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
In the first day shall be an holy convocation; ye shall do no manner of servile work therein:
19 ၁၉ ထာဝရဘုရား အား မီး ဖြင့်ပြုသောယဇ်တည်းဟူသောအသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
But ye shall offer a sacrifice made by fire for a burnt offering unto Yhwh; two young bullocks, and one ram, and seven lambs of the first year: they shall be unto you without blemish:
20 ၂၀ နွား တကောင်လျှင် ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
And their grain offering shall be of flour mingled with oil: three tenth deals shall ye offer for a bullock, and two tenth deals for a ram;
21 ၂၁ သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြု ရမည်။
A several tenth deal shalt thou offer for every lamb, throughout the seven lambs:
22 ၂၂ အပြစ် ဖြေခြင်းကို ပြုအံ့သောငှာ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် တ ကောင်ကိုလည်း ပူဇော်ရမည်။
And one goat for a sin offering, to make an atonement for you.
23 ၂၃ နေ့ ရက်အစဉ် နံနက် တိုင်းပူဇော်သော မီးရှို့ ရာ ယဇ်မှတပါး ၊ ထို ယဇ်များကို ထပ်၍ပူဇော် ရမည်။
Ye shall offer these beside the burnt offering in the morning, which is for a continual burnt offering.
24 ၂၄ ထိုသို့ အစဉ်အမြဲ ပူဇော် သောမီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာအစာ အာဟာရကို ပူဇော် ရမည်။
After this manner ye shall offer daily, throughout the seven days, the grain offering of the sacrifice made by fire, of a sweet savour unto Yhwh: it shall be offered beside the continual burnt offering, and his drink offering.
25 ၂၅ သတ္တမ နေ့ ၌ လည်း ၊ ဓမ္မ စည်းဝေးခြင်းကို ပြု ရ မည်။ လောကီ အလုပ်ကို မ လုပ် ရ။
And on the seventh day ye shall have an holy convocation; ye shall do no servile work.
26 ၂၆ ထိုမှတပါး ၊ သိတင်း ခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ် ကို ထာဝရဘုရား ထံ တော် သို့ ဆောင် ခဲ့သောနေ့၊ အဦး သီးသောအသီး နေ့ ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
Also in the day of the firstfruits, when ye bring a new grain offering unto Yhwh, after your weeks be out, ye shall have an holy convocation; ye shall do no servile work:
27 ၂၇ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
But ye shall offer the burnt offering for a sweet savour unto Yhwh; two young bullocks, one ram, seven lambs of the first year;
28 ၂၈ နွား တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင် နှစ် ဩမဲ၊
And their grain offering of flour mingled with oil, three tenth deals unto one bullock, two tenth deals unto one ram,
29 ၂၉ သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
A several tenth deal unto one lamb, throughout the seven lambs;
30 ၃၀ အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
And one kid of the goats, to make an atonement for you.
31 ၃၁ ထိုသို့ အစဉ်အမြဲ ပူဇော်သော မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ ၊ အပြစ် မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော် ရမည်။
Ye shall offer them beside the continual burnt offering, and his grain offering, ( they shall be unto you without blemish ) and their drink offerings.

< တောလည်ရာ 28 >