< တောလည်ရာ 27 >
1 ၁ ထိုအခါ ယောသပ် ၏သား ၊ မနာရှေ အဆွေအမျိုး ၌ပါလျက်၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရ တို့မှ ဆင်းသက်သော ဇလောဖဒ် ၏သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တို့သည်လာ ၍၊
၁ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
2 ၂ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ မင်း များ၊ ပရိသတ် များအပေါင်း တို့ ရှေ့မှာ ရပ် လျက်၊
၂ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက်၊
3 ၃ အကျွန်ုပ် တို့၏အဘ သည် တော ၌ သေ ပါ၏။ ထာဝရဘုရား တဘက် ၌ စုဝေး သော အပေါင်းအသင်း ၊ ကောရ ၏အပေါင်းအသင်း ၌ မ ပါ။ မိမိ အပြစ် ကြောင့် သေ ပါ၏။ သူ ၌ သား ယောက်ျား မ ရှိ ပါ။
၃အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။
4 ၄ ထိုသို့ သား ယောက်ျားမ ရှိ သောကြောင့် ၊ အကျွန်ုပ် တို့အဘ ၏ အမည် သည် အကျွန်ုပ်တို့အဆွေအမျိုး ၌ ပျောက် ရပါမည်လော။ အကျွန်ုပ် တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ ၊ အကျွန်ုပ် တို့အား အမွေပေး ပါဟု လျှောက် ကြ၏။
၄ထိုသို့ သားယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။
5 ၅ သူ တို့အမှု ကို မောရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ထား လေ၏။
၅သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။
6 ၆ ထာဝရဘုရား ကလည်း ၊ ဇလောဖဒ် သမီး တို့၏ စကားသည် လျောက်ပတ် ပေ၏။
၆ထာဝရဘုရားကလည်း၊ ဇလောဖဒ် သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။
7 ၇ အကယ်စင်စစ်သူ တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကို သူ တို့အား ပေး ရမည်။ သူ တို့အဘ ၏အမွေ ဥစ္စာသည် သူ တို့လက်သို့ ရောက် စေရ မည်။
၇အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။
8 ၈ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သား ယောက်ျားမ ရှိဘဲသေ လျှင် ၊ သူ ၏အမွေ ဥစ္စာကို သူ ၏သမီး လက်သို့ ရောက် စေရမည်။
၈သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
9 ၉ သမီး မ ရှိလျှင် ၊ သူ ၏ အမွေ ဥစ္စာကို သူ ၏ ညီအစ်ကို တို့အား ပေး ရမည်။
၉သမီးမရှိလျှင်၊ သူ၏ အမွေဥစ္စာကို သူ၏ ညီအစ်ကိုတို့အား ပေးရမည်။
10 ၁၀ ညီအစ်ကို မ ရှိလျှင် ၊ အမွေ ဥစ္စာကို ဘကြီး ဘထွေးတို့အား ပေး ရမည်။
၁၀ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည်။
11 ၁၁ ဘကြီး ဘထွေးမ ရှိလျှင် ၊ သူ ၏အဆွေအမျိုး ၌ နီးစပ် ရင်းခြာသော ပေါက်ဘော် အား ပေး ၍ ၊ ထိုသူသည် ပိုင် ရမည်။ ဤရွေ့ကား၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့၌ စီရင် ထုံးဖွဲ့ချက်ဖြစ် စေဟု မောရှေ အား မိန့် တော်မူ၏။
၁၁ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ၏။
12 ၁၂ တဖန် ထာဝရဘုရား က၊ သင်သည် ဤ အာဗရိမ် တောင် ပေါ်သို့ တက် လော့။ ဣသရေလ အမျိုးသား တို့ အား ငါပေး သောပြည် ကို ကြည့်ရှု လော့။
၁၂တဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
13 ၁၃ သို့ပြီးမှ ၊ သင် ၏အစ်ကို အာရုန် သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားသကဲ့သို့ ၊ သင် သည်လည်း သွား ရမည်။
၁၃သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။
14 ၁၄ အကြောင်းမူကား၊ ပရိသတ် တို့သည် ဇိန တော ၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ် ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကား ကို ဆန့်ကျင်ဘက် ပြု၍၊ သူ တို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသော အပြစ်ရှိသည် ဟု မောရှေ အား မိန့် တော်မူ၏။
၁၄အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
15 ၁၅ မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်း မ ရှိသော သိုး ကဲ့သို့ မ ဖြစ် မည် အကြောင်း ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ် ကို အစိုးရတော်မူသောဘုရားသခင် ထာဝရဘုရား သည်၊ ဤပရိသတ် တို့ရှေ့၌ ထွက် ဝင် နိုင်သောသူ ၊ ပြင် သို့ ထုတ် ခြင်း၊ အတွင်း သို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက် ကို သူ တို့အပေါ် မှာ ခန့်ထား တော်မူပါစေသောဟု ထာဝရဘုရား အား လျှောက် လေ၏။
၁၅မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။
18 ၁၈ ထာဝရဘုရား ကလည်း ၊ ဝိညာဉ် တော်ကိုရသော နုန် ၏သား ယောရှု ကိုခေါ် ၍ ၊ သင် ၏လက် ကို သူ့ အပေါ် မှာတင် လော့။
၁၈ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ် မှာတင်လော့။
19 ၁၉ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ သူ့ ကိုထား ၍ မှာ ခဲ့လော့။
၁၉ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
20 ၂၀ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ သူ၏ စကားကို နားထောင် မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ ကို သူ့ အပေါ် ၌ တင် ထားလော့။
၂၀ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။
21 ၂၁ ထိုသူသည်ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့မှာ ရပ် သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ဥရိမ် စီရင် ဆုံးဖြတ်သော တရားအတိုင်း၊ သူ့ အတွက် မေးမြန်း ရမည်။ သူ စီရင် သည်အတိုင်း ၊ သူ နှင့်အတူ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ထွက် ဝင် ရကြမည်ဟု ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း မောရှေ ပြု လျက်၊ ယောရှု ကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ ထား ပြီးလျှင် ၊
၂၁ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
23 ၂၃ သူ့ အပေါ် မှာလက် ကိုတင် ၍ မှာ ခဲ့လေ၏။ ထိုသို့ ထာဝရဘုရား သည်မောရှေ အားဖြင့် ပညတ် ထားတော်မူ၏။
၂၃သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။