< တောလည်ရာ 27 >

1 ထိုအခါ ယောသပ် ၏သား ၊ မနာရှေ အဆွေအမျိုး ၌ပါလျက်၊ မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖေရ တို့မှ ဆင်းသက်သော ဇလောဖဒ် ၏သမီး မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တို့သည်လာ ၍၊
Then to Moses came the daughters of Zelophehad son of Hepher son of Gilead son of Machir son of Manasseh, of the clans of Manasseh son of Joseph. These were the names of his daughters: Mahlah, Noah, Hoglah, Milkah, and Tirzah.
2 ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊ မင်း များ၊ ပရိသတ် များအပေါင်း တို့ ရှေ့မှာ ရပ် လျက်၊
They stood before Moses, Eleazar the priest, the leaders, and before all the community at the entrance to the tent of meeting. They said,
3 အကျွန်ုပ် တို့၏အဘ သည် တော ၌ သေ ပါ၏။ ထာဝရဘုရား တဘက် ၌ စုဝေး သော အပေါင်းအသင်း ၊ ကောရ ၏အပေါင်းအသင်း ၌ မ ပါ။ မိမိ အပြစ် ကြောင့် သေ ပါ၏။ သူ ၌ သား ယောက်ျား မ ရှိ ပါ။
“Our father died in the wilderness. He was not among those who conspired against Yahweh in the company of Korah. He died for his own sin, and he had no sons.
4 ထိုသို့ သား ယောက်ျားမ ရှိ သောကြောင့် ၊ အကျွန်ုပ် တို့အဘ ၏ အမည် သည် အကျွန်ုပ်တို့အဆွေအမျိုး ၌ ပျောက် ရပါမည်လော။ အကျွန်ုပ် တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ ၊ အကျွန်ုပ် တို့အား အမွေပေး ပါဟု လျှောက် ကြ၏။
Why should our father's name be taken away from among his clan members because he had no son? Give us land among our father's relatives.”
5 သူ တို့အမှု ကို မောရှေ သည် ထာဝရဘုရား ရှေ့ တော်၌ ထား လေ၏။
So Moses brought their case before Yahweh.
6 ထာဝရဘုရား ကလည်း ၊ ဇလောဖဒ် သမီး တို့၏ စကားသည် လျောက်ပတ် ပေ၏။
Yahweh spoke to Moses and said,
7 အကယ်စင်စစ်သူ တို့အဘ ၏ ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကို သူ တို့အား ပေး ရမည်။ သူ တို့အဘ ၏အမွေ ဥစ္စာသည် သူ တို့လက်သို့ ရောက် စေရ မည်။
“Zelophehad's daughters are speaking correctly. You must certainly give them land as an inheritance among their father's relatives, and you must ensure that their father's inheritance passes on to them.
8 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သား ယောက်ျားမ ရှိဘဲသေ လျှင် ၊ သူ ၏အမွေ ဥစ္စာကို သူ ၏သမီး လက်သို့ ရောက် စေရမည်။
You must speak to the people of Israel and say, 'If a man dies and has no son, then you must cause his inheritance to pass to his daughter.
9 သမီး မ ရှိလျှင် ၊ သူ ၏ အမွေ ဥစ္စာကို သူ ၏ ညီအစ်ကို တို့အား ပေး ရမည်။
If he has no daughter, then you must give his inheritance to his brothers.
10 ၁၀ ညီအစ်ကို မ ရှိလျှင် ၊ အမွေ ဥစ္စာကို ဘကြီး ဘထွေးတို့အား ပေး ရမည်။
If he has no brothers, then you must give his inheritance to his father's brothers.
11 ၁၁ ဘကြီး ဘထွေးမ ရှိလျှင် ၊ သူ ၏အဆွေအမျိုး ၌ နီးစပ် ရင်းခြာသော ပေါက်ဘော် အား ပေး ၍ ၊ ထိုသူသည် ပိုင် ရမည်။ ဤရွေ့ကား၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့၌ စီရင် ထုံးဖွဲ့ချက်ဖြစ် စေဟု မောရှေ အား မိန့် တော်မူ၏။
If his father has no brothers, then you must give his inheritance to his nearest relative in his clan, and he must take it for his own. This will be a law established by decree for the people of Israel, as Yahweh has commanded me.'”
12 ၁၂ တဖန် ထာဝရဘုရား က၊ သင်သည် ဤ အာဗရိမ် တောင် ပေါ်သို့ တက် လော့။ ဣသရေလ အမျိုးသား တို့ အား ငါပေး သောပြည် ကို ကြည့်ရှု လော့။
Yahweh said to Moses, “Go up the mountains of Abarim and look at the land that I have given to the people of Israel.
13 ၁၃ သို့ပြီးမှ ၊ သင် ၏အစ်ကို အာရုန် သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားသကဲ့သို့ ၊ သင် သည်လည်း သွား ရမည်။
After you have seen it, you, too, must be gathered to your people, like Aaron your brother.
14 ၁၄ အကြောင်းမူကား၊ ပရိသတ် တို့သည် ဇိန တော ၊ ကာဒေရှ အရပ်၊ မေရိဘ စမ်းရေ အနား၌ ရုန်းရင်းခတ် ပြု ကြသောအခါ ၊ သင်တို့သည် ငါ့စကား ကို ဆန့်ကျင်ဘက် ပြု၍၊ သူ တို့ရှေ့မှာ ငါ့ကို မရိုမသေ ပြုသော အပြစ်ရှိသည် ဟု မောရှေ အား မိန့် တော်မူ၏။
This will happen because you two rebelled against my command in the wilderness of Zin. There, when the water flowed from the rock, in your anger you failed to honor me as holy before the eyes of the whole community.” These are the waters of Meribah of Kadesh in the wilderness of Zin.
15 ၁၅ မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ပရိသတ် တို့သည် အထိန်း မ ရှိသော သိုး ကဲ့သို့ မ ဖြစ် မည် အကြောင်း ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ် ကို အစိုးရတော်မူသောဘုရားသခင် ထာဝရဘုရား သည်၊ ဤပရိသတ် တို့ရှေ့၌ ထွက် ဝင် နိုင်သောသူ ၊ ပြင် သို့ ထုတ် ခြင်း၊ အတွင်း သို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက် ကို သူ တို့အပေါ် မှာ ခန့်ထား တော်မူပါစေသောဟု ထာဝရဘုရား အား လျှောက် လေ၏။
Then Moses spoke to Yahweh and said,
16 ၁၆
“May you, Yahweh, the God of the spirits of all humanity, appoint a man over the community,
17 ၁၇
a man who may go out and come in before them and lead them out and bring them in, so that your community is not like sheep that have no shepherd.”
18 ၁၈ ထာဝရဘုရား ကလည်း ၊ ဝိညာဉ် တော်ကိုရသော နုန် ၏သား ယောရှု ကိုခေါ် ၍ ၊ သင် ၏လက် ကို သူ့ အပေါ် မှာတင် လော့။
Yahweh said to Moses, “Take Joshua son of Nun, a man in whom my Spirit lives, and lay your hand on him.
19 ၁၉ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ သူ့ ကိုထား ၍ မှာ ခဲ့လော့။
Place him before Eleazar the priest and before all the community, and command him before their eyes to lead them.
20 ၂၀ ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ သူ၏ စကားကို နားထောင် မည်အကြောင်း ၊ သင် ၏ ဘုန်း အသရေအချို့ ကို သူ့ အပေါ် ၌ တင် ထားလော့။
You must put some of your authority on him, so that all the community of the people of Israel may obey him.
21 ၂၁ ထိုသူသည်ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့မှာ ရပ် သောအခါ ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့ တော်၌ ဥရိမ် စီရင် ဆုံးဖြတ်သော တရားအတိုင်း၊ သူ့ အတွက် မေးမြန်း ရမည်။ သူ စီရင် သည်အတိုင်း ၊ သူ နှင့်အတူ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ထွက် ဝင် ရကြမည်ဟု ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း မောရှေ ပြု လျက်၊ ယောရှု ကိုခေါ် ၍ ယဇ်ပုရောဟိတ် ဧလာဇာ ရှေ့ ၊ ပရိသတ် အပေါင်း တို့ရှေ့၌ ထား ပြီးလျှင် ၊
He will go before Eleazar the priest to seek my will for him by the decisions of the Urim. It will be at his command that the people will go out and come in, both he and all the people of Israel with him, the whole community.”
22 ၂၂
So Moses did as Yahweh had commanded him. He took Joshua and placed him before Eleazar the priest and all the community.
23 ၂၃ သူ့ အပေါ် မှာလက် ကိုတင် ၍ မှာ ခဲ့လေ၏။ ထိုသို့ ထာဝရဘုရား သည်မောရှေ အားဖြင့် ပညတ် ထားတော်မူ၏။
He laid his hands on him and commanded him to lead, as Yahweh had commanded him to do.

< တောလည်ရာ 27 >