< တောလည်ရာ 26 >

1 ထိုဘေး ငြိမ်းသောနောက် ၊ ထာဝရဘုရား က၊
ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊-
2 အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် စာရင်းယူ ကြလော့ဟု မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့အား မိန့် တော်မူသည် အတိုင်း၊
အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း၊
3 သူတို့သည် မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌၊
သူတို့သည် မောဘ လွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌၊
4 အသက် နှစ်ဆယ် လွန် သောသူတို့ကို စာရင်းယူရ မည်အကြောင်းဆင့်ဆို ကြ၏။
အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ၏။
5 အဲဂုတ္တု ပြည် မှ ထွက်လာ သောဣသရေလ အမျိုးသား တို့တွင်၊ ဣသရေလ ၏ သားဦး ရုဗင် ၏သား ဟူမူကား ဟာနုတ် မှဆင်းသက်သော ဟောနောခိ အဆွေအမျိုး ၊ ဖါလု မှ ဆင်းသက်သော ဖာလွိ အဆွေအမျိုး၊
အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
6 ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ကာမိ မှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
7 ဤ သူတို့သည် ရုဗင် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း သုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။
ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း။
8 ဖာလု ၏သား ဧလျာဘ ၊ ဧလျာဘ ၏သား နေမွေလ ၊ ဒါသန် ၊ အဘိရံ တည်း။
ဖာလု၏သား ဧလျာဘ၊ ဧလျာဘ၏သား နေမွေလ၊ ဒါသန်၊ အဘိရံတည်း။
9 ဤ ဒါသန် ၊ အဘိရံ တို့သည် အခြားမဟုတ်၊ ကောရ အပေါင်းအသင်း သည် ထာဝရဘုရား နှင့် ဆန့်ကျင်ဘက် ပြုသောအခါ ၊ ပရိသတ် ၌ ကျော်စော ၍ မောရှေ နှင့် အာရုန် ကို ဆန့်ကျင်ဘက် ပြုသော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
10 ၁၀ မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် ၍ သူ တို့ကို၎င်း ၊ ကောရ ကို၎င်း မျို သဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။
၁၀မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
11 ၁၁ သို့ရာတွင် ကောရ ၏ သားသမီး တို့သည် သေ ဘေးနှင့် လွတ်ကြ၏။
၁၁သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
12 ၁၂ ဘိုးဘအဆွေအမျိုး အလိုက် ရှိမောင် ၏သား ဟူမူကား၊ ယေမွေလ မှ ဆင်းသက်သော ယေမွေလိ အဆွေအမျိုး ၊ ယာမိန် မှ ဆင်းသက်သော ယာမိနိ အဆွေအမျိုး ၊ ယာခိန် မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
၁၂ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူ ကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
13 ၁၃ ဇေရ မှ ဆင်းသက်သောဇေရဟိ အဆွေအမျိုး ၊ ရှောလ မှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
၁၃ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
14 ၁၄ ဤ သူတို့သည် ရှိမောင် အဆွေအမျိုး ဖြစ်၍လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။
၁၄ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
15 ၁၅ ဘိုးဘအဆွေအမျိုး အလိုက် ဂဒ် ၏သား ဟူမူကား၊ ဇေဖုန် မှ ဆင်းသက်သော ဇေဖေါနိ အဆွေအမျိုး ၊ ဟဂ္ဂိ မှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး ၊ ရှုနိ မှ ဆင်းသက်သော ရှုနိတ် အဆွေအမျိုး၊
၁၅ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူ ကား၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
16 ၁၆ ဩဇနိ မှ ဆင်းသက်သော ဩဇနိတ် အဆွေအမျိုး ၊ ဧရိ မှ ဆင်းသက်သော ဧရိတ် အဆွေအမျိုး၊
၁၆ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး၊
17 ၁၇ အာရုဒ် မှ ဆင်းသက်သော အာရောဒိ အဆွေအမျိုး ၊ အရေလိ မှ ဆင်းသက်သော အရေလိတ် အဆွေအမျိုး တည်း။
၁၇အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း။
18 ၁၈ ဤ သူတို့သည်ဂဒ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင် သော လူပေါင်းကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
၁၈ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင် သော လူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။
19 ၁၉ ယုဒ ၏သား ဟူမူကား၊ ခါနာန် ပြည် ၌ သေ သော ဧရ နှင့် ဩနန် အစရှိသော၊
၁၉ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသော ဧရနှင့် ဩနန် အစရှိသော၊
20 ၂၀ ဘိုးဘအဆွေအမျိုး အလိုက် ၊ ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုး ၊ ဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။
၂၀ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။
21 ၂၁ ဖါရဇ် ၏သား ၊ ဟေဇရုံ မှ ဆင်းသက်သော ဟေဇရောနိ အဆွေအမျိုး ၊ ဟာမုလ မှ ဆင်းသက်သော ဟာမုလိ အဆွေအမျိုး တည်း။
၂၁ဖါရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း။
22 ၂၂ ဤ သူတို့သည် ယုဒ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်း ခြောက်ထောင်ငါးရာရှိသတည်း။
၂၂ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း။
23 ၂၃ ဘိုးဘအဆွေအမျိုး အလိုက် ဣသခါ ၏သား ဟူမူကား၊ တောလ မှဆင်းသက်သော တောလိ အဆွေအမျိုး ၊ ဖုဝါ မှ ဆင်းသက်သော ဖုဝနိ အဆွေအမျိုး၊
၂၃ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏သား ဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊
24 ၂၄ ယာရှုပ် မှ ဆင်းသက်သော ယာရှုဘိ အဆွေအမျိုး ၊ ရှိမရုန် မှ ဆင်းသက်သော ရှိမရောနိ အဆွေအမျိုး တည်း။
၂၄ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း။
25 ၂၅ ဤ သူတို့သည် ဣသခါ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာရှိသတည်း။
၂၅ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း။
26 ၂၆ ဘိုးဘအဆွေအမျိုး အလိုက် ဇာဗုလုန် ၏သား ဟူမူကား၊ သရက် မှ ဆင်းသက်သော သရဒိ အဆွေအမျိုး ၊ ဧလုန် မှ ဆင်းသက်သော ဧလောနိ အဆွေအမျိုး ၊ ယာလေလ မှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
၂၆ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သား ဟူမူကား၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
27 ၂၇ ဤ သူတို့သည် ဇာဗုလုန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခြောက်သောင်း ငါးရာရှိသတည်း။
၂၇ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်းငါးရာ ရှိသတည်း။
28 ၂၈ ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သား မနာရှေ နှင့် ဧဖရိမ် တို့တွင်၊
၂၈ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
29 ၂၉ မနာရှေ ၏သား ဟူမူကား၊ မာခိရ မှ ဆင်းသက်သော မာခိရိ အဆွေအမျိုး၊
၂၉မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊
30 ၃၀ ယေဇေရ မှဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ဟေလက် မှ ဆင်းသက်သော ဟေလကိ အဆွေအမျိုး၊
၃၀ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
31 ၃၁ အသရေလ မှဆင်းသက်သော အာသရေလိ အဆွေအမျိုး ၊ ရှေခင် မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
၃၁အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
32 ၃၂ ရှမိဒ မှ ဆင်းသက်သော ရှမိဒိ အဆွေအမျိုး ၊ ဟေဖါ မှဆင်းသက်သော ဟေဖေရိ အဆွေအမျိုး တည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေအမျိုးတည်း။
၃၂ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။
33 ၃၃ ဟေဖါ ၏သား ဇလောဖဒ် ၌ကား၊ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ ဇလောဖဒ် ၏ သမီး တို့ အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။
၃၃ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
34 ၃၄ ဤ သူတို့သည် မနာရှေ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း နှစ်ထောင်ခုနစ်ရာရှိသတည်း။
၃၄ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း။
35 ၃၅ ဘိုးဘအဆွေအမျိုး အလိုက် ဧဖရိမ် ၏သား ဟူမူကား ၊ ရှုသလ မှ ဆင်းသက်သော ရှုသလိ အဆွေအမျိုး ၊ ဗေခါ မှ ဆင်းသက်သော ဗေခရိ အဆွေအမျိုး ၊ တာဟန် မှ ဆင်းသက်သော တာဟနိ အဆွေအမျိုး တည်း။
၃၅ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
36 ၃၆ ရှုသေလ ၏သား ဧရန် မှ ဆင်းသက်သော ဧရနိ အဆွေအမျိုး တည်း။
၃၆ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
37 ၃၇ ဤ သူတို့သည် ဧဖရိမ် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ သုံးသောင်း နှစ်ထောင်ငါးရာရှိသတည်း။ ဤ သူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ် ၏သားစဉ်မြေးဆက် ဖြစ်သတည်း။
၃၇ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။
38 ၃၈ ဘိုးဘအဆွေအမျိုး အလိုက် ဗင်္ယာမိန် ၏သား ဟူမူကား၊ ဗေလ မှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလ မှ ဆင်းသက်သော အာရှဗေလိ အဆွေအမျိုး ၊ အဟိရံ မှ ဆင်းသက်သော အဟိရမိ အဆွေအမျိုး။
၃၈ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သား ဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး။
39 ၃၉ ရှုဖံ မှ ဆင်းသက်သော ရှုဖမိ အဆွေအမျိုး ၊ ဟုဖံ မှ ဆင်းသက်သော ဟုဖမိ အဆွေအမျိုး တည်း။
၃၉ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
40 ၄၀ ဗေလ သား အာရဒ မှဆင်းသက်သော အာရဒိ အဆွေအမျိုး ၊ နေမန် မှ ဆင်းသက်သော နေမနိ အဆွေအမျိုး တည်း။
၄၀ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း။
41 ၄၁ ဤ သူတို့သည် ဗင်္ယာမိန် အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား လေးသောင်း ငါးထောင်ခြောက်ရာရှိသတည်း။
၄၁ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။
42 ၄၂ ဘိုးဘအဆွေအမျိုး အလိုက် ဒန် ၏သား ဟူမူကား ၊ ရှုဟံ မှ ဆင်းသက်သောရှုဟမိ အဆွေအမျိုး တည်း။ ဤ သူတို့သည် ဒန် အဆွေအမျိုး ဖြစ်၍၊
၄၂ဘိုးဘ အဆွေအမျိုးအလိုက် ဒန်၏သား ဟူမူ ကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ်၍၊
43 ၄၃ စာရင်း ဝင်သော ရှုဟမိ လူပေါင်း ကား၊ ခြောက်သောင်း လေးထောင်လေးရာရှိသတည်း။
၄၃စာရင်းဝင်သော ရှုလမိလူပေါင်းကား၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း။
44 ၄၄ ဘိုးဘအဆွေအမျိုး အလိုက် အာရှာ ၏သား ဟူမူကား၊ ယိမန မှ ဆင်းသက်သော ယိမနိ အဆွေအမျိုး ၊ ယေသဝိ မှ ဆင်းသက်သော ယေသဝိတ် အဆွေအမျိုး ၊ ဗေရိ မှဆင်းသက်သော ဗေရိတ် အဆွေအမျိုး တည်း။
၄၄ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ၏သား ဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း။
45 ၄၅ ဗေရိ ၏သား ဟေဗေရ မှ ဆင်းသက်သော ဟေဗေရိ အဆွေအမျိုး ၊ မာလချေလ မှ ဆင်းသက်သော မာလချေလိ အဆွေအမျိုး တည်း။
၄၅ဗေရိ၏သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။
46 ၄၆ အာရှာ ၏ သမီး အမည် ကား၊ စာရာ တည်း။
၄၆အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။
47 ၄၇ ဤ သူတို့သည် အာရှာ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ငါးသောင်း သုံးထောင်လေးရာရှိသတည်း။
၄၇ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း။
48 ၄၈ ဘိုးဘအဆွေအမျိုး အလိုက် နဿလိ ၏သား ဟူမူကား၊ ယာဇေလ မှ ဆင်းသက်သော ယာဇေလိ အဆွေအမျိုး ၊ ဂုနိ မှ ဆင်းသက်သော ဂုနိတ် အဆွေအမျိုး ၊
၄၈ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
49 ၄၉ ယေဇေရ မှ ဆင်းသက်သော ယေဇေရိ အဆွေအမျိုး ၊ ရှိလ္လင် မှ ဆင်းသက်သော ရှိလ္လမိ အဆွေအမျိုး တည်း။
၄၉ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း။
50 ၅၀ ဤ သူတို့သည် နဿလိ အဆွေအမျိုး ဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်း ငါးထောင်လေးရာရှိသတည်း။
၅၀ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးထောင် လေးရာရှိသတည်း။
51 ၅၁ ထိုသို့ ဣသရေလ အမျိုး ၊ စာရင်း ဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ်ရှိ သတည်း။
၅၁ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း။
52 ၅၂ ထာဝရဘုရား ကလည်း ၊ ဤ သူတို့အား အရေအတွက် ရှိသည်အတိုင်း၊
၅၂ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း၊
53 ၅၃ ခါနန်ပြည် ကို ဝေ ရမည်။
၅၃ခါနန်ပြည်ကို ဝေရမည်။
54 ၅၄ လူများ လျှင်များ သော အမွေ မြေကို၎င်း၊ လူနည်း လျှင် နည်း သော အမွေ မြေကို၎င်း၊ အနည်း အများ အလိုက် အသီးသီး တို့အား အမွေ မြေကို ဝေပေး ရမည်။
၅၄လူများလျှင်များသော အမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော မွေမြေကို၎င်း၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည်။
55 ၅၅ သို့ရာတွင် ထိုပြည် ကို စာရေးတံ ချ၍ ဝေ ရမည်။ ဘိုးဘ အမျိုးအနွယ် အလိုက် အမွေ ခံရကြမည်။
၅၅သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည်။
56 ၅၆ စာရေးတံ ကျသည်အတိုင်း မြေ ကိုဝေ ၍ အနည်း အများ အလိုက် ပိုင်ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
၅၆စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏။
57 ၅၇ ဘိုးဘအဆွေအမျိုး အလိုက် စာရင်း ဝင်သော လေဝိ ၏သား ဟူမူကား ၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိ အဆွေအမျိုး ၊ ကောဟတ် မှ ဆင်းသက်သော ကောဟသိ အဆွေအမျိုး ၊ မေရာရိ မှ ဆင်းသက်သော မေရောရိတ် အဆွေအမျိုး တည်း။
၅၇ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-
58 ၅၈ ဤသည်လျှင် လေဝိ အဆွေအမျိုး ဖြစ်၍၊ လိဗနိ အဆွေအမျိုး ၊ ဟေဗြောနိ အဆွေအမျိုး ၊ မာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး ၊ ကောရသိ အဆွေအမျိုး ပါသတည်း။ ကောဟတ် ၏ သားကား၊ အာမရံ တည်း။
၅၈ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။
59 ၅၉ အာမရံ ၏ မယား ကား၊ အဲဂုတ္တု ပြည်၌ လေဝိ မယား ဘွားမြင် သော လေဝိ ၏ သမီး ယောခေဗက် တည်း။ ထိုမိန်းမသည် အာမရံ ၏ မယားဖြစ်၍၊ အာရုန် ၊ မောရှေ ၊ နှမ မိရိအံ တို့ကို ဘွားမြင် လေ၏။
၅၉အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။
60 ၆၀ အာရုန် ၏သားကား၊ နာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
၆၀အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
61 ၆၁ နာဒပ် နှင့် အဘိဟု တို့သည် ထာဝရဘုရား ရှေ့ တော်၌ ထူးခြား သောမီး ကို ပူဇော် သောအခါ သေ ကြ၏။
၆၁နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
62 ၆၂ အသက် တလ လွန် ၍ စာရင်း ဝင်သော လေဝိ သား ယောက်ျား ပေါင်း ကား၊ နှစ်သောင်း သုံးထောင်ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့်အတူ အမွေ မ ခံရ သောကြောင့် ၊ ရောနှော၍ စာရင်း မ ဝင်ရကြ။
၆၂အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
63 ၆၃ ဤရွေ့ကား ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့တဘက်၌ စာရင်း ယူသော ဣသရေလ အမျိုးသား ပေတည်း။
၆၃ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။
64 ၆၄ မောရှေ နှင့် ယဇ်ပုရောဟိတ် အာရုန် တို့သည်၊ သိနာ တော ၌ ဣသရေလ အမျိုးသား တို့ကို စာရင်း ယူ၍၊ ထို စာရင်း၌ ဝင် သောသူ တယောက် မျှ မပါ။
၆၄မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။
65 ၆၅ အကြောင်းမူကား ၊ ထိုသူတို့သည်တော ၌ အမှန် သေ ရကြမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အရင်းလူတယောက် မျှ မကြွင်း မကျန်ရ။
၆၅အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။

< တောလည်ရာ 26 >