< တောလည်ရာ 25 >

1 ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ် အရပ်၌ နေ သောအခါ ၊ အချို့တို့သည် မောဘ မိန်းမ တို့နှင့် မတရား သောမေထုန် ကိုပြုကြ၏။
And Israel abode in Shittim. And the people began to play the harlot with the daughters of Moab,
2 ထိုမိန်းမတို့သည် မိမိ တို့ ဘုရား ရှေ့မှာ ယဇ်ပူဇော် ရာပွဲသို့ ဣသရေလလူ တို့ကို ခေါ် သွားသဖြင့် ၊ ယောက်ျားတို့ သည် ယဇ်သားကို စား ၍ ထိုဘုရား ရှေ့မှာ ဦးချ ကြ၏။
for they called the people to the sacrifices of their gods. And the people ate, and bowed down to their gods.
3 ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောကြောင့် ၊ ထာဝရဘုရား သည် အမျက် ထွက် တော်မူ၏။
And Israel joined himself to Baal-peor, and the anger of Jehovah was kindled against Israel.
4 ထာဝရဘုရား ကလည်း ၊ ငါသည်ပြင်းစွာ သော အမျက် တော်ကို ဣသရေလ အမျိုးမှ လွဲ စေခြင်းငှာ ၊ ဣသရေလမင်း အပေါင်း တို့ကို ခေါ် ၍ ၊ ပြစ်မှားသောသူတို့ ကို ဘုရား ရှေ့မှာ ထင်ရှား စွာ ဆွဲထား လော့ဟု မောရှေ အား မိန့် တော်မူ၏။
And Jehovah said to Moses, Take all the chiefs of the people, and hang them up to Jehovah before the sun, that the fierce anger of Jehovah may turn away from Israel.
5 မောရှေ သည် ဣသရလ မင်း တို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောသူတို့ ကို သင်တို့အသီးသီး ဆိုင်သည်အတိုင်း ကွပ်မျက် ကြလော့ဟု မှာထား လေ၏။
And Moses said to the judges of Israel, Kill ye every one his men who have joined themselves to Baal-peor.
6 ထိုအခါ ဣသရေလ အမျိုးသား တယောက်သည်၊ မောရှေ ရှေ့၌ ၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ငိုကြွေး သော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့၌ ၎င်း၊ မိဒျန် မိန်းမကိုလည်း၊ မိမိ ညီအစ်ကို တို့ ထံသို့ ဆောင် ခဲ့လေ၏။
And, behold, one of the sons of Israel came and brought to his brothers a Midianite woman in the sight of Moses, and in the sight of all the congregation of the sons of Israel, while they were weeping at the door of the tent of meeting.
7 ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏သား ဖိနဟတ် သည် မြင် လျှင် ၊ ပရိသတ် ထဲမှာ ထ ၍ လှံ ကိုကိုင် လျက်၊
And when Phinehas, the son of Eleazar, the son of Aaron the priest, saw it, he rose up from the midst of the congregation, and took a spear in his hand.
8 ထိုဣသရေလ လူ ကို တဲ အတွင်း သို့ လိုက် ပြီးမှ ၊ ယောက်ျား ကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမ ကို ဝမ်းပေါက်အောင်၎င်း ထိုး လေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေး ငြိမ်း လေ၏။
And he went after the man of Israel into the tent, and thrust both of them through, the man of Israel, and the woman through her body. So the plague was stayed from the sons of Israel.
9 ထိုဘေး ဖြင့် သေ သောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိ သတည်း။
And those who died by the plague were twenty-four thousand.
10 ၁၀ ထာဝရဘုရား ကလည်း ၊ ငါသည် အမျက် ထွက် ၍ ဣသရေလ အမျိုးသား တို့ကို မ ဖျက်ဆီး မည်အကြောင်း ၊
And Jehovah spoke to Moses, saying,
11 ၁၁ ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ၏ သား ၊ ဖိနဟတ် သည် သူ တို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။
Phinehas, the son of Eleazar, the son of Aaron the priest, has turned my wrath away from the sons of Israel, in that he was jealous with my jealousy among them, so that I did not consume the sons of Israel in my jealousy.
12 ၁၂ သို့ဖြစ်၍ သင်ပြော ရသည်ကား၊ ငါ ၏ချမ်းသာ ပဋိညာဉ် ကို သူ့ အား ငါ ပေး ၏။
Therefore say, Behold, I give to him my covenant of peace.
13 ၁၃ သူသည် မိမိဘုရားသခင် ဘက်၌ စိတ်အားကြီး ၍ ဣသရေလ အမျိုးသား တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသောကြောင့် ၊ သူ မှစ၍ သားစဉ်မြေးဆက် တို့သည် ထိုပဋိညာဉ်တည်းဟူသောထာဝရ ယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ် ကို ရပြီဟု မောရှေ အား မိန့် တော်မူ၏။
And it shall be to him, and to his seed after him, the covenant of an everlasting priesthood, because he was jealous for his God, and made atonement for the sons of Israel.
14 ၁၄ မိဒျန် မိန်းမနှင့် အသေ သတ်ခြင်းကိုခံရသောဣသရေလ လူ ၏ အမည် ကား၊ ရှိမောင် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး သာလု ၏သား ဇိမရိ ဖြစ်သတည်း။
Now the name of the man of Israel who was slain, who was slain with the Midianite woman, was Zimri, the son of Salu, a ruler of a fathers' house among the Simeonites.
15 ၁၅ အသေ သတ်ခြင်းကိုခံရသောမိဒျန် မိန်းမ အမည် ကား၊ မိဒျန် အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူး ဇုရ ၏ သမီး ကောဇဘိ ဖြစ် သတည်း။
And the name of the Midianite woman who was slain was Cozbi, the daughter of Zur. He was head of the people of a fathers' house in Midian.
16 ၁၆ ထာဝရဘုရား ကလည်း ၊ မိဒျန် အမျိုးသားတို့ကို နှောင့်ရှက် ၍ လုပ်ကြံ ကြလော့။
And Jehovah spoke to Moses, saying,
17 ၁၇ အကြောင်းမူကား ၊ သူတို့သည် ပေဂုရ ဘုရား အမှု ၌ ၎င်း၊ ပေဂုရ ဘုရားကြောင့် ဘေး ရောက်သောနေ့ ၌ အသေ သတ်ခြင်းကို ခံရသောသူ တို့ နှမ မိဒျန် မင်း သမီး ကောဇဘိ အမှု ၌ ၎င်း၊
Vex the Midianites, and smite them,
18 ၁၈ သင် တို့ကို ပရိယာယ် များ အားဖြင့် လှည့်စား နှောင့်ရှက် ကြပြီဟု မောရှေ အား မိန့် တော်မူ၏။
for they vex you with their wiles, with which they have beguiled you in the matter of Peor, and in the matter of Cozbi, the daughter of the ruler of Midian, their sister, who was slain on the day of the plague in the matter of Peor.

< တောလည်ရာ 25 >