< တောလည်ရာ 24 >
1 ၁ ထာဝရဘုရား သည်၊ ဣသရေလ အမျိုးကို ကောင်းကြီး ပေးခြင်းငှါ အလိုရှိ တော်မူကြောင်း ကို ဗာလမ် သိမြင် လျှင် ၊ ထူးဆန်း သော အတတ်ကို ရှာ ခြင်းငှါ အရင် သွားသကဲ့သို့ မ သွား ဘဲ၊ တော သို့ မျက်နှာပြု လေ၏။
And Balaam seeth that [it is] good in the eyes of Jehovah to bless Israel, and he hath not gone as time by time to meet enchantments, and he setteth towards the wilderness his face;
2 ၂ သို့ရာတွင် ၊ မြော်ကြည့် ၍ ဣသရေလ အမျိုးသားတို့သည် အမျိုးအနွယ် အလိုက် အသီးအသီးတပ်ချ လျက် နေကြသည်ကို မြင် သောအခါ ၊ ဘုရားသခင် ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် တော်မူလျှင်၊
and Balaam lifteth up his eyes, and seeth Israel tabernacling, by its tribes, and the Spirit of God is upon him,
3 ၃ သူသည် ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ၊ ဗောရ သား ဗာလမ် ၏ စကား ၊
and he taketh up his simile, and saith: 'An affirmation of Balaam son of Beor — And an affirmation of the man whose eyes are shut —
4 ၄ ဘဝင် ဖြစ်၍ မျက်စိ ပွင့် လျက် အနန္တ တန်ခိုးရှင် ၏ ရူပါရုံ ကိုမြင် ၍၊ ဘုရားသခင် ၏ အမိန့် တော်ကို ကြား သောသူ၏ စကား ဟူမူကား၊
An affirmation of him who is hearing sayings of God — Who a vision of the Almighty seeth, Falling — and eyes uncovered:
5 ၅ အိုယာကုပ် အမျိုး၊ သင် တို့၏တဲ များ၊ အိုဣသရေလ အမျိုး၊ သင် တို့၏ ဘုံဗိမာန် များတို့သည် အဘယ်မျှ လောက် တင့်တယ် ကြသည်တကား။
How good have been thy tents, O Jacob, Thy tabernacles, O Israel;
6 ၆ ကျယ်ဝန်း သော ချိုင့် များ၊ မြစ် နား မှာရှိသော ဥယျာဉ် များ၊ ထာဝရဘုရား စိုက် တော်မူသောအကျော် ပင်များ၊ ရေ နား မှာပေါက်သော အာရဇ် ပင်များကဲ့သို့ ဖြစ် ကြသည်တကား၊
As valleys they have been stretched out, As gardens by a river; As aloes Jehovah hath planted, As cedars by waters;
7 ၇ ထိုအမျိုး ၏ ရေပုံး တို့မှ ရေ စီး လိမ့်မည်။ ရေ ပေါ သော အရပ်၌ မျိုးစေ့ ကျလိမ့်မည်။ သူ ၏ ရှင်ဘုရင် သည် အာဂတ် မင်းထက် ဘုန်းကြီး၍၊ နိုင်ငံတော် သည် ချီးမြှောက် သော နိုင်ငံဖြစ်လိမ့်မည်။
He maketh water flow from his buckets, And his seed [is] in many waters; And higher than Agag [is] his king, And exalted is his kingdom.
8 ၈ ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည်၊ ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။ ရန်သူ ဖြစ်သော လူမျိုး တို့ကို ကိုက်ဝါး ၍ ၊ အရိုး တို့ကို ချိုးဖဲ့ လိမ့်မည်။ မြှား ဖြင့် ထုတ်ချင်းခပ် အောင် ခွင်းလိမ့်မည်။
God is bringing him out of Egypt; As the swiftness of a Reem is to him, He eateth up nations his adversaries, And their bones he breaketh, And [with] his arrows he smiteth,
9 ၉ ဝပ် လျက်နေ၏။ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ခြင်္သေ့ မကဲ့သို့ ၎င်း ဝပ်တွား လေ၏။ အဘယ်သူ နှိုးဆော် ဝံ့မည်နည်း။ သင့် ကို ကောင်းကြီး ပေးသောသူသည် ကောင်းကြီး မင်္ဂလာရှိ၏။ သင့် ကို ကျိန်ဆဲ သောသူသည် ကျိန်ဆဲ ခြင်းကိုခံရသည်ဟု မြွက်ဆို ၏။
He hath bent, he hath lain down as a lion, And as a lioness: who doth raise him up? He who is blessing thee [is] blessed, And he who is cursing thee [is] cursed.'
10 ၁၀ ထိုအခါ ဗာလက် မင်းသည်၊ ဗာလမ် ကို အမျက် ထွက် ၍ လက်ခုပ်တီး လျက်၊ ငါ ၏ ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့၏။ သင်သည် သုံး ကြိမ် တိုင်အောင် အကြွင်းမဲ့ကောင်းကြီး ပေးလေပြီတကား။
And the anger of Balak burneth against Balaam, and he striketh his hands; and Balak saith unto Balaam, 'To pierce mine enemies I called thee, and lo, thou hast certainly blessed — these three times;
11 ၁၁ ထိုကြောင့် သင့် နေရာ ပြည်သို့ ပြေး သွားလော့။ သင့် ကို ချီးမြှောက် မည်ဟု အထက်က ငါအကြံ ရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် သင်၏ဘုန်း ကို မတိုးပွားစေခြင်းငှါဆီးတား လေပြီဟု ဆို ၏။
and now, flee for thyself unto thy place; I have said, I do greatly honour thee, and lo, Jehovah hath kept thee back from honour.'
12 ၁၂ ဗာလမ် ကလည်း ၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊
And Balaam saith unto Balak, 'Did I not also unto thy messengers whom thou hast sent unto me, speak, saying,
13 ၁၃ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ၍ ကောင်း သောအမှု၊ မကောင်း သောအမှုတစုံတခုကို ကိုယ် အလိုအလျောက်ငါမ ပြု နိုင်။ ထာဝရဘုရား မိန့် တော်မူသမျှ ကို ငါပြော ပါမည်ဟု မင်းကြီးစေလွှတ် သော သံတမန် တို့အား ငါပြော နှင့်ပြီ မ ဟုတ်လော။
If Balak doth give to me the fulness of his house of silver and gold, I am not able to pass over the command of Jehovah, to do good or evil of mine own heart — that which Jehovah speaketh — it I speak?
14 ၁၄ ယခု မူကား ၊ ငါ့ အဆွေအမျိုး တို့ထံသို့ ငါ သွား တော့မည်။ နားထောင်ပါ။ နောင် ကာလ ၌ ဤ လူမျိုး သည် မင်းကြီး ၏လူမျိုး ၌ အဘယ်သို့ ပြု မည်အရာကို မင်းကြီး အား ကြားပြော ပါမည်ဟု ဗာလက်မင်းအား ပြန် ဆိုပြီးမှ၊
and, now, lo, I am going to my people; come, I counsel thee [concerning] that which this people doth to thy people, in the latter end of the days.'
15 ၁၅ ပရောဖက် စကားအားဖြင့်မြွက်ဆို လေသည်မှာ၊ မျက်စိ ပွင့် သောသူ ဗောရ သား ဗာလမ် ၏စကား ၊
And he taketh up his simile, and saith: 'An affirmation of Balaam son of Beor — And an affirmation of the man whose eyes [are] shut —
16 ၁၆ ဘဝင် ဖြစ်၍ မျက်စိ ပွင့် လျက်၊ အနန္တ တန်ခိုးရှင် ၏ ရူပါရုံ ကို မြင် ၍၊ အမြင့်ဆုံး သော ဘုရားပေးတော်မူသော ဉာဏ် ကို ရ ၍ ၊ ဘုရားသခင် ၏အမိန့် တော်ကို ကြား သောသူ၏စကား ဟူမူကား၊
An affirmation of him who is hearing sayings of God — And knowing knowledge of the Most High; A vision of the Almighty he seeth, Falling — and eyes uncovered:
17 ၁၇ ထိုအရာကို ငါမြင် ၏။ သို့သော်လည်း ယခု မ ဖြစ်ရသေး။ ထိုအရာကို ငါရှု ၏။ သို့သော်လည်း ဖြစ် ရသောအချိန် မ နီး သေး။ ကြယ် တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း ၍ ၊ ရာဇလှံတံ သည် ဣသရေလ အမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘ ပြည်စွန်း တိုင်အောင်ထိခိုက် ၍ မငြိမ်မဝပ် ရုန်းရင်းခပ်ပြုတတ်သော သူအပေါင်း တို့ကို ဖျက်ဆီး လိမ့်မည်။
I see it, but not now; I behold it, but not near; A star hath proceeded from Jacob, And a sceptre hath risen from Israel, And hath smitten corners of Moab, And hath destroyed all sons of Sheth.
18 ၁၈ ဧဒုံ ပြည်ကိုလည်း သိမ်းယူ လိမ့်မည်။ စိရ တောင် သည်လည်း ရန်သူ လက် သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့် စွာ ပြု လိမ့်မည်။
And Edom hath been a possession, And Seir hath been a possession, [for] its enemies, And Israel is doing valiantly;
19 ၁၉ အစိုးရ သောသူတပါးသည်၊ ယာကုပ် အမျိုးထဲက ထွက်၍၊ ကျန်ကြွင်း သောမြို့သူ မြို့သားတို့ကို ဖျက်ဆီး လိမ့်မည် ဟု မြွက်ဆို၏။
And [one] doth rule out of Jacob, And hath destroyed a remnant from Ar.'
20 ၂၀ တဖန် အာမလက် ပြည်ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ အာမလက် အမျိုး သည် လူမျိုးတကာတို့ထက် အထွဋ် ဖြစ်ဘူးသော်လည်း ၊ အဆုံး ၌ ရှင်းရှင်းပျက်စီးခြင်း သို့ ရောက်လိမ့်မည်ဟု မြွက်ဆို ၏။
And he seeth Amalek, and taketh up his simile, and saith: 'A beginning of the Goyim [is] Amalek; And his latter end — for ever he perisheth.'
21 ၂၁ တဖန် ကေနိ အမျိုးသားတို့ကို ကြည့်ရှု ၍ ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန်သည်ကား၊ သင် တို့နေရာ သည် အားကြီး ၏။ ကျောက် ပေါ်မှာ အသိုက် ကို လုပ် ကြပြီ။
And he seeth the Kenite, and taketh up his simile, and saith: 'Enduring [is] thy dwelling, And setting in a rock thy nest,
22 ၂၂ သို့သော်လည်း အာရှုရိ မင်းသည် သိမ်းယူ ၍ မ သွားမှီတိုင်အောင်၊ ကေနိ အမျိုးသည် အမျက် ကိုခံရလိမ့်မည်ဟု မြွက်ဆို၏။
But the Kenite is for a burning; Till when doth Asshur keep thee captive?'
23 ၂၃ တဖန် ပရောဖက် စကားအားဖြင့်မြွက်ဆို ပြန် သည်ကား၊ အလိုလေ့၊ ဤအမှုကို ဘုရားသခင် စီရင် တော်မူသောအခါ ၊ အဘယ်သူ သည် အသက် ချမ်းသာရလိမ့်မည်နည်း။
And he taketh up his simile, and saith: 'Alas! who doth live when God doth this?
24 ၂၄ သင်္ဘော တို့သည်လည်း ခိတ္တိမ် ပြည် မှ လာ၍ အာရှုရိ ပြည်ကို၎င်း ၊ ဟေဗာ ပြည်ကို၎င်းနှောင့်ရှက် ကြ လိမ့်မည်။ သူ တို့သည်လည်း ရှင်းရှင်းပျက်စီး ကြလိမ့်မည် ဟု မြွက်ဆိုပြီးမှ၊
And — ships [are] from the side of Chittim, And they have humbled Asshur, And they have humbled Eber, And it also for ever is perishing.'
25 ၂၅ ဗာလမ် သည် ထ ၍ မိမိ နေရာ အရပ်သို့ ပြန် သွား၏။ ဗာလက် မင်းသည်လည်း သွား လေ၏။
And Balaam riseth, and goeth, and turneth back to his place, and Balak also hath gone on his way.