< တောလည်ရာ 23 >
1 ၁ ထိုအခါ ဗာလမ် က၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်း အား ဆို သည်အတိုင်း ၊
၁ဗာလမ်က``ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့'' ဟု ဗာလက်အားစေခိုင်းလေသည်။
2 ၂ ဗာလက် မင်းသည် ပြု ပြီးလျှင် ၊ ထိုသူနှစ်ပါးတို့ သည် ယဇ်ပလ္လင် တခုတခုအပေါ် မှာနွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် ကြ၏။
၂ဗာလမ်စေခိုင်းသည့်အတိုင်းဗာလက်သည် ဆောင်ရွက်၍ သူတို့နှစ်ဦးသည်ယဇ်ပလ္လင်တစ်ခု စီပေါ်တွင်နွားတစ်ကောင်နှင့်သိုးတစ်ကောင် ကိုယဇ်ပူဇော်ကြလေသည်။-
3 ၃ ဗာလမ် ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာရပ် လော့။ ငါသည် အခြားတပါးသို့ သွား ပါမည်။ ထာဝရဘုရား သည် ငါ့ ကို ကြိုဆို ခြင်းငှါ ကြွလာ ကောင်းကြွလာတော်မူလိမ့်မည်။ ငါ့ အား ပြ တော်မူသမျှကို မင်းကြီးအား ငါကြားပြော ပါမည်ဟု ဗာလက် မင်းအား ဆို ပြီးမှ ကုန်း တခုပေါ်သို့ တက် သွား၏။
၃ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-
4 ၄ ဘုရားသခင် သည် ဗာလမ် ကို ကြိုဆို တော်မူလျှင် ၊ ဗာလမ်က အကျွန်ုပ် သည် ယဇ်ပလ္လင် ခုနစ် ခုကို ပြင်ဆင်၍ ပလ္လင် တခုတခုအပေါ် မှာ နွားထီး တကောင်စီနှင့် သိုးထီး တကောင်စီကို ပူဇော် ပါပြီဟု လျှောက် လေ၏။
၄ဘုရားသခင်သည်သူနှင့်တွေ့ဆုံရန်ကြွ လာတော်မူ၏။ ထိုအခါဗာလမ်ကထာဝရ ဘုရားအား``အကျွန်ုပ်သည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍တစ်ခုစီပေါ်တွင် နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ'' ဟု လျှောက်ထားလေ၏။
5 ၅ ထာဝရဘုရား သည် ဗာလမ် နှုတ် ၌ စကား ကို ထား လျက် ၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
၅ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆို ရမည့်စကားကိုမိန့်ကြားပြီးလျှင်ဗာလမ် ကိုဗာလက်ထံသို့ပြန်စေတော်မူ၏။-
6 ၆ ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် အပေါင်း တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ်နား မှာ ရပ် နေ၏။
၆သို့ဖြစ်၍ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ်ပလ္လင် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရလေ၏။
7 ၇ ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ မောဘ ရှင်ဘုရင် ဗာလက် က၊ လာ ပါ။ ငါ့ အဘို့ ယာကုပ် အမျိုးကို ကျိန်ဆဲ ပါ။ လာ ပါ။ ဣသရေလ အမျိုးကို ပျက်စီး ခြင်းသို့ အပ်လိုက်ပါဟု ခေါ်၍ ငါ့ ကို အာရံ ပြည်အရှေ့ တောင်ရိုး မှ ဆောင် ခဲ့ပြီ။
၇ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆို၏။ ``မောဘပြည်ဘုရင်ဗာလက်ကရှုရိပြည်တည်ရာ အရှေ့တောင်တန်းများမှငါ့အားခေါ်ဆောင်ခဲ့လေ ပြီ။ ဘုရင်က`လာ၍ယာကုပ်အဆက်အနွယ်တို့ကို ကျိန်ဆဲပါလော့။ လာ၍ဣသရေလအမျိုးသားတို့ကို ရှုတ်ချပါလော့' ဟုဆို၏။
8 ၈ ဘုရားသခင် ကျိန်ဆဲ တော်မ မူသောသူကို အဘယ်သို့ ငါကျိန်ဆဲ နိုင်မည်နည်း။ ဘုရားသခင် သည် ပျက်စီး ခြင်းသို့ အပ်တော်မ မူသောသူကို အဘယ်သို့ ငါအပ် နိုင်မည်နည်း။
၈ဘုရားသခင်ကျိန်ဆဲတော်မမူသောသူတို့ ကို ငါအဘယ်သို့ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ရှုတ်ချတော်မမူသောသူတို့ကို ငါအဘယ်သို့ရှုတ်ချနိုင်မည်နည်း။
9 ၉ ကျောက် ပေါ် က သူ့ ကို ငါမြင် ၏။ တောင် ပေါ်က သူ့ ကို ငါကြည့်ရှု ၏။ ထိုလူမျိုး သည် တမျိုးတည်း နေ၍ အခြား တပါးသော လူမျိုးတို့နှင့် မ ရောနှော ရ။
၉ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။ သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။ အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
10 ၁၀ ယာကုပ် အမျိုးမြေမှုန့် ကို အဘယ်သူ ရေတွက် နိုင်သနည်း။ ဣသရေလ အမျိုးလေးစုတစု ကိုမျှ အဘယ်သူ ရေတွက်နိုင်သနည်း။ ဖြောင့်မတ် သောသူသေ သကဲ့သို့ငါ သေ ပါစေသော။ ငါ့ အဆုံး သည် သူ ၏အဆုံးကဲ့သို့ ဖြစ် ပါစေသောဟု မြွက်ဆို ၏။
၁၀ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။''
11 ၁၁ ဗာလက် မင်းကလည်း ၊ သင်သည် ငါ၌ အဘယ်သို့ ပြု သနည်း။ ငါ ၏ရန်သူ တို့ကို ကျိန်ဆဲ စေခြင်းငှါ သင့် ကို ငါခေါ် ခဲ့ပြီ။ သို့သော်လည်း သင်သည် လုံးလုံးကောင်းကြီး ပေးလေပြီတကားဟု ဗာလမ် အား ဆို လျှင် ၊
၁၁ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်မည်သို့ပြုလုပ်လိုက်ပါသနည်း။ အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့ပါသော်လည်း ကိုယ်တော်သည်သူတို့ ကိုကောင်းချီးပေးပါသည်တကား'' ဟုဆို၏။
12 ၁၂ ဗာလမ်က၊ ထာဝရဘုရား သည် ငါ့ နှုတ် ၌ ထား တော်မူသောစကားကို ပြော ရအောင် ငါသတိမ ပြုရ သလော ဟုပြန် ဆို၏။
၁၂ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။
13 ၁၃ ဗာလက် မင်းကလည်း ၊ ဣသရေလအမျိုးသားအပေါင်း တို့ကို တပြိုင်နက်မ မြင် ရဘဲ တပိုင်း ကိုမျှသာ ကြည့်မြင် ရာ၊ အခြား သောအရပ် သို့ ငါ နှင့်အတူ လိုက် ပါ လော့။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု ဆို လျက်၊
၁၃ထိုနောက်ဗာလက်ဘုရင်ကဗာလမ်အား``ဣသရေလ အမျိုးသားအချို့ကိုသာ မြင်နိုင်သောနေရာသို့ လိုက်ခဲ့ပါ။ ထိုအရပ်မှနေ၍သူတို့ကို ကျိန်ဆဲ ပါလော့'' ဟုဆိုလေ၏။-
14 ၁၄ ပိသဂါ တောင်ပေါ် ၊ ဇောဖိမ် လယ်ပြင် သို့ ဆောင် သွား၍ ယဇ်ပလ္လင် ခုနစ် ခုကို တည်ပြီးမှ၊ ပလ္လင် တခု တခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
၁၄သို့ဖြစ်၍ဗာလက်ဘုရင်သည်ဗာလမ်ကို ပိသဂါ တောင်ပေါ်ရှိဇောဖိမ်ကွင်းသို့ခေါ်ဆောင်သွားလေ သည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍ တစ်ခုစီပေါ်တွင်နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်လေသည်။
15 ၁၅ ဗာလမ်ကလည်း၊ မင်းကြီးပူဇော်သော မီးရှို့ ရာ ယဇ်နား မှာ ရပ် လော့။ ငါ သည် ထာဝရဘုရားကို ခရီးဦးကြိုပြု ခြင်းငှါအခြားတပါးသို့ သွားပါမည်ဟု ဗာလက် မင်းအား ဆို ၏။
၁၅ဗာလမ်ကဗာလက်ဘုရင်အား``သင်သည်မီးရှို့ ရာယဇ်နားတွင်ရပ်နေလော့။ ငါသည်သွား၍ ဘုရားသခင်နှင့်တွေ့ဆုံမည်'' ဟုဆို၏။
16 ၁၆ ထာဝရဘုရား သည် ဗာလမ် ကို ကြိုဆို ၍ သူ ၏ နှုတ် ၌ စကား ကိုထား လျက်၊ သင်သည် ဗာလက် မင်းထံသို့ ပြန် ၍ ဤသို့ ပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
၁၆ထာဝရဘုရားသည်ဗာလက်အား ဆင့်ဆိုရမည့် စကားကိုမိန့်ကြားပြီးနောက်ဗာလမ်ကိုဗာလက် ထံသို့ပြန်စေတော်မူ၏။-
17 ၁၇ ဗာလမ်ပြန် သောအခါ ၊ ဗာလက်မင်းသည် မောဘ မှူးမတ် တို့နှင့်တကွ ၊ မိမိ ပူဇော်သော မီးရှို့ ရာယဇ် နား မှာ ရပ် နေလျက်၊ ထာဝရဘုရား သည် အဘယ်သို့ မိန့် တော်မူသနည်းဟုမေး လေ၏။
၁၇ထို့ကြောင့်ဗာလမ်သည်ဗာလက်ဘုရင်ထံသို့ ပြန်လာသောအခါ ဘုရင်သည်မောဘအမျိုး သားခေါင်းဆောင်တို့နှင့်အတူ မီးရှို့ရာယဇ် အနားတွင်ရပ်နေသည်ကိုတွေ့မြင်ရ၏။ ဗာလက် ဘုရင်ကထာဝရဘုရားမည်သို့မိန့်ကြား တော်မူကြောင်းကိုမေးမြန်း၏။-
18 ၁၈ ထိုအခါ ဗာလမ်သည်၊ ပရောဖက် စကားအားဖြင့် မြွက်ဆို သည်ကား၊ အိုဇိဖေါ် သား ဗာလက် မင်း၊ ထ လော့။ ငါ့ စကားကို စေ့စေ့နားထောင် လော့။
၁၈ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
19 ၁၉ ဘုရားသခင် သည် မုသာ စကားကို ပြောအံ့သောငှါ လူ ဖြစ်တော်မူသည်မ ဟုတ်။ နောင်တရ အံ့သောငှါ လူ သား ဖြစ်တော်မူသည်မဟုတ်။ မိန့် တော်မူပြီးမှ ၊ စကားတော်အတိုင်း မ ပြု ဘဲ နေတော်မူမည်လော။ ဂတိ ထားတော်မူပြီးမှ ၊ ဂတိတော်မ တည် ဘဲနေတော်မူမည်လော။
၁၉ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
20 ၂၀ ကောင်းကြီး ပေးရမည်အကြောင်း၊ အမိန့်တော် ကို ငါခံရ ပြီ။ ဘုရားသခင်ကောင်းကြီး ပေးတော်မူပြီ။ ထိုကောင်းကြီးကို ငါမ ဖျက် နိုင်။
၂၀ကောင်းချီးပေးရန်ငါ့အားစေခိုင်းတော်မူပြီ။ ဘုရားသခင်ပေးတော်မူသောကောင်းချီးကို ငါသည်မရုတ်သိမ်းနိုင်။
21 ၂၁ ယာကုပ် အမျိုးကို ညှဉ်းဆဲ သောအမှု၊ ဣသရေလ အမျိုးတဘက်၌ ပြုသောနှောင့်ရှက် ခြင်းအမှုကို ဘုရားသခင် သည် ကြည့်ရှု ၍ နေတော်မ မူ။ သူ တို့ ဘုရားသခင် ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။ ရှင်ဘုရင် ကြွေးကြော် ခြင်းအသံကို သူ တို့တွင် ကြားရ၏။
၂၁ဣသရေလအမျိုးသားတို့သည်နောင်အခါ ဘေးဒုက္ခရောက်မည်ကိုငါမမြင်။ သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရားသည်သူတို့၏ဘုရင်ဖြစ်ကြောင်း ကို ကြေညာကြ၏။
22 ၂၂ ဘုရားသခင် သည် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့ အားကြီး သကဲ့သို့ အားကြီး၏။
၂၂ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။
23 ၂၃ အကယ်စင်စစ် ယာကုပ် အမျိုးကို၊ ထူးဆန်း သော အတတ်အားဖြင့်မ နိုင်ရာ။ ဣသရေလ အမျိုးကို အဘယ်သူမျှမ ပြုစား ရာ။ ဘုရားသခင် သည် အဘယ်သို့ ပြု တော်မူပြီတကားဟု ယခု ကာလကို ထောက်၍ ယာကုပ် အမျိုး၊ ဣသရေလ အမျိုးကို ရည်ဆောင် လျက် ဆို လေ့ရှိ လိမ့်မည်။
၂၃မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
24 ၂၄ ဤလူမျိုး သည်၊ ခြင်္သေ့ ကဲ့သို့ ထ လိမ့်မည်။ ခြင်္သေ့ပျို ကဲ့သို့ ထွက် လိမ့်မည်။ ဘမ်းမိ သော အကောင်ကို မ စား မှီ၊ သတ် အပ်သော တိရစ္ဆာန်အသွေး ကို မသောက် မှီ တိုင်အောင်ငြိမ်ဝပ် စွာမ နေဟု မြွက်ဆို၏။
၂၄ဣသရေလနိုင်ငံသည်ခွန်အားကြီးသောခြင်္သေ့ နှင့်တူ၏။ သားကောင်ကိုမသတ်ဖြတ်သွေးကိုမသောက် ရလျှင် ထိုခြင်္သေ့သည်ငြိမ်ဝပ်၍နေမည်မဟုတ်။''
25 ၂၅ ဗာလက် မင်းကလည်း ၊ သူ တို့ကို အလျှင်း မ ကျိန်ဆဲ ပါနှင့်။ ကောင်းကြီး ကိုလည်း အလျှင်း မ ပေးပါနှင့်ဟု ဗာလမ် အား ဆို လျှင် ၊
၂၅ထိုအခါဗာလက်ဘုရင်ကဗာလမ်အား``ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ကိုမကျိန် ဆဲပါနှင့်။ သို့ရာတွင်သူတို့အားကောင်းချီး မပေးပါနှင့်'' ဟုဆို၏။
26 ၂၆ ဗာလမ်က၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ငါပြု ရပါမည်ဟု မင်းကြီး အား အရင်ပြော နှင့်ပြီ မ ဟုတ်လော ဟု ဗာလက် မင်းအား ပြန်ပြော ၏။
၂၆ဗာလမ်က``ငါသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း ပြုလုပ်ရသည်ဟုသင့်အားငါ ပြောခဲ့ပြီမဟုတ်လော'' ဟုဖြေကြားလေသည်။
27 ၂၇ တဖန် ဗာလက် မင်းက၊ လာ ပါတော့။ အခြား သော အရပ် သို့ ဆောင် သွားပါမည်။ ထို အရပ်၌ သူ တို့ကို ငါ့ အဘို့ ကျိန်ဆဲ စေခြင်းငှါဘုရားသခင် အလို တော်ရှိကောင်းရှိတော်မူလိမ့်မည်ဟု ဗာလမ် အား ဆို လျက်၊
၂၇တစ်ဖန်ဗာလက်ဘုရင်ကဗာလမ်အား``အခြား တစ်နေရာသို့လိုက်ခဲ့ပါလော့။ ကိုယ်တော်အား ထိုအရပ်မှနေ၍သူတို့ကိုကျိန်ဆဲစေရန် ဘုရားသခင်အလိုတော်ရှိကောင်းရှိမည်'' ဟုဆို၏။-
28 ၂၈ ယေရှိမုန် မြို့ကို မျက်နှာပြု သော ပေဂုရ တောင်ထိပ် သို့ ဆောင် သွားလေ၏။
၂၈သို့ဖြစ်၍သူသည်ဗာလမ်အားတောကန္တာရကို မြင်နိုင်သော ပေဂုရတောင်ထိပ်ပေါ်သို့ခေါ်ဆောင် သွားလေသည်။-
29 ၂၉ ဗာလမ် ကလည်း ၊ ဤ အရပ်၌ ငါ့ အဘို့ ယဇ်ပလ္လင် ခုနစ် ခုကို တည် လော့။ နွားထီး ခုနစ် ကောင်၊ သိုးထီး ခုနစ် ကောင်တို့ကို ပြင်ဆင် လော့ဟု ဗာလက် မင်းအား ဆို သည်အတိုင်း ၊
၂၉ဗာလမ်က ဘုရင်အား``ဤအရပ်တွင်ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့။ နွားထီးခုနစ် ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုယူဆောင်ခဲ့ လော့'' ဟုစေခိုင်းလေသည်။-
30 ၃၀ ဗာလက် မင်းသည်ပြု ၍ ၊ ယဇ်ပလ္လင် တခုတခုအပေါ် မှာ နွား တကောင်စီနှင့် သိုး တကောင်စီကို ပူဇော် လေ၏။
၃၀ဗာလက်ဘုရင်သည်ဗာလမ်စေခိုင်းသည့်အတိုင်း ယဇ်ပလ္လင်များတည်၍ တစ်ခုစီပေါ်တွင်နွားထီး တစ်ကောင်နှင့်သိုးထီးတစ်ကောင်ကိုပူဇော် လေ၏။