< တောလည်ရာ 22 >

1 တဖန် ဣသရေလ အမျိုးသား တို့သည် ခရီးသွား ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ တဲ ဆောက်ကြ၏။
وَٱرْتَحَلَ بَنُو إِسْرَائِيلَ وَنَزَلُوا فِي عَرَبَاتِ مُوآبَ مِنْ عَبْرِ أُرْدُنِّ أَرِيحَا.١
2 အာမောရိ အမျိုးသားတို့၌ ပြု ကြသော အမှုအလုံးစုံ ကို၊ ဇိဖေါ် သား ဗာလက် မင်းသိမြင် လျှင် ၊
وَلَمَّا رَأَى بَالَاقُ بْنُ صِفُّورَ جَمِيعَ مَا فَعَلَ إِسْرَائِيلُ بِٱلْأَمُورِيِّينَ،٢
3 ဣသရေလ အမျိုးသား တို့သည် များပြား သောကြောင့် ၊ မောဘ ပြည်သားတို့သည် အလွန် ကြောက်ရွံ့ ကြ၍ ၊
فَزِعَ مُوآبُ مِنَ ٱلشَّعْبِ جِدًّا لِأَنَّهُ كَثِيرٌ، وَضَجِرَ مُوآبُ مِنْ قِبَلَ بَنِي إِسْرَائِيلَ.٣
4 နွား သည် မြက်ပင် ကို လှမ်း ၍ စားသကဲ့သို့ ဤအလုံးအရင်း သည် ငါ တို့ပတ်လည် ၌ ရှိသမျှ ကို လှမ်း ၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန် ပြည်သားအသက်ကြီး သူတို့အား ဆို ကြ၏။ ထို အခါ ဇိဖေါ် သား ဗာလက် သည်၊ မောဘ ရှင်ဘုရင် ဖြစ်သည်နှင့်၊
فَقَالَ مُوآبُ لِشُيُوخِ مِدْيَانَ: «ٱلْآنَ يَلْحَسُ ٱلْجُمْهُورُ كُلَّ مَا حَوْلَنَا كَمَا يَلْحَسُ ٱلثَّوْرُ خُضْرَةَ ٱلْحَقْلِ». وَكَانَ بَالَاقُ بْنُ صِفُّورَ مَلِكًا لِمُوآبَ فِي ذَلِكَ ٱلزَّمَانِ.٤
5 အမ္မုန်ပြည်၌ စီးသောမြစ် ၏အနား မှာရှိသော ပေသော် မြို့နေ ဗောရ သား ဗာလမ် ကို ခေါ်ပင့် ခြင်းငှါ ၊ သံတမန် တို့ကို စေလွှတ် ၍၊ အဲဂုတ္တု ပြည်မှ ရောက်လာ သော လူ တမျိုးသည် မြေ မျက်နှာ ကို ဖုံးလွှမ်း လျက် ငါ့ အနား ၌ နေရာ ချကြပြီ။
فَأَرْسَلَ رُسُلًا إِلَى بَلْعَامَ بْنِ بَعُورَ، إِلَى فَتُورَ ٱلَّتِي عَلَى ٱلنَّهْرِ فِي أَرْضِ بَنِي شَعْبِهِ لِيَدْعُوَهُ قَائِلًا: «هُوَذَا شَعْبٌ قَدْ خَرَجَ مِنْ مِصْرَ. هُوَذَا قَدْ غَشَّى وَجْهَ ٱلْأَرْضِ، وَهُوَ مُقِيمٌ مُقَابِلِي.٥
6 သို့ဖြစ်၍ ၊ ကြွလာ ပါ။ ဤ လူမျိုး သည် ငါ့ ထက် အားကြီး သောကြောင့် သူတို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင် သူ တို့ကို ငါတိုက် ၍ ငါ့ပြည် မှ နှင်ထုတ် နိုင် ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီး ပေးသောသူ သည် ကောင်းကြီး မင်္ဂလာခံရသည်ကို၎င်း ၊ ကိုယ်တော်ကျိန်ဆဲ သောသူ သည် ကျိန်ဆဲ အပ်သောသူဖြစ်သည်ကို၎င်းငါသိ သည်ဟု မှာလိုက်လေ၏။
فَٱلْآنَ تَعَالَ وَٱلْعَنْ لِي هَذَا ٱلشَّعْبَ، لِأَنَّهُ أَعْظَمُ مِنِّي، لَعَلَّهُ يُمْكِنُنَا أَنْ نَكْسِرَهُ فَأَطْرُدَهُ مِنَ ٱلْأَرْضِ، لِأَنِّي عَرَفْتُ أَنَّ ٱلَّذِي تُبَارِكُهُ مُبَارَكٌ وَٱلَّذِي تَلْعَنُهُ مَلْعُونٌ».٦
7 မောဘ ပြည်သားအသက်ကြီး သူတို့နှင့် မိဒျန် ပြည်သားအသက်ကြီး သူတို့သည် ပြုစား ခြင်းလက်ဆောင်ပါလျက်သွား ၍ ၊ ဗာလမ် ထံသို့ ရောက် သောအခါ ၊ ဗာလက် မင်းစကား ကို ကြားလျှောက် လေ၏။
فَٱنْطَلَقَ شُيُوخُ مُوآبَ وَشُيُوخُ مِدْيَانَ، وَحُلْوَانُ ٱلْعِرَافَةِ فِي أَيْدِيهِمْ، وَأَتَوْا إِلَى بَلْعَامَ وَكَلَّمُوهُ بِكَلَامِ بَالَاقَ.٧
8 ဗာလမ်က၊ ယနေ့ည မှာ ဤ အရပ်၌နေ ကြပါဦး။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ငါပြန် ပြောမည်ဟု ဆို လျှင် ၊ မောဘ အရာရှိ တို့သည် ဗာလမ် ထံမှာ နေ ကြ၏။
فَقَالَ لَهُمْ: «بِيتُوا هُنَا ٱللَّيْلَةَ فَأَرُدَّ عَلَيْكُمْ جَوَابًا كَمَا يُكَلِّمُنِي ٱلرَّبُّ». فَمَكَثَ رُؤَسَاءُ مُوآبَ عِنْدَ بَلْعَامَ.٨
9 ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍ ၊ သင် ၌ ရှိသောဤ လူ တို့သည် အဘယ်သူ နည်းဟုမေး တော်မူလျှင်၊
فَأَتَى ٱللهُ إِلَى بَلْعَامَ وَقَالَ: «مَنْ هُمْ هَؤُلَاءِ ٱلرِّجَالُ ٱلَّذِينَ عِنْدَكَ؟»٩
10 ၁၀ ဗာလမ် က၊ မောဘ ရှင်ဘုရင် ဇိဖေါ် သား ဗာလက် သည် အကျွန်ုပ် ဆီသို့ လူကို စေလွှတ် ၍၊
فَقَالَ بَلْعَامُ لِلهِ: «بَالَاقُ بْنُ صِفُّورَ مَلِكُ مُوآبَ قَدْ أَرْسَلَ إِلَيَّ يَقُولُ:١٠
11 ၁၁ အဲဂုတ္တု ပြည်မှ ရောက်လာ သောလူ အများ သည်၊ မြေ မျက်နှာ ကို ဖုံးလွှမ်း လျက်နေကြပြီ။ သို့ဖြစ်၍ကြွလာ ပါ။ ဤလူမျိုးကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင်၊ သူ တို့ကို ငါတိုက် ၍ နှင်ထုတ် နိုင် ကောင်းနှင်ထုတ်နိုင်လိမ့်မည် ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင် အား လျှောက်ဆို ၏။
هُوَذَا ٱلشَّعْبُ ٱلْخَارِجُ مِنْ مِصْرَ قَدْ غَشَّى وَجْهَ ٱلْأَرْضِ. تَعَالَ ٱلْآنَ ٱلْعَنْ لِي إِيَّاهُ، لَعَلِّي أَقْدِرُ أَنْ أُحَارِبَهُ وَأَطْرُدَهُ».١١
12 ၁၂ ဘုရားသခင် ကလည်း၊ သင်သည် ဤလူ တို့နှင့်အတူ မ လိုက် မသွားရ။ ထိုလူမျိုး ကို မ ကျိန်ဆဲ ရ။ ကောင်းကြီး မင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ် အား မိန့် တော်မူ၏။
فَقَالَ ٱللهُ لِبَلْعَامَ: «لَا تَذْهَبْ مَعَهُمْ وَلَا تَلْعَنِ ٱلشَّعْبَ، لِأَنَّهُ مُبَارَكٌ».١٢
13 ၁၃ နံနက် ရောက်မှ၊ ဗာလမ် သည် ထ ၍ သင်တို့သည် ကိုယ် ပြည် သို့ ပြန်သွား ကြပါလော့။ သင် တို့နှင့်အတူ ငါလိုက်ရသောအခွင့် ကို ထာဝရဘုရား ပေးတော်မ မူဟု ဗာလက် မင်းစေလွှတ်သော အရာရှိ တို့အား ပြန်ပြော လေ၏။
فَقَامَ بَلْعَامُ صَبَاحًا وَقَالَ لِرُؤَسَاءِ بَالَاقَ: «ٱنْطَلِقُوا إِلَى أَرْضِكُمْ لِأَنَّ ٱلرَّبَّ أَبَى أَنْ يَسْمَحَ لِي بِٱلذَّهَابِ مَعَكُمْ».١٣
14 ၁၄ ထိုအခါ မောဘ ပြည်အရာရှိ တို့သည် ဗာလက် မင်းထံသို့ ပြန် သွား၍ ၊ ဗာလမ် သည် ကျွန်တော် တို့နှင့်အတူ မ လိုက် လိုပါဟု လျှောက် ကြ၏။
فَقَامَ رُؤَسَاءُ مُوآبَ وَأَتَوْا إِلَى بَالَاقَ وَقَالُوا: «أَبَى بَلْعَامُ أَنْ يَأْتِيَ مَعَنَا».١٤
15 ၁၅ တဖန် ဗာလက် မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့်များ ၍ အရာအားဖြင့် ဘုန်းကြီး သော မှူးမတ် တို့ကို စေလွှတ် ပြန် သည်အတိုင်း၊
فَعَادَ بَالَاقُ وَأَرْسَلَ أَيْضًا رُؤَسَاءَ أَكْثَرَ وَأَعْظَمَ مِنْ أُولَئِكَ.١٥
16 ၁၆ သူတို့သည် ဗာလမ် ထံသို့ ရောက်လာ ၍ ဇိဖေါ် သား ဗာလက် မင်းက၊ ကိုယ်တော်သည် ငါ့ ထံသို့ မလာ မည် အကြောင်းအဘယ်အဆီးအတား မျှ မရှိပါစေနှင့်။
فَأَتَوْا إِلَى بَلْعَامَ وَقَالُوا لَهُ: «هَكَذَا قَالَ بَالَاقُ بْنُ صِفُّورَ: لَا تَمْتَنِعْ مِنَ ٱلْإِتْيَانِ إِلَيَّ،١٦
17 ၁၇ ငါသည် ကိုယ်တော် ကို အလွန် ချီးမြှောက် မည်။ ကိုယ်တော်တောင်း သမျှ ကို ပေး မည်။ သို့ဖြစ်၍ ကြွလာ ပါ။ ဤ လူမျိုး ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု မိန့် တော်မူကြောင်းကို ပြန်ပြော ကြ၏။
لِأَنِّي أُكْرِمُكَ إِكْرَامًا عَظِيمًا، وَكُلَّ مَا تَقُولُ لِي أَفْعَلُهُ. فَتَعَالَ ٱلْآنَ ٱلْعَنْ لِي هَذَا ٱلشَّعْبَ».١٧
18 ၁၈ ဗာလမ် ကလည်း၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို လွန်ကျူး ၍ အမှုအကြီး အငယ် တစုံတခုကိုမျှ ငါမ ပြု နိုင်။
فَأَجَابَ بَلْعَامُ وَقَالَ لِعَبِيدِ بَالَاقَ: «وَلَوْ أَعْطَانِي بَالَاقُ مِلْءَ بَيْتِهِ فِضَّةً وَذَهَبًا لَا أَقْدِرُ أَنْ أَتَجَاوَزَ قَوْلَ ٱلرَّبِّ إِلَهِي لِأَعْمَلَ صَغِيرًا أَوْ كَبِيرًا.١٨
19 ၁၉ သို့ရာတွင် ထာဝရဘုရား သည် အဘယ်သို့ ထပ်၍ မိန့် တော်မူမည်ကို ငါသိ မည်အကြောင်း၊ ယနေ့ည မှာ ဤ အရပ်၌ နေ ကြပါဦးဟု ဗာလက် မင်းကျွန် တို့အား ပြန်ပြော ၏။
فَٱلْآنَ ٱمْكُثُوا هُنَا أَنْتُمْ أَيْضًا هَذِهِ ٱللَّيْلَةَ لِأَعْلَمَ مَاذَا يَعُودُ ٱلرَّبُّ يُكَلِّمُنِي بِهِ».١٩
20 ၂၀ ည အချိန်၌ ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍၊ ထိုလူ တို့သည် သင့် ကိုခေါ် ခြင်းငှါ လာ လျှင် ၊ သူ တို့ နှင့်အတူ ထ ၍ လိုက် လော့။ သို့ရာတွင် ငါမှာထား သမျှ အတိုင်းသာ ပြု ရမည်ဟု မိန့် တော်မူ၏။
فَأَتَى ٱللهُ إِلَى بَلْعَامَ لَيْلًا وَقَالَ لَهُ: «إِنْ أَتَى ٱلرِّجَالُ لِيَدْعُوكَ فَقُمِ ٱذْهَبْ مَعَهُمْ، إِنَّمَا تَعْمَلُ ٱلْأَمْرَ ٱلَّذِي أُكَلِّمُكَ بِهِ فَقَطْ».٢٠
21 ၂၁ နံနက် ရောက်မှ ဗာလမ် ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မောဘ အရာရှိ တို့နှင့်အတူ လိုက် လေ၏။
فَقَامَ بَلْعَامُ صَبَاحًا وَشَدَّ عَلَى أَتَانِهِ وَٱنْطَلَقَ مَعَ رُؤَسَاءِ مُوآبَ.٢١
22 ၂၂ ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် သူ့ ကို ဆီးတား ခြင်းငှါလမ်း ၌ ရပ် နေ၏။ ထိုအခါ ဗာလမ် သည် မြည်း ကို စီး ၍ ငယ်သား နှစ် ယောက်နှင့် သွား စဉ်တွင်၊
فَحَمِيَ غَضَبُ ٱللهِ لِأَنَّهُ مُنْطَلِقٌ، وَوَقَفَ مَلَاكُ ٱلرَّبِّ فِي ٱلطَّرِيقِ لِيُقَاوِمَهُ وَهُوَ رَاكِبٌ عَلَى أَتَانِهِ وَغُلَامَاهُ مَعَهُ.٢٢
23 ၂၃ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကို မိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို မြည်း သည် မြင် လျှင် ၊ လမ်းလွှဲ ၍ လယ် သို့ ဝင် လေ၏။ ဗာလမ် လည်း မြည်း ကို လမ်း သို့ ပြန် စေခြင်းငှါ ရိုက် လေ၏။
فَأَبْصَرَتِ ٱلْأَتَانُ مَلَاكَ ٱلرَّبِّ وَاقِفًا فِي ٱلطَّرِيقِ وَسَيْفُهُ مَسْلُولٌ فِي يَدِهِ، فَمَالَتِ ٱلْأَتَانُ عَنِ ٱلطَّرِيقِ وَمَشَتْ فِي ٱلْحَقْلِ. فَضَرَبَ بَلْعَامُ ٱلْأَتَانَ لِيَرُدَّهَا إِلَى ٱلطَّرِيقِ.٢٣
24 ၂၄ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ စပျစ် ဥယျာဉ်စောင်ရန်း နှစ်ဘက်စပ်ကြား လမ်း ၌ တဖန် ရပ် နေ၏။
ثُمَّ وَقَفَ مَلَاكُ ٱلرَّبِّ فِي خَنْدَقٍ لِلْكُرُومِ، لَهُ حَائِطٌ مِنْ هُنَا وَحَائِطٌ مِنْ هُنَاكَ.٢٤
25 ၂၅ ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မြည်း သည် မြင် ပြန်သောအခါ ၊ စောင်ရန်း တဘက် ၌ တိုး ၍ ဗာလမ် ၏ခြေ ကို ဖိ လေ၏။ ဗာလမ်လည်း တဖန် ရိုက် ပြန်လေ၏။
فَلَمَّا أَبْصَرَتِ ٱلْأَتَانُ مَلَاكَ ٱلرَّبِّ زَحَمَتِ ٱلْحَائِطَ، وَضَغَطَتْ رِجْلَ بَلْعَامَ بِٱلْحَائِطِ، فَضَرَبَهَا أَيْضًا.٢٥
26 ၂၆ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မ လွှဲ နိုင်အောင်ကျဉ်းမြောင်း သော အရပ် ၌ ရပ် နေ၏။
ثُمَّ ٱجْتَازَ مَلَاكُ ٱلرَّبِّ أَيْضًا وَوَقَفَ فِي مَكَانٍ ضَيِّقٍ حَيْثُ لَيْسَ سَبِيلٌ لِلنُّكُوبِ يَمِينًا أَوْ شِمَالًا.٢٦
27 ၂၇ မြည်း သည်လည်း ထာဝရဘုရား ၏ကောင်းကင်တမန် ကို မြင် ပြန်သောအခါ ၊ ဗာလမ် အောက် ၌ ဝပ် လျက် နေ၏။ ဗာလမ် သည် အမျက် ထွက် ၍ တောင်ဝေး နှင့် မြည်း ကိုရိုက် လေ၏။
فَلَمَّا أَبْصَرَتِ ٱلْأَتَانُ مَلَاكَ ٱلرَّبِّ، رَبَضَتْ تَحْتَ بَلْعَامَ. فَحَمِيَ غَضَبُ بَلْعَامَ وَضَرَبَ ٱلْأَتَانَ بِٱلْقَضِيبِ.٢٧
28 ၂၈ ထိုအခါ ထာဝရဘုရား သည် မြည်း ၏နှုတ် ကို ဖွင့် တော်မူ၍ ၊ မြည်းက သင်သည် ငါ့ ကို သုံး ကြိမ် တိုင်အောင် ရိုက် ရမည်အကြောင်း ၊ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟု ဗာလမ် အား မေး လျှင်၊
فَفَتَحَ ٱلرَّبُّ فَمَ ٱلْأَتَانِ، فَقَالَتْ لِبَلْعَامَ: «مَاذَا صَنَعْتُ بِكَ حَتَّى ضَرَبْتَنِي ٱلْآنَ ثَلَاثَ دَفَعَاتٍ؟».٢٨
29 ၂၉ ဗာလမ် က၊ သင်သည် ငါ့ ကို ကျီစား ပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထား ရှိ လျှင် သင့် ကို ယခု သတ် မည်ဟု မြည်း အား ဆို ၏။
فَقَالَ بَلْعَامُ لِلْأَتَانِ: «لِأَنَّكِ ٱزْدَرَيْتِ بِي. لَوْ كَانَ فِي يَدِي سَيْفٌ لَكُنْتُ ٱلْآنَ قَدْ قَتَلْتُكِ».٢٩
30 ၃၀ မြည်း ကလည်း ၊ ငါ သည် ယနေ့ တိုင်အောင် သင် ၏အစီး ကို အစဉ် ခံရသောသင် ၏ မြည်း ဖြစ်သည်မ ဟုတ် လော။ သင် ၌ တခါမျှ ဤသို့ ငါပြု ဘူး သလော ဟုဗာလမ် အား မေး လျှင် ၊ မ ပြုဘူးဟု ပြန်ပြော ၏။
فَقَالَتِ ٱلْأَتَانُ لِبَلْعَامَ: «أَلَسْتُ أَنَا أَتَانَكَ ٱلَّتِي رَكِبْتَ عَلَيْهَا مُنْذُ وُجُودِكَ إِلَى هَذَا ٱلْيَوْمِ؟ هَلْ تَعَوَّدْتُ أَنْ أَفْعَلَ بِكَ هَكَذَا؟» فَقَالَ: «لَا».٣٠
31 ၃၁ ထိုအခါ ထာဝရဘုရား သည် ဗာလမ် မျက်စိ ကို ဖွင့် တော်မူ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကိုမိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို ဗာလမ်သည် မြင် သဖြင့် ဦးချ ၍ ပြပ်ဝပ် လေ၏။
ثُمَّ كَشَفَ ٱلرَّبُّ عَنْ عَيْنَيْ بَلْعَامَ، فَأَبْصَرَ مَلَاكَ ٱلرَّبِّ وَاقِفًا فِي ٱلطَّرِيقِ وَسَيْفُهُ مَسْلُولٌ فِي يَدِهِ، فَخَرَّ سَاجِدًا عَلَى وَجْهِهِ.٣١
32 ၃၂ ထာဝရဘုရား ၏ကောင်းကင် တမန်ကလည်း ၊ သင် ၏မြည်း ကို သုံး ကြိမ် တိုင်အောင်အဘယ်ကြောင့် ရိုက် သနည်း။ သင်သွားသောလမ်း သည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတား ခြင်းငှါ ငါထွက်လာ ပြီ။
فَقَالَ لَهُ مَلَاكُ ٱلرَّبِّ: «لِمَاذَا ضَرَبْتَ أَتَانَكَ ٱلْآنَ ثَلَاثَ دَفَعَاتٍ؟ هَأَنَذَا قَدْ خَرَجْتُ لِلْمُقَاوَمَةِ لِأَنَّ ٱلطَّرِيقَ وَرْطَةٌ أَمَامِي،٣٢
33 ၃၃ မြည်း သည် ငါ့ ကို မြင် ၍ သုံး ကြိမ် ရှောင် ခဲ့ပြီ။ ထိုသို့ မရှောင် လျှင်၊ အကယ်စင်စစ် သင့် ကိုငါသတ် ၍ မြည်း ကို အသက် ချမ်းသာပေးလေပြီဟု ဆို ၏။
فَأَبْصَرَتْنِي ٱلْأَتَانُ وَمَالَتْ مِنْ قُدَّامِي ٱلْآنَ ثَلَاثَ دَفَعَاتٍ. وَلَوْ لَمْ تَمِلْ مِنْ قُدَّامِي لَكُنْتُ ٱلْآنَ قَدْ قَتَلْتُكَ وَٱسْتَبْقَيْتُهَا».٣٣
34 ၃၄ ဗာလမ် ကလည်း ၊ အကျွန်ုပ်ပြစ်မှား ပါပြီ။ ကိုယ်တော် သည် လမ်း ၌ ကန့်လန့် နေ တော်မူသည်ကို အကျွန်ုပ် မ သိ ပါ။ ယခု မှာ အလို တော်မရှိလျှင် အကျွန်ုပ်ပြန် သွားပါမည် ဟု ထာဝရဘုရား ၏ ကောင်းကင် တမန်အား ဆို လျှင်၊
فَقَالَ بَلْعَامُ لِمَلَاكِ ٱلرَّبِّ: «أَخْطَأْتُ. إِنِّي لَمْ أَعْلَمْ أَنَّكَ وَاقِفٌ تِلْقَائِي فِي ٱلطَّرِيقِ. وَٱلْآنَ إِنْ قَبُحَ فِي عَيْنَيْكَ فَإِنِّي أَرْجِعُ».٣٤
35 ၃၅ ထာဝရဘုရား ၏ကောင်းကင် တမန်က၊ သူ တို့နှင့်အတူ လိုက် လော့။ သို့ရာတွင် ငါမှာထား သော စကား ကိုသာ ဟောပြော ရမည်ဟု ဗာလမ် အား မိန့် တော်မူ သည်အတိုင်း ၊ သူသည် ဗာလက် မင်း၏ ကျွန် တို့နှင့်အတူ လိုက် သွားလေ၏။
فَقَالَ مَلَاكُ ٱلرَّبِّ لِبَلْعَامَ: «ٱذْهَبْ مَعَ ٱلرِّجَالِ، وَإِنَّمَا تَتَكَلَّمُ بِٱلْكَلَامِ ٱلَّذِي أُكَلِّمُكَ بِهِ فَقَطْ». فَٱنْطَلَقَ بَلْعَامُ مَعَ رُؤَسَاءِ بَالَاقَ.٣٥
36 ၃၆ ဗာလမ် ရောက် သောသိတင်းကို ဗာလက် မင်း ကြား လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ၊ မောဘ ပြည် စွန်း အာနုန် ချောင်းနား မှာရှိသော မြို့တမြို့သို့ ထွက်သွား ၏။
فَلَمَّا سَمِعَ بَالَاقُ أَنَّ بَلْعَامَ جَاءَ، خَرَجَ لِٱسْتِقْبَالِهِ إِلَى مَدِينَةِ مُوآبَ ٱلَّتِي عَلَى تَخْمِ أَرْنُونَ ٱلَّذِي فِي أَقْصَى ٱلتُّخُومِ.٣٦
37 ၃၇ ဗာလက် မင်းကလည်း၊ ကိုယ်တော် ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ်စေလွှတ် သည်မ ဟုတ် လော ။ အဘယ်ကြောင့် နှေး ပါသနည်း။ ကိုယ်တော် ကို ငါချီးမြှောက် နိုင် သည်မ ဟုတ်လော ဟု ဗာလမ် အား ဆို လျှင် ၊
فَقَالَ بَالَاقُ لِبَلْعَامَ: «أَلَمْ أُرْسِلْ إِلَيْكَ لِأَدْعُوَكَ؟ لِمَاذَا لَمْ تَأْتِ إِلَيَّ؟ أَحَقًّا لَا أَقْدِرُ أَنْ أُكْرِمَكَ؟»٣٧
38 ၃၈ ဗာလမ် က၊ မင်းကြီး ထံသို့ ငါလာ ပါပြီ။ သို့ရာတွင်ငါသည် စကားတခွန်း ကိုမျှ ပြော ပိုင် သလော။ ငါ့ နှုတ် ၌ ဘုရားသခင် ထား တော်မူသော စကား ကိုသာ ငါပြော ပါ မည်ဟု ပြန်ပြော ပြီးမှ၊
فَقَالَ بَلْعَامُ لِبَالَاقَ: «هَأَنَذَا قَدْ جِئْتُ إِلَيْكَ. أَلَعَلِّي ٱلْآنَ أَسْتَطِيعُ أَنْ أَتَكَلَّمَ بِشَيْءٍ؟ اَلْكَلَامُ ٱلَّذِي يَضَعُهُ ٱللهُ فِي فَمِي بِهِ أَتَكَلَّمُ».٣٨
39 ၃၉ ဗာလက် မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက် ကြ၏။
فَٱنْطَلَقَ بَلْعَامُ مَعَ بَالَاقَ وَأَتَيَا إِلَى قَرْيَةِ حَصُوتَ.٣٩
40 ၄၀ ဗာလက် မင်းသည်လည်း ၊ သိုး နွား တို့ကို ပူဇော် ၍ ဗာလမ် နှင့် အရာရှိ တို့အား ပေး လိုက်လေ၏။
فَذَبَحَ بَالَاقُ بَقَرًا وَغَنَمًا، وَأَرْسَلَ إِلَى بَلْعَامَ وَإِلَى ٱلرُّؤَسَاءِ ٱلَّذِينَ مَعَهُ.٤٠
41 ၄၁ နက်ဖြန် နေ့၌ ဗာလက် မင်းသည် ဗာလမ် ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင် ပြခြင်းငှါဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုး ပေါ်သို့ပို့ဆောင် လေ၏။
وَفِي ٱلصَّبَاحِ أَخَذَ بَالَاقُ بَلْعَامَ وَأَصْعَدَهُ إِلَى مُرْتَفَعَاتِ بَعْلٍ، فَرَأَى مِنْ هُنَاكَ أَقْصَى ٱلشَّعْبِ.٤١

< တောလည်ရာ 22 >