< တောလည်ရာ 2 >

1 တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
2 ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိ တပ်နှင့်ဆိုင်သောအလံ၊ မိမိ အဆွေအမျိုး နှင့် ဆိုင်သော အလံ အနား မှာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ရှေ့ရှုပြု၍ နေရာ ချရမည်။
ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
3 နေ ထွက်ရာ အရှေ့ မျက်နှာ၌ ၊ ယုဒ တပ် အလံ နှင့် ဆိုင်သော အလုံးအရင်း သည် နေရာ ကျ၍ ၊ အမိနဒပ် သား နာရှုန် သည်၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
4 သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခုနစ်သောင်း လေးထောင်ခြောက် ရာ ရှိသတည်း။
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
5 ယုဒတပ်အနား မှာ၊ ဣသခါ တပ်ချ ၍ ၊ ဇုအာ သား နာသနေလ သည်၊ ဣသခါ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
6 သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း လေးထောင်လေး ရာ ရှိသတည်း။
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
7 ထိုနောက်၊ ဇာဗုလုန် တပ်ချ၍၊ ဟေလုန် သား ဧလျာဘ သည်၊ ဇာဗုလုန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
8 သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ခုနစ်ထောင်လေး ရာ ရှိသတည်း။
သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
9 ယုဒ တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်သောင်း ခြောက် ထောင် လေး ရာ ရှိသတည်း။ ဤသူတို့သည်၊ တပ် ဦး အရာ၌ ချီ ရကြမည်။
ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
10 ၁၀ တောင် မျက်နှာ၌ ၊ ရုဗင် တပ် အလုံးအရင်း သည်၊ ရုဗင်အလံ ကိုထူ၍၊ ရှေဒုရ သား ဧလိဇုရ သည်၊ ရုဗင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၁၀တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
11 ၁၁ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ခြောက်ထောင်ငါး ရာ ရှိသတည်း။
၁၁သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
12 ၁၂ ရုဗင်တပ်အနား မှာ ရှိမောင် တပ်ချ ၍ ၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည်၊ ရှိမောင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၁၂ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
13 ၁၃ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ကိုးထောင်သုံး ရာ ရှိသတည်း။
၁၃သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။
14 ၁၄ ထိုနောက် ဂဒ် တပ်ချ၍၊ ဒွေလ သား ဧလျာသပ် သည်၊ ဂဒ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၁၄ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
15 ၁၅ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိသတည်း။
၁၅သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။
16 ၁၆ ရုဗင် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း တထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ် အရာ၌ ချီ ရကြမည်။
၁၆ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
17 ၁၇ ထိုအခါ ၊ တပ်မ အလယ် ၌ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့်တကွ၊ လေဝိ တပ် ချီ ရမည်။ တပ်ချ သည် အတိုင်း ၊ လူအသီးသီး တို့သည်၊ မိမိ နေရာ ၌ မိမိ ဆိုင်သော အလံ နှင့်အတူလိုက်လျက်ချီ ရကြမည်။
၁၇ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။
18 ၁၈ အနောက် မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ် အလံ ကိုထူ၍၊ အမိဟုဒ် သား ဧလိရှမာ သည်၊ ဧဖရိမ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၁၈အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
19 ၁၉ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
၁၉သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။
20 ၂၀ ဧဖရိမ်တပ်အနား မှာ မနာရှေ တပ်ချ၍၊ ပေဒါဇုရ သား ဂါမလေလျလ သည်၊ မနာရှေ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၂၀ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
21 ၂၁ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
၂၁သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
22 ၂၂ ထိုနောက် ဗင်္ယာမိန် တပ်ချ၍၊ ဂိဒေါနိ သား အဘိဒန် သည်၊ ဗင်္ယာမိန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၂၂ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
23 ၂၃ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း ငါးထောင်လေး ရာ ရှိသတည်း။
၂၃သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။
24 ၂၄ ဧဖရိမ် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်ထောင် တရာ ရှိသတည်း။ ဤသူတို့သည် တတိယ တပ် အရာ၌ ချီ ရကြမည်။
၂၄ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
25 ၂၅ တပ်များ မြောက် မျက်နှာ၌ ၊ ဒန်တပ်အလုံးအရင်း သည်၊ ဒန် အလံ ကိုထူ၍၊ အမိရှဒ္ဒဲ သား အဟေဇာ သည်၊ ဒန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၂၅တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
26 ၂၆ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ် ရာ ရှိသတည်း။
၂၆သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။
27 ၂၇ ဒန်တပ်အနား မှာ၊ အာရှာ တပ်ချ၍၊ ဩကရန် သား ပါဂျေလ သည်၊ အာရှာ အမျိုးသား တို့တွင် ဗိုလ် လုပ် ရမည်။
၂၇ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။
28 ၂၈ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း တထောင်ငါး ရာ ရှိသတည်း။
၂၈သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။
29 ၂၉ ထိုနောက် ၊ နဿလိ တပ်ချ၍၊ ဧနန် သား အဟိရ သည်၊ နဿလိ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
၂၉ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
30 ၃၀ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း သုံးထောင်လေး ရာ ရှိသတည်း။
၃၀သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။
31 ၃၁ ဒန် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက် ရာ ရှိသတည်း။ ဤသူတို့သည်၊ မိမိ တို့အလံ ပါလျက် နောက်ဆုံး တပ်အရာ၌ ချီ ရကြမည်။
၃၁ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
32 ၃၂ ထိုသို့နှင့်အညီ၊ အဆွေအမျိုး အလိုက် ရေတွက် သော ဣသရေလ အမျိုးသား တပ် အလုံးအရင်း လူပေါင်း ကား၊ ခြောက် သိန်းသုံးထောင် ငါးရာ ငါးဆယ် ရှိသတည်း။
၃၂ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
33 ၃၃ ထာဝရဘုရား သည်၊ မောရှ အား မှာ ထားတော်မူသည်အတိုင်း ၊ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ နှင့် ရောနှော၍ မ ရေတွက် ရ။
၃၃ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။
34 ၃၄ ထာဝရဘုရား သည်၊ မောရှေ အား မှာ ထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အသီးသီး တို့သည်၊ မိမိ အလံ အနားမှာ မိမိနေရာချ ခြင်းကို၎င်း၊ မိမိ ဘိုး ဘ အမျိုး အလိုက် ချီ ခြင်းကို၎င်းပြု ရကြ၏။
၃၄ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။

< တောလည်ရာ 2 >