< တောလည်ရာ 2 >
1 ၁ တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
Et l’Éternel parla à Moïse et à Aaron, disant:
2 ၂ ဣသရေလ အမျိုးသား အသီးအသီးတို့သည်၊ မိမိ တပ်နှင့်ဆိုင်သောအလံ၊ မိမိ အဆွေအမျိုး နှင့် ဆိုင်သော အလံ အနား မှာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကို ရှေ့ရှုပြု၍ နေရာ ချရမည်။
Les fils d’Israël camperont chacun près de sa bannière, sous les enseignes de leurs maisons de pères; ils camperont autour de la tente d’assignation, à distance, vis-à-vis.
3 ၃ နေ ထွက်ရာ အရှေ့ မျက်နှာ၌ ၊ ယုဒ တပ် အလံ နှင့် ဆိုင်သော အလုံးအရင်း သည် နေရာ ကျ၍ ၊ အမိနဒပ် သား နာရှုန် သည်၊ ယုဒ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
[Voici] ceux qui camperont à l’orient, vers le levant, [sous] la bannière du camp de Juda, selon leurs armées: le prince des fils de Juda, Nakhshon, fils d’Amminadab,
4 ၄ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခုနစ်သောင်း လေးထောင်ခြောက် ရာ ရှိသတည်း။
et son armée; et ses dénombrés, 74 600.
5 ၅ ယုဒတပ်အနား မှာ၊ ဣသခါ တပ်ချ ၍ ၊ ဇုအာ သား နာသနေလ သည်၊ ဣသခါ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– Et ceux qui camperont près de lui, sont la tribu d’Issacar: le prince des fils d’Issacar, Nethaneël, fils de Tsuar,
6 ၆ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း လေးထောင်လေး ရာ ရှိသတည်း။
et son armée; et ses dénombrés, 54 400.
7 ၇ ထိုနောက်၊ ဇာဗုလုန် တပ်ချ၍၊ ဟေလုန် သား ဧလျာဘ သည်၊ ဇာဗုလုန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– [Avec eux] sera la tribu de Zabulon: le prince des fils de Zabulon, Éliab, fils de Hélon,
8 ၈ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ခုနစ်ထောင်လေး ရာ ရှိသတည်း။
et son armée; et ses dénombrés, 57 400.
9 ၉ ယုဒ တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်သောင်း ခြောက် ထောင် လေး ရာ ရှိသတည်း။ ဤသူတို့သည်၊ တပ် ဦး အရာ၌ ချီ ရကြမည်။
– Tous les dénombrés du camp de Juda, 186 400, selon leurs armées; ils partiront les premiers.
10 ၁၀ တောင် မျက်နှာ၌ ၊ ရုဗင် တပ် အလုံးအရင်း သည်၊ ရုဗင်အလံ ကိုထူ၍၊ ရှေဒုရ သား ဧလိဇုရ သည်၊ ရုဗင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
La bannière du camp de Ruben, selon ses armées, sera vers le midi: le prince des fils de Ruben, Élitsur, fils de Shedéur,
11 ၁၁ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ခြောက်ထောင်ငါး ရာ ရှိသတည်း။
et son armée; et ses dénombrés, 46 500.
12 ၁၂ ရုဗင်တပ်အနား မှာ ရှိမောင် တပ်ချ ၍ ၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည်၊ ရှိမောင် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– Et ceux qui camperont près de lui, sont la tribu de Siméon: le prince des fils de Siméon, Shelumiel, fils de Tsurishaddaï,
13 ၁၃ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း ကိုးထောင်သုံး ရာ ရှိသတည်း။
et son armée; et ses dénombrés, 59 300.
14 ၁၄ ထိုနောက် ဂဒ် တပ်ချ၍၊ ဒွေလ သား ဧလျာသပ် သည်၊ ဂဒ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– Et [avec eux] sera la tribu de Gad: le prince des fils de Gad, Éliasaph, fils de Rehuel,
15 ၁၅ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိသတည်း။
et son armée; et ses dénombrés, 45 650.
16 ၁၆ ရုဗင် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း တထောင်လေး ရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ် အရာ၌ ချီ ရကြမည်။
– Tous les dénombrés du camp de Ruben, 151 450, selon leurs armées; et ils partiront les seconds.
17 ၁၇ ထိုအခါ ၊ တပ်မ အလယ် ၌ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့်တကွ၊ လေဝိ တပ် ချီ ရမည်။ တပ်ချ သည် အတိုင်း ၊ လူအသီးသီး တို့သည်၊ မိမိ နေရာ ၌ မိမိ ဆိုင်သော အလံ နှင့်အတူလိုက်လျက်ချီ ရကြမည်။
Et la tente d’assignation partira, le camp des Lévites étant au milieu des camps; comme ils auront campé, ainsi ils partiront, chacun à sa place, selon leurs bannières.
18 ၁၈ အနောက် မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ် အလံ ကိုထူ၍၊ အမိဟုဒ် သား ဧလိရှမာ သည်၊ ဧဖရိမ် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
La bannière du camp d’Éphraïm, selon ses armées, sera vers l’occident: le prince des fils d’Éphraïm, Élishama, fils d’Ammihud,
19 ၁၉ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း ငါး ရာ ရှိသတည်း။
et son armée; et ses dénombrés, 40 500.
20 ၂၀ ဧဖရိမ်တပ်အနား မှာ မနာရှေ တပ်ချ၍၊ ပေဒါဇုရ သား ဂါမလေလျလ သည်၊ မနာရှေ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– Et près de lui la tribu de Manassé: le prince des fils de Manassé, Gameliel, fils de Pedahtsur,
21 ၂၁ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
et son armée; et ses dénombrés, 32 200.
22 ၂၂ ထိုနောက် ဗင်္ယာမိန် တပ်ချ၍၊ ဂိဒေါနိ သား အဘိဒန် သည်၊ ဗင်္ယာမိန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– Et [avec eux] sera la tribu de Benjamin: le prince des fils de Benjamin, Abidan, fils de Guidhoni,
23 ၂၃ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ သုံးသောင်း ငါးထောင်လေး ရာ ရှိသတည်း။
et son armée; et ses dénombrés, 35 400.
24 ၂၄ ဧဖရိမ် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ရှစ်ထောင် တရာ ရှိသတည်း။ ဤသူတို့သည် တတိယ တပ် အရာ၌ ချီ ရကြမည်။
– Tous les dénombrés du camp d’Éphraïm, 108 100, selon leurs armées; et ils partiront les troisièmes.
25 ၂၅ တပ်များ မြောက် မျက်နှာ၌ ၊ ဒန်တပ်အလုံးအရင်း သည်၊ ဒန် အလံ ကိုထူ၍၊ အမိရှဒ္ဒဲ သား အဟေဇာ သည်၊ ဒန် အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
La bannière du camp de Dan, selon ses armées, sera vers le nord: le prince des fils de Dan, Akhiézer, fils d’Ammishaddaï,
26 ၂၆ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ် ရာ ရှိသတည်း။
et son armée; et ses dénombrés, 62 700.
27 ၂၇ ဒန်တပ်အနား မှာ၊ အာရှာ တပ်ချ၍၊ ဩကရန် သား ပါဂျေလ သည်၊ အာရှာ အမျိုးသား တို့တွင် ဗိုလ် လုပ် ရမည်။
– Et ceux qui camperont près de lui, sont la tribu d’Aser: le prince des fils d’Aser, Paghiel, fils d’Ocran,
28 ၂၈ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ လေးသောင်း တထောင်ငါး ရာ ရှိသတည်း။
et son armée; et ses dénombrés, 41 500.
29 ၂၉ ထိုနောက် ၊ နဿလိ တပ်ချ၍၊ ဧနန် သား အဟိရ သည်၊ နဿလိ အမျိုးသား တို့တွင် ဗိုလ် လုပ်ရမည်။
– Et [avec eux] sera la tribu de Nephthali: le prince des fils de Nephthali, Akhira, fils d’Énan,
30 ၃၀ သူ အုပ်ရသောအလုံးအရင်း အရေအတွက် ကား၊ ငါးသောင်း သုံးထောင်လေး ရာ ရှိသတည်း။
et son armée; et ses dénombrés, 53 400.
31 ၃၁ ဒန် တပ် နှင့်ဆိုင်သော အလုံးအရင်း အရေအတွက် ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက် ရာ ရှိသတည်း။ ဤသူတို့သည်၊ မိမိ တို့အလံ ပါလျက် နောက်ဆုံး တပ်အရာ၌ ချီ ရကြမည်။
– Tous les dénombrés du camp de Dan, 157 600; ils partiront les derniers, selon leurs bannières.
32 ၃၂ ထိုသို့နှင့်အညီ၊ အဆွေအမျိုး အလိုက် ရေတွက် သော ဣသရေလ အမျိုးသား တပ် အလုံးအရင်း လူပေါင်း ကား၊ ခြောက် သိန်းသုံးထောင် ငါးရာ ငါးဆယ် ရှိသတည်း။
Ce sont là les dénombrés des fils d’Israël, selon leurs maisons de pères. Tous les dénombrés des camps, selon leurs armées, furent 603 550.
33 ၃၃ ထာဝရဘုရား သည်၊ မောရှ အား မှာ ထားတော်မူသည်အတိုင်း ၊ လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ နှင့် ရောနှော၍ မ ရေတွက် ရ။
Mais les Lévites ne furent pas dénombrés parmi les fils d’Israël, ainsi que l’Éternel l’avait commandé à Moïse.
34 ၃၄ ထာဝရဘုရား သည်၊ မောရှေ အား မှာ ထား တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား အသီးသီး တို့သည်၊ မိမိ အလံ အနားမှာ မိမိနေရာချ ခြင်းကို၎င်း၊ မိမိ ဘိုး ဘ အမျိုး အလိုက် ချီ ခြင်းကို၎င်းပြု ရကြ၏။
Et les fils d’Israël firent selon tout ce que l’Éternel avait commandé à Moïse: ainsi ils campèrent selon leurs bannières, et ainsi ils partirent, chacun selon leurs familles, selon leurs maisons de pères.