< တောလည်ရာ 19 >

1 တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊ ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူသော ပညတ် တရားဟူမူကား၊
Then the LORD said to Moses and Aaron,
2 အပြစ် မပါ၊ တခါမျှ ထမ်းဘိုး မတင် ၊ ကွက်ကျား ခြင်းမ ရှိ၊ အဆင်းနီ သော နွားမ ပျိုကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့မည်အကြောင်း ဆင့်ဆို လော့။
“This is the statute of the law that the LORD has commanded: Instruct the Israelites to bring you an unblemished red heifer that has no defect and has never been placed under a yoke.
3 ယဇ်ပုရောဟိတ် ဧလာဇာ ၌ အပ် ၍ တပ် ပြင် သို့ ဆောင် သွားပြီးမှ ၊ သူ့ ရှေ့၌ အခြားသူ သတ် ရမည်။
Give it to Eleazar the priest, and he will have it brought outside the camp and slaughtered in his presence.
4 ယဇ်ပုရောဟိတ် ဧလာဇာ သည် အသွေး ကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ စူးစူး၌ ခုနစ် ကြိမ် ဖြန်း ရမည်။
Eleazar the priest is to take some of its blood on his finger and sprinkle it seven times toward the front of the Tent of Meeting.
5 ယဇ်ပုရောဟိတ် ရှေ့မှာ ထိုနွားမ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနု နှင့်တကွတကောင်လုံးကို အခြား သူသည် မီးရှို့ ရမည်။
Then the heifer must be burned in his sight. Its hide, its flesh, and its blood are to be burned, along with its dung.
6 ယဇ်ပုရောဟိတ် သည်လည်း အကာရှ သစ်သား ၊ ဟုဿုပ် ပင်ညွန့်နှင့် နီမောင်း သော အထည်ကို ယူ၍၊ နွားမ မီးလောင် ရာထဲသို့ ပစ်ချ ရမည်။
The priest is to take cedar wood, hyssop, and scarlet wool and throw them onto the burning heifer.
7 ထိုနောက် မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ တပ် ထဲသို့ ဝင် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
Then the priest must wash his clothes and bathe his body in water; after that he may enter the camp, but he will be ceremonially unclean until evening.
8 မီးရှို့ သောသူသည် လည်း ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။
The one who burned the heifer must also wash his clothes and bathe his body in water, and he too will be ceremonially unclean until evening.
9 စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။
Then a man who is ceremonially clean is to gather up the ashes of the heifer and store them in a ceremonially clean place outside the camp. They must be kept by the congregation of Israel for preparing the water of purification; this is for purification from sin.
10 ၁၀ နွားမ ၏ပြာ ကို စုသိမ်း သောသူသည်လည်း ၊ မိမိ အဝတ် ကိုလျှော် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလ အမျိုးသား ၊ တည်းခို သော တပါး အမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသောပညတ် ဖြစ်သတည်း။
The man who has gathered up the ashes of the heifer must also wash his clothes, and he will be ceremonially unclean until evening. This is a permanent statute for the Israelites and for the foreigner residing among them.
11 ၁၁ လူသေကောင် ကို ထိ သောသူသည် ခုနစ် ရက် မ စင်ကြယ်ဖြစ်လိမ့်မည်။
Whoever touches any dead body will be unclean for seven days.
12 ၁၂ သုံး ရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ် ကိုသန့်ရှင်း စေ၍ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ စင်ကြယ် လိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ကိုယ်ကိုမ သန့်ရှင်း စေ လျှင် ၊ ခုနစ် ရက်မြောက်သောနေ့ တိုင်အောင် မ စင်ကြယ် ရ။
He must purify himself with the water on the third day and on the seventh day; then he will be clean. But if he does not purify himself on the third and seventh days, he will not be clean.
13 ၁၃ လူသေကောင် ကိုထိ ၍ ကိုယ်ကိုမ သန့်ရှင်း စေ သောသူသည်၊ ထာဝရဘုရား ၏ တဲ တော်ကို ညစ်ညူး စေ ၏။ ထိုသူ ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ စင်ကြယ် စေသောရေ ဖြန်း ခြင်းကို မ ခံသောကြောင့် မ စင်ကြယ်ဖြစ်၏။ စင်ကြယ် ခြင်းသို့ မရောက်သေး။
Anyone who touches a human corpse and fails to purify himself defiles the tabernacle of the LORD. That person must be cut off from Israel. He remains unclean, because the water of purification has not been sprinkled on him, and his uncleanness is still on him.
14 ၁၄ တဲ ၌ လူ သေ လျှင် စောင့်ရသောတရား ဟူမူကား ၊ တဲ သို့ ဝင် သောသူ၊ တဲ ၌ ရှိနေသောသူအပေါင်း တို့သည် ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်ကြလိမ့်မည်။
This is the law when a person dies in a tent: Everyone who enters the tent and everyone already in the tent will be unclean for seven days,
15 ၁၅ မ ဖုံး ဘဲ ဖွင့် ထားသောအိုး ရှိသမျှ တို့သည်လည်း မ စင်ကြယ်ဖြစ်ကြလိမ့်မည်။
and any open container without a lid fastened on it is unclean.
16 ၁၆ သတ်၍သေ သောသူ၊ နာ၍သေ သောသူ၊ လူ သေ အရိုး ၊ လူသင်္ချိုင်း ကို လယ်ပြင် ၌ တွေ့၍ထိ လျှင်၊ ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်လိမ့်မည်။
Anyone in the open field who touches someone who has been killed by the sword or has died of natural causes, or anyone who touches a human bone or a grave, will be unclean for seven days.
17 ၁၇ မ စင်ကြယ်သောသူဘို့ အပြစ် ကင်းစေရာ မီးရှို့ သောနွားမ၏ပြာ အချို့ ကို ယူ ၍ ၊ စီး သောရေ နှင့်အတူအိုး ၌ ထည့် ပြီးမှ ၊
For the purification of the unclean person, take some of the ashes of the burnt sin offering, put them in a jar, and pour fresh water over them.
18 ၁၈ စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။
Then a man who is ceremonially clean is to take some hyssop, dip it in the water, and sprinkle the tent, all the furnishings, and the people who were there. He is also to sprinkle the one who touched a bone, a grave, or a person who has died or been slain.
19 ၁၉ စင်ကြယ် သောသူသည် မ စင်ကြယ်သောသူကို သုံး ရက်မြောက်သောနေ့ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ ဖြန်း ရမည်။ ခုနစ် ရက်မြောက်သောနေ့ ၌ ကိုယ်ကိုသန့်ရှင်း စေ လျက် ၊ မိမိ အဝတ် ကို လျှော် ၍ ရေချိုး လျှင် ၊ ညဦး အချိန် တွင် စင်ကြယ် လိမ့်မည်။
The man who is ceremonially clean is to sprinkle the unclean person on the third day and on the seventh day. After he purifies the unclean person on the seventh day, the one being cleansed must wash his clothes and bathe in water, and that evening he will be clean.
20 ၂၀ မ စင်ကြယ်သော သူ သည် ကိုယ်ကိုသန့်ရှင်း စေခြင်းငှါမ ပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေသောကြောင့် ၊ ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။ စင်ကြယ် စေသော ရေ ဖြန်း ခြင်းကို မ ခံသောကြောင့်၊ မ စင်ကြယ်ဘဲနေ၏။
But if a person who is unclean does not purify himself, he will be cut off from the assembly, because he has defiled the sanctuary of the LORD. The water of purification has not been sprinkled on him; he is unclean.
21 ၂၁ အစဉ်အမြဲ စောင့်ရသောပညတ် ဟူမူကား ၊ စင်ကြယ် သော ရေ ကို ဖြန်း သောသူသည် မိမိ အဝတ် ကို လျှော် ရမည်။ ထိုရေ ကို ထိ သောသူလည်း ၊ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
This is a permanent statute for the people: The one who sprinkles the water of purification must wash his clothes, and whoever touches the water of purification will be unclean until evening.
22 ၂၂ မ စင်ကြယ်သောသူ ထိ သမျှ သော အရာသည် လည်း မ စင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိ သောသူ လည်း ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
Anything the unclean person touches will become unclean, and anyone who touches it will be unclean until evening.”

< တောလည်ရာ 19 >