< တောလည်ရာ 18 >

1 တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ သင် နှင့် သင် ၏သား မြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင် တို့ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ် ကိုခံရ ကြမည်။
ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``သင်​နှင့်​တ​ကွ သင်​၏​သား​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​ဆိုင်​သော​ဝတ်​ကို ဆောင်​ရွက်​ရာ​၌ မှား​ယွင်း​ချွတ်​ချော်​ခဲ့​သော် အ​ပြစ်​ဒဏ်​ကို​သင်​တို့​ခံ​ရ​ကြ​မည်။ သို့​ရာ တွင်​ယဇ်​ပု​ရော​ဟိတ်​တာ​ဝန်​ကို​ထမ်း​ဆောင် ရာ​၌​မှား​ယွင်း​ချွတ်​ချော်​ခဲ့​လျှင်​မူ​ကား သင် နှင့်​သင်​၏​သား​တို့​သာ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​မည်။-
2 သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
သင်​နှင့်​သင်​၏​သား​တို့​သည်​တဲ​တော်​နှင့်​ဆိုင် သော​ဝတ်​တို့​ကို​ဆောင်​ရွက်​ရာ​၌ သင်​၏​ဆွေ မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ​အ​နွယ် ဝင်​တို့​အား​သင်​တို့​ကို​ကူ​ညီ​စေ​လော့။-
3 လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။
သူ​တို့​သည်​သင့်​ဝေ​ယျာ​ဝစ္စ​နှင့်​တဲ​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​ကြ​မည်။ သို့​ရာ တွင်​သူ​တို့​သည်​သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ဆိုင်​သော​ပစ္စည်း​များ​ကို​လည်း​ကောင်း၊ ယဇ် ပလ္လင်​ကို​လည်း​ကောင်း​မ​ထိ​မ​ကိုင်​ရ။ အ​ကယ် ၍​ထိ​ကိုင်​မိ​လျှင်​သင်​နှင့်​တ​ကွ​သူ​တို့​သည် သေ​ဒဏ်​ခံ​ရ​ကြ​မည်။-
4 သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။
သူ​တို့​သည်​သင်​နှင့်​အ​တူ​တဲ​တော်​နှင့်​ဆိုင် သော​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​မည်။ လေ​ဝိ အ​နွယ်​ဝင်​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ သင်​နှင့်​အ​တူ​တဲ​တော်​တာ​ဝန်​ကို​မ​ဆောင် ရွက်​စေ​ရ။-
5 နောက် တဖန် အမျက် တော်ထွက်၍ ဣသရေလ အမျိုးသား တို့အပေါ် သို့ မ ရောက် မည်အကြောင်း ၊ သင်တို့သည် သန့်ရှင်း ရာဌာနတော်နှင့် ယဇ်ပလ္လင် ကို စောင့် ရကြမည်။
သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-
6 ထိုသို့ သင် တို့၏ ညီအစ်ကို လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ထဲက ရွေးယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ထမ်း စေခြင်းငှါ ၊ ထာဝရဘုရား အား ပြု သောပူဇော်သက္ကာ ကဲ့သို့သင် တို့အား ငါပေး၏။
ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှ သင် ၏​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​သော​လေ​ဝိ အ​နွယ်​ဝင်​တို့​ကို သင်​တို့​အ​တွက်​လှူ​ဖွယ် ဝတ္ထု​အ​ဖြစ်​ငါ​ရွေး​ချယ်​၏။ သူ​တို့​သည် တဲ​တော်​ဝေ​ယျာ​ဝစ္စ​ကို​ထမ်း​ဆောင်​စေ​ရန် ငါ့​အ​တွက်​ဆက်​ကပ်​ထား​သူ​များ​ဖြစ်​သည်။-
7 ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
သို့​ရာ​တွင်​သင်​နှင့်​သင်​၏​သား​များ​က​သာ ယဇ်​ပလ္လင်​နှင့်​အ​လွန်​သန့်​ရှင်း​သော​ဌာ​န​တော် နှင့်​ဆိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဝတ်​ရှိ​သ​မျှ ကို​ဆောင်​ရွက်​ရ​မည်။ မ​ဆိုင်​သူ​တစ်​စုံ​တစ် ယောက်​သည်​ချဉ်း​ကပ်​မိ​လျှင် ထို​သူ​အား​သေ ဒဏ်​စီ​ရင်​ရ​မည်။ ငါ​သည်​သင်​တို့​အား​ယဇ် ပု​ရော​ဟိတ်​ရာ​ထူး​ချီး​မြှင့်​ထား​သည်​ဖြစ် ရာ သင်​တို့​သည်​ဤ​တာ​ဝန်​များ​ကို​ထမ်း ဆောင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
8 တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။
ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရုန်​အား``မီး​ရှို့​ရာ ယဇ်​မ​ဟုတ်​သော​အ​ထူး​ပူ​ဇော်​သကာ​ဟူ သ​မျှ​တို့​ကို သင်​နှင့်​သင်​၏​သား​တို့​အား ငါ​ပေး​သည်။ ဤ​ဝေ​စု​ကို​သင်​နှင့်​သင်​၏ သား​အ​စဉ်​အ​ဆက်​တို့​အား​ငါ​ပေး​၏။-
9 မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။
မီး​ရှို့​ရာ​သ​ကာ​မ​ဟုတ်​သည့်​ထူး​မြတ်​သော သ​ကာ​များ​အ​နက် သင်​ပိုင်​ဆိုင်​သော​သ​ကာ များ​မှာ​ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ သ​ကာ​နှင့်​အ​ပြစ်​ဒဏ်​ပြေ​ရာ​သ​ကာ​တို့ ဖြစ်​သည်။ ငါ့​အား​ဆက်​သ​သော​သ​ကာ ဟူ​သ​မျှ​သည်​သင်​နှင့်​သင်​၏​သား​များ ပိုင်​ဆိုင်​၏။-
10 ၁၀ သန့်ရှင်း ရာဌာန၌ စား ရမည်။ ယောက်ျား အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။ သင် တို့အဘို့ သန့်ရှင်း ပေ၏။
၁၀သ​ကာ​များ​ကို​သန့်​ရှင်း​သော​ဌာ​န​တွင်​စား​ရ မည်။ အ​မျိုး​သား​များ​သာ​လျှင်​စား​ရ​မည်။ ထို အ​စာ​သည်​သန့်​ရှင်း​သော​အ​စာ​ဖြစ်​၏။
11 ၁၁ ထိုမှတပါး ဣသရေလ အမျိုးသား တို့ ပူဇော်သော ချီမြှောက် ရာ ပူဇော်သက္ကာ၊ ချီလွှဲ ရာ ပူဇော်သက္ကာတို့ကို၊ သင် နှင့် သင် ၏သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့်ငါပေး ပြီ။ သင့် အိမ် ၌ သန့်ရှင်း သောသူ အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။
၁၁``ထို့​အ​ပြင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆက် သ​သော အ​ခြား​အ​ထူး​ပူ​ဇော်​သကာ​များ​သည် လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ထို​ပူ​ဇော်​သကာ​များ သည် သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​ခံ​စား​ရ​မည့်​ဝေ​စု​ဖြစ်​သည်။ သင့်​အိမ်​ထောင် ၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သူ​တိုင်း ထို​အ​စား​အ​စာ​ကို​စား​နိုင်​သည်။
12 ၁၂ ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
၁၂``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား​နှစ် စဉ်​ဆက်​သ​သော​အ​ဦး​သီး​သော​အ​သီး​အ​နှံ များ​မှ​အ​ကောင်း​ဆုံး​သံ​လွင်​ဆီ၊ အ​ကောင်း​ဆုံး စ​ပျစ်​ရည်​နှင့်​အ​ကောင်း​ဆုံး​စ​ပါး​တို့​ကို သင့်​အား​ငါ​ပေး​၏။-
13 ၁၃ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင် ဆိုင် ရ မည်။ သင့် အိမ် ၌ သန့်ရှင်း သော သူအပေါင်း တို့သည် စား ရသောအခွင့် ရှိ၏။
၁၃ထို​အ​စား​အ​စာ​များ​သည်​သင်​နှင့်​ဆိုင်​၏။ သင့်​အိမ်​ထောင်​၌​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သူ​တိုင်း​ထို​အ​စား​အ​စာ​ကို​စား နိုင်​သည်။
14 ၁၄ ဣသရေလ အမျိုး၌ ကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သင် ဆိုင် ရ မည်။
၁၄``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။
15 ၁၅ အဦး ဘွားသောသား၊ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ တို့ကို သင် ဆိုင် ရ မည်။ သို့ရာတွင် လူ ၏သားဦး နှင့် မ စင်ကြယ်သော တိရစ္ဆာန် ၏သားဦး ကို အမှန်ရွေး ရမည်။
၁၅``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-
16 ၁၆ ရွေး ရသောသား တို့ကို အသက်တလ လွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရ နှစ်ဆယ် နှင့်မျှသော အကျပ် တော်အလိုက် ငွေ ငါး ကျပ် နှင့် ရွေး ရမည်။
၁၆တစ်​လ​သား​အ​ရွယ်​က​လေး​များ​ကို​ကျပ် ချိန်​တော်​အ​ရ ငွေ​သား​ငါး​ကျပ်​ဖြင့်​ရွေး​ယူ စေ​ရ​မည်။-
17 ၁၇ နွား သားဦး ၊ သိုး သားဦး ၊ ဆိတ် သားဦး သည် သန့်ရှင်း သောကြောင့်မ ရွေး ရ။ သူ ၏အသွေး ကို ယဇ်ပလ္လင် ပေါ်မှာ ဖြန်း ရမည်။ ဆီဥ ကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေ၍၊ မီး ဖြင့် ပူဇော်သက္ကာပြုရမည်။
၁၇သို့​ရာ​တွင် နွား၊ သိုး၊ ဆိတ်​တို့​၏​သား​ဦး​များ​ကို ရွေး​ယူ​ပိုင်​ခွင့်​မ​ရှိ။ ယင်း​တို့​ကို​ငါ့​အား​ဆက် ကပ်​ထား​ပြီး​ဖြစ်​၍​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင် တို့​၏​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​သို့​ပက်​ဖျန်း​၍ အ​ဆီ​ကို​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​ရ​နံ့​ကို​ငါ​နှစ်​သက်​တော်​မူ​၏။-
18 ၁၈ အသား မူကား ချီလွှဲ ရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာ ပခုံး ကဲ့သို့ သင့် အဘို့ ဖြစ် ရမည်။
၁၈အ​ထူး​ပူ​ဇော်​သ​ကာ​မှ​ရင်​ပုံ​သား​နှင့်​ယာ ဘက်​ပေါင်​သည် သင်​တို့​နှင့်​ဆိုင်​သ​ကဲ့​သို့ ယင်း​တို့​၏​အ​သား​သည်​လည်း​သင်​တို့​နှင့် ဆိုင်​၏။
19 ၁၉ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ထာဝရဘုရား အား ဆောင် ခဲ့သော ပူဇော်သက္ကာ ရှိသမျှ တို့ကို သင် နှင့် သင် ၏ သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့် ငါပေး ပြီ။ သင် အစရှိသောသင် ၏အမျိုးအနွယ် နှင့်ဆို၍ ထာဝရဘုရား ရှေ့ တော်၌ ဆား နှင့်ယှဉ် သော ထာဝရ ပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
၁၉``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ငါ့​အား ဆက်​သ​သော အ​ထူး​ပူ​ဇော်​သကာ​ရှိ​သ​မျှ​တို့ ကို​သင်​နှင့်​သင်​၏​သား​မြေး​အ​စဉ်​အ​ဆက် တို့​အား​ငါ​ပေး​၏။ ဤ​ပဋိညာဉ်​သည်​ငါ​နှင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​ပြု​ထား​သော ထာ​ဝ​စဉ် တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
20 ၂၀ တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ နေရာပြည် ၌ သင့်အမွေ ခံရာမြေ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မ ရှိ ရ။ ငါ သည်ကား သူ တို့တွင် သင် ပိုင်သောအဘို့ သင့် အမွေ ဥစ္စာဖြစ်၏။
၂၀ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``ဣ​သ​ရေ​လ နိုင်​ငံ​တွင် သင်​အ​မွေ​ခံ​ရန်​ပစ္စည်း၊ သင်​ပိုင်​မြေ ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​မှီ​ခို​အား​ထား​ရာ​ဖြစ်​သည်'' ဟု​မိန့်​တော် မူ​၏။
21 ၂၁ လေဝိ သား တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် သောကြောင့်၊ သူ တို့အမွေခံ စရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို ငါပေး ပြီ။
၂၁ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က ငါ့​အား​ဆက်​သ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ထိန်း​သိမ်း​ခ​အ​ဖြစ် ငါ​ပေး​ပြီ။-
22 ၂၂ ယခုမှစ၍ဣသရေလ အမျိုးသား တို့သည် ကိုယ်အပြစ် ကိုခံ ၍ သေ ဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်အနီးအပါးသို့ မ ချဉ်း မကပ် ရကြ။
၂၂အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည် တဲ​တော်​အ​နီး​သို့​မ​ချဉ်း​ကပ်​ရ၊ ချဉ်း​ကပ်​မိ သော​သူ​တို့​သည်​သေ​ဒဏ်​ခံ​ရ​မည်။-
23 ၂၃ လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
၂၃ယ​ခု​မှ​စ​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​က​သာ​လျှင် တဲ​တော်​ကို​ထိန်း​သိမ်း​၍ တဲ​တော်​နှင့်​ဆိုင်​သော ဝေ​ယျာ​ဝစ္စ​ရှိ​သ​မျှ​ကို​တာ​ဝန်​ခံ​ဆောင်​ရွက် ရ​မည်။ ဤ​ပ​ညတ်​ကို​သင်​၏​သား​မြေး​အ​စဉ် အ​ဆက်​စောင့်​ထိန်း​ရ​မည်။ ငါ့​အား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​အ​ထူး​အ​လှူ​အ​ဖြစ် ဆက် သ​သော​ဆယ်​ဖို့​တစ်​ဖို့​ကို​လေ​ဝိ​အ​နွယ်​ဝင် တို့​ကို​ငါ​ပေး​ထား​ပြီ​ဖြစ်​သော​ကြောင့် ဣ​သ ရေ​လ​နိုင်​ငံ​တွင်​ပစ္စည်း​ဥစ္စာ​မ​ပိုင်​ဆိုင်​ရ။ သို့ ဖြစ်​၍​သူ​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ပစ္စည်း​ဥစ္စာ​မ​ပိုင်​ရ​ဟု​ငါ​အ​မိန့်​ရှိ​ခဲ့​ပြီ'' ဟု​မိန့်​တော်​မူ​၏။
24 ၂၄ ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ ကို၊ လေဝိ သားအမွေ ခံစရာဘို့ ငါပေး ပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ဟု ငါ့အမိန့် တော်ရှိ၏။
၂၄
25 ၂၅ တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် လေဝိ သားတို့အား ဆင့်ဆို ရမည်မှာ၊
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် လေ​ဝိ အ​နွယ်​ဝင်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​သင်​တို့​အား​ပေး​သော​အ​ခါ သင်​တို့​သည် ထို​အ​လှူ​၏​ဆယ်​ဖို့​တစ်​ဖို့​ကို​ထာ​ဝ​ရ​ဘု​ရား အား အ​ထူး​အ​လှူ​အ​ဖြစ်​ဆက်​သ​ရ​မည်။-
26 ၂၆ သင် တို့အမွေခံ စရာ ငါပေး သော ဣသရေလ အမျိုးသား တို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ် ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
၂၆
27 ၂၇ ထိုပူဇော်သက္ကာ ကို၊ ကောက်နယ် တလင်းထဲက ယူသော ဆန် စပါးကဲ့သို့ ၎င်း ၊ စပျစ်သီး နယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎င်း၊ သင် တို့အဘို့ မှတ် ရ လိမ့်မည်။
၂၇ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။-
28 ၂၈ ထိုသို့ သင်တို့သည် ဣသရေလ အမျိုးသား တို့မှ ခံယူ သော ဆယ်ဘို့တဘို့ ထဲက ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန် အား လှူ ရကြမည်။
၂၈ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော​ဆယ်​ဖို့​တစ်​ဖို့ အ​လှူ​ရှိ​သ​မျှ​ကို ငါ့​အား​အ​ထူး​အ​လှူ အ​ဖြစ်​ဆက်​သ​ရ​မည်။ သင်​တို့​သည်​ငါ့​အား ဆက်​သ​သော ဤ​အ​ထူး​အ​လှူ​ကို​ယဇ်​ပု ရော​ဟိတ်​အာ​ရုန်​အား​ပေး​အပ်​ရ​မည်။-
29 ၂၉ သင် တို့ခံရသမျှ သော အလှူ တို့အထဲ က အကောင်းဆုံး သောအဘို့ သန့်ရှင်း သောအဘို့ကို နှုတ်ယူ၍ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
၂၉သင်​တို့​ရ​ရှိ​သော​အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ရ​မည်။-
30 ၃၀ သို့ဖြစ်၍ သူ တို့အား ဆင့်ဆို ရမည်မှာ၊ လေဝိ သား တို့သည် အကောင်းဆုံး သောအဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ် တလင်း၏ ကျေးဇူး ၊ စပျစ်သီး နယ်ရာကျင်း၏ ကျေးဇူး ကဲ့သို့ မိမိတို့အဘို့ မှတ် ရ လိမ့်မည်။
၃၀လယ်​သ​မား၊ ခြံ​သ​မား​သည်​ထာ​ဝရ​ဘုရား အ​တွက် လှူ​စ​ရာ​သီး​နှံ​များ​ကို​ဆက်​သ​ပြီး နောက် ကျန်​ရှိ​သ​မျှ​ကို​မိ​မိ​စား​သုံး​နိုင်​သ​ကဲ့ သို့ သင်​တို့​သည်​အ​ကောင်း​ဆုံး​ကို​ဆက်​သ​ပြီး လျှင် ကျန်​ရှိ​သ​မျှ​ကို​စား​သုံး​နိုင်​သည်။-
31 ၃၁ ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စား ရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေး ရာတဲ တော်၌ အမှု စောင့် သောအတွက် ငါချသောဆု ဖြစ်၏။
၃၁ကျန်​ရှိ​သ​မျှ​သော​အ​လှူ​သည်​သင်​တို့​တဲ တော်​၌ အ​မှု​ဆောင်​သည့်​အ​တွက်​ခံ​ထိုက်​သော အ​ခ​ဖြစ်​ခြင်း​ကြောင့် ထို​အ​လှူ​ကို​သင်​နှင့် သင်​၏​မိ​သား​စု​တို့​သည်​မည်​သည့်​နေ​ရာ ၌​မ​ဆို​စား​သုံး​နိုင်​သည်။-
32 ၃၂ အကောင်းဆုံး သော အဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့်အပြစ် ရောက် စရာအကြောင်းမ ရှိ။ သေ ဘေးနှင့် မ တွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာတို့ကို မ ညစ်ညူး စေ ရဟု မိန့် တော်မူ၏။
၃၂အ​လှူ​ထဲ​မှ​အ​ကောင်း​ဆုံး​ကို​ထာ​ဝ​ရ​ဘု​ရား အား ဆက်​သ​ပြီး​မှ​စား​သုံး​လျှင်​သင်​တို့​၌ အ​ပြစ်​မ​ရှိ။ သို့​ရာ​တွင်​သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပေး​သော အ​လှူ​မှ​အ​ကောင်း​ဆုံး ကို​ထာ​ဝ​ရ​ဘု​ရား​အား​မ​ဆက်​သ​မီ​စား​သုံး ခြင်း​အား​ဖြင့် အ​လှူ​ကို​မ​ညစ်​ညူး​မိ​စေ​ရန် သ​တိ​ပြု​လော့။ ညစ်​ညူး​မိ​လျှင်​သင်​တို့​သည် သေ​ဒဏ်​သင့်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< တောလည်ရာ 18 >