< တောလည်ရာ 18 >
1 ၁ တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ သင် နှင့် သင် ၏သား မြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့်ဆိုင်သောအပြစ် ၊ သင် တို့ယဇ်ပုရောဟိတ် အရာနှင့် ဆိုင်သော အပြစ် ကိုခံရ ကြမည်။
Yahweh said to Aaron, “You, your sons, and your ancestor's clan will be responsible for all sins committed against the sanctuary. But only you and your sons with you will be responsible for all sins committed by anyone in the priesthood.
2 ၂ သင် ၏ ဘိုးဘ အဆွေအမျိုး ၊ လေဝိ အမျိုးသား ညီအစ်ကို ချင်းတို့သည်၊ သင် နှင့်အတူ ကူညီ ၍ အမှု တော်ကို ဆောင်ရွက်စေခြင်းငှါခေါ် ထားလော့။ သို့ရာတွင် သင် နှင့်တကွ သင် ၏သား တို့သည်၊ သက်သေခံ ချက် တဲ တော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
As for your fellow members of the tribe of Levi, your ancestors' tribe, you must bring them with you so they may join you and help you when you and your sons serve in front of the tent of the covenant decrees.
3 ၃ လေဝိသားတို့သည် သင့် ကို၎င်း ၊ တဲ တော်ရှိသမျှ ကို ၎င်းစောင့် ရကြမည်။ သို့ရာတွင်သင် တို့နှင့် သူတို့ သည် သေ ဘေးလွတ် မည်အကြောင်း ၊ သူတို့သည် တဲ တော် တန်ဆာ ၊ ယဇ်ပလ္လင် တန်ဆာများကို မ ချဉ်းကပ် ရကြ။
They must serve you and the whole tent. However, they must not come near to anything in the holy place or connected with the altar, or they and also you will die.
4 ၄ သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။
They must join you and take care of the tent of meeting, for all the work connected with the tent. A foreigner must not come near you.
5 ၅ နောက် တဖန် အမျက် တော်ထွက်၍ ဣသရေလ အမျိုးသား တို့အပေါ် သို့ မ ရောက် မည်အကြောင်း ၊ သင်တို့သည် သန့်ရှင်း ရာဌာနတော်နှင့် ယဇ်ပလ္လင် ကို စောင့် ရကြမည်။
You must take responsibility for the holy place and for the altar so that my anger does not come on the people of Israel again.
6 ၆ ထိုသို့ သင် တို့၏ ညီအစ်ကို လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ထဲက ရွေးယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ထမ်း စေခြင်းငှါ ၊ ထာဝရဘုရား အား ပြု သောပူဇော်သက္ကာ ကဲ့သို့သင် တို့အား ငါပေး၏။
Look, I myself have chosen your fellow members of the Levites from among the descendants of Israel. They are a gift to you, given to me to do the work connected to the tent of meeting.
7 ၇ ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
But only you and your sons may exercise the priesthood regarding everything connected with the altar and everything inside the curtain. You yourselves must fulfill those responsibilities. I am giving you the priesthood as a gift. Any foreigner who approaches must be put to death.”
8 ၈ တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။
Then Yahweh said to Aaron, “Look, I have given you the duty of handling the offerings raised up to me, and all the holy offerings that the people of Israel give to me. I have given these offerings to you and your sons as your ongoing share.
9 ၉ မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။
This will belong to you from the most holy things that is kept from the fire. From every offering of theirs—every grain offering, every sin offering, and every guilt offering—they are set apart to you and to your sons.
10 ၁၀ သန့်ရှင်း ရာဌာန၌ စား ရမည်။ ယောက်ျား အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။ သင် တို့အဘို့ သန့်ရှင်း ပေ၏။
These offerings are very holy; every male must eat it, for they are holy to you.
11 ၁၁ ထိုမှတပါး ဣသရေလ အမျိုးသား တို့ ပူဇော်သော ချီမြှောက် ရာ ပူဇော်သက္ကာ၊ ချီလွှဲ ရာ ပူဇော်သက္ကာတို့ကို၊ သင် နှင့် သင် ၏သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့်ငါပေး ပြီ။ သင့် အိမ် ၌ သန့်ရှင်း သောသူ အပေါင်း တို့သည် စား ရသောအခွင့်ရှိ၏။
These are the offerings that will belong to you, set apart out of all their gifts of the wave offerings of the people of Israel. I have given them to you, your sons, and your daughters, as your portion forever. Everyone who is ceremonially clean in your family may eat any of these offerings.
12 ၁၂ ဣသရေလအမျိုးသားရွေး၍ ထာဝရဘုရား အား ပူဇော် သမျှ အကောင်းဆုံး သောဆီ ၊ အကောင်းဆုံး သော စပျစ်ရည် ၊ အကောင်းဆုံးသော ဂျုံ စပါးကို သင် တို့အား ငါပေး ပြီ။
All the best of the oil, all the best of the new wine and grain, the firstfruits that the people give to me—all these things I have given to you.
13 ၁၃ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ အဦး မှည့်သော သစ်သီးကိုလည်း သင် ဆိုင် ရ မည်။ သင့် အိမ် ၌ သန့်ရှင်း သော သူအပေါင်း တို့သည် စား ရသောအခွင့် ရှိ၏။
The first ripe produce of all that is in their land, which they bring to me, will be yours. Everyone who is clean in your family may eat these things.
14 ၁၄ ဣသရေလ အမျိုး၌ ကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သင် ဆိုင် ရ မည်။
Every devoted thing in Israel will be yours.
15 ၁၅ အဦး ဘွားသောသား၊ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့သမျှ တို့ကို သင် ဆိုင် ရ မည်။ သို့ရာတွင် လူ ၏သားဦး နှင့် မ စင်ကြယ်သော တိရစ္ဆာန် ၏သားဦး ကို အမှန်ရွေး ရမည်။
Everything that opens the womb, all the firstborn which the people offer to Yahweh, both of man and animal, will be yours. Nevertheless, the people must certainly buy back every firstborn son, and they must buy back the firstborn male of unclean animals.
16 ၁၆ ရွေး ရသောသား တို့ကို အသက်တလ လွန်မှ၊ သင်အဘိုး ပြတ်သည်အတိုင်း ဂေရ နှစ်ဆယ် နှင့်မျှသော အကျပ် တော်အလိုက် ငွေ ငါး ကျပ် နှင့် ရွေး ရမည်။
Those that are to be bought back by the people must be bought back after becoming one month old. Then the people may buy them back, for the price of five shekels, by the standard weight of the sanctuary shekel, which equals twenty gerahs.
17 ၁၇ နွား သားဦး ၊ သိုး သားဦး ၊ ဆိတ် သားဦး သည် သန့်ရှင်း သောကြောင့်မ ရွေး ရ။ သူ ၏အသွေး ကို ယဇ်ပလ္လင် ပေါ်မှာ ဖြန်း ရမည်။ ဆီဥ ကိုလည်း ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေ၍၊ မီး ဖြင့် ပူဇော်သက္ကာပြုရမည်။
But the firstborn of a cow, or the firstborn of a sheep, or the firstborn of a goat—you must not buy back these animals; they are set apart to me. You must sprinkle their blood on the altar and burn their fat as an offering made by fire, an aroma pleasing to Yahweh.
18 ၁၈ အသား မူကား ချီလွှဲ ရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာ ပခုံး ကဲ့သို့ သင့် အဘို့ ဖြစ် ရမည်။
Their meat will be yours. Like the raised breast and the right thigh, their meat will be yours.
19 ၁၉ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ထာဝရဘုရား အား ဆောင် ခဲ့သော ပူဇော်သက္ကာ ရှိသမျှ တို့ကို သင် နှင့် သင် ၏ သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့် ငါပေး ပြီ။ သင် အစရှိသောသင် ၏အမျိုးအနွယ် နှင့်ဆို၍ ထာဝရဘုရား ရှေ့ တော်၌ ဆား နှင့်ယှဉ် သော ထာဝရ ပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
All the holy offerings that the people of Israel present to Yahweh, I have given to you, and to your sons and to your daughters with you, as a continual share. It is an everlasting covenant of salt, a binding covenant forever, before Yahweh for both you and your descendants with you.”
20 ၂၀ တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ နေရာပြည် ၌ သင့်အမွေ ခံရာမြေ၊ သူတို့နှင့်ရော ၍ ပိုင်သောအဘို့ မ ရှိ ရ။ ငါ သည်ကား သူ တို့တွင် သင် ပိုင်သောအဘို့ သင့် အမွေ ဥစ္စာဖြစ်၏။
Yahweh said to Aaron, “You will have no inheritance in the people's land, nor will you have any share of property among the people. I am your share and inheritance among the people of Israel.
21 ၂၁ လေဝိ သား တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် သောကြောင့်၊ သူ တို့အမွေခံ စရာ ဣသရေလ အမျိုးသားတို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို ငါပေး ပြီ။
To the descendants of Levi, look, I have given all the tithes in Israel as their inheritance in return for the service that they provide in working at the tent of meeting.
22 ၂၂ ယခုမှစ၍ဣသရေလ အမျိုးသား တို့သည် ကိုယ်အပြစ် ကိုခံ ၍ သေ ဘေးနှင့် မတွေ့မည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်အနီးအပါးသို့ မ ချဉ်း မကပ် ရကြ။
From now on the people of Israel must not come near the tent of meeting, or they will be responsible for this sin and die.
23 ၂၃ လေဝိ သားတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ၍ ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ ကြမည်။ သူတို့သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ကြဟု သင် တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
The Levites must do the work connected to the tent of meeting. They will be responsible for any sin regarding it. This will be a permanent law throughout your people's generations. Among the people of Israel they must have no inheritance.
24 ၂၄ ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ ကို၊ လေဝိ သားအမွေ ခံစရာဘို့ ငါပေး ပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ဟု ငါ့အမိန့် တော်ရှိ၏။
For the tithes of the people of Israel, which they offer as a contribution to me—it is these that I have given to the Levites as their inheritance. That is why I said to them, 'They must have no inheritance among the people of Israel.'”
25 ၂၅ တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် လေဝိ သားတို့အား ဆင့်ဆို ရမည်မှာ၊
Yahweh spoke to Moses and said,
26 ၂၆ သင် တို့အမွေခံ စရာ ငါပေး သော ဣသရေလ အမျိုးသား တို့၏ ဥစ္စာဆယ်ဘို့တဘို့ ကို သင်တို့သည် ခံယူ သောအခါ ၊ ထိုအဘို့ကို ဆယ် ဘို့ဘို့ ပြန်၍ တဘို့ကို ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
“You must speak to the Levites and say to them, 'When you receive from the people of Israel the tenth that I have given to you from them for your inheritance, you will present a contribution from it to Yahweh, a tenth of the tithe.
27 ၂၇ ထိုပူဇော်သက္ကာ ကို၊ ကောက်နယ် တလင်းထဲက ယူသော ဆန် စပါးကဲ့သို့ ၎င်း ၊ စပျစ်သီး နယ်ရာ ကျင်းထဲက ယူသောစပျစ်ရည်ကဲ့သို့ ၎င်း၊ သင် တို့အဘို့ မှတ် ရ လိမ့်မည်။
Your contribution must be considered by you as if it were a tenth of the grain from the threshing floor or of the production from the winepress.
28 ၂၈ ထိုသို့ သင်တို့သည် ဣသရေလ အမျိုးသား တို့မှ ခံယူ သော ဆယ်ဘို့တဘို့ ထဲက ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။ ထိုပူဇော်သက္ကာကိုလည်း၊ ယဇ်ပုရောဟိတ် အာရုန် အား လှူ ရကြမည်။
So you also must make a contribution to Yahweh from all the tithes that you receive from the people of Israel. From them you must give his contribution to Aaron the priest.
29 ၂၉ သင် တို့ခံရသမျှ သော အလှူ တို့အထဲ က အကောင်းဆုံး သောအဘို့ သန့်ရှင်း သောအဘို့ကို နှုတ်ယူ၍ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရကြမည်။
Out of all the gifts you receive, you must make every contribution to Yahweh. You must do this from all the best and the holiest things that have been given to you.'
30 ၃၀ သို့ဖြစ်၍ သူ တို့အား ဆင့်ဆို ရမည်မှာ၊ လေဝိ သား တို့သည် အကောင်းဆုံး သောအဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့ကို ကောက်နယ် တလင်း၏ ကျေးဇူး ၊ စပျစ်သီး နယ်ရာကျင်း၏ ကျေးဇူး ကဲ့သို့ မိမိတို့အဘို့ မှတ် ရ လိမ့်မည်။
Therefore you must say to them, 'When you present the best of it, then it must be credited to the Levites as the product from the threshing floor and the winepress.
31 ၃၁ ထိုကြွင်းသောအဘို့ကို၊ ကိုယ်တိုင်မှစ၍အိမ်သူ အိမ်သားတို့သည် စားချင်သောအရပ်ရပ် ၌ စား ရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေး ရာတဲ တော်၌ အမှု စောင့် သောအတွက် ငါချသောဆု ဖြစ်၏။
You may eat the rest of your gifts in any place, you and your families, because it is your pay in return for your work in the tent of meeting.
32 ၃၂ အကောင်းဆုံး သော အဘို့ကို နှုတ်ယူပူဇော် ပြီးမှ ၊ ကြွင်းသောအဘို့အားဖြင့်အပြစ် ရောက် စရာအကြောင်းမ ရှိ။ သေ ဘေးနှင့် မ တွေ့မည်အကြောင်း၊ ဣသရေလ အမျိုးသား တို့၏ သန့်ရှင်း သော အရာတို့ကို မ ညစ်ညူး စေ ရဟု မိန့် တော်မူ၏။
You will not incur any guilt by eating and drinking it, if you have presented to Yahweh the best of what you have received. But you must not profane the holy offerings of the people of Israel, or you will die.'”