< တောလည်ရာ 16 >

1 လေဝိ အမျိုး ၊ ကောဟတ် သား ဣဇဟာ ၏ သား ကောရ သည်၊ ရုဗင် အမျိုး ဧလျာဘ ၏သား ဒါသန် နှင့် အဘိရံ ၊ ပေလက် ၏သား ဩန တို့ကို ခေါ် ပြီးလျှင် ၊
Coré, fils d'Isaar, fils de Caath, fils de Lévi, se fit des partisans, avec Dathan et Abiron, fils d'Eliab, et Hon, fils de Phéleth, ceux-ci, fils de Ruben,
2 ပရိသတ် ၌ ကျော်စော ၍ ဂုဏ် အသရေရှိသောသူ၊ အစည်းအဝေး ၌ မင်း ပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာ ငါးဆယ် နှင့်တကွ၊ မောရှေ ကို ပုန်ကန် ၍၊
et ils se soulevèrent en présence de Moïse, ayant avec eux deux cent cinquante hommes des enfants d'Israël, princes de l'assemblée, appelés aux conseils et gens de renom.
3 မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး လျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ် ရှိသမျှ အပေါင်း တို့သည် သန့်ရှင်း ကြ၏။ ထာဝရဘုရား သည် သူ တို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ၏ပရိသတ် အပေါ် မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက် ရသနည်းဟု ဆို လေ၏။
Ils s'attroupèrent contre Moïse et Aaron, et leur dirent: « C'en est assez! car toute l'assemblée, tous sont saints, et Yahweh est au milieu d'eux. Pourquoi vous élevez-vous au-dessus de l'assemblée de Yahweh? »
4 ထိုစကားကို မောရှေ ကြား လျှင် ပြပ်ဝပ် လျက် နေ၏။
Quand Moïse entendit cela, il tomba sur son visage.
5 တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
Il parla à Coré et à toute sa troupe en disant: « Demain, Yahweh fera connaître celui qui est à lui et qui est saint, et il le fera approcher de lui; celui qu'il aura choisi, il le fera approcher de lui.
6 အိုကောရ နှင့် ကောရ၏အပေါင်းအသင်း ရှိသမျှ တို့၊ သင် တို့ပြု ရမည်အမှုဟူမူကား၊ လင်ပန်း တို့ကို ယူ ၍ ၊
Faites ceci: Prenez des encensoirs, Coré et toute sa troupe.
7 နက်ဖြန် နေ့၊ ထာဝရဘုရား ရှေ့ တော်၌ မီး နှင့် လောဗန် ကို တင် ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက် တော်မူသော သူသည်၊ သန့်ရှင်း သောသူ ဖြစ် စေ။ အိုလေဝိ သား တို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆို လေ၏။
Demain, mettez-y du feu, et jetez dessus du parfum devant Yahweh; celui que Yahweh choisira, c'est lui qui est saint. C'en est assez, enfants de Lévi. »
8 တဖန် မောရှေ က၊ အိုလေဝိ သား တို့၊ နားထောင် ကြပါလော့။
Moïse dit à Coré: « Ecoutez donc, enfants de Lévi.
9 သင်တို့သည် ထာဝရဘုရား ၏ တဲ တော်အမှု ကို ဆောင်ရွက် ၍၊ ပရိသတ် ရှေ့မှာ ရပ် လျက်၊ သူ တို့အမှု ကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင် သည်၊ သင် တို့ကို အနီးအပါး သို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလ အမျိုး ပရိသတ် နှင့် ခွဲ ထား၍ ၊
Est-ce trop peu pour vous que le Dieu d'Israël vous ait séparés de l'assemblée d'Israël en vous faisant approcher de lui, pour faire le service de la Demeure de Yahweh, et pour vous tenir devant l'assemblée pour faire son service?
10 ၁၀ သင့် ကို၎င်း ၊ သင့် ညီအစ်ကို လေဝိ သား အပေါင်း တို့ကို၎င်း၊ အနီးအပါး ၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာ ကြသည်တကား။
Il t'a fait approcher de lui, toi et tous tes frères, les enfants de Lévi, avec toi, et vous ambitionnez encore le sacerdoce!
11 ၁၁ ထိုကြောင့် သင် နှင့် သင် ၏အပေါင်းအသင်း ရှိသမျှ တို့ သည် ထာဝရဘုရား တဘက် ၌ စုဝေး ကြပြီ တကား။ အာရုန် ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူ သည်အဘယ်သို့ သောသူဖြစ်သနည်းဟု ကောရ အား ဆို ပြီးမှ ၊
C'est pour cela que toi et toute ta troupe, vous vous assemblez contre Yahweh! Et Aaron, qui est-il, pour que vous murmuriez contre lui? »
12 ၁၂ ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ကို ခေါ် ခြင်းငှါ စေလွှတ် လေ၏။ သူတို့ကလည်း ငါတို့မ လာ။
Moïse fit appeler Dathan et Abiron, fils d'Eliab; et ils dirent: « Nous ne monterons pas.
13 ၁၃ သင်သည် ဤတော ၌ ငါ တို့ကိုသတ် လို၍ နို့ နှင့် ပျားရည် စီး သော ပြည် မှ ဆောင် ခဲ့သော်လည်း၊ ငါ တို့ အပေါ် ၌ လုံးလုံးမင်း မပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
N'est-ce pas assez de nous avoir fait sortir d'un pays où coulent le lait et le miel pour nous faire mourir au désert, que tu t'ériges en maître sur nous?
14 ၁၄ ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
Ah! Ce n'est pas dans un pays où coulent le lait et le miel que tu nous as conduits; ce ne sont pas des champs et des vignes que tu nous as donnés en possession! Penses-tu crever les yeux de ces gens? Nous ne monterons pas! »
15 ၁၅ မောရှေ သည် အလွန် အမျက် ထွက်၍ ၊ ဤသူ တို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မ မူပါနှင့်။ သူတို့ဥစ္စာ မြည်း တ ကောင်ကိုမျှ အကျွန်ုပ်မ သိမ်း ပါ။ သူ တို့တွင် တယောက် ကိုမျှ မ ညှဉ်းဆဲ ပါဟု ထာဝရဘုရား အား လျှောက် ၍ ၊
Moïse, très irrité, dit à Yahweh: « N'ayez point égard à leur oblation. Je ne leur ai pas même pris un âne, et je n'ai fait de mal à aucun d'eux. »
16 ၁၆ ကောရ အား လည်း၊ အာရုန် နှင့် သင် အစရှိသောသင် ၏အပေါင်းအသင်း ရှိသမျှ တို့သည်၊ နက်ဖြန် နေ့ ထာဝရဘုရား ရှေ့ တော်၌ ရှိ ကြလော့။
Moïse dit à Coré: « Toi et toute ta troupe, trouvez-vous demain devant Yahweh, toi et eux, avec Aaron.
17 ၁၇ လူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များကို ယူ ၍ လောဗန် ကို တင် ပြီးမှ ၊ သင် နှင့် အာရုန် သည်လည်း မိမိ တို့ လင်ပန်း ပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာ ငါးဆယ် တို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့ ကြလော့ဟု ဆို သည်အတိုင်း ၊
Prenez chacun votre encensoir, mettez-y du parfum et présentez chacun votre encensoir devant Yahweh: deux cent cinquante encensoirs; toi aussi et Aaron, vous prendrez chacun votre encensoir. »
18 ၁၈ ထိုသူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များ ကို ယူ ၍ မီး နှင့် လောဗန် ကို တင် ပြီးမှ ၊ မောရှေ ၊ အာရုန် နှင့်အတူ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ရပ် နေကြ ၏။
Ils prirent chacun leur encensoir, y mirent du feu et y jetèrent du parfum, et ils se tinrent à l'entrée de la tente de réunion, avec Moïse et Aaron.
19 ၁၉ ကောရ သည်လည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ပရိသတ် အပေါင်း တို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေး စေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ပရိသတ် အပေါင်း တို့၌ ထင်ရှား လေ၏။
Coré avait convoqué toute l'assemblée contre Moïse et Aaron, à l'entrée de la tente de réunion. Alors la gloire de Yahweh apparut à toute l'assemblée.
20 ၂၀ ထာဝရဘုရား ကလည်း ၊ ဤ ပရိသတ် တို့နှင့် ခွာ၍ တခြားစီ နေလော့။
Et Yahweh parla à Moïse et à Aaron, en disant:
21 ၂၁ ငါသည် သူ တို့ကိုချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ နှင့် အာရုန် အားမိန့် တော်မူလျှင်၊
« Séparez-vous du milieu de cette assemblée, et je les consumerai en un instant. »
22 ၂၂ သူတို့က ပြပ်ဝပ် လျက် ၊ အိုဘုရားသခင် ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင် ၊ လူ တစ် ယောက်ပြစ်မှား သောအပြစ်ကြောင့် ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်လောဟု လျှောက်ဆို လေ၏။
Et ils tombèrent sur leur visage, et dirent: « O Dieu, Dieu des esprits de toute chair, un seul homme a péché, et tu t'irriterais contre toute l'assemblée! »
23 ၂၃ ထာဝရဘုရား ကလည်း၊
Yahweh parla à Moïse, en disant:
24 ၂၄ ကောရ ၊ ဒါသန် ၊ အဘိရံ တို့၏ တဲ များကို ရှောင် ၍ နေစေခြင်းငှါ၊ ပရိသတ် တို့အား ဆင့်ဆို လော့ဟုမောရှေ အား မိန့် တော်မူသည်အတိုင်း၊
« Parle à l'assemblée et dis: Ecartez-vous tout à l'entour de la demeure de Coré, de Dathan et d'Abiron. »
25 ၂၅ မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
Moïse se leva et alla vers Dathan et Abiron, et des anciens d'Israël allèrent après lui.
26 ၂၆ ဤ လူဆိုး တို့၏နေရာ တဲ များကို ရှောင် ၍ နေကြ ပါလော့။ သူ တို့၏ဥစ္စာတစုံတခု ကိုမျှမ ထိ ကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူ တို့အပြစ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ် တို့အား ဆင့်ဆို လျှင် ၊
Il parla à l'assemblée, en disant: « Eloignez-vous des tentes de ces méchants hommes, et ne touchez à rien de ce qui leur appartient, de peur que vous ne périssiez, enveloppés dans tous leurs péchés. »
27 ၂၇ လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံ တဲ ပတ်ဝန်းကျင် ၌မနေဘဲ ရှောင် လွှဲ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံ သည်၊ သား မယား ကလေး များနှင့်တကွ ထွက် ၍ မိမိ တို့တဲ တံခါးဝ ၌ ရပ် နေကြ၏။
Ils s'écartèrent tout à l'entour de la demeure de Coré, de Dathan et d'Abiron. Alors Dathan et Abiron étant sortis se tinrent à l'entrée de leurs tentes, avec leurs femmes, leurs fils et leurs petits enfants.
28 ၂၈ မောရှေ ကလည်း ၊ ဤ အမှု အလုံးစုံ တို့ကို ငါသည် အလိုလို မ ပြု၊ ထာဝရဘုရား စေခိုင်း တော်မူ၍ ငါပြု သည် အကြောင်း ကို သင်တို့သည် အဘယ်သို့သိ ရမည်နည်းဟူမူကား၊
Moïse dit: « Vous connaîtrez à ceci que Yahweh m'a envoyé pour faire toutes ces œuvres, et que je n'agis pas de moi-même:
29 ၂၉ ခပ်သိမ်း သော လူ သတ္တဝါတို့ခံရသောသေ ခြင်း၊ ခပ်သိမ်း သော လူ သတ္တဝါတို့ ခံရသောဆုံးမ ခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မ မူ။
Si ces gens meurent comme meurent tous les hommes, et si leur sort est celui de tous les hommes, ce n'est pas Yahweh qui m'a envoyé;
30 ၃၀ သို့မဟုတ် ထာဝရဘုရား သည် အသစ် ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီး ကွဲ ပွင့်လျက် ဤလူတို့ကို၎င်း၊ သူ တို့ နှင့်ဆိုင်သမျှ ကို၎င်း မျို ၍၊ သူတို့သည် အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်း သွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်း ကို သင်တို့သည် သိ နားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
mais si Yahweh fait une chose inouïe, si la terre ouvre sa bouche et les engloutit, eux et tout ce qui leur appartient, et qu'ils descendent vivants dans le séjour des morts, vous saurez que ces gens ont méprisé Yahweh. » (Sheol h7585)
31 ၃၁ ပြောဆို ပြီး သည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍၊
Comme il achevait de prononcer toutes ces paroles, le sol qui était sous eux se fendit.
32 ၃၂ မိမိ ခံတွင်း ကို ဖွင့် သဖြင့် ၊ သူ တို့နှင့် သူ တို့အိမ် များကို၎င်း ၊ ကောရ နှင့် ဆိုင်သမျှ သောသူ တို့ နှင့် သူတို့ ဥစ္စာ ရှိသမျှ ကို၎င်း မျို လေ၏။
La terre ouvrit sa bouche et les engloutit, eux et leurs familles, avec tous les gens de Coré et tous leurs biens.
33 ၃၃ ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။ (Sheol h7585)
Ils descendirent vivants dans le séjour des morts, eux et tout ce qui leur appartenait; et la terre les recouvrit, et ils disparurent du milieu de l'assemblée. (Sheol h7585)
34 ၃၄ သူ တို့အော်ဟစ် သံကို ပတ်ဝန်းကျင် ၌ရှိသောဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါ တို့ကိုလည်း မြေ မျို ကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေး ကြ၏။
Tout Israël, qui était autour d'eux, s'enfuit à leur cri; car ils disaient: « Fuyons, de peur que la terre ne nous engloutisse! »
35 ၃၅ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော် သောသူ နှစ်ရာ ငါးဆယ် တို့ကိုလည်း၊ ထာဝရဘုရား ထံ တော်က မီး ထွက် ၍ လောင် လေ၏။
Un feu sortit d'auprès de Yahweh et consuma les deux cent cinquante hommes qui offraient le parfum.
36 ၃၆ ထာဝရဘုရား ကလည်း ၊
Yahweh parla à Moïse, en disant:
37 ၃၇ ထိုသန့်ရှင်း သော လင်ပန်း တို့ကို မီးလောင် ရာထဲက ကောက်ယူ ၍မီး ကို ပစ်ချ ပြီးမှ၊
« Dis à Eléazar, fils d'Aaron, le prêtre, de retirer les encensoirs du milieu de l'embrasement et d'en répandre au loin le feu, car ils sont sanctifiés.
38 ၃၈ ကိုယ် အသက် ကို သေစေခြင်းငှါပြစ်မှား သောသူတို့ ၏ လင်ပန်း တို့ဖြင့် ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါ ပြားတို့ကို လုပ် ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ကို ဆင့်ဆို လော့။ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့်ရှင်း သည်ဖြစ်၍ ၊ ဣသရေလ အမျိုးသား တို့အား နိမိတ် ဖြစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
Des encensoirs de ces gens qui ont péché contre leur propre vie, qu'on fasse des lames étendues, pour en recouvrir l'autel des holocaustes; car on les a présentés devant Yahweh, et ils sont devenus saints; ils serviront de signe aux enfants d'Israël. »
39 ၃၉ ယဇ်ပုရောဟိတ် ဧလာဇာ သည်၊ မီးလောင် ခြင်း ကို ခံရသောသူတို့ ပူဇော် သော လင်ပန်း များကို ယူ ၍ ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
Le prêtre Eléazar prit les encensoirs d'airain qu'avaient présentés les hommes consumés par le feu, et il en fit des lames pour couvrir l'autel.
40 ၄၀ ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
C'est un mémorial pour les enfants d'Israël, afin qu'aucun étranger, qui n'est pas de la race d'Aaron, ne s'approche pour offrir du parfum devant Yahweh, et ne soit comme Coré et comme sa troupe, selon ce que Yahweh lui avait déclaré par Moïse.
41 ၄၁ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊ သင်တို့သည် ထာဝရဘုရား ၏လူ တို့ကိုသတ် ကြပြီဟုဆို လျက်၊ မောရှေ နှင့် အာရုန် တို့ကို အပြစ်တင် ၍ မြည်တမ်းကြ၏။
Le lendemain, toute l'assemblée des enfants d'Israël murmura contre Moïse et Aaron, en disant: « Vous avez fait mourir le peuple de Yahweh. »
42 ၄၂ ပရိသတ် အပေါင်းတို့သည် မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြသောအခါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် သည် တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထင်ရှား လေ၏။
Comme l'assemblée s'attroupait contre Moïse et Aaron, ceux-ci se tournèrent vers la tente de réunion, et voici que la nuée la couvrit, et que la gloire de Yahweh apparut.
43 ၄၃ မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ချဉ်းကပ် ကြ၏။
Moïse et Aaron s'avancèrent devant la tente de réunion,
44 ၄၄ ထာဝရဘုရား ကလည်း၊
et Yahweh parla à Moïse en disant:
45 ၄၅ ဤ ပရိသတ် တို့ကိုရှောင် ၍ နေကြလော့။ ငါသည် သူ တို့ကို ချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ အား မိန့် တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ် လျက် နေကြ၏။
« Eloignez-vous du milieu de cette assemblée, et je les consumerai en un instant. » Ils tombèrent sur leur visage,
46 ၄၆ မောရှေ ကလည်း ၊ သင်သည် လင်ပန်း ကို ကိုင် ၍ ယဇ်ပလ္လင် ပေါ် က မီး ကို ယူထည့် ပြီးလျှင် ၊ လောဗန် ကိုလည်း တင် လျက် ၊ ပရိသတ် ရှိရာသို့ အလျင်အမြန် သွား ၍ အပြစ် ဖြေခြင်းကို ပြုလော့။ ထာဝရဘုရား ထံ တော်က အမျက် တော်ထွက် ၍ ဘေးဥပဒ် ရောက် လျက် ရှိပြီဟု၊
et Moïse dit à Aaron: « Prends l'encensoir, et mets-y du feu de dessus l'autel, jettes-y du parfum, va promptement vers l'assemblée, et fais pour eux l'expiation; car la colère est sortie de devant Yahweh; la plaie commence. »
47 ၄၇ အာရုန် အား မှာထား သည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ် ထဲသို့ ပြေး လေ၏။ ထိုအခါ လူ တို့ ၌ ဘေးဥပဒ် ရောက်စ ရှိသည်ဖြစ်၍၊ လောဗန် ကို တင် သဖြင့် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြု၏။
Aaron prit l'encensoir, comme Moïse avait dit, et courut au milieu de l'assemblée; et voici que la plaie commençait parmi le peuple. Ayant mis le parfum, il fit l'expiation pour le peuple.
48 ၄၈ အသက် ရှင်သောသူ၊ သေ သောသူ စပ်ကြား မှာ ရပ် နေ၍၊ ဘေးဥပဒ် ငြိမ်း လေ၏။
Il se plaça entre les morts et les vivants, et la plaie fut arrêtée.
49 ၄၉ ကောရ အမှု ကြောင့် သေ သောသူတို့ကို ထား၍ ထိုဘေးဥပဒ် ဖြင့် သေ သော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာရှိ သတည်း။
Quatorze mille sept cents personnes moururent par cette plaie, outre ceux qui étaient morts à cause de Coré.
50 ၅၀ ထိုဘေးဥပဒ် ငြိမ်း ပြီးမှ ၊ အာရုန် သည် ပရိသတ် စည်းဝေး ရာ တဲ တော်တံခါးဝ ၊ မောရှေ ထံသို့ ပြန်လာ ၏။
Aaron retourna auprès de Moïse, à l'entrée de la tente de réunion, et la plaie était arrêtée.

< တောလည်ရာ 16 >