< တောလည်ရာ 16 >
1 ၁ လေဝိ အမျိုး ၊ ကောဟတ် သား ဣဇဟာ ၏ သား ကောရ သည်၊ ရုဗင် အမျိုး ဧလျာဘ ၏သား ဒါသန် နှင့် အဘိရံ ၊ ပေလက် ၏သား ဩန တို့ကို ခေါ် ပြီးလျှင် ၊
Now Korah son of Izhar son of Kohath son of Levi, along with Dathan and Abiram sons of Eliab, and On son of Peleth, descendants of Reuben, gathered some men.
2 ၂ ပရိသတ် ၌ ကျော်စော ၍ ဂုဏ် အသရေရှိသောသူ၊ အစည်းအဝေး ၌ မင်း ပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာ ငါးဆယ် နှင့်တကွ၊ မောရှေ ကို ပုန်ကန် ၍၊
They rose up against Moses, along with other men from the people of Israel, two hundred and fifty leaders of the community who were well-known members in the community.
3 ၃ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး လျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ် ရှိသမျှ အပေါင်း တို့သည် သန့်ရှင်း ကြ၏။ ထာဝရဘုရား သည် သူ တို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ၏ပရိသတ် အပေါ် မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက် ရသနည်းဟု ဆို လေ၏။
They assembled themselves together to confront Moses and Aaron. They said to them, “You have gone too far! All the community is set apart, every one of them, and Yahweh is among them. Why do you lift up yourselves above the rest of Yahweh's community?”
4 ၄ ထိုစကားကို မောရှေ ကြား လျှင် ပြပ်ဝပ် လျက် နေ၏။
When Moses heard that, he lay facedown.
5 ၅ တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
He spoke to Korah and to all those with him, “In the morning Yahweh will make known who belongs to him and who is set apart to him. He will bring that person near to him. The one he chooses he will bring near to himself.
6 ၆ အိုကောရ နှင့် ကောရ၏အပေါင်းအသင်း ရှိသမျှ တို့၊ သင် တို့ပြု ရမည်အမှုဟူမူကား၊ လင်ပန်း တို့ကို ယူ ၍ ၊
Do this, Korah and all your group. Take censers
7 ၇ နက်ဖြန် နေ့၊ ထာဝရဘုရား ရှေ့ တော်၌ မီး နှင့် လောဗန် ကို တင် ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက် တော်မူသော သူသည်၊ သန့်ရှင်း သောသူ ဖြစ် စေ။ အိုလေဝိ သား တို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆို လေ၏။
tomorrow and put fire and incense in them before Yahweh. The one whom Yahweh chooses, that man will be set apart to Yahweh. You have gone too far, you descendants of Levi.”
8 ၈ တဖန် မောရှေ က၊ အိုလေဝိ သား တို့၊ နားထောင် ကြပါလော့။
Again, Moses said to Korah, “Now listen, you descendants of Levi:
9 ၉ သင်တို့သည် ထာဝရဘုရား ၏ တဲ တော်အမှု ကို ဆောင်ရွက် ၍၊ ပရိသတ် ရှေ့မှာ ရပ် လျက်၊ သူ တို့အမှု ကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင် သည်၊ သင် တို့ကို အနီးအပါး သို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလ အမျိုး ပရိသတ် နှင့် ခွဲ ထား၍ ၊
is it a small thing for you that the God of Israel has separated you from the community of Israel, to bring you near to himself, to do work in Yahweh's tabernacle, and to stand before the community to serve them?
10 ၁၀ သင့် ကို၎င်း ၊ သင့် ညီအစ်ကို လေဝိ သား အပေါင်း တို့ကို၎င်း၊ အနီးအပါး ၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာ ကြသည်တကား။
He has brought you near, and all your kinfolk, the descendants of Levi, with you, yet you are seeking the priesthood also!
11 ၁၁ ထိုကြောင့် သင် နှင့် သင် ၏အပေါင်းအသင်း ရှိသမျှ တို့ သည် ထာဝရဘုရား တဘက် ၌ စုဝေး ကြပြီ တကား။ အာရုန် ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူ သည်အဘယ်သို့ သောသူဖြစ်သနည်းဟု ကောရ အား ဆို ပြီးမှ ၊
That is why you and all your group have gathered together against Yahweh. So why are you complaining about Aaron, who obeys Yahweh?”
12 ၁၂ ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ကို ခေါ် ခြင်းငှါ စေလွှတ် လေ၏။ သူတို့ကလည်း ငါတို့မ လာ။
Then Moses called for Dathan and Abiram, the sons of Eliab, but they said, “We will not come up.
13 ၁၃ သင်သည် ဤတော ၌ ငါ တို့ကိုသတ် လို၍ နို့ နှင့် ပျားရည် စီး သော ပြည် မှ ဆောင် ခဲ့သော်လည်း၊ ငါ တို့ အပေါ် ၌ လုံးလုံးမင်း မပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
Is it a small thing that you have brought us up out of a land flowing with milk and honey, to kill us in the wilderness? Now you want to make yourself ruler over us!
14 ၁၄ ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
In addition, you have not brought us into a land flowing with milk and honey, or given us the fields and vineyards as an inheritance. Now do you want to blind us with empty promises? We will not come to you.”
15 ၁၅ မောရှေ သည် အလွန် အမျက် ထွက်၍ ၊ ဤသူ တို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မ မူပါနှင့်။ သူတို့ဥစ္စာ မြည်း တ ကောင်ကိုမျှ အကျွန်ုပ်မ သိမ်း ပါ။ သူ တို့တွင် တယောက် ကိုမျှ မ ညှဉ်းဆဲ ပါဟု ထာဝရဘုရား အား လျှောက် ၍ ၊
Moses was very angry and said to Yahweh, “Do not respect their offering. I have not taken one donkey from them, and I have not harmed any of them.”
16 ၁၆ ကောရ အား လည်း၊ အာရုန် နှင့် သင် အစရှိသောသင် ၏အပေါင်းအသင်း ရှိသမျှ တို့သည်၊ နက်ဖြန် နေ့ ထာဝရဘုရား ရှေ့ တော်၌ ရှိ ကြလော့။
Then Moses said to Korah, “Tomorrow you and all your company must go before Yahweh—you and they, and Aaron.
17 ၁၇ လူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များကို ယူ ၍ လောဗန် ကို တင် ပြီးမှ ၊ သင် နှင့် အာရုန် သည်လည်း မိမိ တို့ လင်ပန်း ပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာ ငါးဆယ် တို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့ ကြလော့ဟု ဆို သည်အတိုင်း ၊
Each of you must take his censer and put incense in it. Then each man must bring before Yahweh his censer, two hundred and fifty censers. You and Aaron, also, must each bring your censer.”
18 ၁၈ ထိုသူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များ ကို ယူ ၍ မီး နှင့် လောဗန် ကို တင် ပြီးမှ ၊ မောရှေ ၊ အာရုန် နှင့်အတူ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ရပ် နေကြ ၏။
So every man took his censer, put fire in it, laid incense in it, and stood at the entrance to the tent of meeting with Moses and Aaron.
19 ၁၉ ကောရ သည်လည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ပရိသတ် အပေါင်း တို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေး စေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ပရိသတ် အပေါင်း တို့၌ ထင်ရှား လေ၏။
Korah assembled all the community against Moses and Aaron at the entrance to the tent of meeting, and Yahweh's glory appeared to all the community.
20 ၂၀ ထာဝရဘုရား ကလည်း ၊ ဤ ပရိသတ် တို့နှင့် ခွာ၍ တခြားစီ နေလော့။
Then Yahweh spoke to Moses and to Aaron:
21 ၂၁ ငါသည် သူ တို့ကိုချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ နှင့် အာရုန် အားမိန့် တော်မူလျှင်၊
“Separate yourselves from among this community that I may consume them immediately.”
22 ၂၂ သူတို့က ပြပ်ဝပ် လျက် ၊ အိုဘုရားသခင် ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင် ၊ လူ တစ် ယောက်ပြစ်မှား သောအပြစ်ကြောင့် ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်လောဟု လျှောက်ဆို လေ၏။
Moses and Aaron lay facedown and said, “God, the God of the spirits of all humanity, if one man sins, must you be angry with all the community?”
Yahweh replied to Moses. He said,
24 ၂၄ ကောရ ၊ ဒါသန် ၊ အဘိရံ တို့၏ တဲ များကို ရှောင် ၍ နေစေခြင်းငှါ၊ ပရိသတ် တို့အား ဆင့်ဆို လော့ဟုမောရှေ အား မိန့် တော်မူသည်အတိုင်း၊
“Speak to the community. Say, 'Get away from the tents of Korah, Dathan, and Abiram.'”
25 ၂၅ မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
Then Moses rose up and went to Dathan and Abiram; the elders of Israel followed him.
26 ၂၆ ဤ လူဆိုး တို့၏နေရာ တဲ များကို ရှောင် ၍ နေကြ ပါလော့။ သူ တို့၏ဥစ္စာတစုံတခု ကိုမျှမ ထိ ကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူ တို့အပြစ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ် တို့အား ဆင့်ဆို လျှင် ၊
He spoke to the community and said, “Now leave the tents of these wicked men and touch nothing of theirs, or you will be consumed by all their sins.”
27 ၂၇ လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံ တဲ ပတ်ဝန်းကျင် ၌မနေဘဲ ရှောင် လွှဲ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံ သည်၊ သား မယား ကလေး များနှင့်တကွ ထွက် ၍ မိမိ တို့တဲ တံခါးဝ ၌ ရပ် နေကြ၏။
So the community on every side of the tents of Korah, Dathan, and Abiram left them. Dathan and Abiram came out and stood at the entrance to their tents, with their wives, sons, and their little ones.
28 ၂၈ မောရှေ ကလည်း ၊ ဤ အမှု အလုံးစုံ တို့ကို ငါသည် အလိုလို မ ပြု၊ ထာဝရဘုရား စေခိုင်း တော်မူ၍ ငါပြု သည် အကြောင်း ကို သင်တို့သည် အဘယ်သို့သိ ရမည်နည်းဟူမူကား၊
Then Moses said, “By this you will know that Yahweh has sent me to do all these works, for I have not done them of my own accord.
29 ၂၉ ခပ်သိမ်း သော လူ သတ္တဝါတို့ခံရသောသေ ခြင်း၊ ခပ်သိမ်း သော လူ သတ္တဝါတို့ ခံရသောဆုံးမ ခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မ မူ။
If these men die a natural death such as normally happens, then Yahweh has not sent me.
30 ၃၀ သို့မဟုတ် ထာဝရဘုရား သည် အသစ် ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီး ကွဲ ပွင့်လျက် ဤလူတို့ကို၎င်း၊ သူ တို့ နှင့်ဆိုင်သမျှ ကို၎င်း မျို ၍၊ သူတို့သည် အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်း သွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်း ကို သင်တို့သည် သိ နားလည်ကြရလိမ့်မည်ဟု၊ (Sheol )
But if Yahweh creates something new, and the earth opens its mouth and swallows them, with everything that they possess, and they go down alive into Sheol, then you must understand that these men have despised Yahweh.” (Sheol )
31 ၃၁ ပြောဆို ပြီး သည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍၊
As soon as Moses finished speaking all these words, the ground opened under those men.
32 ၃၂ မိမိ ခံတွင်း ကို ဖွင့် သဖြင့် ၊ သူ တို့နှင့် သူ တို့အိမ် များကို၎င်း ၊ ကောရ နှင့် ဆိုင်သမျှ သောသူ တို့ နှင့် သူတို့ ဥစ္စာ ရှိသမျှ ကို၎င်း မျို လေ၏။
The earth opened its mouth and swallowed them, their families, and all the people who belonged to Korah, as well as all their possessions.
33 ၃၃ ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။ (Sheol )
So they and all that they possessed went down alive into Sheol. The earth closed over them, and they perished from among the community. (Sheol )
34 ၃၄ သူ တို့အော်ဟစ် သံကို ပတ်ဝန်းကျင် ၌ရှိသောဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါ တို့ကိုလည်း မြေ မျို ကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေး ကြ၏။
All Israel around them fled from their cries. They exclaimed, “The earth may swallow us up also!”
35 ၃၅ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော် သောသူ နှစ်ရာ ငါးဆယ် တို့ကိုလည်း၊ ထာဝရဘုရား ထံ တော်က မီး ထွက် ၍ လောင် လေ၏။
Then fire flashed out from Yahweh and devoured the 250 men who had offered incense.
Again Yahweh spoke to Moses and said,
37 ၃၇ ထိုသန့်ရှင်း သော လင်ပန်း တို့ကို မီးလောင် ရာထဲက ကောက်ယူ ၍မီး ကို ပစ်ချ ပြီးမှ၊
“Speak to Eleazar son of Aaron the priest and let him take up the censers out of the flames, for the censers are set apart to me. Then let him scatter the burning coals at a distance.
38 ၃၈ ကိုယ် အသက် ကို သေစေခြင်းငှါပြစ်မှား သောသူတို့ ၏ လင်ပန်း တို့ဖြင့် ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါ ပြားတို့ကို လုပ် ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ကို ဆင့်ဆို လော့။ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့်ရှင်း သည်ဖြစ်၍ ၊ ဣသရေလ အမျိုးသား တို့အား နိမိတ် ဖြစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
Take the censers of those who lost their lives because of their sin. Let them be made into hammered plates as a covering over the altar. Those men did offer them before me, so they are set apart to me. They will be a sign of my presence to the people of Israel.”
39 ၃၉ ယဇ်ပုရောဟိတ် ဧလာဇာ သည်၊ မီးလောင် ခြင်း ကို ခံရသောသူတို့ ပူဇော် သော လင်ပန်း များကို ယူ ၍ ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
Eleazar the priest took the bronze censers that had been used by the men who were burned up, and they were hammered out into a covering for the altar,
40 ၄၀ ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
to be a reminder to the people of Israel, so that no outsider who was not descended from Aaron should come up to burn incense before Yahweh, so they might not become like Korah and his group—just as Yahweh had commanded through Moses.
41 ၄၁ နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊ သင်တို့သည် ထာဝရဘုရား ၏လူ တို့ကိုသတ် ကြပြီဟုဆို လျက်၊ မောရှေ နှင့် အာရုန် တို့ကို အပြစ်တင် ၍ မြည်တမ်းကြ၏။
But the next morning all the community of the people of Israel complained against Moses and Aaron. They said, “You have killed Yahweh's people.”
42 ၄၂ ပရိသတ် အပေါင်းတို့သည် မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြသောအခါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် သည် တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထင်ရှား လေ၏။
Then it happened, when the community had assembled against Moses and Aaron, that they looked toward the tent of meeting and, behold, the cloud was covering it. Yahweh's glory appeared,
43 ၄၃ မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ချဉ်းကပ် ကြ၏။
and Moses and Aaron came to the front of the tent of meeting.
Then Yahweh spoke to Moses. He said,
45 ၄၅ ဤ ပရိသတ် တို့ကိုရှောင် ၍ နေကြလော့။ ငါသည် သူ တို့ကို ချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ အား မိန့် တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ် လျက် နေကြ၏။
“Go away from in front of this community so that I may consume them immediately.” Then Moses and Aaron lay down with their faces to the ground.
46 ၄၆ မောရှေ ကလည်း ၊ သင်သည် လင်ပန်း ကို ကိုင် ၍ ယဇ်ပလ္လင် ပေါ် က မီး ကို ယူထည့် ပြီးလျှင် ၊ လောဗန် ကိုလည်း တင် လျက် ၊ ပရိသတ် ရှိရာသို့ အလျင်အမြန် သွား ၍ အပြစ် ဖြေခြင်းကို ပြုလော့။ ထာဝရဘုရား ထံ တော်က အမျက် တော်ထွက် ၍ ဘေးဥပဒ် ရောက် လျက် ရှိပြီဟု၊
Moses said to Aaron, “Take the censer, put fire in it from off the altar, put incense in it, carry it quickly to the community, and make atonement for them, because anger is coming from Yahweh. The plague has begun.”
47 ၄၇ အာရုန် အား မှာထား သည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ် ထဲသို့ ပြေး လေ၏။ ထိုအခါ လူ တို့ ၌ ဘေးဥပဒ် ရောက်စ ရှိသည်ဖြစ်၍၊ လောဗန် ကို တင် သဖြင့် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြု၏။
So Aaron did as Moses directed. He ran into the middle of the community. The plague had quickly started to spread among the people, so he put in the incense and made atonement for the people.
48 ၄၈ အသက် ရှင်သောသူ၊ သေ သောသူ စပ်ကြား မှာ ရပ် နေ၍၊ ဘေးဥပဒ် ငြိမ်း လေ၏။
Aaron stood between the dead and the living; in this way the plague was stopped.
49 ၄၉ ကောရ အမှု ကြောင့် သေ သောသူတို့ကို ထား၍ ထိုဘေးဥပဒ် ဖြင့် သေ သော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာရှိ သတည်း။
Those who died by the plague were 14,700 in number, besides those who had died in the matter of Korah.
50 ၅၀ ထိုဘေးဥပဒ် ငြိမ်း ပြီးမှ ၊ အာရုန် သည် ပရိသတ် စည်းဝေး ရာ တဲ တော်တံခါးဝ ၊ မောရှေ ထံသို့ ပြန်လာ ၏။
Aaron returned to Moses at the entrance to the tent of meeting, and the plague ended.