< တောလည်ရာ 14 >
1 ၁ ထိုအခါ ပရိသတ် အပေါင်း တို့သည် အသံ ကို လွှင့် ၍ မြည်တမ်းသဖြင့် ၊ တညဉ့်လုံး ငိုကြွေး ကြ၏။
2 ၂ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည်၊ မောရှေ နှင့် အာရုန် ကို အပြစ်တင် သော စကားနှင့် မြည်တမ်းလျက် ၊ ငါတို့သည် အဲဂုတ္တု ပြည် ၌ မသေ ပါလေ။ ဤ တော ၌ မသေ ပါလေ။
3 ၃ ငါတို့သည် ထား ဖြင့် သေ ၍ သား မယား တို့သည် ရန်သူ လက်သို့ ရောက်စေခြင်းငှါ၊ ထာဝရဘုရား သည် အဘယ်ကြောင့် ငါ တို့ကို ဤ အရပ် သို့ ဆောင် ခဲ့တော်မူသနည်း။ အဲဂုတ္တု ပြည်သို့ ပြန် ကောင်း သည်မ ဟုတ်လော ဟု မောရှေနှင့် အာရုန်အားဆို ပြီးမှ ၊
4 ၄ တဖန် လူတစုံတယောက်ကိုချီးမြှောက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြန် ကြစို့ဟု တယောက် ကို တယောက်ဆို ကြ၏။
5 ၅ မောရှေ နှင့် အာရုန် တို့သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ရှေ့မှာ ပြပ်ဝပ် လျက် နေကြ၏။
6 ၆ ခါနာန်ပြည် ကို စူးစမ်း သောလူစုထဲက နုန် ၏ သား ယောရှု ၊ ယေဖုန္နာ ၏သား ကာလတ် တို့သည် မိမိ တို့အဝတ် ကို ဆုတ် ၍ ၊
7 ၇ ဣသရေလ အမျိုးသား အပေါင်း တို့အား ခေါ် လျက်၊ ငါတို့ရှောက်သွား ၍စူးစမ်း သော ပြည် သည် အလွန်တရာ ကောင်း သော ပြည် ဖြစ်ပါ၏။
8 ၈ ထာဝရဘုရား သည် ငါ တို့ကိုနှစ်သက် လျှင် ၊ နို့ နှင့် ပျားရည် စီး သော ထိုပြည် သို့ ငါ တို့ကို ဆောင် သွင်း၍ အပိုင်ပေး တော်မူလိမ့်မည်။
9 ၉ ထာဝရဘုရား ကို မ ပုန်ကန် ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မ ကြောက် ကြနှင့်။ သူ တို့သည် ငါ တို့ စားစရာ ဘို့ဖြစ်ကြ၏။ သူ တို့၌ အမှီတကဲ မ ရှိ။ ထာဝရဘုရား သည် ငါ တို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍သူ တို့ကို မ ကြောက် ကြနှင့်ဟု ပြောဆို ကြလေသော်။
10 ၁၀ ပရိသတ် အပေါင်း တို့သည်၊ ထိုသူ နှစ်ယောက်ကို ကျောက်ခဲ နှင့် ပစ် စေခြင်းငှါ စီရင် ကြ၏။ ထိုအခါ ထာဝရ ဘုရား ၏ဘုန်း တော်သည် ဣသရေလ အမျိုးသား အပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေး ရာ တဲ တော်၌ ထင်ရှား လေ ၏။
11 ၁၁ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် အဘယ်မျှ ကာလပတ်လုံးငါ့ ကို မရိုမသေ ပြုကြလိမ့်မည်နည်း။ သူ တို့၌ ငါပြ ခဲ့ပြီးသမျှ သော နိမိတ် လက္ခဏာတို့ကို မြင်ရ သော်လည်းအဘယ်မျှ ကာလပတ်လုံးငါ့ ကို မ ယုံ ဘဲနေကြလိမ့်မည်နည်း။
12 ၁၂ သူ တို့ကိုကာလနာ ဘေးဖြင့် ငါသည် ဒဏ်ခတ် ၍ သား၏ အရာကိုနှုတ် မည်။ သူ တို့ထက် သင့် ကိုသာ၍စည်ပင် သောအမျိုး ၊ သာ၍တန်ခိုးကြီး သောအမျိုး ဖြစ် စေမည်ဟု မောရှေ အား မိန့် တော်မူ၏။
13 ၁၃ မောရှေ ကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို တန်ခိုး တော်အားဖြင့် အဲဂုတ္တု လူတို့ထဲက နှုတ်ဆောင် ခဲ့ တော်မူသည်ဖြစ်၍ ၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တု လူတို့သည် ကြား ပြန်လျှင် ၊
14 ၁၄ ဤ ပြည် ၌ နေ သောသူတို့အား သိတင်းပြော ကြ လိမ့်မည်။ ထာဝရဘုရား ၊ ကိုယ်တော် သည် ဤ လူမျိုး ၌ ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား ၊ ကိုယ်တော် သည် ထင်ရှား တော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ် တော်သည် သူ တို့ကို လွှမ်းမိုး ကြောင်းကို၎င်း၊ ကိုယ်တော် သည် နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ဖြင့် သူ တို့ ရှေ့က ကြွ တော်မူကြောင်းကို၎င်းကြား ရကြပြီ။
15 ၁၅ ယခုမှာ၊ ဤ လူမျိုး ကို လူ တ ယောက်ကဲ့သို့ မှတ်၍ သုတ်သင် ပယ်ရှင်းတော်မူလျှင် ၊ သိတင်း တော်ကို ကြား ဘူး သော လူ အမျိုးမျိုးတို့က၊
16 ၁၆ ထာဝရဘုရား သည် ထိုလူ တို့အား ဤမည်သော ပြည်ကို ငါပေးမည်ဟု ကျိန်ဆို သော်လည်း၊ ထို ပြည် သို့ သူတို့ကို ဆောင် သွင်းခြင်းငှါ မ တတ်နိုင် သောကြောင့် ၊ တော ၌ သုတ်သင် ပယ်ရှင်းပြီဟု ပြောဆို ကြပါလိမ့်မည်။
17 ၁၇ ကိုယ်တော်က၊ ထာဝရဘုရား သည်သည်းခံ သောသဘော၊ သနား သောသဘောနှင့်ပြည့်စုံတော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ လူအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္တ အဆက်တိုင်အောင် ၊ အဘ တို့၏အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့် တော်မူသည်အတိုင်း ၊
18 ၁၈ အကျွန်ုပ် တို့၏ဘုရားရှင် တန်ခိုး တော်သည်ကြီး ပါစေသော။
19 ၁၉ အဲဂုတ္တု ပြည်ကထွက်သောနေ့ မှစ၍ ယခု တိုင်အောင် ဤ လူမျိုး ၏အပြစ်ကို လွှတ် တော်မူသည်နည်းတူ ၊ ကရုဏာ တော်များပြား သည်နှင့်အညီ ၊ ယခု လည်း လွှတ် တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရား အား လျှောက်ဆိုလျှင်၊
20 ၂၀ ထာဝရဘုရား က၊ သင် တောင်းပန် သည်အတိုင်း ငါလွှတ် ၏။
21 ၂၁ ငါ အသက် ရှင်သည်ဖြစ်၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် မြေ တပြင်လုံး ၌ နှံ့ပြား လိမ့်မည်။
22 ၂၂ ငါ့ ဘုန်း တော်ကို၎င်း ၊ အဲဂုတ္တု ပြည်မှစ၍ ဤ တော ၌ ထူးဆန်း သော တန်ခိုးတော်ကို၎င်းမြင် ရသောလူ အပေါင်း တို့သည်၊ ငါ့ စကား ကိုနား မ ထောင်၊ဆယ် ကြိမ် တိုင်အောင်ငါ့ ကိုစုံစမ်း သောကြောင့် ၊
23 ၂၃ သူ တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် ကို အကယ်စင်စစ်သူတို့သည်မ မြင် ရကြ။ ငါ့ ကိုမရိုမသေ ပြု သော သူတစုံတယောက် မျှ မ မြင် ရ။
24 ၂၄ ငါ့ ကျွန် ကာလက် မူကား ထူးခြား သော သဘော ရှိ ၍ ၊ ငါ့ နောက်သို့ လုံးလုံး လိုက်သောကြောင့် ၊ သူသွား ခဲ့ပြီးသော ပြည် သို့ သူ့ ကို ငါဆောင် သွင်းသဖြင့် ၊ သူ ၏သား မြေးတို့သည် အမွေ ခံရကြ လိမ့်မည်။
25 ၂၅ အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ချိုင့် မှာ နေ ကြသည်ဖြစ်၍ ၊ သင် တို့သည် နက်ဖြန် နေ့ ၌လှည့်လည် ၍ ဧဒုံ ပင်လယ် လမ်း ဖြင့် တော သို့သွား ကြလော့ဟု မိန့် တော်မူ၏။
26 ၂၆ တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
27 ၂၇ ငါ့ ကို အပြစ်တင် ၍ မြည်တမ်း သောဤ ပရိသတ် ဆိုး တို့ကို အဘယ်မျှ ကာလပတ်လုံးငါသည် သည်းခံရအံ့နည်း။ ဣသရေလ အမျိုးသား တို့သည် ငါ့ ကိုအပြစ်တင် ၍ မြည်တမ်းသော စကားတို့ကို ငါကြား ရပြီ။
28 ၂၈ သင်သည် သူ တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား က၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ ကို ကြား စေခြင်းငှါပြော ကြသော စကားအတိုင်း သင် တို့ကို ငါပြု မည်။
29 ၂၉ သင် တို့ကို ရေတွက် ၍ စာရင်း ယူသည်အတိုင်း၊ အသက် နှစ်ဆယ် လွန် သောသူ၊ ငါ့ ကို အပြစ်တင် ၍ မြည်တမ်း သောသူအပေါင်း တို့သည် သေ ၍ ဤ တော ၌ အသေကောင် ဖြစ်လျက် နေရစ်ကြလိမ့်မည်။
30 ၃၀ ငါသည် ဤမည်သောပြည် ၌ သင် တို့ကို နေရာ ချမည်ဟု ငါကျိန်ဆို ၏။ ထို ပြည် သို့ ယေဖုန္နာ ၏သား ကာလက် ၊ နုန် ၏သား ယောရှု မှတပါး အဘယ်သူ မျှမရောက် ရ။
31 ၃၁ ရန်သူလုယူ ရာ ဖြစ် လိမ့်မည်ဟု သင်တို့ဆို သော သူငယ် တို့ကို ငါဆောင် သွင်း၍ သင်တို့ပယ် သော ပြည် ကို သူတို့သည်သိ ရကြလိမ့်မည်။
32 ၃၂ သင် တို့မူကား ၊ ဤ တော ၌ သေ ၍ အသေကောင် ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။
33 ၃၃ ဤတော ၌ သင် တို့အသေကောင် များ ပျောက်ပျက် သည်တိုင်အောင် ၊ ကိုယ် သားသမီး တို့သည် မိဘ မှားယွင်း ခြင်းအပြစ်များကို ဆောင် ၍၊ ဤတော ၌ အနှစ် လေးဆယ် ပတ်လုံးလှည့်လည် ရကြလိမ့်မည်။
34 ၃၄ ထိုပြည် ကို စူးစမ်း ရာ နေ့ ရက်ပေါင်း အရက် လေးဆယ် နှင့်အညီ၊ တရက် ကို တနှစ် ထား၍၊ အနှစ် လေးဆယ် ပတ်လုံးကိုယ် အပြစ် ကိုဆောင် လျက်၊ ငါ့ စွန့်ပစ် ခြင်းကို သိ ရကြလိမ့်မည်။
35 ၃၅ အကယ်စင်စစ် ငါ တဘက် ၌ စည်းဝေး သော ဤ ပရိသတ် ဆိုး အပေါင်း တို့ကို ထိုသို့ငါပြု ၍ သူတို့သည် ဤ တော ၌ သေကြေ ပျောက်ပျက် ကြ လိမ့်မည်ဟု ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
36 ၃၆ မောရှေ စေလွှတ် သော အခွင့်နှင့် ခါနာန်ပြည် ကို စူးစမ်း ၍ ပြန်လာ သောအခါ ၊ ထိုပြည် ကို ကဲ့ရဲ့ သဖြင့် ပရိသတ် အပေါင်း မြည်တမ်း စေခြင်းငှါတိုက်တွန်းသောသူ ၊
37 ၃၇ ခါနာန်ပြည် ကို မကောင်း သောသိတင်း ကြားပြောသောသူ တို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ ကာလနာ ဘေးနှင့် သေ ကြလေ၏။
38 ၃၈ ထိုပြည် ကို စူးစမ်း ၍ သွား သောလူတို့တွင် နုန် ၏ သား ယောရှု နှင့် ယေဖုန္န ၏သား ကာလက် တို့သာ အသက် ချမ်းသာရကြ၏။
39 ၃၉ မောရှေ သည် ဣသရေလ အမျိုးသား အပေါင်း တို့ အား စကား တော်များကို ဆင့်ဆို သောအခါ ၊ လူ များတို့ သည် အလွန် ညည်းတွား လျက် နေကြ၏။
40 ၄၀ နံနက် စောစောထ ၍ တောင် ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ ငါတို့သည် ပြစ်မှား ပြီ။ သို့သော်လည်း ယခုအသင့် ရှိပါ၏။ ထာဝရဘုရား ဂတိ ထားတော်မူသော ပြည် သို့ သွား ပါမည်ဟုဆို ကြသော်၊
41 ၄၁ မောရှေ က၊ ထာဝရဘုရား ၏ အမိန့် တော်ကို အဘယ်ကြောင့် လွန်ကျူး ကြသနည်း။ သင်တို့အကြံ မ ထမြောက်ရ။
42 ၄၂ မ သွား ကြနှင့်၊ ထာဝရဘုရား သည် သင် တို့ဘက်၌ ရှိတော်မ မူ။ သွားလျှင် ရန်သူ ရှေ့မှာ ရှုံး ရကြလိမ့်မည်။
43 ၄၃ အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့ သည် သင် တို့မ ရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ထား ဖြင့် ဆုံး ကြလိမ့်မည်။ ထာဝရဘုရား ထံ တော်မှ လွှဲသွား သောကြောင့် ၊ ထာဝရဘုရား သည် သင် တို့ဘက်၌ နေ တော်မ မူဟုဆို သော်လည်း ၊
44 ၄၄ သူတို့သည်ခိုင်ခံ့ သောစိတ်နှင့် တောင် ထိပ် ထက် သို့ တဖန်တက် ကြ၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်နှင့်တကွ ၊ မောရှေ သည် တပ် ပြင် သို့ မ ထွက် မသွားဘဲ နေလေ၏။
45 ၄၅ ထိုအခါ တောင် ပေါ်မှာရှိ နှင့်သော အာမလက် အမျိုးသားနှင့် ခါနာန် အမျိုးသားတို့သည် ဆင်းလာ လျက် ၊ ဣသရေလအမျိုးသားတို့ကို တိုက် ၍ အောင်သဖြင့်၊ ဟောမာ မြို့တိုင်အောင် လိုက် ကြလေ၏။