< တောလည်ရာ 13 >
1 ၁ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၁ထာဝရဘုရားသည်မောရှေအား၊-
2 ၂ ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ၊ အမျိုးအနွယ် အသီးအသီး ထဲက အဆွေအမျိုး သူကြီး ဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ် လော့ဟု၊
၂``ဣသရေလအမျိုးသားတို့အားငါပေးမည့် ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန် အနွယ် တစ်ဆယ့်နှစ်နွယ်မှခေါင်းဆောင်တစ်ဦးကျစီ ကိုရွေးလော့'' ဟုမိန့်တော်မူ၏။-
3 ၃ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ မောရှေ သည် လူ တို့ကို ပါရန် တော က စေလွှတ် လေ၏။ စေလွှတ်သောသူအပေါင်း တို့သည် ဣသရေလ အမျိုး ၌ အကဲအမှူး ဖြစ်ကြ၏။
၃မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
4 ၄ သူ တို့အမည် ကား၊ ရုဗင် အမျိုး ၊ ဇက္ကုရ သား ရှမွာ။
၄
5 ၅ ရှိမောင် အမျိုး ၊ ဟောရိ သား ၊ ရှာဖတ်။
၅
6 ၆ ယုဒ အမျိုး ၊ ယေဖုန္န သား ကာလက်။
၆
7 ၇ ဣသခါ အမျိုး ၊ ယောသပ် သား ဣဂါလ။
၇
8 ၈ ဧဖရိမ် အမျိုး ၊ နုန် သား ဩရှေ။
၈
9 ၉ ဗင်္ယာမိန် အမျိုး ၊ ရာဖု သား ပါလတိ။
၉
10 ၁၀ ဇာဗုလုန် အမျိုး ၊ သောဒိ သား ဂါဒျေလ။
၁၀
11 ၁၁ ယောသပ် သား တွင် မနာရှေ အမျိုး ၊ သုသိ သား ဂဒ္ဒိ။
၁၁
12 ၁၂ ဒန် အမျိုး ၊ ဂေမလ္လိ သား အမျေလ။
၁၂
13 ၁၃ အာရှာ အမျိုး ၊ မိက္ခေလ သား သေသုရ။
၁၃
14 ၁၄ နဿလိ အမျိုး ၊ ဝါဖသိ သား နာဘိ။
၁၄
15 ၁၅ ဂဒ် အမျိုး မာခိ သား ဂွေလ တည်းဟူသော၊
၁၅
16 ၁၆ ခါနာန်ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် သောသူတို့ ၏အမည် တည်း။ နုန် ၏သား ဩရှေ ကို ယောရှု ဟူသောအမည်ဖြင့် မောရှေ မှည့် လေ၏။
၁၆ဤသူတို့သည်ကားခါနာန်ပြည်ကိုစုံစမ်း ထောက်လှမ်းရန် မောရှေစေလွှတ်သောသူလျှို များဖြစ်ကြသည်။ မောရှေသည်နုန်၏သား သြရှေကိုယောရှုဟူသောနာမည်သို့ပြောင်း ၍မှည့်ခေါ်လေသည်။
17 ၁၇ ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် လျက် ၊ သင်တို့သည် တောင် မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုး ပေါ်သို့တက် ကြလော့။
၁၇မောရှေသည်သူတို့ကိုမစေလွှတ်မီ``သင်တို့ သည်ဤအရပ်မှမြောက်ဘက်သို့သွား၍ ခါနာန် ပြည်တောင်ပိုင်းသို့ဝင်ပြီးလျှင်တောင်ကုန်း ဒေသပေါ်သို့တက်လော့။-
18 ၁၈ ထိုပြည် သည် အဘယ်သို့ သော ပြည်ဖြစ် သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်း သလော။ များ သလော၊ နည်း သလော။
၁၈ထိုပြည်သည်မည်ကဲ့သို့သောပြည်ဖြစ်သည်၊ လူဦးရေမည်မျှရှိသည်၊ အင်အားမည်မျှ တောင့်တင်းသည်ကိုစုံစမ်းထောက်လှမ်းလော့။-
19 ၁၉ သူ တို့နေ သောပြည် သည် ကောင်း သလော၊ မကောင်း လော။ သူ တို့နေ သော မြို့ ရွာတို့သည် အဘယ်သို့ နည်း။ တဲ နှင့် နေကြသလော။ ခိုင်ခံ့ သော မြို့နှင့် နေကြသလော။
၁၉ထိုပြည်သည်နေထိုင်ဖွယ်ကောင်းသည်မကောင်း သည်ကိုလည်းကောင်း၊ မြို့များသည်တံတိုင်း အကာအရံရှိသည်မရှိသည်ကိုလည်း ကောင်းစုံစမ်းထောက်လှမ်းလော့။-
20 ၂၀ ထိုမြေ သည် ကောင်း သလော၊ မကောင်း လော။ တော များသလော၊ နည်း သလောဟုကြည့်ရှုကြလော့။ ရဲရင့် သောစိတ်ရှိကြလော့။ သစ်သီး အချို့ ကိုလည်း ယူ ခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလ သည် စပျစ်သီး မှည့် စကာလ ဖြစ်သတည်း။
၂၀ထိုပြည်သည်မြေသြဇာထက်သန်သည်မထက် သန်သည် တောထူထပ်သည်မထူထပ်သည်ကို လည်းစုံစမ်းထောက်လှမ်းလော့။ ထိုပြည်မှထွက် သောသစ်သီးအချို့ကိုလည်းယူခဲ့လော့'' ဟု မှာကြားလေသည်။ (ထိုအချိန်သည်စပျစ် သီးမှည့်စအချိန်ဖြစ်၏။)
21 ၂၁ ထိုသူတို့သည် ဇိန တော မှ သွား ၍ ဟာမတ် မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘ မြို့တိုင်အောင် ခါနာန် ပြည် ကို စူးစမ်း ကြ၏။
၂၁သို့ဖြစ်၍သူတို့သည်မြောက်ဘက်သို့သွားပြီး လျှင် ထိုပြည်တောင်ဘက်ဇိနခေါ်တောကန္တာရ မှမြောက်ဘက်ဟာမတ်တောင်ကြားအနီးရှိ ရဟောဘမြို့သို့တိုင်အောင်ပြည်ကိုစုံစမ်း ထောက်လှမ်းကြသည်။-
22 ၂၂ တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
၂၂ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)
23 ၂၃ ဧရှကောလ ချိုင့် သို့ ရောက် လျှင် ၊ အသီး တ ပြွတ် ပါသောစပျစ်နွယ်ပင်အခက် တခက်ကို ခုတ် ၍ လူ နှစ် ယောက်တို့သည် ထမ်းဘိုး နှင့်ထမ်း ကြ၏။ သလဲသီး ၊ သင်္ဘောသဖန်းသီး များကိုလည်း ဆောင်ခဲ့ကြ၏။
၂၃ထိုနောက်သူတို့သည်ဧရှကောလချိုင့်ဝှမ်း သို့ရောက်၍ စပျစ်သီးတစ်ခိုင်ကိုဖြတ်ယူကြ သည်။ ထိုစပျစ်ခိုင်မှာအလွန်လေးလံသဖြင့် လူနှစ်ယောက်ထမ်းပိုးလျှို၍ထမ်းရသည်။ သူ တို့သည်သလဲသီးနှင့်သဖန်းသီးအချို့ ကိုလည်းယူခဲ့ကြသည်။-
24 ၂၄ ဣသရေလ အမျိုးသား ခုတ် ယူသော စပျစ်သီး ပြွတ်ကိုထောက်၍ ၊ ထို ချိုင့် ကို ဧရှကောလ ချိုင့် ဟူသောအမည်ဖြင့် မှည့် သတည်း။
၂၄(ဣသရေလအမျိုးသားတို့သည်စပျစ် ခိုင်ကိုဖြတ်ယူသဖြင့် ထိုအရပ်သည်ဧရှ ကောလချိုင့်ဝှမ်းဟုခေါ်တွင်လေသည်။)
25 ၂၅ အရက် လေးဆယ် လွန် မှ ခါနာန်ပြည် ကို စူးစမ်း သော အမှုပြီး၍ ပြန် လာကြ၏။
၂၅သူလျှိုတို့သည်ခါနာန်ပြည်ကိုရက်ပေါင်း လေးဆယ်စုံစမ်းထောက်လှမ်းပြီးနောက်၊-
26 ၂၆ မောရှေ နှင့် အာရုန် မှစ၍ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့နေရာ ပါရန် တော ၊ ကာဒေရှ အရပ်သို့ ရောက် သောအခါ ၊ ပရိသတ် အပေါင်း တို့အား သိတင်း ကြားပြော၍ ၊ ထိုပြည် ၌ သီးသော အသီး ကို ပြ ကြ၏။
၂၆မောရှေ၊ အာရုန်နှင့်ဣသရေလအမျိုးသား အပေါင်းတို့စခန်းချရာပါရန် တောကန္တာရ ရှိကာဒေရှစခန်းသို့ပြန်လာကြလေသည်။ သူတို့သည်ထိုပြည်၌တွေ့မြင်ခဲ့သမျှကို ပြန်ကြား၍ သူတို့ယူဆောင်ခဲ့သောသစ်သီး များကိုပြကြ၏။-
27 ၂၇ မောရှေ အား လည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော်စေလွှတ် သော ပြည် သို့ ရောက် ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့ နှင့် ပျားရည် စီး သော ပြည်ဖြစ်ပါ၏။ ဤ အသီးတို့ ကား ထိုပြည်၌သီးသော အသီး ဖြစ်ပါ၏။
၂၇သူတို့ကမောရှေအား``အကျွန်ုပ်တို့သည်ထို ပြည်သို့သွားရောက်စုံစမ်းထောက်လှမ်း၍ ထို ပြည်သည်အစာရေစာပေါကြွယ်ဝ၍ မြေ သြဇာထက်သန်ကြောင်းသိရှိရပါ၏။ ဤ သစ်သီးများသည်ထိုပြည်မှထွက်သော သစ်သီးဖြစ်ပါသည်။-
28 ၂၈ သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့ သော မြို့ ကြီး နှင့်နေကြပါ၏။ ထိုမျှမက ၊ အာနက အမျိုးသား တို့ကိုလည်း မြင် ရပါ၏။
၂၈သို့ရာတွင်ထိုပြည်၌နေထိုင်သူတို့သည် အင်အားကြီး၍ တံတိုင်းအကာအရံရှိ သောမြို့ကြီးများတွင်နေထိုင်ကြပါသည်။ ထိုမျှမကအလွန်ထွားကြိုင်းသောလူမျိုး ၏အဆက်အနွယ်များကိုလည်းတွေ့မြင် ခဲ့ရပါသည်။-
29 ၂၉ အာမလက် အမျိုးသားတို့သည် တောင် ဘက် ၌၎င်း၊ ဟိတ္တိ လူ၊ ယေဗုသိ လူ၊ အာမောရိ လူတို့သည် တောင်ရိုး ပေါ်၌ ၎င်း၊ ခါနာနိ လူတို့သည် ပင်လယ် နား ယော်ဒန် မြစ်နား၌၎င်း၊ နေ ကြပါသည်ဟု လျှောက်ဆို ကြ ၏။
၂၉အာမလက်အမျိုးသားတို့သည်ထိုပြည်၏ တောင်ပိုင်းတွင်နေထိုင်၍ ဟိတ္တိအမျိုးသား၊ ယေဗုသိအမျိုးသား၊ အာမောရိအမျိုးသား တို့သည်တောင်ကုန်းများပေါ်၌လည်းကောင်း၊ ခါနာန်အမျိုးသားတို့သည်မြေထဲပင် လယ်ကမ်းခြေနှင့်ယော်ဒန်မြစ်ဝှမ်းတစ် လျှောက်၌လည်းနေထိုင်ကြပါသည်'' ဟု ဆိုကြ၏။
30 ၃၀ ကာလက် ကလည်း ချက်ခြင်းချီ သွား၍ ထိုပြည် ကို သိမ်းယူ ကြစို့။ အောင်နိုင် ကောင်းသည်ဟု ဆို ၍ မောရှေ ရှေ့မှာ လူ များတို့ကို ငြိမ်း စေ၏။
၃၀သို့ရာတွင်ကာလက်သည်မောရှေ၏ရှေ့တွင် ညည်းညူသူတို့အား``ငါတို့သည်ယခုပင်ထို ပြည်သို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကြပါ စို့။ ငါတို့သည်ထိုပြည်ကိုတိုက်ခိုက်အောင် မြင်နိုင်စွမ်းရှိပါသည်'' ဟုဆို၍လူတို့ကို ငြိမ်ဝပ်သွားစေ၏။
31 ၃၁ သူ နှင့်အတူ လိုက် သွားသော သူ တို့က၊ ထိုပြည်သား တို့ကို ငါတို့ မ တိုက် နိုင်။ သူ တို့သည် ငါ တို့ထက် သာ၍အားကြီး ကြသည်ဟူ၍၎င်း၊
၃၁သို့သော်လည်းကာလက်နှင့်အတူလိုက်ပါ သွားသူတို့က``ငါတို့သည်ထိုပြည်ကိုတိုက် ခိုက်အောင်မြင်နိုင်စွမ်းမရှိပါ။ ထိုပြည်သား တို့သည်ငါတို့ထက်အင်အားကြီးပါသည်'' ဟုဆိုကြ၏။-
32 ၃၂ ငါတို့သွား ၍ စူးစမ်း သော ပြည် သည် မိမိ သား တို့ကို ဖျက်ဆီး တတ်၏။ ငါတို့တွေ့မြင် သော ပြည်သား အပေါင်း တို့သည် အလွန် အရပ်မြင့်ကြ၏။
၃၂သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။-
33 ၃၃ ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။
၃၃အလွန်ထွားကျိုင်းသောအာနကလူမျိုး၏ အဆက်အနွယ်များကိုလည်း ငါတို့တွေ့မြင် ခဲ့ရသည်။ ငါတို့အမြင်အားဖြင့်ငါတို့သည် သူတို့ရှေ့တွင်နှံကောင်များသဖွယ်သေးငယ် ပါ၏။ သူတို့သည်ငါတို့ကိုနှံကောင်များ သဖွယ်မြင်ပါမည်'' ဟုဆိုကြလေသည်။