< တောလည်ရာ 12 >
1 ၁ မောရှေသည် ကုရှ အမျိုးသားမိန်းမ နှင့် စုံဘက် သည်ဖြစ်၍ ၊ ထိုမိန်းမကြောင့် မိရိအံ နှင့် အာရုန် သည် မောရှေ ကို အပြစ်တင် လျက် ၊
Miriam and Aaron spoke against Moses because of the Cushite woman whom he had married; for he had married a Cushite woman.
2 ၂ အကယ်၍ ထာဝရဘုရား သည်၊ မောရှေ အားဖြင့် သာ ဗျာဒိတ် ပေးတော်မူသလော။ ငါ တို့အားဖြင့် လည်း ပေး တော်မ မူလောဟု ဆို ကြ၏။ ထိုစကားကို ထာဝရဘုရား ကြား တော်မူ၏။
They said, "Has the LORD indeed spoken only with Moses? Hasn't he spoken also with us?" And the LORD heard it.
3 ၃ မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
Now the man Moses was very humble, above all the men who were on the surface of the earth.
4 ၄ ထာဝရဘုရား ကလည်း ၊ သင် တို့သုံး ယောက် သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြလော့ ဟု မောရှေ ၊ အာရုန် ၊ မိရိအံ တို့အား ချက်ခြင်း မိန့် တော်မူ၍ သူတို့သည် ထွက်သွား ကြ၏။
The LORD spoke suddenly to Moses, to Aaron, and to Miriam, "You three come out to the Tent of Meeting." The three of them came out.
5 ၅ ထာဝရဘုရား သည် မိုဃ်းတိမ် တိုင် ဖြင့် ဆင်းသက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးဝ ၌ ရပ် လျက်၊ အာရုန် နှင့် မိရိအံ ကို ခေါ် တော်မူ၍ ၊ သူတို့သည် ချဉ်းကပ် ကြ၏။
The LORD came down in a pillar of cloud, and stood at the door of the Tent, and called Aaron and Miriam; and they both came forward.
6 ၆ ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။
He said, "Hear now my words. If there is a prophet among you, I the LORD will make myself known to him in a vision. I will speak with him in a dream.
7 ၇ အိမ် တော်တအိမ်လုံး၌ သစ္စာ စောင့်သော ငါ့ ကျွန် မောရှေ သည် ထိုသို့ မ ဟုတ်။
My servant Moses is not so. He is faithful in all my house.
8 ၈ သူ ၌ ဗျာဒိတ် ပေးသောအခါ ၊ နက်နဲ သောစကား အားဖြင့် မ ပေး၊ ကိုယ်တိုင် ကိုယ်ကြပ်ထင်ရှား စွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဌာန် ကိုလည်း မြင် ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ ကျွန် မောရှေ ကို အဘယ့်ကြောင့် အပြစ်တင် ဝံ့ သနည်းဟု မိန့် တော်မူလျက် ၊
With him I will speak mouth to mouth, even openly, and not in riddles; and he shall see the LORD's form. Why then were you not afraid to speak against my servant, against Moses?"
9 ၉ အမျက် တော်ထွက် ၍ ထာဝရဘုရား ကြွ သွား တော်မူသဖြင့် ၊
The anger of the LORD was kindled against them; and he departed.
10 ၁၀ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ သွား၏။ မိရိအံ သည်လည်း ၊ နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလေ၏။ အာရုန် ကြည့် ၍ မိရိအံ နူ သည်ကိုမြင် လျှင် ၊
The cloud departed from over the Tent; and look, Miriam was leprous, as white as snow. Aaron looked at Miriam, and look, she was leprous.
11 ၁၁ အို အကျွန်ုပ် သခင် ၊ အကျွန်ုပ်တို့သည် မိုက် သောအမှုကို ပြုမိ၍ ပြစ်မှား သောအပြစ် ကို အကျွန်ုပ် တို့အပေါ် မှာ တင် တော်မ မူပါနှင့်၊ အကျွန်ုပ် တောင်းပန်ပါ၏။
Aaron said to Moses, "Oh, my lord, please do not count this sin against us, in which we have done foolishly, and in which we have sinned.
12 ၁၂ ဘွား စက ပင် ကိုယ် အသား တဝက် ပျက် သောအသေကောင် ကဲ့သို့ သူသည် မ ဖြစ် ပါစေနှင့်ဟု တောင်းပန် လျှင် ၊
Let her not, I pray, be as one dead, of whom the flesh is half consumed when he comes out of his mother's womb."
13 ၁၃ မောရှေ က၊ အို ဘုရားသခင် ၊ သူ ၏အနာကို ပျောက် စေတော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရား အား အော်ဟစ် လေ၏။
Moses cried to the LORD, saying, "Heal her, God, I beg you."
14 ၁၄ ထာဝရဘုရား ကလည်း ၊ သူ ၏ အဘ သည် သူ ၏ မျက်နှာ ကို တံထွေး နှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ် ရက် ပတ်လုံးအရှက် ကွဲခြင်းကိုခံရမည် မ ဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန် ဝင်စေဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
The LORD said to Moses, "If her father had but spit in her face, shouldn't she be ashamed seven days? Let her be shut up outside of the camp seven days, and after that she shall be brought in again."
15 ၁၅ မိရိအံ ကို နှင်ထုတ် ၍ သူသည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေရ၏။ မိရိအံ အနာမ ပျောက်မှီတိုင်အောင်လူ များတို့သည် ခရီးမ သွား ဘဲ နေကြ၏။
Miriam was shut up outside of the camp seven days, and the people did not travel until Miriam was brought in again.
16 ၁၆ ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲ ဆောက်ကြ၏။
Afterward the people traveled from Hazeroth, and camped in the wilderness of Paran.