< တောလည်ရာ 12 >

1 မောရှေသည် ကုရှ အမျိုးသားမိန်းမ နှင့် စုံဘက် သည်ဖြစ်၍ ၊ ထိုမိန်းမကြောင့် မိရိအံ နှင့် အာရုန် သည် မောရှေ ကို အပြစ်တင် လျက် ၊
Then Miriam and Aaron criticized Moses because of the Cushite woman he had married, for he had taken a Cushite wife.
2 အကယ်၍ ထာဝရဘုရား သည်၊ မောရှေ အားဖြင့် သာ ဗျာဒိတ် ပေးတော်မူသလော။ ငါ တို့အားဖြင့် လည်း ပေး တော်မ မူလောဟု ဆို ကြ၏။ ထိုစကားကို ထာဝရဘုရား ကြား တော်မူ၏။
“Does the LORD speak only through Moses?” they said. “Does He not also speak through us?” And the LORD heard this.
3 မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
Now Moses was a very humble man, more so than any man on the face of the earth.
4 ထာဝရဘုရား ကလည်း ၊ သင် တို့သုံး ယောက် သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြလော့ ဟု မောရှေ ၊ အာရုန် ၊ မိရိအံ တို့အား ချက်ခြင်း မိန့် တော်မူ၍ သူတို့သည် ထွက်သွား ကြ၏။
And suddenly the LORD said to Moses, Aaron, and Miriam, “You three, come out to the Tent of Meeting.” So the three went out,
5 ထာဝရဘုရား သည် မိုဃ်းတိမ် တိုင် ဖြင့် ဆင်းသက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးဝ ၌ ရပ် လျက်၊ အာရုန် နှင့် မိရိအံ ကို ခေါ် တော်မူ၍ ၊ သူတို့သည် ချဉ်းကပ် ကြ၏။
and the LORD came down in a pillar of cloud, stood at the entrance to the Tent, and summoned Aaron and Miriam. When both of them had stepped forward,
6 ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။
He said, “Hear now My words: If there is a prophet among you, I, the LORD, will reveal Myself to him in a vision; I will speak to him in a dream.
7 အိမ် တော်တအိမ်လုံး၌ သစ္စာ စောင့်သော ငါ့ ကျွန် မောရှေ သည် ထိုသို့ မ ဟုတ်။
But this is not so with My servant Moses; he is faithful in all My house.
8 သူ ၌ ဗျာဒိတ် ပေးသောအခါ ၊ နက်နဲ သောစကား အားဖြင့် မ ပေး၊ ကိုယ်တိုင် ကိုယ်ကြပ်ထင်ရှား စွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဌာန် ကိုလည်း မြင် ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ ကျွန် မောရှေ ကို အဘယ့်ကြောင့် အပြစ်တင် ဝံ့ သနည်းဟု မိန့် တော်မူလျက် ၊
I speak with him face to face, clearly and not in riddles; he sees the form of the LORD. Why then were you unafraid to speak against My servant Moses?”
9 အမျက် တော်ထွက် ၍ ထာဝရဘုရား ကြွ သွား တော်မူသဖြင့် ၊
So the anger of the LORD burned against them, and He departed.
10 ၁၀ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ သွား၏။ မိရိအံ သည်လည်း ၊ နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလေ၏။ အာရုန် ကြည့် ၍ မိရိအံ နူ သည်ကိုမြင် လျှင် ၊
As the cloud lifted from above the Tent, suddenly Miriam became leprous, white as snow. Aaron turned toward her, saw that she was leprous,
11 ၁၁ အို အကျွန်ုပ် သခင် ၊ အကျွန်ုပ်တို့သည် မိုက် သောအမှုကို ပြုမိ၍ ပြစ်မှား သောအပြစ် ကို အကျွန်ုပ် တို့အပေါ် မှာ တင် တော်မ မူပါနှင့်၊ အကျွန်ုပ် တောင်းပန်ပါ၏။
and said to Moses, “My lord, please do not hold against us this sin we have so foolishly committed.
12 ၁၂ ဘွား စက ပင် ကိုယ် အသား တဝက် ပျက် သောအသေကောင် ကဲ့သို့ သူသည် မ ဖြစ် ပါစေနှင့်ဟု တောင်းပန် လျှင် ၊
Please do not let her be like a stillborn infant whose flesh is half consumed when he comes out of his mother’s womb.”
13 ၁၃ မောရှေ က၊ အို ဘုရားသခင် ၊ သူ ၏အနာကို ပျောက် စေတော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရား အား အော်ဟစ် လေ၏။
So Moses cried out to the LORD, “O God, please heal her!”
14 ၁၄ ထာဝရဘုရား ကလည်း ၊ သူ ၏ အဘ သည် သူ ၏ မျက်နှာ ကို တံထွေး နှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ် ရက် ပတ်လုံးအရှက် ကွဲခြင်းကိုခံရမည် မ ဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန် ဝင်စေဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
But the LORD answered Moses, “If her father had but spit in her face, would she not have been in disgrace for seven days? Let her be confined outside the camp for seven days; after that she may be brought back in.”
15 ၁၅ မိရိအံ ကို နှင်ထုတ် ၍ သူသည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေရ၏။ မိရိအံ အနာမ ပျောက်မှီတိုင်အောင်လူ များတို့သည် ခရီးမ သွား ဘဲ နေကြ၏။
So Miriam was confined outside the camp for seven days, and the people did not move on until she was brought in again.
16 ၁၆ ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲ ဆောက်ကြ၏။
After that, the people set out from Hazeroth and camped in the Wilderness of Paran.

< တောလည်ရာ 12 >