< တောလည်ရာ 11 >

1 တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
Now the people complained about their troubles as Yahweh listened. Yahweh heard the people and became angry. Fire from Yahweh burned among them and consumed some of the camp on its edges.
2 လူ များတို့သည် မောရှေ အား အော်ဟစ် ၍ ၊ မောရှေ သည် ထာဝရဘုရား ကို ဆုတောင်း သဖြင့် မီး ငြိမ်း လေ၏။
Then people called out to Moses, so Moses prayed to Yahweh, and the fire stopped.
3 ထာဝရဘုရား ၏ မီး သည် သူ တို့တွင် လောင် သောကြောင့် ၊ ထို အရပ် ကို တဗေရ ဟူသောအမည် ဖြင့် မှည့် လေ၏။
That place was named Taberah, because Yahweh's fire burned among them.
4 ဣသရေလအမျိုးသားတို့နှင့် ရောနှော လျက် ပါသောတပါးအမျိုးသားတို့သည် တောင့်တ သောစိတ် စွဲလမ်း ကြ၏။ ဣသရေလ အမျိုးသား တို့သည်လည်း တဖန် ငိုကြွေး လျက် ငါ တို့စား စရာဘို့ အမဲသား ကို အဘယ်သူ ပေးလိမ့်မည်နည်း။
Some foreign people began to camp with Israel's descendants. They wanted better food to eat. Then the people of Israel began to weep and say, “Who will give us meat to eat?
5 အဲဂုတ္တု ပြည်၌ အလိုအလျောက် စား ရသော ငါး သား၊ သခွါးသီး ၊ ဖရဲသီး ၊ ကြက်သွန် အနီ၊ အဖြူ ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့ ၏။
We remember the fish that we ate freely in Egypt, the cucumbers, the melons, the leeks, the onions, and the garlic.
6 ယခု မှာ ငါ တို့အသက် သည် အားလျော့ ပြီ။ ဤ မန္န မှတပါး တစုံတခု ကိုမျှ မ မြင် ရဟုဆိုကြ၏။
Now our appetite is gone, because all we can see is this manna.”
7 မန္န သည် နံနံ စေ့ နှင့်တူ ၍ ဗဓေလ သစ်စေ့ကဲ့သို့ အဆင်း ဖြစ်၏။
Manna was like coriander seed. It looked like resin.
8 လူ များတို့သည်လှည့်လည် လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ် ခြင်း၊ ထောင်း ခြင်းကိုပြုပြီးမှ အိုး နှင့် ပြုတ် ကြ၏။ မုန့်ပြား ကိုလည်း လုပ် ကြ၏။ အရသာ သည် မုန့်ဆီကြော် အရသာ နှင့် တူ၏။
The people walked around and gathered it. They ground it in mills, beat it in mortars, boiled it in pots, and made it into cakes. It tasted like fresh olive oil.
9 စားခန်းချ ရာအရပ်၌ ညဉ့် အခါနှင်း နှင့်အတူ မန္န ကျ တတ်၏။
When the dew fell on the camp in the night, the manna also fell.
10 ၁၀ ထိုအခါ လူ များအသီးအသီးတို့သည် မိမိ တဲ တံခါးဝ ၌ မိမိ အိမ်ထောင် နှင့်တကွငိုကြွေး ကြသည်ကို မောရှေ ကြား ရ၏။ ထာဝရဘုရား သည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ် ရှိသည်ကို မောရှေ သိမြင် လျှင် ၊
Moses heard the people weeping in their families, and every man was at the entrance to his tent. Yahweh was very angry, and in Moses' eyes their complaining was wrong.
11 ၁၁ ဤ လူ အပေါင်း တို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော် ကျွန် အပေါ် မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲ တော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့ တော်၌ မျက်နှာ မ ရဘဲ နေရပါသနည်း။
Moses said to Yahweh, “Why have you treated your servant so badly? Why are you not pleased with me? You make me carry the load of all these people.
12 ၁၂ သူ တို့ဘိုးဘေး များ၌ ကျိန်ဆို တော်မူသော ပြည် သို့ သွား၍၊ အထိန်း သည် နို့စို့ သူငယ်ကိုဆောင် သကဲ့သို့ ၊ ဤလူတို့ကို ပိုက်ချီ လျက်ဆောင်လော့ဟု အကျွန်ုပ် အား မိန့် တော်မူမည်အကြောင်း ၊ ဤ လူ အပေါင်း တို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင် ပါသလော။ ဘွားမြင် ပါသလော။
Did I conceive all these people? Have I given them birth so that you should say to me, 'Carry them closely to your chest as a father carries a baby?' Should I carry them to the land that you swore to their ancestors to give them?
13 ၁၃ ဤ လူ အပေါင်း တို့အား ကျွေး စရာဘို့ အမဲသား ကို အကျွန်ုပ် သည် အဘယ်မှာ ရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ် တို့ စား စရာဘို့ အမဲသား ကိုပေး ပါဟု ငိုကြွေး လျက် အကျွန်ုပ် ကို တောင်း ကြပါ၏။
Where can I find meat to give to all this people? They are weeping in front of me and are saying, 'Give us meat to eat.'
14 ၁၄ ဤ လူ အပေါင်း တို့ကို အကျွန်ုပ် တယောက်တည်း သာ မ ဆောင်ရွက် နိုင် ပါ။ ဆောင်ရွက်ရသောဝန်လည်း လေး လွန်းပါ၏။
I cannot bear all these people alone. They are too much for me.
15 ၁၅ ထိုသို့ အကျွန်ုပ် ၌ ပြု တော်မူလျှင် ၎င်း၊ စိတ် တွေ့တော်မူလျှင် ၎င်း၊ အကျွန်ုပ် ကိုအလျင်အမြန်သေ စေတော်မူပါ။ ကိုယ် ဆင်းရဲ ကို ကိုယ်မ သိ မမြင်ပါစေနှင့်ဟု ဘုရား အား လျှောက်ဆို ၏။
Since you are treating me this way, kill me now—if I find favor in your eyes—do not let me see my misery.”
16 ၁၆ ထာဝရဘုရား ကလည်း ၊ သင်ကျွမ်းကျင် သော ဣသရေလ အမျိုးသား အသက်ကြီး ခုနစ်ကျိပ် တို့ကို ငါ့ ရှေ့မှာ စုဝေး စေပြီးလျှင်၊ ပရိသတ်စည်းဝေး ရာ တဲ တော် သို့ ခေါ် ခဲ့၍ သင် နှင့်အတူ ရပ် နေကြစေလော့။
Yahweh said to Moses, “Bring to me seventy of Israel's elders. Be sure that they are elders and officers of the people. Bring them to the tent of meeting to stand there with you.
17 ၁၇ ငါသည်လည်း ထို အရပ်သို့ ဆင်းသက် ၍ သင် နှင့် နှုတ်ဆက် မည်။ သင့် အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ကို ငါယူ ၍ သူ တို့အပေါ် မှာ တင် မည်။ ဤလူတို့ ကို သင် တယောက်တည်း သာ ဆောင်ရွက် ရမည် မ ဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
I will come down and talk with you there. I will take some of the Spirit that is on you and put it on them. They will bear the burden of the people with you. You will not have to bear it alone.
18 ၁၈ သင်သည်လည်း လူ များတို့အား ဆင့်ဆို ရမည်မှာ၊ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စင်ကြယ်လော့။ အမဲသား ကိုစား ရကြမည်။ သင်တို့က အဘယ်သူသည် ငါ တို့ အား အမဲသား ကိုပေး လိမ့်မည်နည်း။ အဲဂုတ္တု ပြည်၌ နေစဉ်၊ ငါ တို့သည် ချမ်းသာ စွာနေကြ၏ဟု ငိုကြွေး လျက် ပြောဆို သံကို ထာဝရဘုရား ကြား သောကြောင့်၊ အမဲသား ကိုပေး တော်မူသဖြင့် သင်တို့သည် စား ရကြမည်။
Say to the people, 'Consecrate yourselves, for tomorrow and you will indeed eat meat, for you have wept and Yahweh has heard. You said, “Who will give us meat to eat? It was good for us in Egypt.” Therefore Yahweh will give you meat, and you will eat it.
19 ၁၉ တ ရက် ၊ နှစ်ရက် ၊ ငါး ရက် ၊ ဆယ် ရက် ၊ အရက် နှစ်ဆယ် သာ စား ရကြမည်မ ဟုတ်။
You will not eat meat for only one day, two days, five days, ten days, or twenty days,
20 ၂၀ သင် တို့နှာခေါင်း ထဲက အမဲသားထွက် ၍ ရွံ စရာ ဖြစ် သည်တိုင်အောင် တလ ပတ်လုံးစားရကြမည်။ အကြောင်းမူကား ၊ သင် တို့တွင် ရှိတော်မူသောထာဝရဘုရား ကို၊ သင်တို့သည် မထီမဲ့မြင်ပြု လျက်၊ ငါတို့သည် အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ထွက်လာ ရကြသနည်းဟု ရှေ့ တော်၌ ငိုကြွေး လျက် ပြောဆို ကြပြီ တကားဟု မောရှေ အား မိန့် တော်မူ၏။
but you will eat meat for a whole month until it comes out of your nostrils. It will disgust you because you have rejected Yahweh, who is among you. You have wept before him. You said, “Why did we leave Egypt?”'”
21 ၂၁ မောရှေ ကလည်း ၊ အကျွန်ုပ် နှင့် ဆိုင်သော လူ ယောက်ျားအပေါင်းခြောက် သိန်းရှိကြသည်ဖြစ်၍ကိုယ်တော်က တ လစား စရာဘို့ သူ တို့အား အမဲသား ကို ငါပေး မည်ဟု မိန့် တော်မူပါသည်တကား၊
Then Moses said, “I am with 600,000 people, and you have said, 'I will give them meat to eat for a whole month.'
22 ၂၂ သူ တို့ကို ဝ စွာကျွေးခြင်းငှါ၊ သိုး ဆိတ်နွား စုတို့ကိုသတ် ရပါမည်လော။ သို့မဟုတ်ဝ စွာကျွေးခြင်းငှါ၊ ပင်လယ် ငါး ရှိသမျှ တို့ ကိုစုဝေး ရပါမည်လောဟု လျှောက် လျှင်၊
Should we kill flocks and herds to satisfy them? Should we catch all the fish in the sea to satisfy them?”
23 ၂၃ ထာဝရဘုရား က၊ ထာဝရဘုရား လက် တို သလော။ ငါ့ စကား တည် မည် မ တည်မည်ကို သင်သိ လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
Yahweh said to Moses, “Is my hand short? Now you will see whether or not my word is true.”
24 ၂၄ မောရှေ သည် ထွက် ၍ ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ဆင့်ဆို ပြီးလျှင် ၊ အမျိုးသား အသက်ကြီး သူခုနစ်ကျိပ် တို့ကို စုဝေး စေ၍ ၊ ပရိသတ် စည်းဝေးရာ တဲ တော်ပတ်လည် ၌ ထား လေ၏။
Moses went out and told the people Yahweh's words. He gathered seventy of the people's elders and positioned them around the tent.
25 ၂၅ ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ မောရှေ နှင့် နှုတ်ဆက် တော်မူ၏။ မောရှေ အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ ကို ယူ ၍ အသက်ကြီး သူ ခုနစ်ကျိပ် တို့အပေါ် မှာ တင် တော်မူသဖြင့် ၊ ထိုဝိညာဉ် သည် သူ တို့အပေါ် မှာ ကျိန်းဝပ် သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲ ဟောကြ၏။
Yahweh came down in the cloud and spoke to Moses. Yahweh took some of the Spirit that was on Moses and put it on the seventy elders. When the Spirit rested on them, they prophesied, but only on that occasion and not again.
26 ၂၆ ထိုလူ စု၌ ပါသောသူ ဧလဒဒ် နှင့် မေဒဒ် တို့သည် စာရင်း ဝင်သော်လည်း ၊ တဲ တော်သို့ မ သွား ဘဲ တပ် ထဲမှာ နေရစ် စဉ်တွင်သူ တို့အပေါ် မှာ ထိုဝိညာဉ် ကျိန်းဝပ် သဖြင့် သူတို့သည်လည်း ပရောဖက်ပြု ၍ တပ် ထဲမှာ ဟောကြ၏။
Two men remained in the camp, named Eldad and Medad. The Spirit also rested on them. Their names were written on the list, but they had not gone out to the tent. Nevertheless, they prophesied in the camp.
27 ၂၇ လုလင် တယောက်သည်လည်း မောရှေ ထံသို့ ပြေး ၍ ၊ ဧလဒဒ် နှင့် မေဒဒ် တို့သည် တပ် ထဲမှာ ပရောဖက်ပြု ၍ဟောပါ၏ဟု လျှောက် လျှင် ၊
A young man in the camp ran and told Moses, “Eldad and Medad are prophesying in the camp.”
28 ၂၈ မောရှေ ၏ လက်ထောက် ဖြစ်သော လုလင်နုန် သား ယောရှု က၊ သခင် မောရှေ ၊ သူ တို့ကို ဆီးတား တော်မူပါဟုဆို သော်၊
Joshua son of Nun, Moses' assistant, one of his chosen men, said to Moses, “My master Moses, stop them.”
29 ၂၉ မောရှေ က၊ သင် သည် ငါ့ အတွက် ငြူစူ သောစိတ် ရှိသလော။ ထာဝရဘုရား ၏ လူ အပေါင်း တို့သည် ပရောဖက် ဖြစ် ကြပါစေသော။ ထာဝရဘုရား သည် ဝိညာဉ် တော်ကို သူ တို့အပေါ် မှာ တင် တော်မူပါစေသောဟု ဆို ပြီးမှ ၊
Moses said to him, “Are you jealous for my sake? I wish that all of Yahweh's people were prophets and that he would put his Spirit on them all!”
30 ၃၀ ဣသရေလ အမျိုးသားအသက်ကြီး သူတို့နှင့်အတူ တပ် ထဲသို့ ပြန် သွားလေ၏။
Then Moses and the elders of Israel went back to the camp.
31 ၃၁ ထိုအခါ ထာဝရဘုရား သည် လေ ကိုစေလွှတ် ၍ ၊ ငုံး များကို ပင်လယ် မှ ဆောင် ခဲ့သဖြင့် ၊ တပ် ပတ်လည်တရက် ခရီး စီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေ ပေါ်မှာ ဒုနှစ်တောင် ခန့် မျှ ဆင်း စေတော်မူ၏။
Then a wind came from Yahweh and brought quail from the sea. They fell near the camp, about a day's journey on one side and a day's journey on the other side. The quail surrounded the camp about two cubits above the ground.
32 ၃၂ လူ များတို့သည် တနေ့လုံး ၊ တညဉ့်လုံး ၊ နက်ဖြန် လည်း တနေ့လုံး ထ ၍ ငုံး များကို စုသိမ်း ကြ၏။ နည်းနည်း သိမ်းသောသူသည် ဆယ် ဟောမဲ ကို သိမ်း ရ၏။ တပ် ပတ်လည် အရပ်ရပ်၌ ဖြန့် ထားကြ၏။
The people were busy gathering quail all that day, all the night, and all the next day. No one gathered less than ten homers of quail. They shared the quail all through the camp.
33 ၃၃ သို့ရာတွင်ငုံးသား ကို ကိုက် ၍ မ ဝါး မှီ၊ ထာဝရဘုရား သည် သူတို့ကို အမျက် တော်ထွက်၍ အလွန် ပြင်း သော ဘေး နှင့်ဒဏ်ခတ် တော်မူ၏။
While the meat was still between their teeth, while they were chewing it, Yahweh became angry at them. He attacked the people with a very great disease.
34 ၃၄ တောင့်တ သောသူ တို့ကို သင်္ဂြိုဟ် ရာထို အရပ် ကို ကိဗြုတ်ဟတ္တဝါ ဟူသောအမည်ဖြင့် မှည့် လေ၏။
That place was named Kibroth Hattaavah, because there they buried the people who had craved meat.
35 ၃၅ လူ များတို့သည် ကိဗြုတ်ဟတ္တဝါ အရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ် အရပ်သို့ ရောက်၍နေ ကြ၏။
From Kibroth Hattaavah the people traveled to Hazeroth, where they stayed.

< တောလည်ရာ 11 >