< တောလည်ရာ 11 >
1 ၁ တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
And it came to pass that when the people murmured, it was evil in the ears of Jehovah; and Jehovah heard it, and his anger was kindled, and the fire of Jehovah burned among them, and consumed [some] in the extremity of the camp.
2 ၂ လူ များတို့သည် မောရှေ အား အော်ဟစ် ၍ ၊ မောရှေ သည် ထာဝရဘုရား ကို ဆုတောင်း သဖြင့် မီး ငြိမ်း လေ၏။
And the people cried to Moses; and Moses prayed to Jehovah — and the fire abated.
3 ၃ ထာဝရဘုရား ၏ မီး သည် သူ တို့တွင် လောင် သောကြောင့် ၊ ထို အရပ် ကို တဗေရ ဟူသောအမည် ဖြင့် မှည့် လေ၏။
And they called the name of that place Taberah; because a fire of Jehovah burned among them.
4 ၄ ဣသရေလအမျိုးသားတို့နှင့် ရောနှော လျက် ပါသောတပါးအမျိုးသားတို့သည် တောင့်တ သောစိတ် စွဲလမ်း ကြ၏။ ဣသရေလ အမျိုးသား တို့သည်လည်း တဖန် ငိုကြွေး လျက် ငါ တို့စား စရာဘို့ အမဲသား ကို အဘယ်သူ ပေးလိမ့်မည်နည်း။
And the mixed multitude that was among them lusted; and the children of Israel also wept again and said, Who will give us flesh to eat?
5 ၅ အဲဂုတ္တု ပြည်၌ အလိုအလျောက် စား ရသော ငါး သား၊ သခွါးသီး ၊ ဖရဲသီး ၊ ကြက်သွန် အနီ၊ အဖြူ ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့ ၏။
We remember the fish that we ate in Egypt for nothing; the cucumbers, and the melons, and the leeks, and the onions, and the garlic;
6 ၆ ယခု မှာ ငါ တို့အသက် သည် အားလျော့ ပြီ။ ဤ မန္န မှတပါး တစုံတခု ကိုမျှ မ မြင် ရဟုဆိုကြ၏။
and now our soul is dried up: there is nothing at all but the manna before our eyes.
7 ၇ မန္န သည် နံနံ စေ့ နှင့်တူ ၍ ဗဓေလ သစ်စေ့ကဲ့သို့ အဆင်း ဖြစ်၏။
And the manna was as coriander seed, and its appearance as the appearance of bdellium.
8 ၈ လူ များတို့သည်လှည့်လည် လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ် ခြင်း၊ ထောင်း ခြင်းကိုပြုပြီးမှ အိုး နှင့် ပြုတ် ကြ၏။ မုန့်ပြား ကိုလည်း လုပ် ကြ၏။ အရသာ သည် မုန့်ဆီကြော် အရသာ နှင့် တူ၏။
The people went about, and gathered it, and ground it with hand-mills, or beat it in mortars, and boiled it in pots, and made cakes of it; and the taste of it was as the taste of oil-cakes.
9 ၉ စားခန်းချ ရာအရပ်၌ ညဉ့် အခါနှင်း နှင့်အတူ မန္န ကျ တတ်၏။
And when the dew fell upon the camp by night, the manna fell upon it.
10 ၁၀ ထိုအခါ လူ များအသီးအသီးတို့သည် မိမိ တဲ တံခါးဝ ၌ မိမိ အိမ်ထောင် နှင့်တကွငိုကြွေး ကြသည်ကို မောရှေ ကြား ရ၏။ ထာဝရဘုရား သည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ် ရှိသည်ကို မောရှေ သိမြင် လျှင် ၊
And Moses heard the people weep throughout their families, every one at the entrance of his tent; and the anger of Jehovah was kindled greatly; it was also evil in the eyes of Moses.
11 ၁၁ ဤ လူ အပေါင်း တို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော် ကျွန် အပေါ် မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲ တော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့ တော်၌ မျက်နှာ မ ရဘဲ နေရပါသနည်း။
And Moses said to Jehovah, Why hast thou done evil to thy servant, and why have I not found favour in thine eyes, that thou layest the burden of all this people upon me?
12 ၁၂ သူ တို့ဘိုးဘေး များ၌ ကျိန်ဆို တော်မူသော ပြည် သို့ သွား၍၊ အထိန်း သည် နို့စို့ သူငယ်ကိုဆောင် သကဲ့သို့ ၊ ဤလူတို့ကို ပိုက်ချီ လျက်ဆောင်လော့ဟု အကျွန်ုပ် အား မိန့် တော်မူမည်အကြောင်း ၊ ဤ လူ အပေါင်း တို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင် ပါသလော။ ဘွားမြင် ပါသလော။
Have I conceived all this people, have I brought them forth, that thou sayest to me, Carry them in thy bosom, as the nursing-father beareth the suckling, unto the land which thou didst swear unto their fathers?
13 ၁၃ ဤ လူ အပေါင်း တို့အား ကျွေး စရာဘို့ အမဲသား ကို အကျွန်ုပ် သည် အဘယ်မှာ ရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ် တို့ စား စရာဘို့ အမဲသား ကိုပေး ပါဟု ငိုကြွေး လျက် အကျွန်ုပ် ကို တောင်း ကြပါ၏။
Whence should I have flesh to give unto all this people? for they weep unto me, saying, Give us flesh that we may eat!
14 ၁၄ ဤ လူ အပေါင်း တို့ကို အကျွန်ုပ် တယောက်တည်း သာ မ ဆောင်ရွက် နိုင် ပါ။ ဆောင်ရွက်ရသောဝန်လည်း လေး လွန်းပါ၏။
I am not able to bear all this people alone, for it is too heavy for me.
15 ၁၅ ထိုသို့ အကျွန်ုပ် ၌ ပြု တော်မူလျှင် ၎င်း၊ စိတ် တွေ့တော်မူလျှင် ၎င်း၊ အကျွန်ုပ် ကိုအလျင်အမြန်သေ စေတော်မူပါ။ ကိုယ် ဆင်းရဲ ကို ကိုယ်မ သိ မမြင်ပါစေနှင့်ဟု ဘုရား အား လျှောက်ဆို ၏။
And if thou deal thus with me, slay me, I pray thee, if I have found favour in thine eyes, that I may not behold my wretchedness.
16 ၁၆ ထာဝရဘုရား ကလည်း ၊ သင်ကျွမ်းကျင် သော ဣသရေလ အမျိုးသား အသက်ကြီး ခုနစ်ကျိပ် တို့ကို ငါ့ ရှေ့မှာ စုဝေး စေပြီးလျှင်၊ ပရိသတ်စည်းဝေး ရာ တဲ တော် သို့ ခေါ် ခဲ့၍ သင် နှင့်အတူ ရပ် နေကြစေလော့။
And Jehovah said to Moses, Gather unto me seventy men of the elders of Israel, whom thou knowest to be the elders of the people, and their officers; and take them to the tent of meeting, and they shall stand there with thee.
17 ၁၇ ငါသည်လည်း ထို အရပ်သို့ ဆင်းသက် ၍ သင် နှင့် နှုတ်ဆက် မည်။ သင့် အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ကို ငါယူ ၍ သူ တို့အပေါ် မှာ တင် မည်။ ဤလူတို့ ကို သင် တယောက်တည်း သာ ဆောင်ရွက် ရမည် မ ဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
And I will come down and talk with thee there; and I will take of the Spirit which is upon thee, and will put it upon them; and they shall bear the burden of the people with thee, and thou shalt not bear it alone.
18 ၁၈ သင်သည်လည်း လူ များတို့အား ဆင့်ဆို ရမည်မှာ၊ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စင်ကြယ်လော့။ အမဲသား ကိုစား ရကြမည်။ သင်တို့က အဘယ်သူသည် ငါ တို့ အား အမဲသား ကိုပေး လိမ့်မည်နည်း။ အဲဂုတ္တု ပြည်၌ နေစဉ်၊ ငါ တို့သည် ချမ်းသာ စွာနေကြ၏ဟု ငိုကြွေး လျက် ပြောဆို သံကို ထာဝရဘုရား ကြား သောကြောင့်၊ အမဲသား ကိုပေး တော်မူသဖြင့် သင်တို့သည် စား ရကြမည်။
And unto the people shalt thou say, Hallow yourselves for to-morrow, and ye shall eat flesh; for ye have wept in the ears of Jehovah, saying, Who will give us flesh to eat? for it was well with us in Egypt; and Jehovah will give you flesh, and ye shall eat.
19 ၁၉ တ ရက် ၊ နှစ်ရက် ၊ ငါး ရက် ၊ ဆယ် ရက် ၊ အရက် နှစ်ဆယ် သာ စား ရကြမည်မ ဟုတ်။
Not one day shall ye eat, nor two days, nor five days, neither ten days, nor twenty days;
20 ၂၀ သင် တို့နှာခေါင်း ထဲက အမဲသားထွက် ၍ ရွံ စရာ ဖြစ် သည်တိုင်အောင် တလ ပတ်လုံးစားရကြမည်။ အကြောင်းမူကား ၊ သင် တို့တွင် ရှိတော်မူသောထာဝရဘုရား ကို၊ သင်တို့သည် မထီမဲ့မြင်ပြု လျက်၊ ငါတို့သည် အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ထွက်လာ ရကြသနည်းဟု ရှေ့ တော်၌ ငိုကြွေး လျက် ပြောဆို ကြပြီ တကားဟု မောရှေ အား မိန့် တော်မူ၏။
[but] for a whole month, until it come out at your nostrils, and it become loathsome unto you; because that ye have despised Jehovah who is among you, and have wept before him, saying, Why came we forth out of Egypt?
21 ၂၁ မောရှေ ကလည်း ၊ အကျွန်ုပ် နှင့် ဆိုင်သော လူ ယောက်ျားအပေါင်းခြောက် သိန်းရှိကြသည်ဖြစ်၍ကိုယ်တော်က တ လစား စရာဘို့ သူ တို့အား အမဲသား ကို ငါပေး မည်ဟု မိန့် တော်မူပါသည်တကား၊
And Moses said, The people in whose midst I am are six hundred thousand footmen; and thou sayest, I will give them flesh that they may eat a whole month.
22 ၂၂ သူ တို့ကို ဝ စွာကျွေးခြင်းငှါ၊ သိုး ဆိတ်နွား စုတို့ကိုသတ် ရပါမည်လော။ သို့မဟုတ်ဝ စွာကျွေးခြင်းငှါ၊ ပင်လယ် ငါး ရှိသမျှ တို့ ကိုစုဝေး ရပါမည်လောဟု လျှောက် လျှင်၊
Shall flocks and herds be slaughtered for them, to suffice them? or shall all the fish of the sea be gathered for them, to suffice them?
23 ၂၃ ထာဝရဘုရား က၊ ထာဝရဘုရား လက် တို သလော။ ငါ့ စကား တည် မည် မ တည်မည်ကို သင်သိ လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
And Jehovah said to Moses, Hath Jehovah's hand become short? Now shalt thou see whether my word will come to pass unto thee or not.
24 ၂၄ မောရှေ သည် ထွက် ၍ ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ဆင့်ဆို ပြီးလျှင် ၊ အမျိုးသား အသက်ကြီး သူခုနစ်ကျိပ် တို့ကို စုဝေး စေ၍ ၊ ပရိသတ် စည်းဝေးရာ တဲ တော်ပတ်လည် ၌ ထား လေ၏။
And Moses went out and told the people the words of Jehovah; and he gathered the seventy men of the elders of the people, and set them round about the tent.
25 ၂၅ ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ မောရှေ နှင့် နှုတ်ဆက် တော်မူ၏။ မောရှေ အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ ကို ယူ ၍ အသက်ကြီး သူ ခုနစ်ကျိပ် တို့အပေါ် မှာ တင် တော်မူသဖြင့် ၊ ထိုဝိညာဉ် သည် သူ တို့အပေါ် မှာ ကျိန်းဝပ် သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲ ဟောကြ၏။
And Jehovah came down in a cloud, and spoke to him, and took of the Spirit that was upon him, and put it upon the seventy men, the elders; and it came to pass, that when the Spirit rested on them, they prophesied, but they did not repeat [it].
26 ၂၆ ထိုလူ စု၌ ပါသောသူ ဧလဒဒ် နှင့် မေဒဒ် တို့သည် စာရင်း ဝင်သော်လည်း ၊ တဲ တော်သို့ မ သွား ဘဲ တပ် ထဲမှာ နေရစ် စဉ်တွင်သူ တို့အပေါ် မှာ ထိုဝိညာဉ် ကျိန်းဝပ် သဖြင့် သူတို့သည်လည်း ပရောဖက်ပြု ၍ တပ် ထဲမှာ ဟောကြ၏။
And two men remained in the camp, the name of the one, Eldad, and the name of the other, Medad; and the Spirit rested upon them (and they were among them that were written, but they had not gone out to the tent); and they prophesied in the camp.
27 ၂၇ လုလင် တယောက်သည်လည်း မောရှေ ထံသို့ ပြေး ၍ ၊ ဧလဒဒ် နှင့် မေဒဒ် တို့သည် တပ် ထဲမှာ ပရောဖက်ပြု ၍ဟောပါ၏ဟု လျှောက် လျှင် ၊
And there ran a youth, and told Moses, and said, Eldad and Medad are prophesying in the camp.
28 ၂၈ မောရှေ ၏ လက်ထောက် ဖြစ်သော လုလင်နုန် သား ယောရှု က၊ သခင် မောရှေ ၊ သူ တို့ကို ဆီးတား တော်မူပါဟုဆို သော်၊
And Joshua the son of Nun, the attendant of Moses, one of his young men, answered and said, My lord Moses, forbid them!
29 ၂၉ မောရှေ က၊ သင် သည် ငါ့ အတွက် ငြူစူ သောစိတ် ရှိသလော။ ထာဝရဘုရား ၏ လူ အပေါင်း တို့သည် ပရောဖက် ဖြစ် ကြပါစေသော။ ထာဝရဘုရား သည် ဝိညာဉ် တော်ကို သူ တို့အပေါ် မှာ တင် တော်မူပါစေသောဟု ဆို ပြီးမှ ၊
But Moses said to him, Enviest thou for my sake? would that all Jehovah's people were prophets, [and] that Jehovah would put his Spirit upon them!
30 ၃၀ ဣသရေလ အမျိုးသားအသက်ကြီး သူတို့နှင့်အတူ တပ် ထဲသို့ ပြန် သွားလေ၏။
And Moses withdrew into the camp, he and the elders of Israel.
31 ၃၁ ထိုအခါ ထာဝရဘုရား သည် လေ ကိုစေလွှတ် ၍ ၊ ငုံး များကို ပင်လယ် မှ ဆောင် ခဲ့သဖြင့် ၊ တပ် ပတ်လည်တရက် ခရီး စီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေ ပေါ်မှာ ဒုနှစ်တောင် ခန့် မျှ ဆင်း စေတော်မူ၏။
And there went forth a wind from Jehovah, and drove quails from the sea, and cast them about the camp, about a day's journey on this side, and about a day's journey on the other side, round about the camp, and about two cubits above the earth.
32 ၃၂ လူ များတို့သည် တနေ့လုံး ၊ တညဉ့်လုံး ၊ နက်ဖြန် လည်း တနေ့လုံး ထ ၍ ငုံး များကို စုသိမ်း ကြ၏။ နည်းနည်း သိမ်းသောသူသည် ဆယ် ဟောမဲ ကို သိမ်း ရ၏။ တပ် ပတ်လည် အရပ်ရပ်၌ ဖြန့် ထားကြ၏။
And the people rose up all that day, and the whole night, and all the next day, and they gathered the quails: he that gathered little gathered ten homers; and they spread them abroad for themselves round about the camp.
33 ၃၃ သို့ရာတွင်ငုံးသား ကို ကိုက် ၍ မ ဝါး မှီ၊ ထာဝရဘုရား သည် သူတို့ကို အမျက် တော်ထွက်၍ အလွန် ပြင်း သော ဘေး နှင့်ဒဏ်ခတ် တော်မူ၏။
The flesh was yet between their teeth, before it was chewed, when the wrath of Jehovah was kindled against the people, and Jehovah smote the people with a very great plague.
34 ၃၄ တောင့်တ သောသူ တို့ကို သင်္ဂြိုဟ် ရာထို အရပ် ကို ကိဗြုတ်ဟတ္တဝါ ဟူသောအမည်ဖြင့် မှည့် လေ၏။
And they called the name of that place Kibroth-hattaavah; because there they buried the people who lusted.
35 ၃၅ လူ များတို့သည် ကိဗြုတ်ဟတ္တဝါ အရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ် အရပ်သို့ ရောက်၍နေ ကြ၏။
From Kibroth-hattaavah the people journeyed to Hazeroth; and they were at Hazeroth.