< နေဟမိ 9 >

1 ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
וּבְיוֹם עֶשְׂרִים וְאַרְבָּעָה לַחֹדֶשׁ הַזֶּה נֶאֶסְפוּ בְנֵֽי־יִשְׂרָאֵל בְּצוֹם וּבְשַׂקִּים וַאֲדָמָה עֲלֵיהֶֽם׃
2 ထိုအခါ ဣသရေလ အမျိုးစစ်ဖြစ်သောသူတို့ သည် တပါး အမျိုးသားရှိသမျှ တို့နှင့် ကွာ ၍၊ ကိုယ် အပြစ် နှင့် ဘိုးဘေး တို့၏ အပြစ် များကို ဘော်ပြ တောင်းပန်ကြ၏။
וַיִּבָּֽדְלוּ זֶרַע יִשְׂרָאֵל מִכֹּל בְּנֵי נֵכָר וַיַּעַמְדוּ וַיִּתְוַדּוּ עַל־חַטֹּאתֵיהֶם וַעֲוֺנוֹת אֲבֹתֵיהֶֽם׃
3 မိမိ တို့နေရာ ၌ ရပ်နေ ၍ ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာ ကို နေ့ လေး စုတစု ဘတ် ကြ၏။ အပြစ်ကို ဘော်ပြ တောင်းပန်၍၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို နေ့လေး စုတစုကိုးကွယ် ကြ၏။
וַיָּקוּמוּ עַל־עׇמְדָם וַֽיִּקְרְאוּ בְּסֵפֶר תּוֹרַת יְהֹוָה אֱלֹהֵיהֶם רְבִעִית הַיּוֹם וּרְבִעִית מִתְוַדִּים וּמִֽשְׁתַּחֲוִים לַיהֹוָה אֱלֹהֵיהֶֽם׃
4 ထိုအခါ လေဝိ သားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိ တို့သည် ပလ္လင် ပေါ် မှာရပ် ၍၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြီးစွာ သောအသံ နှင့် ကြွေးကြော် ကြ၏။
וַיָּקׇם עַֽל־מַֽעֲלֵה הַלְוִיִּם יֵשׁוּעַ וּבָנִי קַדְמִיאֵל שְׁבַנְיָה בֻּנִּי שֵׁרֵבְיָה בָּנִי כְנָנִי וַֽיִּזְעֲקוּ בְּקוֹל גָּדוֹל אֶל־יְהֹוָה אֱלֹהֵיהֶֽם׃
5 တဖန် လေဝိ သားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိ တို့က ထ ကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အစဉ် အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီး ပေးကြလော့။ ကောင်းကြီး ပေးခြင်း၊ ချီးမွမ်း ခြင်း အမျိုးမျိုး ထက် ကြီး မြင့်၍ ဘုန်း ကြီးသော ကိုယ်တော် ၏ နာမ သည် မင်္ဂလာ ရှိပါစေသတည်း။
וַיֹּאמְרוּ הַלְוִיִּם יֵשׁוּעַ וְקַדְמִיאֵל בָּנִי חֲשַׁבְנְיָה שֵׁרֵֽבְיָה הֽוֹדִיָּה שְׁבַנְיָה פְתַֽחְיָה קוּמוּ בָּרְכוּ אֶת־יְהֹוָה אֱלֹֽהֵיכֶם מִן־הָעוֹלָם עַד־הָעוֹלָם וִיבָֽרְכוּ שֵׁם כְּבֹדֶךָ וּמְרוֹמַם עַל־כׇּל־בְּרָכָה וּתְהִלָּֽה׃
6 ကိုယ်တော် သာလျှင် ထာဝရဘုရား ဖြစ်တော်မူ ၏။ အမြင့်ဆုံးသော ကောင်းကင် နှင့် ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့ကို၎င်း၊ မြေကြီး နှင့် မြေကြီး ပေါ် မှာ ရှိ ရှိသမျှတို့ကို၎င်း၊ ပင်လယ် နှင့် ပင်လယ် ၌ ပါသမျှ တို့ကို၎င်းဖန်ဆင်း တော်မူ၏။ အလုံးစုံ တို့ကို စောင့်မ တော်မူ ၏။ ကောင်းကင် ဗိုလ်ခြေ တို့သည် ကိုယ်တော် ကို ကိုးကွယ် ကြပါ၏။
אַתָּה־הוּא יְהֹוָה לְבַדֶּךָ (את) [אַתָּה] עָשִׂיתָ אֶֽת־הַשָּׁמַיִם שְׁמֵי הַשָּׁמַיִם וְכׇל־צְבָאָם הָאָרֶץ וְכׇל־אֲשֶׁר עָלֶיהָ הַיַּמִּים וְכׇל־אֲשֶׁר בָּהֶם וְאַתָּה מְחַיֶּה אֶת־כֻּלָּם וּצְבָא הַשָּׁמַיִם לְךָ מִשְׁתַּחֲוִֽים׃
7 အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် သည် အာဗြံ ကို ရွေးချယ် ၍ ခါလဒဲ ပြည်၊ ဥရ မြို့မှ ခေါ် ခဲ့ပြီးလျှင် အာဗြဟံ ဟူသောအမည် ကိုပေး တော်မူ ၏။
אַתָּה־הוּא יְהֹוָה הָאֱלֹהִים אֲשֶׁר בָּחַרְתָּ בְּאַבְרָם וְהוֹצֵאתוֹ מֵאוּר כַּשְׂדִּים וְשַׂמְתָּ שְּׁמוֹ אַבְרָהָֽם׃
8 ရှေ့ တော်၌ သူ့ သဘော ဖြောင့် သည်ကို တွေ့ သောကြောင့်၊ ခါနနိ ပြည် ၊ ဟိတ္တိ ပြည်၊ အာမောရိ ပြည်၊ ဖေရဇိ ပြည်၊ ယေဗုသိ ပြည်၊ ဂိရဂါရှိ ပြည်တို့ကို အာဗြဟံ အမျိုးအနွယ် အား ငါပေး မည်ဟု ဝန်ခံသည် အတိုင်း သစ္စာ တော်မပျက်ပြု တော်မူ၏။
וּמָצָאתָ אֶת־לְבָבוֹ נֶאֱמָן לְפָנֶיךָ וְכָרוֹת עִמּוֹ הַבְּרִית לָתֵת אֶת־אֶרֶץ הַכְּנַעֲנִי הַחִתִּי הָאֱמֹרִי וְהַפְּרִזִּי וְהַיְבוּסִי וְהַגִּרְגָּשִׁי לָתֵת לְזַרְעוֹ וַתָּקֶם אֶת־דְּבָרֶיךָ כִּי צַדִּיק אָֽתָּה׃
9 အဲဂုတ္တု ပြည်၌ အကျွန်ုပ် တို့၏ ဘိုးဘေး များ ခံရသောညှဉ်းဆဲ ခြင်းကိုမြင် ၍ ၊ ဧဒုံ ပင်လယ် နား မှာ သူ တို့ အော်ဟစ် သောအသံကို ကြား တော်မူ၏။
וַתֵּרֶא אֶת־עֳנִי אֲבֹתֵינוּ בְּמִצְרָיִם וְאֶת־זַעֲקָתָם שָׁמַעְתָּ עַל־יַם־סֽוּף׃
10 ၁၀ ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကား စွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြ တော်မူ၍ ၊ သိတင်းတော်သည် ယနေ့ တိုင်အောင် ကျော်စောလျက်ရှိပါ၏။
וַתִּתֵּן אֹתֹת וּמֹֽפְתִים בְּפַרְעֹה וּבְכׇל־עֲבָדָיו וּבְכׇל־עַם אַרְצוֹ כִּי יָדַעְתָּ כִּי הֵזִידוּ עֲלֵיהֶם וַתַּֽעַשׂ־לְךָ שֵׁם כְּהַיּוֹם הַזֶּֽה׃
11 ၁၁ သူတို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက် သွားမည်အကြောင်း သူ တို့ရှေ့ မှာ ပင်လယ် ကို ခွဲ တော်မူ၏။ ညှဉ်းဆဲ သောသူတို့ ကိုကား၊ နက် သောရေ ထဲ သို့ ကျောက် ကိုပစ်သကဲ့သို့ ပစ် တော်မူ၏။
וְהַיָּם בָּקַעְתָּ לִפְנֵיהֶם וַיַּֽעַבְרוּ בְתוֹךְ־הַיָּם בַּיַּבָּשָׁה וְֽאֶת־רֹדְפֵיהֶם הִשְׁלַכְתָּ בִמְצוֹלֹת כְּמוֹ־אֶבֶן בְּמַיִם עַזִּֽים׃
12 ၁၂ ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
וּבְעַמּוּד עָנָן הִנְחִיתָם יוֹמָם וּבְעַמּוּד אֵשׁ לַיְלָה לְהָאִיר לָהֶם אֶת־הַדֶּרֶךְ אֲשֶׁר יֵֽלְכוּ־בָֽהּ׃
13 ၁၃ ကိုယ်တော်တိုင်လည်း၊ သိနာ တောင် ပေါ် သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင် ထဲက ဗျာဒိတ် သံကို လွှတ် သဖြင့် ၊ ဟုတ်မှန် ဖြောင့်မတ်သော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို အပ် ပေးတော်မူ၏။
וְעַל הַר־סִינַי יָרַדְתָּ וְדַבֵּר עִמָּהֶם מִשָּׁמָיִם וַתִּתֵּן לָהֶם מִשְׁפָּטִים יְשָׁרִים וְתוֹרוֹת אֱמֶת חֻקִּים וּמִצְוֺת טוֹבִֽים׃
14 ၁၄ သန့်ရှင်း သော ဥပုသ် နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန် မောရှေ အားဖြင့် နည်းနာ ဥပဒေသပညတ် တရား တို့ကိုလည်း ထား တော်မူ၏။
וְאֶת־שַׁבַּת קׇדְשְׁךָ הוֹדַעְתָּ לָהֶם וּמִצְווֹת וְחֻקִּים וְתוֹרָה צִוִּיתָ לָהֶם בְּיַד מֹשֶׁה עַבְדֶּֽךָ׃
15 ၁၅ သူ တို့မွတ်သိပ် ခြင်းနှင့် ရေငတ် ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင် မုန့် နှင့် ကျောက် ထဲက ထုတ် သော ရေ ကို ပေး တော်မူ၏။ သူ တို့ပိုင် ဘို့ ကျိန်ဆိုတော်မူသောပြည် ထဲ သို့ဝင် ၍ သိမ်းယူမည်အကြောင်းမိန့် တော်မူ၏။
וְלֶחֶם מִשָּׁמַיִם נָתַתָּה לָהֶם לִרְעָבָם וּמַיִם מִסֶּלַע הוֹצֵאתָ לָהֶם לִצְמָאָם וַתֹּאמֶר לָהֶם לָבוֹא לָרֶשֶׁת אֶת־הָאָרֶץ אֲשֶׁר־נָשָׂאתָ אֶת־יָדְךָ לָתֵת לָהֶֽם׃
16 ၁၆ သို့ရာတွင် အကျွန်ုပ် တို့ဘိုးဘေး တို့သည် မာန ထောင်လွှား၍ ၊ ခိုင်မာ သော လည်ပင်း နှင့် ပညတ် တော်ကို နား မ ထောင်ကြ။
וְהֵם וַאֲבֹתֵינוּ הֵזִידוּ וַיַּקְשׁוּ אֶת־עׇרְפָּם וְלֹא שָׁמְעוּ אֶל־מִצְוֺתֶֽיךָ׃
17 ၁၇ သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။
וַיְמָאֲנוּ לִשְׁמֹעַ וְלֹא־זָכְרוּ נִפְלְאֹתֶיךָ אֲשֶׁר עָשִׂיתָ עִמָּהֶם וַיַּקְשׁוּ אֶת־עׇרְפָּם וַיִּתְּנוּ־רֹאשׁ לָשׁוּב לְעַבְדֻתָם בְּמִרְיָם וְאַתָּה אֱלוֹהַּ סְלִיחוֹת חַנּוּן וְרַחוּם אֶֽרֶךְ־אַפַּיִם וְרַב־[חֶסֶד] (וחסד) וְלֹא עֲזַבְתָּֽם׃
18 ၁၈ ထိုမျှမက သူတို့သည် နွား သငယ်အရုပ် ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်သော သင် ၏ ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ အလွန် ပြစ်မှား သော်လည်း၊
אַף כִּֽי־עָשׂוּ לָהֶם עֵגֶל מַסֵּכָה וַיֹּאמְרוּ זֶה אֱלֹהֶיךָ אֲשֶׁר הֶעֶלְךָ מִמִּצְרָיִם וַֽיַּעֲשׂוּ נֶאָצוֹת גְּדֹלֽוֹת׃
19 ၁၉ ကိုယ်တော် သည် အထူး သဖြင့်သနား တတ် သော ဘုရားဖြစ်တော်မူ၍၊ တော ၌ သူ တို့ကို စွန့်ပစ် တော် မ မူ။ နေ့ အချိန်၌ လမ်းပြ သော မိုဃ်းတိမ် တိုင် မ ပျောက် ၊ ညဉ့် အချိန်၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် လည်း မကွယ်။
וְאַתָּה בְּרַחֲמֶיךָ הָֽרַבִּים לֹא עֲזַבְתָּם בַּמִּדְבָּר אֶת־עַמּוּד הֶעָנָן לֹא־סָר מֵעֲלֵיהֶם בְּיוֹמָם לְהַנְחֹתָם בְּהַדֶּרֶךְ וְאֶת־עַמּוּד הָאֵשׁ בְּלַיְלָה לְהָאִיר לָהֶם וְאֶת־הַדֶּרֶךְ אֲשֶׁר יֵֽלְכוּ־בָֽהּ׃
20 ၂၀ သူ တို့အား သွန်သင် စရာဘို့ ကောင်း သော ဝိညာဉ် တော်ကိုပေး တော်မူ၏။ သူ တို့စားရသောကိုယ်တော် ၏ မန္န ကိုရုပ်သိမ်း တော်မ မူ။ သူ တို့ အငတ် ပြေစေခြင်းငှါ ၊ ရေ ကိုလည်း ပေး တော်မူ၏။
וְרוּחֲךָ הַטּוֹבָה נָתַתָּ לְהַשְׂכִּילָם וּמַנְךָ לֹא־מָנַעְתָּ מִפִּיהֶם וּמַיִם נָתַתָּה לָהֶם לִצְמָאָֽם׃
21 ၂၁ အနှစ် လေး ဆယ်ပတ်လုံးသူတို့ကို အလျှင်း မ ဆင်းရဲ စေခြင်းငှါ ကျွေးမွေး တော်မူ၏။ သူ တို့အဝတ် မ ဟောင်း မနွမ်းရ။ သူ တို့ခြေ သည်လည်း မ ပွန်းမရောင် ရ။
וְאַרְבָּעִים שָׁנָה כִּלְכַּלְתָּם בַּמִּדְבָּר לֹא חָסֵרוּ שַׂלְמֹֽתֵיהֶם לֹא בָלוּ וְרַגְלֵיהֶם לֹא בָצֵֽקוּ׃
22 ၂၂ နောက် မှတပါးအမျိုးသား တို့၏ တိုင်း နိုင်ငံများ ကို သူ တို့အား အကုန်အစင်ဝေဖန် ၍ ပေး သနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် ဗာရှန် ရှင်ဘုရင် ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
וַתִּתֵּן לָהֶם מַמְלָכוֹת וַעֲמָמִים וַֽתַּחְלְקֵם לְפֵאָה וַיִּֽירְשׁוּ אֶת־אֶרֶץ סִיחוֹן וְאֶת־אֶרֶץ מֶלֶךְ חֶשְׁבּוֹן וְאֶת־אֶרֶץ עוֹג מֶֽלֶךְ־הַבָּשָֽׁן׃
23 ၂၃ သူ တို့သား မြေးတို့ကို မိုဃ်းကောင်းကင် ကြယ် ကဲ့သို့ များပြား စေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူ မည်အကြောင်း ၊ သူ တို့၏ ဘိုးဘေး တို့အား ဂတိ ထားတော်မူ၏၊ ထို ပြည် ထဲ သို့သွင်း တော်မူသဖြင့်၊
וּבְנֵיהֶם הִרְבִּיתָ כְּכֹכְבֵי הַשָּׁמָיִם וַתְּבִיאֵם אֶל־הָאָרֶץ אֲשֶׁר־אָמַרְתָּ לַאֲבֹתֵיהֶם לָבוֹא לָרָֽשֶׁת׃
24 ၂၄ သား မြေးတို့သည်ဝင် ၍ သိမ်းယူ ကြ၏။ သူ တို့ ရှေ့ မှာ ထိုပြည်သား ခါနာနိ လူတို့ကို နှိပ်စက် တော်မူ၍ ၊ ရှင်ဘုရင် အစရှိသော ပြည်သူ ပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူ တို့လက် သို့ အပ် တော်မူ၏။
וַיָּבֹאוּ הַבָּנִים וַיִּֽירְשׁוּ אֶת־הָאָרֶץ וַתַּכְנַע לִפְנֵיהֶם אֶת־יֹשְׁבֵי הָאָרֶץ הַכְּנַעֲנִים וַֽתִּתְּנֵם בְּיָדָם וְאֶת־מַלְכֵיהֶם וְאֶת־עַֽמְמֵי הָאָרֶץ לַעֲשׂוֹת בָּהֶם כִּרְצוֹנָֽם׃
25 ၂၅ ထိုသို့သူတို့သည် ခိုင်ခံ့ သောမြို့ များ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့် သောအိမ် ၊ တူး ပြီးသောရေတွင်း ၊ များပြားသော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အသီး သီးသော အပင် တို့ကိုသိမ်းယူ ၍ ၊ ဝ စွာစား သောက်လျက် အသားဆူဖြိုး ၍ ကျေးဇူး တော်ကြွယ်ဝ ခြင်း၌ မွေ့လျော် ကြ၏။
וַֽיִּלְכְּדוּ עָרִים בְּצוּרֹת וַאֲדָמָה שְׁמֵנָה וַיִּֽירְשׁוּ בָּתִּים מְלֵֽאִים־כׇּל־טוּב בֹּרוֹת חֲצוּבִים כְּרָמִים וְזֵיתִים וְעֵץ מַאֲכָל לָרֹב וַיֹּאכְלוּ וַֽיִּשְׂבְּעוּ וַיַּשְׁמִינוּ וַיִּֽתְעַדְּנוּ בְּטוּבְךָ הַגָּדֽוֹל׃
26 ၂၆ သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။
וַיַּמְרוּ וַֽיִּמְרְדוּ בָּךְ וַיַּשְׁלִכוּ אֶת־תּוֹרָֽתְךָ אַחֲרֵי גַוָּם וְאֶת־נְבִיאֶיךָ הָרָגוּ אֲשֶׁר־הֵעִידוּ בָם לַהֲשִׁיבָם אֵלֶיךָ וַֽיַּעֲשׂוּ נֶאָצוֹת גְּדוֹלֹֽת׃
27 ၂၇ ထိုကြောင့် ၊ သူ တို့ကို နှောင့်ရှက် သော ရန်သူ လက် သို့ အပ် လိုက် တော်မူ၏။ ဆင်းရဲ ခံရ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံက နားထောင် ၍ ၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝ သည်အတိုင်း ၊ ရန်သူ လက် မှ ကယ်လွှတ် သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်း စေတော်မူ၏။
וַֽתִּתְּנֵם בְּיַד צָֽרֵיהֶם וַיָּצֵרוּ לָהֶם וּבְעֵת צָֽרָתָם יִצְעֲקוּ אֵלֶיךָ וְאַתָּה מִשָּׁמַיִם תִּשְׁמָע וּֽכְרַחֲמֶיךָ הָֽרַבִּים תִּתֵּן לָהֶם מֽוֹשִׁיעִים וְיוֹשִׁיעוּם מִיַּד צָרֵיהֶֽם׃
28 ၂၈ တဖန် ချမ်းသာ ရသောအခါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု ပြန် ကြသောကြောင့်၊ ရန်သူ အစိုးရ မည်အကြောင်း တဖန်အပ် တော်မူ၏။ သူတို့သည်ပြန်လာ ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံ က နားထောင် ၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
וּכְנוֹחַ לָהֶם יָשׁוּבוּ לַעֲשׂוֹת רַע לְפָנֶיךָ וַתַּֽעַזְבֵם בְּיַד אֹֽיְבֵיהֶם וַיִּרְדּוּ בָהֶם וַיָּשׁוּבוּ וַיִּזְעָקוּךָ וְאַתָּה מִשָּׁמַיִם תִּשְׁמַע וְתַצִּילֵם כְּֽרַחֲמֶיךָ רַבּוֹת עִתִּֽים׃
29 ၂၉ တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။
וַתָּעַד בָּהֶם לַהֲשִׁיבָם אֶל־תּוֹרָתֶךָ וְהֵמָּה הֵזִידוּ וְלֹא־שָׁמְעוּ לְמִצְוֺתֶיךָ וּבְמִשְׁפָּטֶיךָ חָֽטְאוּ־בָם אֲשֶׁר־יַעֲשֶׂה אָדָם וְחָיָה בָהֶם וַיִּתְּנוּ כָתֵף סוֹרֶרֶת וְעׇרְפָּם הִקְשׁוּ וְלֹא שָׁמֵֽעוּ׃
30 ၃၀ နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။
וַתִּמְשֹׁךְ עֲלֵיהֶם שָׁנִים רַבּוֹת וַתָּעַד בָּם בְּרוּחֲךָ בְּיַד־נְבִיאֶיךָ וְלֹא הֶאֱזִינוּ וַֽתִּתְּנֵם בְּיַד עַמֵּי הָאֲרָצֹֽת׃
31 ၃၁ သို့ရာတွင် ကိုယ်တော် သည် ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံသောဘုရား ဖြစ်၍ ၊ ကရုဏာ တော် ကြွယ်ဝ သောကြောင့်၊ သူ တို့ကို ရှင်းရှင်း ဖျက်ဆီး တော်မ မူ။ စွန့်ပစ် တော်မ မူ။
וּֽבְרַחֲמֶיךָ הָרַבִּים לֹֽא־עֲשִׂיתָם כָּלָה וְלֹא עֲזַבְתָּם כִּי אֵֽל־חַנּוּן וְרַחוּם אָֽתָּה׃
32 ၃၂ သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။
וְעַתָּה אֱלֹהֵינוּ הָאֵל הַגָּדוֹל הַגִּבּוֹר וְהַנּוֹרָא שׁוֹמֵר הַבְּרִית וְהַחֶסֶד אַל־יִמְעַט לְפָנֶיךָ אֵת כׇּל־הַתְּלָאָה אֲֽשֶׁר־מְצָאַתְנוּ לִמְלָכֵינוּ לְשָׂרֵינוּ וּלְכֹהֲנֵינוּ וְלִנְבִיאֵינוּ וְלַאֲבֹתֵינוּ וּלְכׇל־עַמֶּךָ מִימֵי מַלְכֵי אַשּׁוּר עַד הַיּוֹם הַזֶּֽה׃
33 ၃၃ ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။
וְאַתָּה צַדִּיק עַל כׇּל־הַבָּא עָלֵינוּ כִּֽי־אֱמֶת עָשִׂיתָ וַאֲנַחְנוּ הִרְשָֽׁעְנוּ׃
34 ၃၄ အကျွန်ုပ် တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရား တော်ကိုမ စောင့်။ ပေး ထားတော်မူသော ပညတ် များနှင့် သက်သေခံ ချက် များတို့ကို နား မ ထောင်ကြ။
וְאֶת־מְלָכֵינוּ שָׂרֵינוּ כֹּהֲנֵינוּ וַאֲבֹתֵינוּ לֹא עָשׂוּ תּוֹרָתֶךָ וְלֹא הִקְשִׁיבוּ אֶל־מִצְוֺתֶיךָ וּלְעֵדְוֺתֶיךָ אֲשֶׁר הַעִידֹתָ בָּהֶֽם׃
35 ၃၅ ကြီး သောကျေးဇူး ကို ပြုလျက်အပ်ပေး တော်မူ၍ ၊ သူ တို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည် ကြီး ၊ ပြည် ကောင်း ၌နေရသော်လည်း၊ အမှု တော်ကိုမ ဆောင်မရွက်၊ မိမိ တို့ပြု သောဒုစရိုက် ကို မ ရှောင် ဘဲနေကြပါ၏။
וְהֵם בְּמַלְכוּתָם וּבְטוּבְךָ הָרָב אֲשֶׁר־נָתַתָּ לָהֶם וּבְאֶרֶץ הָרְחָבָה וְהַשְּׁמֵנָה אֲשֶׁר־נָתַתָּ לִפְנֵיהֶם לֹא עֲבָדוּךָ וְֽלֹא־שָׁבוּ מִמַּֽעַלְלֵיהֶם הָרָעִֽים׃
36 ၃၆ ဘိုးဘေး တို့သည် အလွန်မြတ် သော အသီး အနှံကို စား ရသောအခွင့်နှင့်သူတို့အားပေး သနားတော်မူ သော ပြည် ၌ အကျွန်ုပ် တို့သည် ယနေ့ အစေခံ ကျွန် ဖြစ်ကြပါ၏။ သူ့ ကျွန် ခံရကြပါ၏။
הִנֵּה אֲנַחְנוּ הַיּוֹם עֲבָדִים וְהָאָרֶץ אֲשֶׁר־נָתַתָּה לַאֲבֹתֵינוּ לֶאֱכֹל אֶת־פִּרְיָהּ וְאֶת־טוּבָהּ הִנֵּה אֲנַחְנוּ עֲבָדִים עָלֶֽיהָ׃
37 ၃၇ အကျွန်ုပ် တို့အပြစ် ကြောင့် ၊ အကျွန်ုပ် တို့အပေါ် မှာ ခန့် ထားတော်မူသော ရှင် ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝ စွာဖြစ်သော အသီး အနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ် တို့၏ ကိုယ် နှင့် တိရစ္ဆာန် များကို သူတို့သည် ကိုယ် အလိုအလျောက်အစိုးပိုင် ၍ ၊ အကျွန်ုပ် တို့သည် အလွန် ဆင်းရဲ ခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
וּתְבוּאָתָהּ מַרְבָּה לַמְּלָכִים אֲשֶׁר־נָתַתָּה עָלֵינוּ בְּחַטֹּאותֵינוּ וְעַל גְּוִיֹּתֵינוּ מֹשְׁלִים וּבִבְהֶמְתֵּנוּ כִּרְצוֹנָם וּבְצָרָה גְדֹלָה אֲנָֽחְנוּ׃
38 ၃၈ ထို အကြောင်းအရာများကို ငါ တို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေး ထားလျက် ၊ ငါ တို့ အကြီး အကဲ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် တံဆိပ် ခတ်ကြ၏။
וּבְכׇל־זֹאת אֲנַחְנוּ כֹּרְתִים אֲמָנָה וְכֹתְבִים וְעַל הֶֽחָתוּם שָׂרֵינוּ לְוִיֵּנוּ כֹּהֲנֵֽינוּ׃

< နေဟမိ 9 >