< နေဟမိ 9 >
1 ၁ ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
And in the four and twentieth day of the month the children of Israel came together with fasting and with sackcloth, and earth upon them.
2 ၂ ထိုအခါ ဣသရေလ အမျိုးစစ်ဖြစ်သောသူတို့ သည် တပါး အမျိုးသားရှိသမျှ တို့နှင့် ကွာ ၍၊ ကိုယ် အပြစ် နှင့် ဘိုးဘေး တို့၏ အပြစ် များကို ဘော်ပြ တောင်းပန်ကြ၏။
And the seed of the children of Israel separated themselves from every stranger: and they stood, and confessed their sins, and the iniquities of their fathers.
3 ၃ မိမိ တို့နေရာ ၌ ရပ်နေ ၍ ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာ ကို နေ့ လေး စုတစု ဘတ် ကြ၏။ အပြစ်ကို ဘော်ပြ တောင်းပန်၍၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို နေ့လေး စုတစုကိုးကွယ် ကြ၏။
And they rose up to stand: and they read in the book of the law of the Lord their God, four times in the day, and four times they confessed, and adored the Lord their God.
4 ၄ ထိုအခါ လေဝိ သားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိ တို့သည် ပလ္လင် ပေါ် မှာရပ် ၍၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြီးစွာ သောအသံ နှင့် ကြွေးကြော် ကြ၏။
And there stood up upon the seep of the Levites, Josue, and Bani, and Cedmihel, Sabania, Bonni, Sarebias, Bani, and Chanani: and they cried with a loud voice to the Lord their God.
5 ၅ တဖန် လေဝိ သားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိ တို့က ထ ကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အစဉ် အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီး ပေးကြလော့။ ကောင်းကြီး ပေးခြင်း၊ ချီးမွမ်း ခြင်း အမျိုးမျိုး ထက် ကြီး မြင့်၍ ဘုန်း ကြီးသော ကိုယ်တော် ၏ နာမ သည် မင်္ဂလာ ရှိပါစေသတည်း။
And the Levites Josue and Cedmihel, Bonni, Hasebnia, Serebia, Oduia, Sebnia, and Phathahia, said: Arise, bless the Lord your God from eternity to eternity: and blessed be the high name of thy glory with all blessing and praise.
6 ၆ ကိုယ်တော် သာလျှင် ထာဝရဘုရား ဖြစ်တော်မူ ၏။ အမြင့်ဆုံးသော ကောင်းကင် နှင့် ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့ကို၎င်း၊ မြေကြီး နှင့် မြေကြီး ပေါ် မှာ ရှိ ရှိသမျှတို့ကို၎င်း၊ ပင်လယ် နှင့် ပင်လယ် ၌ ပါသမျှ တို့ကို၎င်းဖန်ဆင်း တော်မူ၏။ အလုံးစုံ တို့ကို စောင့်မ တော်မူ ၏။ ကောင်းကင် ဗိုလ်ခြေ တို့သည် ကိုယ်တော် ကို ကိုးကွယ် ကြပါ၏။
Thou thyself, O Lord alone, thou hast made heaven, and the heaven of heavens, and all the host thereof: the earth and all things that are in it: the seas and all that are therein: and thou givest life to all these things, and the host of heaven adoreth thee.
7 ၇ အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် သည် အာဗြံ ကို ရွေးချယ် ၍ ခါလဒဲ ပြည်၊ ဥရ မြို့မှ ခေါ် ခဲ့ပြီးလျှင် အာဗြဟံ ဟူသောအမည် ကိုပေး တော်မူ ၏။
Thou, O Lord God, art he who chosest Abram, and broughtest him forth out of the fire of the Chaldeans, and gavest him the name of Abraham.
8 ၈ ရှေ့ တော်၌ သူ့ သဘော ဖြောင့် သည်ကို တွေ့ သောကြောင့်၊ ခါနနိ ပြည် ၊ ဟိတ္တိ ပြည်၊ အာမောရိ ပြည်၊ ဖေရဇိ ပြည်၊ ယေဗုသိ ပြည်၊ ဂိရဂါရှိ ပြည်တို့ကို အာဗြဟံ အမျိုးအနွယ် အား ငါပေး မည်ဟု ဝန်ခံသည် အတိုင်း သစ္စာ တော်မပျက်ပြု တော်မူ၏။
And thou didst find his heart faithful before thee: and thou madest a covenant with him, to give him the land of the Chanaanite, of the Hethite, and of the Amorrhite, and of the Pherezite, and of the Jebusite, and of the Gergezite, to give it to his seed: and thou hast fulfilled thy words, because thou art just.
9 ၉ အဲဂုတ္တု ပြည်၌ အကျွန်ုပ် တို့၏ ဘိုးဘေး များ ခံရသောညှဉ်းဆဲ ခြင်းကိုမြင် ၍ ၊ ဧဒုံ ပင်လယ် နား မှာ သူ တို့ အော်ဟစ် သောအသံကို ကြား တော်မူ၏။
And thou sawest the affliction of our fathers in Egypt: and thou didst hear their cry by the Red Sea.
10 ၁၀ ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကား စွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြ တော်မူ၍ ၊ သိတင်းတော်သည် ယနေ့ တိုင်အောင် ကျော်စောလျက်ရှိပါ၏။
And thou shewedst signs and wonders upon Pharao, and upon all his servants, and upon the people of his land: for thou knewest that they dealt proudly against them: and thou madest thyself a name, as it is at this day.
11 ၁၁ သူတို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက် သွားမည်အကြောင်း သူ တို့ရှေ့ မှာ ပင်လယ် ကို ခွဲ တော်မူ၏။ ညှဉ်းဆဲ သောသူတို့ ကိုကား၊ နက် သောရေ ထဲ သို့ ကျောက် ကိုပစ်သကဲ့သို့ ပစ် တော်မူ၏။
And thou didst divide the sea before them, and they passed through the midst of the sea on dry land: but their persecutors thou threwest into the depth, as a stone into mighty waters.
12 ၁၂ ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
And in a pillar of a cloud thou wast their leader by day, and in a pillar of Are by night, that they might see the way by which they went.
13 ၁၃ ကိုယ်တော်တိုင်လည်း၊ သိနာ တောင် ပေါ် သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင် ထဲက ဗျာဒိတ် သံကို လွှတ် သဖြင့် ၊ ဟုတ်မှန် ဖြောင့်မတ်သော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို အပ် ပေးတော်မူ၏။
Thou camest down also to mount Sinai, and didst speak with them from heaven, and thou gavest them right judgments, and the law of truth, ceremonies, and good precepts.
14 ၁၄ သန့်ရှင်း သော ဥပုသ် နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန် မောရှေ အားဖြင့် နည်းနာ ဥပဒေသပညတ် တရား တို့ကိုလည်း ထား တော်မူ၏။
Thou madest known to them thy holy sabbath, and didst prescribe to them commandments, and ceremonies, and the law by the hand of Moses thy servant.
15 ၁၅ သူ တို့မွတ်သိပ် ခြင်းနှင့် ရေငတ် ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင် မုန့် နှင့် ကျောက် ထဲက ထုတ် သော ရေ ကို ပေး တော်မူ၏။ သူ တို့ပိုင် ဘို့ ကျိန်ဆိုတော်မူသောပြည် ထဲ သို့ဝင် ၍ သိမ်းယူမည်အကြောင်းမိန့် တော်မူ၏။
And thou gavest them bread from heaven in their hunger, and broughtest forth water for them out of the rock in their thirst, and thou saidst to them that they should go in, and possess the land, upon which thou hadst lifted up thy hand to give it them.
16 ၁၆ သို့ရာတွင် အကျွန်ုပ် တို့ဘိုးဘေး တို့သည် မာန ထောင်လွှား၍ ၊ ခိုင်မာ သော လည်ပင်း နှင့် ပညတ် တော်ကို နား မ ထောင်ကြ။
But they and our fathers dealt proudly, and hardened their necks and hearkened not to thy commandments.
17 ၁၇ သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။
And they would not hear, and they remembered not thy wonders which thou hadst done for them. And they hardened their necks, and gave the head to return to their bondage, as it were by contention. But thou, a forgiving God, gracious, and merciful, longsuffering, and full of compassion, didst not forsake them.
18 ၁၈ ထိုမျှမက သူတို့သည် နွား သငယ်အရုပ် ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်သော သင် ၏ ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ အလွန် ပြစ်မှား သော်လည်း၊
Yea when they had made also to themselves a molten calf, and had said: This is thy God, that brought thee out of Egypt: and hail committed great blasphemies:
19 ၁၉ ကိုယ်တော် သည် အထူး သဖြင့်သနား တတ် သော ဘုရားဖြစ်တော်မူ၍၊ တော ၌ သူ တို့ကို စွန့်ပစ် တော် မ မူ။ နေ့ အချိန်၌ လမ်းပြ သော မိုဃ်းတိမ် တိုင် မ ပျောက် ၊ ညဉ့် အချိန်၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် လည်း မကွယ်။
Yet thou, in thy many mercies, didst not leave them in the desert: the pillar of the cloud departed not from them by day to lead them in the way, and the pillar of fire by night to shew them the way by which they should go.
20 ၂၀ သူ တို့အား သွန်သင် စရာဘို့ ကောင်း သော ဝိညာဉ် တော်ကိုပေး တော်မူ၏။ သူ တို့စားရသောကိုယ်တော် ၏ မန္န ကိုရုပ်သိမ်း တော်မ မူ။ သူ တို့ အငတ် ပြေစေခြင်းငှါ ၊ ရေ ကိုလည်း ပေး တော်မူ၏။
And thou gavest them thy good Spirit to teach them, and thy manna thou didst not withhold from their mouth, and thou gavest them water for their thirst.
21 ၂၁ အနှစ် လေး ဆယ်ပတ်လုံးသူတို့ကို အလျှင်း မ ဆင်းရဲ စေခြင်းငှါ ကျွေးမွေး တော်မူ၏။ သူ တို့အဝတ် မ ဟောင်း မနွမ်းရ။ သူ တို့ခြေ သည်လည်း မ ပွန်းမရောင် ရ။
Forty years didst thou feed them in the desert, and nothing was wanting to them: their garments did not grow old, and their feet were not worn.
22 ၂၂ နောက် မှတပါးအမျိုးသား တို့၏ တိုင်း နိုင်ငံများ ကို သူ တို့အား အကုန်အစင်ဝေဖန် ၍ ပေး သနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် ဗာရှန် ရှင်ဘုရင် ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
And thou gavest them kingdoms, and nations, and didst divide lots for them: and they possessed the land of Sehon, and the land of the king of Hesebon, and the land of Og king of Basan.
23 ၂၃ သူ တို့သား မြေးတို့ကို မိုဃ်းကောင်းကင် ကြယ် ကဲ့သို့ များပြား စေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူ မည်အကြောင်း ၊ သူ တို့၏ ဘိုးဘေး တို့အား ဂတိ ထားတော်မူ၏၊ ထို ပြည် ထဲ သို့သွင်း တော်မူသဖြင့်၊
And thou didst multiply their children as the stars of heaven, and broughtest them to the land concerning which thou hadst said to their fathers, that they should go in and possess it.
24 ၂၄ သား မြေးတို့သည်ဝင် ၍ သိမ်းယူ ကြ၏။ သူ တို့ ရှေ့ မှာ ထိုပြည်သား ခါနာနိ လူတို့ကို နှိပ်စက် တော်မူ၍ ၊ ရှင်ဘုရင် အစရှိသော ပြည်သူ ပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူ တို့လက် သို့ အပ် တော်မူ၏။
And the children came and possessed the land, and thou didst humble before them the inhabitants of the land, the Chanaanites, and gavest them into their hands, with their kings, and the people of the land, that they might do with them as it pleased them.
25 ၂၅ ထိုသို့သူတို့သည် ခိုင်ခံ့ သောမြို့ များ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့် သောအိမ် ၊ တူး ပြီးသောရေတွင်း ၊ များပြားသော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အသီး သီးသော အပင် တို့ကိုသိမ်းယူ ၍ ၊ ဝ စွာစား သောက်လျက် အသားဆူဖြိုး ၍ ကျေးဇူး တော်ကြွယ်ဝ ခြင်း၌ မွေ့လျော် ကြ၏။
And they took strong cities and a fat land, and possessed houses full of all goods: cisterns made by others, vineyards, and oliveyards, and fruit trees in abundance: and they ate, and were filled, and became fat, and abounded with delight in thy great goodness.
26 ၂၆ သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။
But they provoked thee to wrath, and departed from thee, and threw thy law behind their backs: and they killed thy prophets, who admonished them earnestly to return to thee: and they were guilty of great blasphemies.
27 ၂၇ ထိုကြောင့် ၊ သူ တို့ကို နှောင့်ရှက် သော ရန်သူ လက် သို့ အပ် လိုက် တော်မူ၏။ ဆင်းရဲ ခံရ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံက နားထောင် ၍ ၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝ သည်အတိုင်း ၊ ရန်သူ လက် မှ ကယ်လွှတ် သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်း စေတော်မူ၏။
And thou gavest them into the hands of their enemies, and they afflicted them. And in the time of their tribulation they cried to thee, and thou heardest from heaven, and according to the multitude of thy tender mercies thou gavest them saviours, to save them from the hands of their enemies.
28 ၂၈ တဖန် ချမ်းသာ ရသောအခါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု ပြန် ကြသောကြောင့်၊ ရန်သူ အစိုးရ မည်အကြောင်း တဖန်အပ် တော်မူ၏။ သူတို့သည်ပြန်လာ ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံ က နားထောင် ၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
But after they had rest, they returned to do evil in thy sight: and thou leftest them in the hand of their enemies, and they had dominion over them. Then they returned, and cried to thee: and thou heardest from heaven, and deliveredst them many times in thy mercies.
29 ၂၉ တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။
And thou didst admonish them to return to thy law. But they dealt proudly, and hearkened not to thy commandments, but sinned against thy judgments, which if a man do, he shall live in them: and they withdrew the shoulder, and hardened their neck, and would not hear.
30 ၃၀ နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။
And thou didst forbear with them for many years, and didst testify against them by thy spirit by the hand of thy prophets: and they heard not, and thou didst deliver them into the hand of the people of the lands.
31 ၃၁ သို့ရာတွင် ကိုယ်တော် သည် ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံသောဘုရား ဖြစ်၍ ၊ ကရုဏာ တော် ကြွယ်ဝ သောကြောင့်၊ သူ တို့ကို ရှင်းရှင်း ဖျက်ဆီး တော်မ မူ။ စွန့်ပစ် တော်မ မူ။
Yet in thy very many mercies thou didst not utterly consume them, nor forsake them: because thou art a merciful and gracious God.
32 ၃၂ သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။
Now therefore our God, great, strong and terrible, who keepest covenant and mercy, turn not away from thy face all the labour which hath come upon us, upon our kings, and our princes, and our priests, and our prophets, and our fathers, and all the people from the days of the king of Assur, until this day.
33 ၃၃ ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။
And thou art just in all things that have come upon us: because thou hast done truth, but we have done wickedly.
34 ၃၄ အကျွန်ုပ် တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရား တော်ကိုမ စောင့်။ ပေး ထားတော်မူသော ပညတ် များနှင့် သက်သေခံ ချက် များတို့ကို နား မ ထောင်ကြ။
Our kings, our princes, our priests, and our fathers have not kept thy law, and have not minded thy commandments, and thy testimonies which thou hast testified among them.
35 ၃၅ ကြီး သောကျေးဇူး ကို ပြုလျက်အပ်ပေး တော်မူ၍ ၊ သူ တို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည် ကြီး ၊ ပြည် ကောင်း ၌နေရသော်လည်း၊ အမှု တော်ကိုမ ဆောင်မရွက်၊ မိမိ တို့ပြု သောဒုစရိုက် ကို မ ရှောင် ဘဲနေကြပါ၏။
And they have not served thee in their kingdoms, and in thy manifold goodness, which thou gavest them, and in the large and fat land, which thou deliveredst before them, nor did they return from their most wicked devices.
36 ၃၆ ဘိုးဘေး တို့သည် အလွန်မြတ် သော အသီး အနှံကို စား ရသောအခွင့်နှင့်သူတို့အားပေး သနားတော်မူ သော ပြည် ၌ အကျွန်ုပ် တို့သည် ယနေ့ အစေခံ ကျွန် ဖြစ်ကြပါ၏။ သူ့ ကျွန် ခံရကြပါ၏။
Behold we ourselves this day are bondmen: and the land, which thou gavest our fathers, to eat the bread thereof, and the good things thereof, and we ourselves are servants in it.
37 ၃၇ အကျွန်ုပ် တို့အပြစ် ကြောင့် ၊ အကျွန်ုပ် တို့အပေါ် မှာ ခန့် ထားတော်မူသော ရှင် ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝ စွာဖြစ်သော အသီး အနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ် တို့၏ ကိုယ် နှင့် တိရစ္ဆာန် များကို သူတို့သည် ကိုယ် အလိုအလျောက်အစိုးပိုင် ၍ ၊ အကျွန်ုပ် တို့သည် အလွန် ဆင်းရဲ ခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
And the fruits thereof grow up for the kings, whom thou hast set over us for our sins, and they have dominion over our bodies, and over our beasts, according to their will, and we are in great tribulation.
38 ၃၈ ထို အကြောင်းအရာများကို ငါ တို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေး ထားလျက် ၊ ငါ တို့ အကြီး အကဲ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် တံဆိပ် ခတ်ကြ၏။
And because of all this we ourselves make a covenant, and write it, and our princes, our Levites, and our priests sign it.