< နေဟမိ 8 >
1 ၁ သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသောဣသရေလအမျိုးသား လူ အပေါင်း တို့သည် လာ၍ ရေ တံခါး လမ်း တွင် စည်းဝေး ကြ၏။ ဣသရေလ အမျိုး၌ ထာဝရဘုရား ထား တော်မူသော မောရှေ ပညတ္တိ ကျမ်းစာ ကို ဆောင် ခဲ့ပါဟု ကျမ်းတတ် ဆရာ ဧဇရ ကို တောင်း သည်အတိုင်း၊
Then all the people gathered themselves together as one man, into the broad way that was before the water-gate, —and they spake unto Ezra the scribe, to bring the book of the law of Moses, which Yahweh had commanded Israel.
2 ၂ နားထောင် နားလည် နိုင်သမျှ သောပရိသတ် ယောက်ျား မိန်းမ တို့ ရှေ့ သို့ သတ္တမ လ ပဌမ နေ့ ရက်တွင် ၊ ပညတ္တိ ကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရ သည် ဆောင် ခဲ့ ၍ ၊
So then Ezra the priest brought the law, before the convocation of both men and women, and all that had understanding to hearken, —on the first day of the seventh month;
3 ၃ နားလည် နိုင်သောသူ၊ ယောက်ျား မိန်းမ တို့ ရှေ့ မှာ နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ရေ တံခါး လမ်း တွင် ဘတ်ရွတ် လေ၏။ လူ အပေါင်း တို့သည် ပညတ္တိ ကျမ်း စကားကို စေ့စေ့နားထောင် ကြ၏။
and read therein, before the broad place which was before the water-gate, from the time it was light, until the noon of the day, in presence of the men and the women, and such as had understanding, —and, the ears of all the people, were unto the book of the law.
4 ၄ သူတို့လုပ် ကြသော တရား ဟောရာသစ်သား ပလ္လင် ပေါ် မှာ၊ ကျမ်းတတ် ဆရာဧဇရ သည် ရပ် ၍ မတ္တိသိ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယ တို့သည် လက်ျာ ဘက်၌ ၎င်း၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံ တို့သည် လက်ဝဲ ဘက်၌ ၎င်း ရပ် နေကြ၏။
And Ezra the scribe stood upon a lofty platform of wood, which they had made for the purpose, and there stood, beside him, Mattithiah and Shema and Anaiah and Uriah and Hilkiah and Maaseiah, on his right hand, —and, on his left, Pedaiah and Mishael and Malchijah and Hashum and Hashbaddanah, Zechariah, Meshullam.
5 ၅ ထိုသို့ ဧဇရ သည် လူ အပေါင်း တို့ထက် သာ၍မြင့်လျက်၊ လူ အပေါင်း တို့ရှေ့ မှာ ကျမ်းစာ ကို ဖွင့် သောအခါ၊ လူ အပေါင်း တို့သည် ထ ကြ၏။
And Ezra the scribe opened the book before the eyes of all the people, for, above all the people, was he, —and, when he opened it, all the people, stood up.
6 ၆ ဧဇရ သည် မြတ် စွာဘုရား သခင် ထာဝရဘုရား ကို ကောင်းကြီး ပေး၏။ လူ အပေါင်း တို့က အာမင် ၊ အာမင် ဟု လက် တို့ကို ချီ လျက်၊ ဝန်ခံ ၍ ဦးချ ပြပ်ဝပ်လျက် ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
And Ezra blessed Yahweh the great God, —and all the people responded, Amen! Amen! with the lifting up of their hands, —and they bent their heads and bowed themselves down unto Yahweh, with their faces to the ground.
7 ၇ ယောရှု ၊ ဗာနိ ၊ ရှေရဘိ ၊ ယာမိန် ၊ အက္ကုပ် ၊ ရှဗ္ဗေသဲ ၊ ဟောဒိယ ၊ မာသေယ ၊ ကေလိတ ၊ အာဇရိ ၊ ယောဇဗဒ် ၊ ဟာနန် ၊ ပေလာယ အစ ရှိသောလေဝိ သားတို့သည်လည်း လူ များတို့အား ပညတ္တိ ကျမ်းစာအနက်ကို ပြန်ကြား ကြ၏။ လူ များတို့သည်လည်း မိမိ တို့နေရာ ၌ နေကြ၏။
And, Jeshua and Bani and Sherebiah, Jamin, Akkub, Shabbethai, Hodiah, Maaseiah, Kelita, Azariah, Jozabad, Hanan, Pelaiah, and the Levites, did cause the people to understand the law, the people, remaining in their places.
8 ၈ ထိုသို့ ဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို သေချာ စွာ ဘတ်ရွတ် ၍ အနက် ကိုပြန်သဖြင့် ၊ လူများ နားလည် စေခြင်းငှါ ပြုကြ၏။
So they read in the book of the law of God, distinctly, —and, giving the sense, caused them to understand the reading.
9 ၉ လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။
Then Nehemiah—he, was the governor—and Ezra the priest the scribe, and the Levites who were causing the people to understand, said unto all the people, To-day, is, holy, unto Yahweh your God, do not mourn, nor weep, —for, weeping, were all the people, when they heard the words of the law.
10 ၁၀ သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
So he said unto them—Go your way, eat the fat and drink the sweet, and send portions unto them for whom nothing is prepared, for holy is the day, unto our Lord, —and be not grieved, for, the joy of Yahweh, is your strength.
11 ၁၁ ထိုသို့ လေဝိ သားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်း သောနေ့ ဖြစ်သောကြောင့် တိတ်ဆိတ် စွာ နေကြလော့။ ဝမ်း မ နည်းကြနှင့်ဟု ဆို၍ လူ အပေါင်း တို့ကို ငြိမ်း စေကြ၏။
And, the Levites, were quieting all the people, saying—Hush! for, the day, is holy, —and be not grieved.
12 ၁၂ လူ အပေါင်း တို့သည် ဟောပြောသော စကား များကို နားလည် သောကြောင့် ၊ စား သောက် ခြင်း၊ သူတပါး တို့အား ဝေမျှ ခြင်း၊ အလွန် ပျော်မွေ့ ခြင်းကို ပြု အံ့သောငှါ သွား ကြ၏။
And all the people went their way, to eat and to drink, and to send portions, and to make great rejoicing, —because they had understood the words which were made known unto them.
13 ၁၃ ဒုတိယ နေ့ ရက်တွင် ၊ အဆွေအမျိုးသူကြီး များတို့ နှင့်တကွယဇ်ပုရောဟိတ် လေဝိ သားတို့သည် ပညတ္တိ ကျမ်း စကား ကို နားလည် အံ့သောငှါ ၊ ကျမ်းတတ် ဆရာ ဧဇရ ထံ ၌ စည်းဝေး ကြ၏။
And, on the second day, were gathered together—the ancestral heads of all the people, the priests and the Levites, unto Ezra the scribe, —even to give attention unto the words of the law.
14 ၁၄ သတ္တမ လ ပွဲ ကိုခံကြစဉ် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ နေ ရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရား ထား တော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထား ကြောင်းကို တွေ့ ကြ၏။
And they found written in the law, —that Yahweh gave command through Moses, that the sons of Israel should dwell in booths, during the festival of the seventh month;
15 ၁၅ ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ ၌ ပါသည်အတိုင်း သစ်ခက် တဲတို့ကိုလုပ် ခြင်းငှါ တောင် သို့ သွား ကြ။ သံလွင် ခက် ၊ ထင်းရူး ခက် ၊ မုရတု ခက် ၊ စွန်ပလွံ ခက် အစရှိသော ထူထပ် သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင် မြို့မှစ၍ခပ်သိမ်း သော မြို့ ရွာတို့၌ ကြော်ငြာ ကြ၏။
and that they should publish and send along a proclamation throughout all their cities and throughout Jerusalem, saying, Forth to the mountain, and bring in branches of olive, and branches of oleaster, and branches of myrtle, and branches of palms, and branches of thick trees, —to make booths, as it is written.
16 ၁၆ လူ များတို့သည် ထွက်သွား ၍ ၊ သစ်ခက်တို့ကို ဆောင် ခဲ့ပြီးလျှင် အိမ်မိုး ပေါ် မှာ၎င်း ၊ မိမိ ဝင်း ထဲ ၊ ဗိမာန် တော်တန်တိုင်း ထဲ မှာ၎င်း ၊ ရေ တံခါး လမ်း နှင့် ဧဖရိမ် တံခါး လမ်း မှာ ၎င်း သစ်ခက်တဲ များကို လုပ် ကြ၏။
So the people went forth, and brought in, and made themselves booths, every one upon his roof, and in their courts, and in the courts of the house of God, and in the broad place of the water-gate, and in the broad place of the gate of Ephraim.
17 ၁၇ ထိုသို့ သိမ်း သွားခြင်းကိုခံရရာထဲက ထွက်လာ သော ပရိသတ် အပေါင်း တို့သည် သစ်ခက်တဲ တို့ကို လုပ် ၍ ထိုင် နေကြ၏။ နုန် သား ယောရှု လက်ထက် မှစ၍ ဣသရေလ အမျိုးသားတို့သည် တခါမျှ ထိုသို့မ ပြု ကြ။ အလွန် ဝမ်းမြောက် လျက်နေ ကြ၏။
And all the convocation of them who had returned out of the captivity made booths, and dwelt in booths, for, since the days of Jeshua son of Nun, had not the sons of Israel done so, unto that day, —and there was very great rejoicing.
18 ၁၈ ပဌမ နေ့ မှစ၍ နောက်ဆုံး သောနေ့ တိုင်အောင် ၊ နေ့ရက် အစဉ်အတိုင်းဘုရား သခင်၏ ပညတ္တိ ကျမ်းစာ ကို ဘတ်ရွတ် ကြ၏။ ထိုပွဲ ကို ခုနစ် ရက် ပတ်လုံးခံ ကြ၏။ ရှစ် ရက်မြောက်သောနေ့ ၌ တရား တော်အတိုင်း ဓမ္မ ပွဲကိုလည်းခံကြ၏။
So he read in the book of the law of God, day by day, from the first day unto the last day, and they kept the festival seven days, and, on the eighth day, a closing feast, according to the regulation.