< နေဟမိ 6 >
1 ၁ ထိုအခါ မြို့တံခါး တို့ကို မ ထူ ထောင်သေးသော်လည်း ၊ မြို့ရိုး တည် ၍ လုံကြောင်းကို သမ္ဘာလတ် ၊ တောဘိ ၊ အာရပ် လူ ဂေရှင် မှစ၍ကြွင်း သော ရန်သူ တို့သည် သိတင်းကြား သောအခါ၊
၁ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။-
2 ၂ သမ္ဘာလတ် နှင့် ဂေရှင် တို့က လာ ပါ။ ဩနော ချိုင့် တွင် ခေဖိရိမ် ရွာ မှာ တွေ့ ကြကုန်အံ့ဟု မကောင်း သော အကြံ ရှိ၍ ငါ့ ကို မှာ လိုက်ကြ၏။
၂သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။-
3 ၃ ငါကလည်း၊ ငါ သည်ကြီး သောအမှု ကို ဆောင်ရွက် ရသောကြောင့်မ ဆင်း မလာနိုင်။။ ထိုအမှုကို မဆောင်ရွက် ဘဲ သင် တို့ရှိရာသို့ ဆင်း သွား၍ ၊ အဘယ် ကြောင့်အမှု ပြတ် ရမည်နည်းဟု တမန် တို့ကို စေလွှတ် ၍ ပြန်ပြော ၏။
၃ငါသည်သူတို့ထံသို့လူစေလွှတ်၍``ငါသည် ဤအရပ်တွင်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်လျက်နေရသဖြင့် ထိုအရပ်သို့ မလာနိုင်။ သင်တို့နှင့်လာရောက်တွေ့ဆုံရန် ကိစ္စတစ်ခုတည်းအတွက်ဤအလုပ်ကိုရပ် ဆိုင်း၍မထားနိုင်ပါ'' ဟုပြန်ကြားပေး လိုက်၏။
4 ၄ ထိုသို့ လေး ကြိမ် တိုင်အောင်မှာ လိုက်၍ ၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော ၏။
၄သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
5 ၅ နောက်ပဉ္စမ အကြိမ် ၌ သမ္ဘာလတ် သည် ယခင် ကဲ့သို့ မိမိ ကျွန် ကို စေလွှတ် ၍ ၊ ကျွန်တွင် တံဆိပ် မခတ် သောစာ ပါ၏။
၅ထိုနောက်ငါးကြိမ်မြောက်သမ္ဘာလတ်စေ လွှတ်သောအစေခံ၌ချိပ်မနှိပ်သောစာ ပါရှိ၏။-
6 ၆ စာချက်ဟူမူကား၊ သင် နှင့် ယုဒ လူတို့သည် ပုန်ကန် မည်အကြံ ရှိသည်ဟု လူ အမျိုးမျိုးပြောဆိုကြ၏။ ဂေရှင် လည်း သက်သေခံ ၏။ ထို စကား နှင့်အညီ သင် သည် ယုဒရှင်ဘုရင် ဖြစ် လိုသောငှါ ၊ မြို့ရိုး ကို တည် ၏။
၆ထိုစာတွင် ``သင်နှင့်ယုဒအမျိုးသားတို့သည်ပုန်ကန် ရန်အကြံနှင့်မြို့ရိုးကိုတည်ဆောက်လျက်နေ ကြောင်းနီးနားဝန်းကျင်ရှိလူမျိုးတို့ပြော ဆိုနေကြသည်ဟူသောသတင်းကိုဂေရှင် ထံမှငါကြားသိရပါသည်။ သင်သည်မင်း လုပ်လိုသဖြင့်၊-
7 ၇ ယုဒ ပြည်၌ ရှင်ဘုရင် ရှိသည်ဟု သင့် ကို ရည်ဆောင်၍ ယေရုရှလင် မြို့၌ ဟောပြော ရသော ပရောဖက် တို့ကို သင် ခန့်ထားပြီ။ ထို စကား အတိုင်း ရှင်ဘုရင် အား ကြား လျှောက်ရမည်။ သို့ဖြစ်၍ လာ ပါ။ တိုင်ပင် ကြကုန်အံ့ဟု စာ၌ပါသတည်း။
၇ယေရုရှလင်မြို့တွင်မိမိအားယုဒဘုရင် အဖြစ်ကြေညာရန် ပရောဖက်အချို့နှင့်စီစဉ် ထားကြောင်းကိုလည်းငါ့အားဂေရှင်ပြောပြ ပါသည်။ ဘုရင်မင်းမြတ်သည်ဤသတင်းကို ဧကန်မုချကြားသိတော်မူလိမ့်မည်။ ထို ကြောင့်ငါနှင့်တိုင်ပင်ရန်လာပါလော့'' ဟု ဖော်ပြပါရှိ၏။
8 ၈ ငါကလည်း၊ သင် ပြော သော စကား တခွန်းမျှ မ မှန် ၊ ကိုယ် စိတ် ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ် ၍ ပြန်ပြော ၏။
၈ငါကလည်း``သင်ပြောသမျှတို့သည်မဟုတ် မမှန်။ သင်ကိုယ်တိုင်လုပ်ကြံပြောဆိုခြင်း သာဖြစ်၏'' ဟုပြန်ကြားလိုက်၏။
9 ၉ အကြောင်း မူကား၊ သူတို့က ထိုအလုပ် ကို လက်စ မ သတ်နိုင်အောင် သူတို့သည် အားလျော့ ကြ လိမ့်မည်ဟု ဆို လျက် ငါ တို့ကို ခြိမ်းချောက် ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါ သာ၍အားရှိ ၏။
၉မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။
10 ၁၀ ထိုအခါ မဟေတဗေလ သား ဖြစ်သော ဒေလာယ ၏သား ရှေမာယ သည်၊ ပုန်းရှောင် လျက်နေသောအိမ် သို့ ငါ သွား လျှင်၊ သူကဘုရား သခင်၏ အိမ် တော် အတွင်း ခန်းထဲ မှာ ငါတို့သည် စုဝေး ၍ ၊ ဗိမာန် တော် တံခါး တို့ကို ပိတ် ထားကြကုန်အံ့။ ကိုယ်တော် ကိုသတ် အံ့သောငှါ လာ ကြလိမ့်မည်။ ယနေ့ညဉ့် ၌ပင် လာ ကြလိမ့်မည်ဟု ဆို ၏။
၁၀ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။
11 ၁၁ ငါကလည်း၊ ငါ ကဲ့သို့ သောသူ သည် ပြေး ရမည် လော။ ငါ နှင့် တူသောသူသည် အသက် ချမ်းသာခြင်းငှါ ဗိမာန် တော်ထဲ သို့ ဝင် ရမည်လော။ ငါမ ဝင် ဟု ပြန်ပြော ၏။
၁၁ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
12 ၁၂ ထိုသူ ကို ဘုရား သခင်စေလွှတ် တော်မ မူ။ တောဘိ နှင့် သမ္ဘာလတ် ငှါး သောကြောင့် ၊ ထိုသို့ ငါ့ တစ်ဘက် ၌ ဟောပြော သည်ကို ငါရိပ်မိ ၏။
၁၂ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။-
13 ၁၃ သူတို့သည်ငါ့ ကို ကဲ့ရဲ့ စရာအကြောင်း ရှိစေ လျက်၊ ငါကြောက် ၍ ထိုသို့ ပြု သဖြင့်၊ ပြစ်မှား စေခြင်းငှါ ထိုသူ ကို ငှါး ကြ၏။
၁၃ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
14 ၁၄ အို အကျွန်ုပ် ဘုရား သခင်၊ ထိုသို့ ပြု တတ်သော တောဘိ နှင့် သမ္ဘာလတ် ကို ၎င်း၊ နောဒိ အမည်ရှိသောပရောဖက် မမှစ၍အကျွန်ုပ် ကို ခြိမ်းချောက် သော ပရောဖက် တို့ကို၎င်းမှတ် တော်မူပါ။
၁၄``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
15 ၁၅ အရက် ငါး ဆယ်နှစ် ရက် ကြာမှ ဧလုလလ နှစ် ဆယ်ငါး ရက်နေ့တွင် မြို့ရိုး ကို လက်စသတ် ကြ၏။
၁၅အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။-
16 ၁၆ ထိုသိတင်းကို ရန်သူ တို့သည်ကြား ၍ ၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသား အပေါင်း တို့သည် မြို့ရိုးကို မြင် သောအခါ ၊ ရှက် ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်း မူကား၊ ထို အမှု သည် ငါ တို့၏ ဘုရား သခင့် အခွင့်နှင့်ပြီး ကြောင်း ကို ရိပ်မိ ကြ၏။
၁၆ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
17 ၁၇ ထို ကာလ တွင် ၊ ယုဒ မှူးမတ် တို့သည် များစွာ သော မေတ္တာစာ ကို တောဘိ ထံ သို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။
၁၇ဤကာလအတောအတွင်း၌ယုဒအမျိုး သားခေါင်းဆောင်များသည် တောဘိနှင့်စာ အားဖြင့်ဆက်သွယ်လျက်နေခဲ့ကြ၏။-
18 ၁၈ တောဘိသည် အာရာ သား ရှေကနိ ၏ သမက် ဖြစ်သောကြောင့် ၎င်း၊ သူ ၏သား ယောဟနန် သည် ဗေရခိ သား မေရှုလံ သမီး နှင့် စုံဘက် သောကြောင့်၎င်း၊ ယုဒ လူ အများ တို့သည် တောဘိထံ ၌ သစ္စာ ကိုခံကြပြီ။
၁၈သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။-
19 ၁၉ သူတို့သည် တောဘိပြုသောအမှုကောင်း တို့ကို ငါ့ အား ပြန်ပြော ကြ၏။ ငါ့ စကား ကိုလည်း သူ့ အား ပြန် ပြောကြ၏။ သူသည်လည်း ငါ ကြောက် စေခြင်းငှါ စာ ပေး လိုက်လေ၏။
၁၉လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။