< နေဟမိ 5 >
1 ၁ ထိုအခါ ယောက်ျားမိန်းမ များတို့သည် အမျိုးသား ချင်း ယုဒ လူတို့ကို အလွန် အပြစ်တင်၍ မြည်တမ်း ကြ၏။
И бысть вопль людий и жен их велик на братию свою Иудеи.
2 ၂ အချို့ကလည်း ၊ ငါ တို့နှင့် သား သမီး များ စွာရှိ ကြ၏။ သူတို့ အသက် မွေးလောက်အောင် စား စရာဆန် စပါးကို အဘယ်မှာရ နိုင်မည်နည်းဟုဆို ကြ၏။
И быша нецыи глаголюще: сынове наши и дщери нашя мнози суть нам, и да возмем (за цену) пшеницу и ядим и живи будем.
3 ၃ အချို့ကလည်း ၊ ငါ တို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ် တို့ကို ပေါင် ထားပြီ။ အစာခေါင်းပါး သောကာလ ၊ ဆန် စပါးကို အဘယ်မှာရ နိုင်ပါမည်နည်းဟု ဆို ကြ၏။
И быша нецыи глаголюще: села наша и винограды нашя и домы нашя мы да дадим в залог, и возмем пшеницу, и ясти будем.
4 ၄ အချို့ကလည်း ၊ ငါတို့သည် အခွန် တော်ကိုပေး စရာရှိခြင်းငှါ လယ်ယာ ဥယျာဉ် အတွက် ငွေ ကို ချေးယူ ပြီ။
И быша нецыи глаголюще: взаим взяхом сребро на дани царевы, дадим села наша и винограды нашя и домы нашя:
5 ၅ ယခု မှာ ငါ တို့ ကိုယ် ခန္ဓါသည် အမျိုးသား ချင်း တို့၏ ကိုယ် ခန္ဓါကဲ့သို့ ဖြစ်၏။ ငါ တို့သား သမီးသည် သူ တို့ သား သမီးကဲ့သို့ ဖြစ်ကြ၏။ ငါ တို့ သား သမီး ကိုရောင်း၍ ကျွန် ခံစေရမည်လော။ ကျွန် ခံပြီးသော သမီး တို့ကိုလည်း ရွေးခြင်းငှါမ တတ်နိုင်။ ပိုင်ရင်းလယ်ယာ နှင့် ဥယျာဉ် တို့ သည် သူတပါး လက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
и ныне якоже плоть братий наших, плоть наша, якоже сынове их, сынове наши: и се, мы порабощаем сыны нашя и дщери нашя в рабы, и суть от дщерей наших порабощены, и несть силы в руках наших (откупити) и села наша и винограды нашя у вельмож.
6 ၆ ထိုသို့ အပြစ်တင်မြည်တမ်း သောစကား ကို ငါသည် ကြား သောအခါ ၊ အလွန် ညှိုးငယ် သောစိတ်ရှိ၍ ၊ ကိုယ်အလိုအလျောက်ဆင်ခြင်ပြီးမှ၊
И оскорбех зело, егда услышах вопль их и словеса сия.
7 ၇ မှူးမတ် နှင့် မင်း အရာရှိတို့ကိုခေါ် ၍ ၊ သင် တို့သည် အမျိုးသား ချင်းတို့၌ အတိုး စားတတ်ကြသည် တကားဟု ဆုံးမ သဖြင့် ၊ သူ တို့တစ်ဘက် ၌ လူအများ တို့ကို စုဝေး စေလျက်၊
И усоветова сердце мое во мне, и воспретих державным и началным и рекох им: лихвы ли кийждо от брата своего истяжет, юже вы истязуете? И собрах противу им собрание велико
8 ၈ တပါးအမျိုးသား တို့လက်၌ ကျွန် ခံသောငါ တို့ ညီအစ်ကို ယုဒ လူတို့ကို၊ ငါ တို့သည် တတ်နိုင် သမျှအတိုင်း ရွေးနှုတ် ပြီးမှ၊ သင် တို့သည် ညီအစ်ကို တို့ကို တဖန် ရောင်း ဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်း ခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမ ရှိ ၊ တိတ်ဆိတ် စွာနေကြ၏။
и рекох им: мы искупихом братию нашу Иудеов, проданых языком, по силе нашей: вы же продасте братию вашу, и отдадутся нам? И умолчаша, и не обретоша что отвещати.
9 ၉ ငါကလည်း ၊ သင် တို့ပြု သော အမှု မ ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။
И рекох: не добро дело, еже вы творите: тако не во страсе Бога нашего (ходяще) убежите ли от поношения языков врагов наших?
10 ၁၀ ငါ နှင့်ငါ့ ညီ ၊ ငါ့ ကျွန် တို့သည်လည်း ၊ လူများတို့၌ ငွေ နှင့် ဆန် စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုး စား သော အမှုကို ပယ် ဖြတ်ကြပါလော့။
И аз и братия моя и знаемии мои взаим дахом им пенязи и пшеницу: оставим убо лихоимство сие:
11 ၁၁ ယနေ့ ပင်သူ တို့လယ်ယာ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ် ရာကို၎င်း ၊ သူ တို့၌ ခွဲယူ ပြီးသော ငွေ ၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ အချို့ကို၎င်း ပြန် ပေးကြပါလော့ ဟု ဆိုသော်၊
возвратите же им днесь села их и винограды их и маслины их и домы их, и от сребра пшеницу и вино и елей отдадите им.
12 ၁၂ သူတို့က ပြန် ပေးပါမည်။ ဘာမျှမ တောင်း မယူ ပါ။ ကိုယ်တော် မိန့် တော်မူသည်အတိုင်း ပြု ပါမည်ဟု ဝန်ခံ ကြ၏။ ထိုသို့ ယဇ် ပုရောဟိတ်တို့သည် ဂတိ ထား သည်အတိုင်း ပြု ရမည်အကြောင်း ၊ ငါသည် သူ တို့ကို ခေါ် ၍ ကျိန်ဆို စေပြီးမှ၊
И рекоша: отдадим и от них не взыщем, тако сотворим, якоже ты глаголеши. И призвах священников и заклях их сотворити по словеси сему.
13 ၁၃ ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။
И отрясох одежду мою и рекох: тако да истрясет Бог всякаго мужа, иже не исполнит слова сего, от дому его и от трудов его, и да будет тако оттрясен и тощь. И рече все множество: аминь. И восхвалиша Бога. И сотвориша людие по глаголу сему.
14 ၁၄ ထို မှတပါး ယုဒ မြို့ဝန် အရာကို ငါခံသောအချိန်၊ အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်မှစ၍ သုံး ဆယ်နှစ် နှစ် တိုင်အောင် ၊ တဆယ် နှစ် နှစ် ပတ်လုံးငါ နှင့် ငါ့ ညီ တို့သည် မြို့ဝန် ရိက္ခါ ကိုမ စား။
От дне того, в оньже повеле (царь) мне быти вождем их в земли Иудине, от лета двадесятаго и даже до лета тридесять втораго Артаксеркса царя, лет дванадесять, аз и братия моя оброку их не ядохом.
15 ၁၅ အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မ ပြု။
И оброков первых, имиже прежде мене отягчиша их, и прияша от них в хлебе и в вине, по сих сребра (на всяк день) дидрахм четыредесять: и служебницы их обладаша людьми. Аз же не сотворих тако ради страха Божия.
16 ၁၆ ထို မှတပါး၊ ငါသည် မြို့ရိုး ကိုအမြဲလုပ် ၍နေ၏။ ငါနှင့် ငါ့ ကျွန် တို့ သည်လယ်ယာ ကို မ ဝယ် ၊ မြို့ရိုးတည်ခြင်း အမှု ကိုသာ ဝိုင်းညီ ၍ ကြိုးစား ကြ၏။
И в деле стены сия созидах: и села не стяжах, и вси отроцы мои собрани бяху тамо на дело.
17 ၁၇ ထိုမှတပါး၊ ပတ်ဝန်းကျင် ၌နေ၍ ငါ တို့ထံ သို့လာ သောတပါးအမျိုးသား ကို မဆိုဘဲ၊ ယုဒ အမျိုးသားတို့ နှင့် မင်း အရာရှိ တရာ ငါး ကျိပ်တို့သည် ငါ့ စားပွဲ ၌ စားသောက်မြဲရှိကြ၏။
Иудей же и началников сто пятьдесят мужей, и приходящии к нам от язык, иже окрест нас, при трапезе Моей.
18 ၁၈ နေ့တိုင်း ငါ့စားပွဲကို နွား တကောင် ၊ ရွေး သော သိုး ခြောက် ကောင်၊ ကြက် များကို စီရင် ရ၏။ ဆယ် ရက် တခါများ စွာသော စပျစ်ရည် အမျိုးမျိုး ကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူ များတို့သည် ပင်ပန်း စွာ အမှု စောင့်ရသောကြောင့် ၊ မြို့ဝန် ၌ ရိက္ခာ ကို ငါမ တောင်း။
И бе уготовано мне на всяк день: телец един и овец шесть избранных и козел быша мне (и птицы), и между десяти дний всем вина много: и с сими хлеба господству моему не взысках, зане тяжка работа на людех сих.
19 ၁၉ အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။
Помяни мя, Боже мой, во благо по всем, елика сотворих людем сим.