< နေဟမိ 5 >

1 ထိုအခါ ယောက်ျားမိန်းမ များတို့သည် အမျိုးသား ချင်း ယုဒ လူတို့ကို အလွန် အပြစ်တင်၍ မြည်တမ်း ကြ၏။
ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
2 အချို့ကလည်း ၊ ငါ တို့နှင့် သား သမီး များ စွာရှိ ကြ၏။ သူတို့ အသက် မွေးလောက်အောင် စား စရာဆန် စပါးကို အဘယ်မှာရ နိုင်မည်နည်းဟုဆို ကြ၏။
အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။
3 အချို့ကလည်း ၊ ငါ တို့သည် လယ်ယာ ၊ ဥယျာဉ် ၊ အိမ် တို့ကို ပေါင် ထားပြီ။ အစာခေါင်းပါး သောကာလ ၊ ဆန် စပါးကို အဘယ်မှာရ နိုင်ပါမည်နည်းဟု ဆို ကြ၏။
အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
4 အချို့ကလည်း ၊ ငါတို့သည် အခွန် တော်ကိုပေး စရာရှိခြင်းငှါ လယ်ယာ ဥယျာဉ် အတွက် ငွေ ကို ချေးယူ ပြီ။
အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။
5 ယခု မှာ ငါ တို့ ကိုယ် ခန္ဓါသည် အမျိုးသား ချင်း တို့၏ ကိုယ် ခန္ဓါကဲ့သို့ ဖြစ်၏။ ငါ တို့သား သမီးသည် သူ တို့ သား သမီးကဲ့သို့ ဖြစ်ကြ၏။ ငါ တို့ သား သမီး ကိုရောင်း၍ ကျွန် ခံစေရမည်လော။ ကျွန် ခံပြီးသော သမီး တို့ကိုလည်း ရွေးခြင်းငှါမ တတ်နိုင်။ ပိုင်ရင်းလယ်ယာ နှင့် ဥယျာဉ် တို့ သည် သူတပါး လက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
6 ထိုသို့ အပြစ်တင်မြည်တမ်း သောစကား ကို ငါသည် ကြား သောအခါ ၊ အလွန် ညှိုးငယ် သောစိတ်ရှိ၍ ၊ ကိုယ်အလိုအလျောက်ဆင်ခြင်ပြီးမှ၊
ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
7 မှူးမတ် နှင့် မင်း အရာရှိတို့ကိုခေါ် ၍ ၊ သင် တို့သည် အမျိုးသား ချင်းတို့၌ အတိုး စားတတ်ကြသည် တကားဟု ဆုံးမ သဖြင့် ၊ သူ တို့တစ်ဘက် ၌ လူအများ တို့ကို စုဝေး စေလျက်၊
မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊
8 တပါးအမျိုးသား တို့လက်၌ ကျွန် ခံသောငါ တို့ ညီအစ်ကို ယုဒ လူတို့ကို၊ ငါ တို့သည် တတ်နိုင် သမျှအတိုင်း ရွေးနှုတ် ပြီးမှ၊ သင် တို့သည် ညီအစ်ကို တို့ကို တဖန် ရောင်း ဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်း ခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမ ရှိ ၊ တိတ်ဆိတ် စွာနေကြ၏။
တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
9 ငါကလည်း ၊ သင် တို့ပြု သော အမှု မ ကောင်း ပါ တကား။ ငါ တို့ ရန်သူ ဖြစ်သော တပါးအမျိုးသား တို့သည် ငါတို့ကိုကဲ့ရဲ့ မည်ဟု စိုးရိမ်၍၊ ငါ တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ သောစိတ်နှင့် သင်တို့ကျင့် သင့်သည် မ ဟုတ် လော။
ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
10 ၁၀ ငါ နှင့်ငါ့ ညီ ၊ ငါ့ ကျွန် တို့သည်လည်း ၊ လူများတို့၌ ငွေ နှင့် ဆန် စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုး စား သော အမှုကို ပယ် ဖြတ်ကြပါလော့။
၁၀ငါနှင့်ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့။
11 ၁၁ ယနေ့ ပင်သူ တို့လယ်ယာ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ် ရာကို၎င်း ၊ သူ တို့၌ ခွဲယူ ပြီးသော ငွေ ၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ အချို့ကို၎င်း ပြန် ပေးကြပါလော့ ဟု ဆိုသော်၊
၁၁ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
12 ၁၂ သူတို့က ပြန် ပေးပါမည်။ ဘာမျှမ တောင်း မယူ ပါ။ ကိုယ်တော် မိန့် တော်မူသည်အတိုင်း ပြု ပါမည်ဟု ဝန်ခံ ကြ၏။ ထိုသို့ ယဇ် ပုရောဟိတ်တို့သည် ဂတိ ထား သည်အတိုင်း ပြု ရမည်အကြောင်း ၊ ငါသည် သူ တို့ကို ခေါ် ၍ ကျိန်ဆို စေပြီးမှ၊
၁၂သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူ ပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
13 ၁၃ ကိုယ် ခါးပိုက် ကို ခါ လျက်၊ ဂတိ ပျက်သော သူ အပေါင်း တို့ကို ဘုရား သခင်သည် အိမ် တော်၊ အမှု တော်ထဲက ဤသို့ ခါ လိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ ခါ ပစ်လိုက်ခြင်းကိုခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်း တို့သည် အာမင် ဟု ဝန်ခံ၍ ထာဝရဘုရား ကို ချီးမွမ်း ကြ၏။ လူ များတို့သည်လည်း၊ ဂတိ ထား သည်အတိုင်း ပြု ကြ၏။
၁၃ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
14 ၁၄ ထို မှတပါး ယုဒ မြို့ဝန် အရာကို ငါခံသောအချိန်၊ အာတဇေရဇ် မင်းကြီး နန်းစံနှစ် ဆယ်မှစ၍ သုံး ဆယ်နှစ် နှစ် တိုင်အောင် ၊ တဆယ် နှစ် နှစ် ပတ်လုံးငါ နှင့် ငါ့ ညီ တို့သည် မြို့ဝန် ရိက္ခါ ကိုမ စား။
၁၄ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
15 ၁၅ အရင် မြို့ဝန် တို့ကို လူ များတို့သည် ကျွေးရကြ၏။ မုန့် နှင့် စပျစ်ရည် ကို၎င်း၊ တနေ့လျှင် ငွေ လေး ဆယ်ကို၎င်းပေး ရကြ၏။ မင်း လုလင်၏ စေစား ခြင်းကိုလည်း ခံရကြ ၏။ ငါ မူကား ဘုရား သခင်ကို ကြောက်ရွံ့ သောကြောင့် ၊ အရင်မြို့ဝန်ကဲ့သို့မ ပြု။
၁၅အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။
16 ၁၆ ထို မှတပါး၊ ငါသည် မြို့ရိုး ကိုအမြဲလုပ် ၍နေ၏။ ငါနှင့် ငါ့ ကျွန် တို့ သည်လယ်ယာ ကို မ ဝယ် ၊ မြို့ရိုးတည်ခြင်း အမှု ကိုသာ ဝိုင်းညီ ၍ ကြိုးစား ကြ၏။
၁၆ထိုမှတပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
17 ၁၇ ထိုမှတပါး၊ ပတ်ဝန်းကျင် ၌နေ၍ ငါ တို့ထံ သို့လာ သောတပါးအမျိုးသား ကို မဆိုဘဲ၊ ယုဒ အမျိုးသားတို့ နှင့် မင်း အရာရှိ တရာ ငါး ကျိပ်တို့သည် ငါ့ စားပွဲ ၌ စားသောက်မြဲရှိကြ၏။
၁၇ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
18 ၁၈ နေ့တိုင်း ငါ့စားပွဲကို နွား တကောင် ၊ ရွေး သော သိုး ခြောက် ကောင်၊ ကြက် များကို စီရင် ရ၏။ ဆယ် ရက် တခါများ စွာသော စပျစ်ရည် အမျိုးမျိုး ကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူ များတို့သည် ပင်ပန်း စွာ အမှု စောင့်ရသောကြောင့် ၊ မြို့ဝန် ၌ ရိက္ခာ ကို ငါမ တောင်း။
၁၈နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
19 ၁၉ အိုအကျွန်ုပ် ဘုရား သခင်၊ ဤ လူ တို့အဘို့ အကျွန်ုပ်ပြု သမျှ အတွက် အကျွန်ုပ် ကို အောက်မေ့ ၍ ကျေးဇူး ပြုတော်မူပါ။
၁၉အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။

< နေဟမိ 5 >