< နေဟမိ 4 >

1 ထိုသို့ ငါ တို့သည် မြို့ရိုး တည် ကြောင်းကို ၊ သမ္ဘာလတ် သည် သိတင်းကြား သောအခါ ၊ အလွန် ဒေါသ အမျက်ထွက် ၍ ၊ ယုဒ လူတို့ကို ပြက်ယယ် ပြုလျက်၊
And it came to pass, that when Sanaballat heard that we were building the wall he was angry: and being moved exceedingly he scoffed at the Jews.
2 အား မရှိသော ထိုယုဒ လူတို့သည် အဘယ် သို့ပြု ကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့ စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ ခြင်းတွင် လက်စသတ် မည်လော။ ကျွမ်းလောင် သော ကျောက် တို့ကို အမှိုက် ပုံ များထဲက ထုတ်၍ ပြုပြင် မည်လောဟု မိမိ အမျိုးသား ချင်း၊ ရှမာရိ တပ်သား ရှေ့ မှာ ပြောဆို ၏။
And said before his brethren, and the multitude of the Samaritans: What are the silly Jews doing? Will the Gentiles let them alone? will they sacrifice and make an end in a day? are they able to raise stones out of the heaps of the rubbish, which are burnt?
3 သူ့ အနား မှာရှိသော အမ္မုန် အမျိုးသားတောဘိ ကလည်း ၊ သူ တို့တည် သော ကျောက် ရိုး ကို တောခွေး ထိခိုက် လျှင် ပြိုလဲ လိမ့်မည်ဟု ပြန်ပြော ၏။
Tobias also the Ammonite who was by him said: Let them build: if a fox go up, he will leap over their stone wall.
4 အို အကျွန်ုပ် တို့ ဘုရား သခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင် ပြုခြင်းကိုခံရ ပါ ၏။ သူ တို့ကဲ့ရဲ့ သောစကားသည်၊ သူ တို့ ခေါင်း ပေါ် သို့ ပြန် ရောက်ပါစေသော။ သိမ်း သွားခြင်းကိုခံရာ ပြည် ၌ လုယက် ခြင်းကိုခံရ ကြပါစေသော။
Hear thou our God, for we are despised: turn their reproach upon their own head, and give them to be despised in a land of captivity.
5 သူ တို့ပြုသောဒုစရိုက် ကို ဖုံးအုပ် တော်မ မူပါနှင့်။ ရှေ့ တော်၌ သူ တို့အပြစ် မ ပြေ ပါစေနှင့်။ မြို့ရိုးကို တည် သောသူတို့ ၏စိတ် ကို နာစေခြင်းငှါ ၊ ပြောတတ်ကြပါသည် တကား။
Cover not their iniquity, and let not their sin be blotted out from before thy face, because they have mocked thy builders.
6 သို့ရာတွင် ငါတို့သည် မြို့ရိုး ကိုတည် ကြ၏။ တည်လုပ် သောသူတို့ သည် စေတနာ ကြီးသောကြောင့် ၊ မြို့ပတ်လည် မြို့ရိုး အမြင့် တဝက် တိုင်အောင် ပြီးလေ၏။
So we built the wall, and joined it all together unto the half thereof: and the heart of the people was excited to work.
7 ယေရုရှလင် မြို့ရိုး မြင့်၍ ပြိုပျက် ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ် နှင့် တောဘိ အစရှိသော အာရပ် လူ၊ အမ္မုန် လူ၊ အာဇုတ် လူတို့သည် ကြား သောအခါ ၊ အလွန် ဒေါသ စိတ်ရှိသဖြင့်၊
And it came to pass, when Sanaballat, and Tobias, and the Arabians, and the Ammonites, and the Azotians heard that the walls of Jerusalem were made up, and the breaches began to be closed, that they were exceedingly angry.
8 ယေရုရှလင် မြို့ကို စစ်ချီ ၍ တိုက်မည်။ ထိုအမှုကို ဖျက် မည်ဟု တညီ တညွတ်တည်းတိုင်ပင် ကြ၏။
And they all assembled themselves together, to come, and to fight against Jerusalem, and to prepare ambushes.
9 သို့ရာတွင် ငါတို့သည် ငါ တို့၏ ဘုရား သခင်ကို ဆုတောင်း ၍၊ ရန်သူ ကြောင့် နေ့ ညဉ့် မပြတ် ကင်း စောင့် ထား ကြ၏။
And we prayed to our God, and set watchmen upon the wall day and night against them.
10 ၁၀ ယုဒ လူ အချို့ကလည်း ၊ ဝန်ထမ်း သောသူတို့ သည် အား ကုန် ကြပြီ။ အမှိုက် များ လှ၏။ မြို့ရိုး ပြီးစီးအောင် မ တတ် နိုင်ကြဟု ဆို ကြ၏။
And Juda said: The strength of the bearer of burdens is decayed, and the rubbish is very much, and we shall not be able to build the wall.
11 ၁၁ ရန်သူ တို့ကလည်း ၊ သူတို့သည် အမှတ်တမဲ့ ၊ သတိ မ ရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူ တို့အထဲ သို့ ဝင် ၍ လုပ်ကြံ သဖြင့် ၊ ထိုအလုပ် ကို ဖျက် မည်ဟု ဆို ကြ၏။
And our enemies said: Let them not know, nor understand, till we come in the midst of them, and kill them, and cause the work to cease.
12 ၁၂ သူ တို့အနား မှာနေ သောယုဒ လူတို့သည်လည်း၊ လာ ၍ ရန်သူတို့သည် နေရာ အရပ် ရပ်တို့က ၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါ တို့အား အထပ်ထပ်ဆို ကြ၏။
And it came to pass, that when the Jews that dwelt by them came and told us ten times, out of all the places from whence they came to us,
13 ၁၃ ထိုကြောင့် မြို့ရိုး နောက် ၊ နိမ့် သောအရပ် ၊ ရှင်းလင်း သော အရပ်တို့၌ ထား ၊ လှံ ၊ လေး လက်နက်ပါသောလူ များကို အဆွေအမျိုးအလိုက် ငါခန့် ထား၏။
I set the people in the place behind the wall round about in order, with their swords, and spears, and bows.
14 ၁၄ ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူ တို့အား ခေါ် ၍ ၊ ရန်သူ တို့ကို မ ကြောက် ကြနှင့်။ ကြီးမြတ် ၍ ကြောက်မက် ဘွယ် ဖြစ် တော်မူသောထာဝရဘုရား ကို အောက်မေ့ ကြလော့။ ညီအစ်ကို သား မယား အိမ် ရာအဘို့ တိုက် ကြလော့ဟုဆို၏။
And I looked and rose up: and I said to the chief men and the magistrates, and to the rest of the common people: be not afraid of them. Remember the Lord who is great and terrible, and fight for your brethren, your sons, and your daughters, and your wives, and your houses.
15 ၁၅ ထိုသို့ ငါ တို့သည် သတိရ ၍၊ ရန်သူ အကြံ ကို ဘုရား သခင်ဖျက်ဆီး တော်မူကြောင်းကို သူတို့ကြား သိသောအခါ ၊ ငါ တို့ရှိသမျှ သည် အသီး အသီးလုပ် ရာအရပ် မြို့ရိုး သို့ ပြန် လုပ်ကြ၏။
And it came to pass, when our enemies heard that the thing had been told us, that God defeated their counsel. And we returned all of us to the walls, every man to his work.
16 ၁၆ နောက်မှ ငါ့ ကျွန် တဝက် သည် အလုပ် လုပ် ကြ ၏။ တဝက် သည် လှံ ၊ ဒိုင်း ၊ လေး ၊ သံချပ် တို့ကို ကိုင် ကြ၏။ မင်း တို့သည် ယုဒ အမျိုးသား များနောက် မှာ နေကြ၏။
And it came to pass from that day forward, that half of their young men did the work, and half were ready for to fight, with spears, and shields, and bows, and coats of mail, and the rulers were behind them in all the house of Juda.
17 ၁၇ မြို့ရိုး တည် သောသူ၊ ဝန် ထမ်း သောသူ၊ ဝန် ကို တင်သောသူအပေါင်းတို့သည် လက် တစ် ဘက်နှင့် လုပ် ကြ ၏။ လက်တစ် ဘက်နှင့် လက်နက် ကိုကိုင် ကြ၏။
Of them that built on the wall and that carried burdens, and that laded: with one of his hands he did the work, and with the other he held a sword.
18 ၁၈ တည် လုပ်သော သူအပေါင်းတို့သည်၊ ခါး ၌ ထား ဆွဲ လျက် တည် လုပ်ကြ၏။ တံပိုး မှုတ် သောသူသည် ငါ့ အနား မှာ ရပ်နေ၏။
For every one of the builders was girded with a sword about his reins. And they built, and sounded with a trumpet by me.
19 ၁၉ ငါကလည်း၊ အလုပ် သည် ကြီး ကျယ် လှ၏။ မြို့ရိုး ပေါ် မှာ တယောက် တခြားစီ သူ နှင့်ငါဝေးဝေး လုပ်ရ ၏။
And I said to the nobles, and to the magistrates, and to the rest of the common people: The work is great and wide, and we are separated on the wall one far from another:
20 ၂၀ သို့ဖြစ်၍ ၊ တံပိုး မှုတ်သံ ကို ကြား လေရာရာ အရပ် မှ ၊ ငါ တို့ထံ သို့စည်းဝေး ကြ။ ငါ တို့၏ ဘုရား သခင်သည် ငါ တို့ဘက် ၌ စစ် ကူတော်မူမည်ဟု မှူးမတ် ၊ မင်း အရာရှိ၊ ကြွင်း သောသူတို့အား ငါဆို ၏။
In what place soever you shall hear the sound of the trumpet, run all thither unto us: our God will fight for us.
21 ၂၁ ထိုသို့ ငါ တို့သည် အလုပ် လုပ် ကြ၏။ လူ တဝက် သည် မိုဃ်းလင်း သည်မှစ၍ ကြယ် ပေါ် သည်တိုင်အောင် ၊ လှံ လက်နက်တို့ကို ကိုင် ကြ၏။
And let us do the work: and let one half of us hold our spears from the rising of the morning, till the stars appear.
22 ၂၂ ထို အခါ ၌ လည်း ၊ ငါကလူတိုင်း မိမိ ကျွန် နှင့်တကွ ညဉ့် အချိန်တွင်၊ ယေရုရှလင် မြို့ထဲ မှာ အိပ်စေ။ သို့ပြုလျှင် ၊ ကျွန်တို့သည် နေ့ အခါ အလုပ် လုပ်လျက်၊ ညဉ့် အခါ အလှည့်လှည့်စောင့် လျက် ရှိ ကြလိမ့်မည်ဟု လူ များတို့အား ဆို ၏။
At that time also I said to the people: Let every one with his servant stay in the midst of Jerusalem, and let us take our turns in the night, and by day, to work.
23 ၂၃ ထိုသို့ ငါ နှင့် ငါ့ ညီ ၊ ငါ့ ကျွန် ၊ ငါ့ နောက် ၌ လိုက် သော တပ်သား တို့သည်၊ ကိုယ် အဝတ် ကို မ ချွတ် ဘဲနေရ ကြ၏။
Now I and my brethren, and my servants, and the watchmen that followed me, did not put off our clothes: only every man stripped himself when he was to be washed.

< နေဟမိ 4 >