< နေဟမိ 13 >
1 ၁ ထို နေ့ ရက်ကာလ၌ မောရှေ ၏ပညတ္တိကျမ်းစာ ကို လူ များရှေ့ မှာ ဘတ်ရွတ် သောအခါ၊ အမ္မုန် အမျိုးသားနှင့် မောဘ အမျိုးသားသည် ဘုရား သခင်၏ ပရိသတ် တော်ထဲ သို့ ဝင် ရသောအခွင့် အစဉ်မ ရှိဟု တွေ့ ကြ၏။
On the day that it was read aloud in [the] scroll of Moses in [the] ears of the people and it was found written in it that not he will come an Ammonite and a Moabite in [the] assembly of God until perpetuity.
2 ၂ အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမ ကြိုဆို ၊ ကျိန်ဆဲ စေ ခြင်းငှါ ဗာလံ ကိုငှါး ကြ၏။ သို့ရာတွင် ငါ တို့၏ ဘုရား သခင် သည် ကျိန်ဆဲ သော စကားကို ကောင်းကြီး ပေး သော စကားဖြစ်စေတော်မူ၏။
For not they had met [the] people of Israel with food and with water and he had hired on it Balaam to curse it and he turned God our the curse into blessing.
3 ၃ ထိုတရား ကို ကြား သောအခါ ၊ အမျိုး မစစ်သောသူ ရှိသမျှ တို့ ကို ဣသရေလ အမျိုးမှ ပယ်ရှား ကြ၏။
And it was when heard they the law and they separated every person of mixed ancestry from Israel.
4 ၄ အရင် တခါ ငါ တို့ဘုရား သခင်၏ အိမ် တော်ပြင် ခန်း ကို အုပ်သော ယဇ်ပုရောဟိတ် ဧလျာရှိပ် သည် တောဘိ နှင့် ပေါက်ဘော် တော်သည် ဖြစ်၍၊
And before from this Eliashib the priest [was] appointed over [the] store-room of [the] house of God our [one] near to Tobiah.
5 ၅ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်း၊ တန်ဆာ မျိုးကို၎င်း ၊ ပညတ် တော်အတိုင်း လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်တို့အားပေး ရသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ် တို့အား လှူရ သော အလှူ တို့ကို၎င်း၊ သို ထားမြဲရှိသော အခန်း ကြီး ကို တောဘိ အဘို့ ပြင်ဆင် ၏။
And he made for him a room large and there people were before putting the grain offering the frankincense and the utensils and [the] tithe of the grain the new wine and the fresh oil [the] commandment of the Levites and the singers and the gatekeepers and [the] contribution of the priests.
6 ၆ ထို ကာလပတ်လုံး ငါသည် ယေရုရှလင် မြို့၌ မ ရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံသုံး ဆယ်နှစ် နှစ် တွင် အထံတော်သို့ သွား ရ၏။ အင်တန်ကာလ ကြာပြီးမှ ၊ ရှင်ဘုရင် ထံတော်၌ အခွင့်ရ ၍၊
And in all this not I was in Jerusalem for in year thirty and two of Artaxerxes [the] king of Babylon I had gone to the king and to [the] end of days I requested leave of absence from the king.
7 ၇ ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဧလျာရှိပ် သည် ဘုရား သခင်၏ အိမ် တော်တန်တိုင်း ထဲ မှာ အခန်း ကို တောဘိ အဘို့ ပြင်ဆင် ၍ ဒုစရိုက် ပြု ကြောင်းကို ငါကြား သိရ၏။
And I came to Jerusalem and I perceived! the evil thing which he had done Eliashib for Tobiah by making for him a room in [the] courtyards of [the] house of God.
8 ၈ ထိုအခါ ငါ သည် အလွန် နာကြင် သောစိတ်ရှိ၍ တောဘိ ဥစ္စာ ပရိကံရှိသမျှ ကို အခန်း ထဲက ထုတ်ပစ် ပြီးမှ၊
And it was displeasing to me exceedingly and I threw! all [the] articles of [the] household of Tobiah the outside from the room.
9 ၉ အခန်း များကို စင်ကြယ် စေခြင်းငှါ စီရင် ၍ ၊ တဖန် ဘုရား သခင်၏ အိမ် တော်တန်ဆာ များ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်းကို ဆောင် ခဲ့၍ သိုထား၏။
And I said! and people purified the store-rooms and I brought back! there [the] utensils of [the] house of God the grain offering and the frankincense.
10 ၁၀ အမှု တော်စောင့်၊ လေဝိ သား၊ သီချင်း သည် တို့သည် အသီး အသီးမိမိ တို့လယ်ယာ သို့ ပြေး သွားကြသည် ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခါကို မ ခံ မရကြောင်း ကို ငါရိပ်မိ လျက်၊
And I perceived! that [the] portions of the Levites not it had been given and they had fled each one to own field his the Levites and the singers [who] did the work.
11 ၁၁ ဘုရား သခင်၏ အိမ် တော်ကို အဘယ်ကြောင့် စွန့်ပစ် ကြသနည်းဟု မင်း တို့ကို အပြစ် တင်၍ ၊ လေဝိသား တို့ကို စုဝေး စေပြီးမှ ၊ သူ တို့နေရာ ၌ ခန့် ထားပြန်၏။
And I contended! with the officials and I said! why? has it been neglected [the] house of God and I assembled them and I made stand them at place their.
12 ၁၂ ထိုအခါ ယုဒ လူအပေါင်း တို့သည် ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို ဘဏ္ဍာ တော်တိုက်သို့ ဆောင် ခဲ့ပြန်ကြ၏။
And all Judah they brought [the] tithe of the grain and the new wine and the fresh oil to the storerooms.
13 ၁၃ ယဇ်ပုရောဟိတ် ရှေလမိ ၊ ကျမ်းတတ် ဇာဒုတ် ၊ လေဝိ သားပေဒါယ ၊ သူ့နောက်မဿနိ သား ဖြစ်သော ဇက္ကုရ ၏သား ဟာနန် တို့ကို ဘဏ္ဍာ တော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာ စောင့်ခြင်း အသရေရှိသည်ဖြစ်၍ ၊ အမျိုးသား ချင်းတို့အား ဝေဖန် ရကြ၏။
And I appointed as treasurers! over [the] storerooms Shelemiah the priest and Zadok the scribe and Pedaiah one of the Levites and [was] on hand their Hanan [the] son of Zaccur [the] son of Mattaniah for reliable they were thought and [was] on them to distribute to brothers their.
14 ၁၄ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင့် အိမ် တော်အဘို့ ၊ အိမ်တော်အမှု စောင့်ခြင်းအဘို့ အကျွန်ုပ် ပြုသောကျေးဇူး ကို ချေ တော်မ မူပါနှင့်။
Remember! to me O God my on this and may not you wipe out loyalti my which I have done in [the] house of God my and in services its.
15 ၁၅ ထို ကာလ ၊ ယုဒ ပြည်မှာ အချို့တို့သည် ဥပုသ် နေ့၌ စပျစ်သီး ကို နယ်လျက်၊ ကောက် လှိုင်းကိုသွင်း လျက်၊ မြည်း ပေါ် မှာ ဝန် ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ် နေ့ ၌ စပျစ်ရည် ၊ စပျစ်သီး ၊ သင်္ဘောသဖန်း သီးအစရှိသည်တို့ကိုတင်၍ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြသည် ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ ရက်၌ သာ စားစရာ များကို ရောင်း အပ်သည်ဟု သူ တို့အကြား ပြော ၏။
In the days those I saw in Judah - [some who] trod winepresses - on the sabbath and [some who] brought heaps of grain and [some who] loaded [them] on donkeys and also wine grapes and figs and every load and [some who] brought [them] Jerusalem on [the] day of the sabbath and I protested on [the] day sold they food.
16 ၁၆ ထိုအရပ် ၌ နေ သောတုရု မြို့သားတို့သည်လည်း ၊ ငါး အစရှိသည်တို့ကို ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ၊ ဥပုသ် နေ့ ၌ ယုဒ အမျိုးသား တို့အား ရောင်း တတ်ကြ၏။
And the Tyrians [who] they dwelt in it [were] bringing fish and every merchandise and [were] selling [it] on the sabbath to [the] people of Judah and in Jerusalem.
17 ၁၇ ထိုအခါ ငါက၊ သင် တို့သည် ဥပုသ် နေ့ ကို ဖျက် ၍ ပြု သော ဒုစရိုက် ကား အဘယ် သို့နည်း။
And I contended! with [the] nobles of Judah and I said! to them what? [is] the thing evil this which you [are] doing and [are] profaning [the] day of the sabbath.
18 ၁၈ ဘိုးဘေး တို့သည် ထိုသို့ ပြု သောကြောင့် ၊ ဤ မျှလောက် ကြီးစွာသော ဆင်းရဲ ခြင်းကို ငါ တို့၌ ၎င်း၊ ဤ မြို့ ၌ ၎င်း ဘုရား သခင်ရောက် စေတော်မူသည်မ ဟုတ်လော။ သင် တို့သည် ဥပုသ် နေ့ကို ဖျက် သောအားဖြင့် သာ၍ ပြင်းစွာသော အမျက် တော်ကို ဣသရေလ အမျိုး၌ ရောက်စေဦးမည်လောဟု ယုဒ မှူးမတ် တို့ကို အပြစ် တင် လျက်၊
¿ Not thus did they do ancestors your and he brought God our on us all the trouble this and on the city this and you [are] increasing anger toward Israel by profaning the sabbath.
19 ၁၉ အဘိတ်နေ့တွင် နေ ရောင်ကွယ်၍ ဥပုသ် နေ့လွန် သည်တိုင်အောင် ၊ ယေရုရှလင်မြို့တံခါး တို့ကို ပိတ် ထားရမည်အကြောင်းစီရင် ၍ ၊ ဥပုသ် နေ့ ၌ ဝန် များကို မြို့ထဲသို့ မ သွင်း စေခြင်းငှါ မိမိ ကျွန် အချို့တို့ကို တံခါး တို့၌ ခန့် ထား၏။
And it was just when they became dark [the] gates of Jerusalem before the sabbath and I said! and they were closed the doors and I said! that not people will open them until after the sabbath and some of servants my I stationed at the gates not it will come a load on [the] day of the sabbath.
20 ၂၀ ထိုနောက် ကုန်သည် များ၊ ဥစ္စာ မျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင် မြို့ပြင် မှာ တခါ နှစ် ခါ အိပ် ကြ၏။
And they passed [the] night the traders and [the] sellers of every merchandise from [the] outside of Jerusalem a time and two [times].
21 ၂၁ ငါကလည်း၊ မြို့ရိုး ပတ်လည်၌အဘယ်ကြောင့် အိပ် ကြသနည်း။ နောက် တဖန်လာ၍ အိပ်လျှင် ဘမ်းဆီးမည်ဟု သူ တို့အား သတိ ပေး၏။ ထို အခါ မှစ၍ ဥပုသ် နေ့တွင် မ လာ ဘဲနေကြ၏။
And I warned! them and I said! to them why? [are] you passing [the] night before the wall if you will do [it] again a hand I will stretch out on you from the time that not they came on the sabbath.
22 ၂၂ လေဝိ သားတို့သည်လည်း၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှါ ၊ စင်ကြယ် သောကိုယ်နှင့်လာ ၍ တံခါး တို့ကို စောင့် ရမည်အကြောင်းငါမှာ ထား၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ထို အမှုကြောင့် အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။ ကရုဏာ တော်များပြား သည်အတိုင်း အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။
And I said! to the Levites that they will be purifying themselves and coming guarding the gates to keep holy [the] day of the sabbath also this remember! to me O God my and have mercy! on me according to [the] greatness of covenant loyalty your.
23 ၂၃ ထို ကာလ ၊ အာဇုတ် အမျိုး၊ အမ္မုန် အမျိုး၊ မောဘ အမျိုးသမီး နှင့် စုံဘက် သော ယုဒ လူအချို့တို့ကို ငါမြင် ၏။
Also - in the days those I saw the Jews [who] they had married women (Ashdodite Ammonite *Q(k)*) Moabite.
24 ၂၄ သူ တို့သား သမီးတို့သည် ယုဒ စကားကို မ ပြော တတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီးဘာသာ စကားကို ပြော တတ်ကြ၏။
And children their half [were] speaking Ashdodite and not they [were] knowing to speak [in] Judean and according to [the] language of people and people.
25 ၂၅ သူ တို့ကို ငါအပြစ် တင်၍ ကဲ့ရဲ့ ၏။ အချို့တို့ကို ရိုက် လျက် ၊ ဆံပင်နှုတ် လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ် သမီး တို့ကို ပြည်သား တို့အား မ ပေးစား ရ။ ပြည်သားသမီး တို့ကို ကိုယ် သား တို့အဘို့ မ သိမ်း မယူရ။
And I contended with them and I cursed them and I struck some of them men and I pulled out beard their and I made take an oath them by God if you will give daughters your to sons their and if you will take any of daughters their for sons your and for yourselves.
26 ၂၆ ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ထိုသို့ ပြု၍ ပြစ်မှား ရာရောက်သည်မ ဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည် ၌ သူ နှင့် တူသောရှင်ဘုရင် မ ရှိ။ ဣသရေလ ရှင်ဘုရင် အရာ ၌ ဘုရား သခင်ခန့်ထားသည်တိုင်အောင်စိတ် တော်နှင့်တွေ့သောသူဖြစ်သော်လည်း ၊ တပါး အမျိုးသား မိန်းမ တို့သည် ပြစ်မှား စေသည်တကား။
¿ Not on these did he sin Solomon [the] king of Israel and among the nations many not he was a king like him and loved by God his he was and he made him God king over all Israel also him they caused to sin the wives foreign.
27 ၂၇ ငါတို့သည် သင် တို့စကားကို နားထောင် ၍ တပါး အမျိုးသားမိန်းမ တို့နှင့် စုံဘက် သဖြင့် ၊ ဤ မျှလောက်ကြီး သော ဒုစရိုက် ကို ပြု လျက် ၊ ငါ တို့၏ ဘုရား သခင်ကို ပြစ်မှား ရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
And to you ¿ is it heard to do all the evil great this to act unfaithfully against God our by marrying wives foreign.
28 ၂၈ ယဇ်ပုရောဟိတ် မင်း ဧလျာရှိပ် သား ယောဒ ၏ သား တယောက်သည်၊ ဟောရနိ လူ သမ္ဘာလတ် သမက် ဖြစ်သောကြောင့်၊ သူ့ ကိုငါနှင်ထုတ် ၏။
And one of [the] sons of Joiada [the] son of Eliashib the priest great [was] a son-in-law of Sanballat the Horonite and I drove away him from with me.
29 ၂၉ အို အကျွန်ုပ် ၏ ဘုရား သခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ် ပုရောဟိတ်၊ လေဝိ သားတို့ နှင့် ဖွဲ့သောပဋိညာဉ် တော်ကို၎င်း ရှုတ်ချ သောကြောင့် ၊ သူ တို့ကို မှတ် တော်မူပါ။
Remember! to them O God my on [the] defilement of the priesthood and [the] covenant of the priesthood and the Levites.
30 ၃၀ ထိုသို့ ယုဒအမျိုးသားတို့ကို တပါး အမျိုးသားအပေါင်း တို့နှင့် ကင်းစင် စေပြီးမှ ၊ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့ကို အသီး အသီးမိမိ တို့ အမှု စောင့် ရသည် အတိုင်း ငါခန့် ထား၍၊
And I purified them from all foreignness and I assigned! duties to the priests and to the Levites each one in own work his.
31 ၃၁ ချိန်းချက် သောအချိန် ၌ ထင်း ပူဇော် သက္ကာနှင့် အဦး သီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ် ၏ ဘုရား သခင်၊ ကျေးဇူး ပြုပါမည်အကြောင်း၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါ။
And for [the] offering of the wood at times appointed and for the first-fruits remember! to me O God my for good.